Facebook ေပၚမွာ ေ႐ွာင္သင့္တဲ့ မိန္းမ ၁၀ မ်ိဳး

တစ္ေယာက္ထဲျဖစ္ေနတဲ့ အမ်ိဳးသမီးေတြဟာ ရည္းစား႐ွိသူထက္၊ ပို႔စ္တင္၊ Like ေပး၊ Fb ေပၚမွာ အခ်ိန္ပိုၿပီးျဖဳန္းတတ္ၾကပါတယ္။ တကယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ဟာ အထီးက်န္တဲ့ Status ေတြ ဆက္တိုက္တင္ေနမယ္ဆိုရင္ေတာ့ အဲဒါ သူမ လူလြတ္ျဖစ္ေၾကာင္း ျပေနတာပါပဲ။ ခု နည္းပညာေခတ္ႀကီးမွာ ေကာင္းတာတစ္ခ်က္ကေတာ့ မိန္းမတစ္ေယာက္ကို မလိုက္ခင္ သူမရဲ႕ အျပစ္ေတြကို ဝင္ၿပီး စံုစမ္းလို႔ရေနတာပါပဲ။ သူမ ကပ္ေစးကုပ္လား? ေသာက္တတ္လား? ရည္းစားေဟာင္းကို လြမ္းေနတုန္းလား ဆိုတာ FB Profile မွာ ဝင္ၾကည့္လို႔ရေနပါတယ္။

သင္သာ သဲလြန္စ ႐ွာတတ္ရင္ သင္လိုက္မယ့္ မိန္းမဟာ သင္နဲ႔ ကိုက္ရဲ႕လားဆိုတာ ႀကိဳတင္ သိ႐ွိထားႏိုင္ပါတယ္။ ေ႐ွာင္သင့္တဲ့ လကၡဏာ ၁၀ မ်ိဳးကေတာ့

၁. အတက္ႂကြလြန္ မိန္းကေလး

သူမက ခ်ိဳသာၿပီး ခ်စ္ဖို႔ေကာင္းတာေတာ့မွန္ပါတယ္။ ဒါေပမယ့္ အေသးအမႊားေလးကအစ စိတ္လႈပ္႐ွားေနတတ္တဲ့ သူမကို ၾကည့္ၿပီး ၾကာရင္ သင္ ႐ူးခ်င္လာပါလိမ့္မယ္။ လိပ္ျပာေလးတစ္ေကာင္နဲ႔ေတာင္ စိတ္လႈပ္႐ွားေနတဲ့ မိန္းကေလးမ်ိဳးပါ။

၂. ဖင္ပိတ္ျငင္းတတ္တဲ့ မိန္းကေလး

အစြန္းေရာက္လိုမ်ိဳးပဲ ဖင္ပိတ္ျငင္းတတ္သူတို႔ဟာ ျပသနာကို ႐ွာေဖြေနတတ္ပါတယ္။ သူမနဲ႔ စကားမ်ားရင္ ေျပေျပလည္လည္ ႐ွင္းလို႔မရပဲ က်ယ္က်ယ္ေအာ္ႏိုင္သူက အႏိုင္ရပါတယ္။

၃. အစြန္းေရာက္ မိန္းကေလး

တခ်ိဳ႕သူေတြဟာ ကြဲျပားျခားနားျခင္းကို လက္မခံၾကပါဘူး။ သူတို႔ဟာ အစြန္းေရာက္တတ္ပါတယ္။ “ေဒၚစုကို ေထာက္ခံရင္ ခ်က္ျခင္း Unfriend လုပ္သြားပါ”။ အဲဒါမ်ိဳးဆို Unfriend လုပ္လိုက္ပါေတာ့။

၄. ဘာသာတရား အလြန္ကိုင္း႐ိႈင္းတဲ့ မိန္းကေလး

ဘာသာတရားနဲ႔ဆိုင္တဲ့ Status ေတြပဲ မျပတ္တင္ေနတဲ့ မိန္းကေလးရဲ႕ ႏွလံုးသားထိပ္ဆံုးမွာ ဘုရား ႐ွိပါတယ္။ သင္ဟာ ဘယ္ေတာ့မွ သူမႏွလံုးသားထိပ္ဆံုးကို မရႏိုင္ပါဘူး။ သင္ ဘုရားနဲ႔ မယွဥ္ႏိုင္ဘူးဆိုတယေတာ့ သတိထားပါ။

၅. အတည္ႀကီး ျပသနာ႐ွာသူ

သင္ လိုက္ေနတဲ့ ေကာင္မေလးက လမ္းပိတ္တာ၊ ဒါမွမဟုတ္ ေကာ္ဖီဆိုင္က စားပြဲထိုးအေၾကာင္းကို FB တစ္ခုလံုး မြထေနေအာင္ ဆဲေနရင္ေတာ့ သူမဟာ ျပသနာေသးေသးေလးကို အႀကီးႀကီးလုပ္တတ္သူ ျဖစ္ႏိုင္ပါတယ္။

၆. ရည္းစားေဟာင္းနဲ႔ မျပတ္ေသးသူ

ရည္းစားေဟာင္းအေၾကာင္း Status ကို သင္ေတြ႕တာနဲ႔ သင့္လိုက္ခ်င္စိတ္ေတြ ေလ်ာ့နည္းသြားမွာပါ။ Profile တစ္ခုလံုး ပြထေနေအာင္ ရည္းစားေဟာင္းကို Bash ထားရင္ေတာ့ အဲဒါတကယ္မျပတ္ႏိုင္ေသးလို႔ပါ။ ေနာက္တစ္ေယာက္႐ွာပါ။

၇. စိတ္ခြန္အား တိုးတက္ေစမယ့္ဟာေတြကို ခဏခဏတင္ေနတဲ့ မိန္းကေလး

အဲဒါဟာ သူမကိုယ္သူမ စိတ္ခြန္အားတိုးတက္ေအာင္ ႀကိဳးစားေနတာပါ။ ရဲဝတ္စံုဝတ္တာနဲ႔ ရဲျဖစ္မသြားသလို အဲဒါေတြခဏခဏတင္တာနဲ႔ စိတ္ခြန္အား႐ွိသူလို႔ ေျပာလို႔မရပါဘူး။

၈. အရက္သမား

သင္နဲ႔တူတူ ဘားမွာအရက္လိုက္ေသာက္ႏိုင္တဲ့ မိန္းကေလးဟာ မဆိုးပါဘူးလို႔ ထင္စရာပါ။ ဒါေပမယ့္ သင့္ကို မူးၿပီးရစ္ရင္၊ အန္ဖတ္က်ံဳးရရင္ သိပ္ခ်စ္ဖို႔ ေကာင္းမွာ မဟုတ္ေတာ့ပါဘူး။
၉. မလံုျခံဳတဲ့ မိန္းကေလး

သူမကိုယ္သူမ မလွပါဘူး၊ ႐ုပ္ဆိုးပါတယ္ ခဏခဏတင္ေနတဲ့ မိန္းကေလးေတြဟာ ကိုယ့္ဘာသာယံုၾကည္မႈအားနည္းတာျဖစ္ရင္ျဖစ္၊ မျဖစ္ရင္ေတာ့ သူမကို လွပါတယ္ လို႔ ေျမႇာက္ေျပာတဲ့ Comment ေတြ လိုခ်င္ေနလို႔ပါ။

၁၀. အိုဗာ ဒရာမာ ျဖစ္ေနတဲ့ မိန္းကေလး

နားလည္ရခက္တဲ့၊ လူ အာရံုစိုက္တာခံခ်င္တဲ့ Status ေတြဟာ သင္စိတ္ဝင္စားေနတဲ့ေကာင္မေလးဟာ ျပဳျပင္ေစာင့္ေ႐ွာက္ဖို႔ အထူးလိုအပ္ၿပီး အႏိုင္က်င့္ခ်င္တာကို ျပတာပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Facebook ပေါ်မှာ ရှောင်သင့်တဲ့ မိန်းမ ၁၀ မျိုး

တစ်ယောက်ထဲဖြစ်နေတဲ့ အမျိုးသမီးတွေဟာ ရည်းစားရှိသူထက်၊ ပို့စ်တင်၊ Like ပေး၊ Fb ပေါ်မှာ အချိန်ပိုပြီးဖြုန်းတတ်ကြပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ အထီးကျန်တဲ့ Status တွေ ဆက်တိုက်တင်နေမယ်ဆိုရင်တော့ အဲဒါ သူမ လူလွတ်ဖြစ်ကြောင်း ပြနေတာပါပဲ။ ခု နည်းပညာခေတ်ကြီးမှာ ကောင်းတာတစ်ချက်ကတော့ မိန်းမတစ်ယောက်ကို မလိုက်ခင် သူမရဲ့ အပြစ်တွေကို ဝင်ပြီး စုံစမ်းလို့ရနေတာပါပဲ။ သူမ ကပ်စေးကုပ်လား? သောက်တတ်လား? ရည်းစားဟောင်းကို လွမ်းနေတုန်းလား ဆိုတာ FB Profile မှာ ဝင်ကြည့်လို့ရနေပါတယ်။

သင်သာ သဲလွန်စ ရှာတတ်ရင် သင်လိုက်မယ့် မိန်းမဟာ သင်နဲ့ ကိုက်ရဲ့လားဆိုတာ ကြိုတင် သိရှိထားနိုင်ပါတယ်။ ရှောင်သင့်တဲ့ လက္ခဏာ ၁၀ မျိုးကတော့

၁. အတက်ကြွလွန် မိန်းကလေး

သူမက ချိုသာပြီး ချစ်ဖို့ကောင်းတာတော့မှန်ပါတယ်။ ဒါပေမယ့် အသေးအမွှားလေးကအစ စိတ်လှုပ်ရှားနေတတ်တဲ့ သူမကို ကြည့်ပြီး ကြာရင် သင် ရူးချင်လာပါလိမ့်မယ်။ လိပ်ပြာလေးတစ်ကောင်နဲ့တောင် စိတ်လှုပ်ရှားနေတဲ့ မိန်းကလေးမျိုးပါ။

၂. ဖင်ပိတ်ငြင်းတတ်တဲ့ မိန်းကလေး

အစွန်းရောက်လိုမျိုးပဲ ဖင်ပိတ်ငြင်းတတ်သူတို့ဟာ ပြသနာကို ရှာဖွေနေတတ်ပါတယ်။ သူမနဲ့ စကားများရင် ပြေပြေလည်လည် ရှင်းလို့မရပဲ ကျယ်ကျယ်အော်နိုင်သူက အနိုင်ရပါတယ်။

၃. အစွန်းရောက် မိန်းကလေး

တချို့သူတွေဟာ ကွဲပြားခြားနားခြင်းကို လက်မခံကြပါဘူး။ သူတို့ဟာ အစွန်းရောက်တတ်ပါတယ်။ “ဒေါ်စုကို ထောက်ခံရင် ချက်ခြင်း Unfriend လုပ်သွားပါ”။ အဲဒါမျိုးဆို Unfriend လုပ်လိုက်ပါတော့။

၄. ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ မိန်းကလေး

ဘာသာတရားနဲ့ဆိုင်တဲ့ Status တွေပဲ မပြတ်တင်နေတဲ့ မိန်းကလေးရဲ့ နှလုံးသားထိပ်ဆုံးမှာ ဘုရား ရှိပါတယ်။ သင်ဟာ ဘယ်တော့မှ သူမနှလုံးသားထိပ်ဆုံးကို မရနိုင်ပါဘူး။ သင် ဘုရားနဲ့ မယှဉ်နိုင်ဘူးဆိုတယတော့ သတိထားပါ။

၅. အတည်ကြီး ပြသနာရှာသူ

သင် လိုက်နေတဲ့ ကောင်မလေးက လမ်းပိတ်တာ၊ ဒါမှမဟုတ် ကော်ဖီဆိုင်က စားပွဲထိုးအကြောင်းကို FB တစ်ခုလုံး မွထနေအောင် ဆဲနေရင်တော့ သူမဟာ ပြသနာသေးသေးလေးကို အကြီးကြီးလုပ်တတ်သူ ဖြစ်နိုင်ပါတယ်။

၆. ရည်းစားဟောင်းနဲ့ မပြတ်သေးသူ

ရည်းစားဟောင်းအကြောင်း Status ကို သင်တွေ့တာနဲ့ သင့်လိုက်ချင်စိတ်တွေ လျော့နည်းသွားမှာပါ။ Profile တစ်ခုလုံး ပွထနေအောင် ရည်းစားဟောင်းကို Bash ထားရင်တော့ အဲဒါတကယ်မပြတ်နိုင်သေးလို့ပါ။ နောက်တစ်ယောက်ရှာပါ။

၇. စိတ်ခွန်အား တိုးတက်စေမယ့်ဟာတွေကို ခဏခဏတင်နေတဲ့ မိန်းကလေး

အဲဒါဟာ သူမကိုယ်သူမ စိတ်ခွန်အားတိုးတက်အောင် ကြိုးစားနေတာပါ။ ရဲဝတ်စုံဝတ်တာနဲ့ ရဲဖြစ်မသွားသလို အဲဒါတွေခဏခဏတင်တာနဲ့ စိတ်ခွန်အားရှိသူလို့ ပြောလို့မရပါဘူး။

၈. အရက်သမား

သင်နဲ့တူတူ ဘားမှာအရက်လိုက်သောက်နိုင်တဲ့ မိန်းကလေးဟာ မဆိုးပါဘူးလို့ ထင်စရာပါ။ ဒါပေမယ့် သင့်ကို မူးပြီးရစ်ရင်၊ အန်ဖတ်ကျုံးရရင် သိပ်ချစ်ဖို့ ကောင်းမှာ မဟုတ်တော့ပါဘူး။
၉. မလုံခြံုတဲ့ မိန်းကလေး

သူမကိုယ်သူမ မလှပါဘူး၊ ရုပ်ဆိုးပါတယ် ခဏခဏတင်နေတဲ့ မိန်းကလေးတွေဟာ ကိုယ့်ဘာသာယုံကြည်မှုအားနည်းတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တော့ သူမကို လှပါတယ် လို့ မြှောက်ပြောတဲ့ Comment တွေ လိုချင်နေလို့ပါ။

၁၀. အိုဗာ ဒရာမာ ဖြစ်နေတဲ့ မိန်းကလေး

နားလည်ရခက်တဲ့၊ လူ အာရုံစိုက်တာခံချင်တဲ့ Status တွေဟာ သင်စိတ်ဝင်စားနေတဲ့ကောင်မလေးဟာ ပြုပြင်စောင့်ရှောက်ဖို့ အထူးလိုအပ်ပြီး အနိုင်ကျင့်ချင်တာကို ပြတာပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%