အမ်ားက မွတ္မိလြယ္သူတစ္ဦးျဖစ္ဖို႔ လိုအပ္ခ်က္(၄)ခု

ZawGyi + Unicode⇓

စီးပြားေရးကိစၥ၊ လူမႈေရးကိစၥေတြမွာ မိတ္သစ္ေဆြသစ္ေတြနဲ႔ေတြ႕ဆံုတဲ့အခါမွာ တစ္ခ်ိဳ႕ေတြက အမ်ားၾကားမွာ ျမင္သာထင္သာရွိေနတတ္ၿပီး တျခားလူေတြထက္ ပိုၿပီးမွတ္မိလြယ္တာကို သတိထားမိမွာပါ။ ဒီလို တစ္ခါေတြ႔ဖူး ျမင္ဖူး႐ုံနဲ႔ မွတ္မိသြားတတ္တာဟာ ဘာေၾကာင့္လဲဆိုတာကို သင္ေတြးမိပါသလား။ တကယ္ေတာ့ ဒါဟာ လူ႕သဘာ၀ေၾကာင့္ျဖစ္ပါတယ္။ ပထမဆံုးတစ္ႀကိမ္ေတြ႕ဖူး႐ုံနဲ႔ သင္မွတ္မိေနတတ္သူေတြဟာ သင့္ရဲ႕စိတ္၀င္စားမႈကို ရယူႏိုင္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ေတြက သူတို႔နဲ႔ပတ္သက္တဲ့သင္သိခ်င္ႏိုင္ေလာက္တဲ့ အခ်က္အလက္ေတြကိုေျပာျပတာ၊ သင္သေဘာက်မယ့္ အေၾကာင္းအရာေတြ ေ၀မွ်တာ ဒါမွမဟုတ္ သင္ရွာေဖြေနတဲ့ အေျဖတစ္ခုကို ေပးသြားႏိုင္တာမ်ိဳးေတြ လုပ္တတ္တာကိုေရာ သတိျပဳမိသလား။ ဒီလိုမ်ိဳး သင့္ကိုတစ္ခါေတြ႕ဖူး႐ုံနဲ႔ အမ်ားကမွတ္မိေနႏိုင္ဖို႔ သင္ကိုယ္တိုင္ ေလ့လာေလ့က်င့္ႏိုင္ပါတယ္။ နည္းလမ္းေတြကေတာ့

၁။ သင့္ရဲ႕တန္ဖိုးကို ရွင္းလင္းပါေစ။

တစ္ေယာက္နဲ႔ေတြ႕ဆံုတဲ့အခါမွာ ကၽြန္ေတာ္နာမည္ဘယ္သူပါ။ ကၽြန္ေတာ္က ဘယ္ကုမၸဏီက ဘာတာ၀န္ယူထားပါတယ္ဆိုတာေလာက္ပဲ မိတ္ဆက္ေျပာဆိုမယ္ဆိုရင္ သင့္ကိုအလြယ္တကူ ေမ့သြားမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သင္ကိုယ္တိုင္ ဒါမွမဟုတ္ သင့္ရဲ႕ကုမၸဏီက သူအတြက္ ဘယ္နည္းဘယ္ပံု အသံုး၀င္ၿပီးအေထာက္အကူျဖစ္ေစႏိုင္တယ္ဆိုတဲ့ တန္ဖိုးကို မေဖာ္ျပခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဥပမာ မိတ္ဆက္ပံုတစ္ခုကို ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္က ဘယ္သူပါ။ ဘာတာ၀န္ယူထားပါတယ္။ ကၽြန္ေတာ္တို႔ လုပ္ငန္းက ဘာေတြဘာေတြ လုပ္ေဆာင္ပါတယ္ စသျဖင့္ မိတ္ဆက္ၿပီး အကူအညီလိုအပ္ရင္ဆက္သြယ္ႏိုင္ေၾကာင္း ေျပာဆိုသင့္ပါတယ္။ တဖက္လူရဲ႕ လုိအပ္ခ်က္ကိုသိႏိုင္မယ္ဆိုရင္ေတာ့ အေကာင္းဆံုးပါပဲ။

၂။ အေျပာအဆိုဂ႐ုစိုက္ပါ။

သင့္ကိုယ္သင္ မိတ္ဆက္တဲ့အခါမွာ အင္အားအျပည့္ ယုံၾကည္မႈရွိရွိတင္ျပပါ။ သင့္နဲ႔ ေျပာဆိုဆက္ဆံေနသူေတြနဲ႔ အမွန္တကယ္ဆက္ဆံလိုေၾကာင္း ေဖာ္ျပပါ။ သင္ဟာ သင့္ရဲ႕အမွတ္တံဆိပ္ျဖစ္ပါတယ္။ သင့္လုပ္ငန္းရဲ႕မ်က္ႏွာစာျဖစ္တဲ့အတြက္ အေျပာအဆို သင့္တင့္ဖို႔လိုအပ္ပါတယ္။

၃။ ယဥ္ေက်းမႈထံုးစံေတြကိုလည္း သတိျပဳပါ။

(၂၁)ရာစု စြန္႔ဦးလုပ္ငန္းရွင္ေတြအတြက္ လုပ္ငန္းနယ္ပယ္မ်ိဳးစံု၊ ႏိုင္ငံမ်ိဳးစုံက လူမ်ိဳးစံုနဲ႔ ပတ္သက္ဆက္ဆံရမွာ ျဖစ္ပါတယ္။ သင့္နဲ႔ဆက္ဆံရတဲ့ တဖက္လူရဲ႕ ယဥ္ေက်းမႈအစဥ္အလာကိုသိရွိထားၿပီး မိတ္ဆက္ခ်ိန္မွာ ထည့္သြင္းေဖာ္ျပတတ္ဖို႔လည္း လိုပါတယ္။ ဒါမွသာ အသြင္ကြဲျပားမႈေတြမ်ားျပားတဲ့ စီးပြားေရးေလာကမွာ တဖက္သူရဲ႕ အာ႐ုံစိုက္မႈကိုရရွိႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ႏိုင္ငံျခားသားတစ္ေယာက္နဲ႔ ေတြ႕ဆံုရမယ္ဆိုရင္ သူတို႔ႏိုင္ငံသားေတြရဲ႕ ယဥ္ေက်းမႈစံႏႈန္းေတြကို ႀကိဳတင္ေလ့လာထားဖို႔လုိပါတယ္။

၄။ ေလ့လာအတုယူပါ။

မိတ္ေဆြသစ္တစ္ေယာက္ ဒါမွမဟုတ္ အမ်ားႀကီးနဲ႔ေတြ႕ဆံုရတာဟာ သင့္ကိုယ္သင္ အက်ိဳးရွိရွိမိတ္ဆက္ဖို႔ ေရႊအခြင့္အေရးပဲျဖစ္ပါတယ္။ ဒီအခ်ိန္မွာ သင္ကလြဲၿပီး အားလံုးက ထူးခၽြန္သူေတြအျဖစ္ စိတ္ထဲမွာ သတ္မွတ္ၿပီး သူတို႔ဆီကေန ေလ့လာအတုယူရမွာ ျဖစ္ပါတယ္။ လူတိုင္းဟာ သင့္ကို စိတ္ရွည္သည္းခံတတ္ေအာင္၊ အသိပညာၾကြယ္၀ေအာင္၊ ၾကင္နာသနားတတ္ေအာင္ သင္ေပးေနတယ္လို႔ မွတ္ယူထားပါ။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ မွတ္မိလြယ္သူတစ္ေယာက္ေယာက္နဲ႔ ေတြ႕ဆံုခဲ့မယ္ဆိုရင္ သူတို႔ကို ဘယ္အခ်က္ေတြက ထူးျခားကြဲထြက္ေစတာလဲဆိုတာကို ေလ့လာၿပီး အတုယူပါ။

ပထမဆံုးစေတြ႕ခ်ိန္မွာ အကဲျဖတ္ထင္ျမင္ခ်က္ေတြဟာ ေျပာင္းလဲဖို႔ခက္ခဲပါတယ္။ အခုေဖာ္ျပတဲ့ အေျခခံသေဘာတရားေလးေတြကို အသံုးျပဳၿပီး သင္ကိုယ္တိုင္လည္း အမ်ားကမွတ္မိလြယ္သူတစ္ေယာက္ျဖစ္ေအာင္ ဆင္ျခင္ေလ့က်င့္ႏိုင္မွာျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အများက မှတ်မိလွယ်သူတစ်ဦးဖြစ်ဖို့ လိုအပ်ချက်(၄)ခု

စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မိတ်သစ်ဆွေသစ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ တစ်ချို့တွေက အများကြားမှာ မြင်သာထင်သာရှိနေတတ်ပြီး တခြားလူတွေထက် ပိုပြီးမှတ်မိလွယ်တာကို သတိထားမိမှာပါ။ ဒီလို တစ်ခါတွေ့ဖူး မြင်ဖူးရုံနဲ့ မှတ်မိသွားတတ်တာဟာ ဘာကြောင့်လဲဆိုတာကို သင်တွေးမိပါသလား။ တကယ်တော့ ဒါဟာ လူ့သဘာ၀ကြောင့်ဖြစ်ပါတယ်။ ပထမဆုံးတစ်ကြိမ်တွေ့ဖူးရုံနဲ့ သင်မှတ်မိနေတတ်သူတွေဟာ သင့်ရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့တွေက သူတို့နဲ့ပတ်သက်တဲ့သင်သိချင်နိုင်လောက်တဲ့ အချက်အလက်တွေကိုပြောပြတာ၊ သင်သဘောကျမယ့် အကြောင်းအရာတွေ ဝေမျှတာ ဒါမှမဟုတ် သင်ရှာဖွေနေတဲ့ အဖြေတစ်ခုကို ပေးသွားနိုင်တာမျိုးတွေ လုပ်တတ်တာကိုရော သတိပြုမိသလား။ ဒီလိုမျိုး သင့်ကိုတစ်ခါတွေ့ဖူးရုံနဲ့ အများကမှတ်မိနေနိုင်ဖို့ သင်ကိုယ်တိုင် လေ့လာလေ့ကျင့်နိုင်ပါတယ်။ နည်းလမ်းတွေကတော့ –

၁။ သင့်ရဲ့တန်ဖိုးကို ရှင်းလင်းပါစေ။

တစ်ယောက်နဲ့တွေ့ဆုံတဲ့အခါမှာ ကျွန်တော်နာမည်ဘယ်သူပါ။ ကျွန်တော်က ဘယ်ကုမ္ပဏီက ဘာတာဝန်ယူထားပါတယ်ဆိုတာလောက်ပဲ မိတ်ဆက်ပြောဆိုမယ်ဆိုရင် သင့်ကိုအလွယ်တကူ မေ့သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့ကုမ္ပဏီက သူအတွက် ဘယ်နည်းဘယ်ပုံ အသုံးဝင်ပြီးအထောက်အကူဖြစ်စေနိုင်တယ်ဆိုတဲ့ တန်ဖိုးကို မဖော်ပြခဲ့တာကြောင့် ဖြစ်ပါတယ်။

ဥပမာ မိတ်ဆက်ပုံတစ်ခုကို ပြောရမယ်ဆိုရင် ကျွန်တော်က ဘယ်သူပါ။ ဘာတာဝန်ယူထားပါတယ်။ ကျွန်တော်တို့ လုပ်ငန်းက ဘာတွေဘာတွေ လုပ်ဆောင်ပါတယ် စသဖြင့် မိတ်ဆက်ပြီး အကူအညီလိုအပ်ရင်ဆက်သွယ်နိုင်ကြောင်း ပြောဆိုသင့်ပါတယ်။ တဖက်လူရဲ့ လိုအပ်ချက်ကိုသိနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

၂။ အပြောအဆိုဂရုစိုက်ပါ။

သင့်ကိုယ်သင် မိတ်ဆက်တဲ့အခါမှာ အင်အားအပြည့် ယုံကြည်မှုရှိရှိတင်ပြပါ။ သင့်နဲ့ ပြောဆိုဆက်ဆံနေသူတွေနဲ့ အမှန်တကယ်ဆက်ဆံလိုကြောင်း ဖော်ပြပါ။ သင်ဟာ သင့်ရဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့မျက်နှာစာဖြစ်တဲ့အတွက် အပြောအဆို သင့်တင့်ဖို့လိုအပ်ပါတယ်။

၃။ ယဉ်ကျေးမှုထုံးစံတွေကိုလည်း သတိပြုပါ။

(၂၁)ရာစု စွန့်ဦးလုပ်ငန်းရှင်တွေအတွက် လုပ်ငန်းနယ်ပယ်မျိုးစုံ၊ နိုင်ငံမျိုးစုံက လူမျိုးစုံနဲ့ ပတ်သက်ဆက်ဆံရမှာ ဖြစ်ပါတယ်။ သင့်နဲ့ဆက်ဆံရတဲ့ တဖက်လူရဲ့ ယဉ်ကျေးမှုအစဉ်အလာကိုသိရှိထားပြီး မိတ်ဆက်ချိန်မှာ ထည့်သွင်းဖော်ပြတတ်ဖို့လည်း လိုပါတယ်။ ဒါမှသာ အသွင်ကွဲပြားမှုတွေများပြားတဲ့ စီးပွားရေးလောကမှာ တဖက်သူရဲ့ အာရုံစိုက်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ဆုံရမယ်ဆိုရင် သူတို့နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုစံနှုန်းတွေကို ကြိုတင်လေ့လာထားဖို့လိုပါတယ်။

၄။ လေ့လာအတုယူပါ။

မိတ်ဆွေသစ်တစ်ယောက် ဒါမှမဟုတ် အများကြီးနဲ့တွေ့ဆုံရတာဟာ သင့်ကိုယ်သင် အကျိုးရှိရှိမိတ်ဆက်ဖို့ ရွှေအခွင့်အရေးပဲဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ကလွဲပြီး အားလုံးက ထူးချွန်သူတွေအဖြစ် စိတ်ထဲမှာ သတ်မှတ်ပြီး သူတို့ဆီကနေ လေ့လာအတုယူရမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ သင့်ကို စိတ်ရှည်သည်းခံတတ်အောင်၊ အသိပညာကြွယ်၀အောင်၊ ကြင်နာသနားတတ်အောင် သင်ပေးနေတယ်လို့ မှတ်ယူထားပါ။ ဒါ့ကြောင့် သင့်အနေနဲ့ မှတ်မိလွယ်သူတစ်ယောက်ယောက်နဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် သူတို့ကို ဘယ်အချက်တွေက ထူးခြားကွဲထွက်စေတာလဲဆိုတာကို လေ့လာပြီး အတုယူပါ။

ပထမဆုံးစတွေ့ချိန်မှာ အကဲဖြတ်ထင်မြင်ချက်တွေဟာ ပြောင်းလဲဖို့ခက်ခဲပါတယ်။ အခုဖော်ပြတဲ့ အခြေခံသဘောတရားလေးတွေကို အသုံးပြုပြီး သင်ကိုယ်တိုင်လည်း အများကမှတ်မိလွယ်သူတစ်ယောက်ဖြစ်အောင် ဆင်ခြင်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

Related Posts

%%footer%%