လူအမ်ားကို လႊမ္းမိုးႏိုုင္သူမ်ား ၏ ေတြးေခၚပံုု ေတြးေခၚနည္း

တစ္ခါတစ္ေလမွာ တစ္ခ်ဳိ႕ကိစၥေတြဟာ ကၽြန္ေတာ္တို႔ ထင္ျမင္ယူဆထားသလို ျဖစ္မလာတတ္ပါဘူး။ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြကေတာ့ အားလံုးရဲ႕ထင္ျမင္ယူဆခ်က္ေတြနဲ႔ ဆန္႔က်င့္ၿပီး ေအာင္ျမင္မႈေတြကို သိမ္းပိုက္သြားႏိုင္ၾကပါတယ္။ ဥပမာေျပာရရင္ နည္းပညာလုပ္ငန္းခ်င္းအတူတူမွာ Apple က ဘာေၾကာင့္မ်ား ဆန္းသစ္တီထြင္မႈေတြ ရွိေနတာလဲ၊ လူမဲတန္းတူအခြင့္အေရးရဖို႔ တုိက္ပြဲ၀င္ခဲ့သူေတြ အမ်ားႀကီးထဲကမွ Martin Luther King ကို ဘာေၾကာင့္ လူသိမ်ားရတာလဲ။ ေလယာဥ္ပ်ံတီထြင္ႏိုင္တဲ့ အျခားအဖြဲ႔အစည္းေတြရွိခဲ့ေပမယ့္ ဘာေၾကာင့္မ်ား Wright ညီေနာင္က ထင္ရွားေက်ာ္ၾကားရတာလဲ ဆိုတာက စဥ္းစားစရာပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ Apple Martin Luther King နဲ႔ Wright ညီေနာင္တို႔သာမက ကမာၻမွာရွိတဲ့အျခားေသာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ အဖြဲ႕အစည္းေတြ၊ လူပုဂၢိဳဟ္ေတြအားလံုးဟာ နည္းလမ္းတစ္ခုတည္းနဲ႔ပဲ ေတြးေခၚျပဳမူ၊ ေျပာဆိုဆက္သြယ္ေလ့ရွိၾကပါတယ္။ ဒီနည္းလမ္းကလည္း ကမာၻမွာ အ႐ုိးရွင္းဆံုးနည္းလမ္းတစ္ခုပါပဲ။ Golden Circle လို႔ ေခၚပါတယ္။

Why ဘာေၾကာင့္လဲ ? How ဘယ္လိုုလဲ ? What ဘာလဲ ? တို႔နဲ႔ ဖြဲ႔စည္းထားတဲ့ Golden Circle ျဖစ္ပါတယ္။ ဒီ Golden Circle ကို မွန္မွန္ကန္ကန္အသံုးျပဳၿပီး တစ္ခ်ဳိ႕ေသာေခါင္းေဆာင္ေတြနဲ႔ အဖြဲ႕အစည္းေတြဟာ လူေတြရဲ႕စိတ္ကို လႊမ္းမိုးရယူႏိုင္ၾကတာျဖစ္ပါတယ္။ ဒီ Golden Circle သေဘာတရားမွာ ဘယ္သူပဲျဖစ္ျဖစ္၊ ဘယ္အဖြဲ႕အစည္းပဲျဖစ္ျဖစ္ သူတို႔ဘာလုပ္တာလဲ . ဘာေရာင္းလဲ . ဘာဝန္ေဆာင္မႈ ေပးလဲ ဆိုတဲ့ What ကို (၁၀၀)ရာခိုင္ႏႈန္း သိၾကပါတယ္။ တခ်ဳိ႕ကေတာ့ ဘယ္လို သူမ်ားထက္သာေအာင္. ေကာင္းေအာင္ လုပ္မွာလဲဆိုတဲ့ How ကုိသိၾကပါတယ္။ ဒါ့ေပမယ့္ ဘာေၾကာင့္လုပ္ရတာလဲဆိုတဲ့ အဓိကက်တဲ့ ဇစ္ျမစ္ကိုု Why ကိုသိတဲ့လူပုဂၢိဳဟ္နဲ႔အဖြဲ႕အစည္းကေတာ့အရမ္းကိုနည္းပါတယ္။

ဘာပဲလုပ္လုပ္ အက်ိဳးအျမတ္ရခ်င္လို႔ ဆိုတဲ့ Why မ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။ အက်ိုးအျမတ္သာ ၾကည့္မယ္ဆိုုရင္ What အဆင့္ထဲမွာပဲရွိပါတယ္။   ကၽြန္ေတာ္ဆိုလိုတဲ့ Why က သင့္ရည္ရြယ္ခ်က္က ဘာလဲ? အေၾကာင္းရင္း၊ ယုံၾကည္မႈက ဘာလဲ? သင့္အဖြဲ႕အစည္း ဘာအတြက္ရပ္တည္ေနတာလဲ? သင္ ဘာအတြက္ မနက္တိုင္း အိပ္ရာထဲက ထလာတာလဲ? စတဲ့သင္လုပ္ေနတာကိုဘာေၾကာင့္လုပ္ေနရတာလဲဆိုတဲ့အေၾကာင္းရင္းပဲျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ အမ်ားစုက အ႐ုိးရွင္းဆံုး What ကေနစၿပီး အ႐ႈပ္ေထြးဆံုး Why ဆီကိုသြားတဲ့ အျပင္မွအတြင္းသို႔ ေျပာင္းျပန္ ခ်ဥ္းကပ္မႈကိုပဲ လုပ္ေဆာင္ေလ့ရွိပါတယ္။ ဥပမာ ကိုုယ္စိတ္ဝင္တစား လုုပ္ခ်င္တဲ့ ကိုုယ္ဝါသနာပါတဲ့ အလုုပ္မဟုုတ္ပဲ နဲ့  . . . ဘာလုုပ္ရင္ေကာင္းမလဲ ဘာလုုပ္ရင္ျမတ္မလဲ ဆိုုတဲ့ အေတြးမ်ိဳးနဲ့ လုုပ္တဲ့ အလုုပ္မ်ိဳးေတြပါ။ ဒါေပမယ့္ အျခားလူေတြကို လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ေခါင္းေဆာင္ေတြ၊ အဖြဲ႕အစည္းေတြကေတာ့ ကၽြန္ေတာ္တို႔နဲ႔ ေျပာင္းျပန္နည္းလမ္းျဖစ္တဲ့ အတြင္းမွ အျပင္သို႔ ခ်ဥ္းကပ္မႈ. ဘာအတြက္လဲ ဘာေၾကာင့္လဲ  ဆိုုတာကိုု ပထမဆံုုး ဦးစာေပး သံုးေလ့ရွိပါတယ္။

အားလံုးကသိၾကတဲ့ Apple ကုမၸဏီကို ဥပမာထားပါရေစ။ အကယ္၍ Apple ကုမၸဏီက အျခားကုမၸဏီေတြလိုပဲကၽြန္ေတာ္တို႔ဆီက အေကာင္းဆံုးကြန္ပ်ဴတာေတြ ထုတ္လုပ္ပါတယ္။ ဒီကြန္ပ်ဴတာေတြက ဒီဇိုင္းေသသပ္လွပၿပီး အသံုးျပဳရလြယ္ကူပါတယ္။ တစ္လံုးေလာက္ ၀ယ္ယူသံုးစြဲၾကည့္ပါလို႔ ေၾကာ္ၿငာမယ္ဆိုရင္ သင္၀ယ္ခ်င္ပါသလား။ သင့္စိတ္ကို ထူးထူးျခားျခားမဆြဲေဆာင္ႏိုင္ဘူးဆိုတာ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ အမ်ားစုက ဒီလိုပဲ ဆက္သြယ္ေလ့ရွိၾကပါတယ္။ ကၽြန္ေတာ္တို႔ ဘာလုပ္ထားတယ္။ ဘယ္လို ကြဲျပားတယ္ဆိုတာေလာက္ကိုပဲ အေလးေပးေဖာ္ျပေနၾကပါတယ္။ ဒီနည္းလမ္းက လူေတြရဲ႕စိတ္ကို လႊမ္းမိုးႏိုင္စြမ္းမရွိပါဘူး။

www.facebook.com/SLN.Myanmar

Apple ရဲ႕ဆက္သြယ္ပံုကေတာ့ဒီလိုပါ။

ကၽြန္ေတာ္တို႔ဘာပဲလုပ္လုပ္ အေျခအေနတစ္ရပ္ကို ေျပာင္းလဲႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ကြဲျပားျခားနားတဲ့ ေတြးေခၚမႈေတြကို ကၽြန္ေတာ္တို႔ ယုံၾကည္လက္ခံထားပါတယ္။ လက္ရွိအေျခအေနကို ေျပာင္းလဲပစ္လိုက္ႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ ထုတ္ကုန္ေတြကို ဒီဇိုင္းဆန္းသစ္ၿပီး သံုးစြဲသူအဆင္ေျပေအာင္ ဖန္တီးထုတ္လုပ္ရပါတယ္။ ဒီလိုနဲ႔ ကၽြန္ေတာ္တို႔ အေကာင္းဆံုးကြန္ပ်ဴတာေတြကို ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ တစ္လံုးေလာက္ စမ္းသံုးၾကည့္ပါ။

ဆက္သြယ္ပံုျခားနားခ်က္ကို သင္ျမင္ပါသလား။ ကြန္ပ်ဴတာတစ္လံုးေလာက္ ၀ယ္သံုးၾကည့္ခ်င္စိတ္ေပၚသြားမွာ ေသခ်ာပါတယ္။ အဓိကအခ်က္ကေတာ့ လူေတြက သင္ဘာလုပ္လဲဆိုတာက ၾကည့္တာမဟုတ္ပါဘူး။ သင္ဘာေၾကာင့္လုပ္လဲဆိုတာကိုပဲ ၾကည့္တတ္ၾကတယ္ဆိုတာပါပဲ။

ဒီလိုဆက္သြယ္လႊမ္းမိုးႏိုင္မႈေၾကာင့္ပဲ ကၽြန္ေတာ္တို႔အားလံုးက Apple ကြန္ပ်ဴတာေတြကို ၀ယ္ခ်င္ၾကသလို Apple ထုတ္လုပ္တဲ့ MP3 player နဲ႔ မိုဘိုင္းလ္ဖုန္းေတြကိုလည္း ယုံယုံၾကည္ၾကည္ ၀ယ္ယူသံုးစြဲလိုစိတ္ရွိၾကပါတယ္။ တကယ္ေတာ့ Apple က သူ႔ရဲ႕ၿပိဳင္ဖက္ေတြနည္းတူ ကြန္ပ်ဴတာကုမၸဏီတစ္ခု ျဖစ္ပါတယ္။ အျခားနည္းပညာကုမၸဏီေတြလည္း Apple ထုတ္ကုန္ေတြေလာက္ အရည္အေသြးရွိတဲ့ ပစၥညး္ေတြကို ထုတ္လုပ္ႏိုင္ၾကပါတယ္။ Dell ကုမၸဏီက MP3 စက္ေတြနဲ႔ DVR စက္ေတြ ထုတ္လုပ္ေရာင္းခ်ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ၀ယ္ယူသံုးစြဲသူ အလြန္နည္းပါတယ္။ ဘာေၾကာင့္မ်ာ Dell ကုမၸဏီထုတ္ MP3 ကို မ၀ယ္ခ်င္ရတာလဲ စဥ္းစားၾကည့္ပါ။ အေျဖက ရွင္းပါတယ္။ Dell က ကြန္ပ်ဴတာထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုျဖစ္ေနလို႔ပါ။ ဒီေလာက္ဆိုရင္ လူေတြက သင္ဘာလုပ္လဲဆိုတာထက္ ဘာေၾကာင့္လုပ္တာလဲဆိုတာကုိ ပိုစိတ္၀င္စားတတ္ၾကတာကို သေဘာေပါက္မွာပါ။

Golden Circle ကို အတြင္းကေန အျပင္ကို ေျပာင္းျပန္ဆက္သြယ္တဲ့နည္းလမ္းဟာ အယူအဆ သက္သက္ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဦးေႏွာက္ဖြဲ႕စည္းပံုနဲ႔ ဆိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ဦးေႏွာက္ကို Golden Circle ရဲ႕ ပါ၀င္အစိတ္အပိုင္းေတြအတိုင္း အပိုင္း()ခုနဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ Neocortex လို႔ ေခၚတဲ့ ဦးေႏွာက္ရဲ႕ အျပင္ဖက္ဆံုးအလႊာဟာ What ကို ကိုယ္စားျပဳပါတယ္။ က်ိဳးေၾကာင္းေ၀ဖန္မႈေတြ၊ ဘာသာစကား ဆန္းစစ္မႈေတြကို တာ၀န္ယူလုပ္ေဆာင္ေပးတဲ့အပိုင္းျဖစ္ပါတယ္။ အတြင္းဖက္အပိုင္း()ခုကေတာ့ Limbic brains လို႔ေခၚၿပီး ယုံၾကည္မႈ၊ သစၥာတရား စတဲ့ခံစားခ်က္ေတြကို သိရွိတဲ့အပိုင္းျဖစ္ပါတယ္။ ဒီအတြင္းပိုင္း()ခုက လူေတြရဲ႕အျပဳအမူ၊ ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္း ေတြကို တာ၀န္ယူလုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ အျပင္ကေန အတြင္းကို ဆက္သြယ္မယ္ဆိုရင္ လူေတြက အက်ိဳးရွိမရွိ၊ ေကာင္းမေကာင္း အခ်က္အလက္ေတြကို နားလည္ႏိုင္မွာျဖစ္ေပမယ့္ သူတို႔ရဲ႕အျပဳအမူကိုေတာ့ လႈံ႕ေဆာ္ႏိုင္စြမ္းမရွိပါဘူး။ အတြင္းမွအျပင္သို႔ ဆက္သြယ္ရာမွာေတာ့ ကၽြန္ေတာ္တို႔ဟာ အျပဳအမူကိုတာ၀န္ယူထားတဲ့ အပိုင္းကို တိုက္႐ုိက္ဆက္သြယ္ေျပာဆိုတာျဖစ္ပါတယ္။ ၿပီးေတာ့မွ ဒီအခ်က္ကို ခိုင္မာေစႏိုင္တဲ့ အရာေတြနဲ႔ ထပ္ေလာင္းၿပီး ယုံၾကည္မႈကို ရယူတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အတြင္းမွ အျပင္သို႔ ဆက္သြယ္မႈကို လူေတြက ပိုၿပီး ယုံၾကည္သက္၀င္တတ္ၾကတာျဖစ္ပါတယ္။

သင့္ရဲ႕ Why ကို သင္ကိုယ္တုိင္မသိရင္ အျခားလူေတြကလည္း သိမွာမဟုတ္ပါဘူး။ ဒါဆို လူေတြကို သင္ေျပာတာလက္ခံလာေအာင္ ဘယ္လိုေျပာေျပာရမွာမဟုတ္သလို သင္ျဖစ္ေစခ်င္တာကို ျဖစ္လာဖို႔လည္း တတ္ႏိုင္မွာမဟုတ္ပါဘူး။ အဓိကဆိုလိုရင္းက လူေတြကို သင္ယုံၾကည္တဲ့အတိုင္း ထပ္တူယုံၾကည္လာေစဖို႔ပဲ ျဖစ္ပါတယ္။ ယုံၾကည္ခ်က္တူတဲ့သူေတြနဲ႔အတူ အလုပ္တြဲလုပ္ဖို႔ပါ။ အကယ္၍ အလုပ္လိုအပ္သူတစ္ေယာက္ကို အလုပ္ေပးလိုက္တယ္ဆိုပါစုိ႔။ သူက ေငြေၾကးအတြက္ပဲ အလုပ္လုပ္မွာျဖစ္ပါတယ္။ ဒါေပမယ့္ သင္နဲ႔ ယုံၾကည္ခ်က္တူသူတစ္ေယာက္ကို အလုပ္ေပးလိုက္တယ္ဆိုရင္ေတာ့ ေသြးေခၽြးနဲ႔ရင္းၿပီး သင့္အတြက္ အလုပ္လုပ္ေပးပါလိမ့္မယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး Wright ညီေနာင္က ဥပမာေကာင္းတစ္ခုျဖစ္ပါတယ္။

၂၀ ရာစုႏွစ္အစပိုင္းမွာတုန္းက လူေတြေကာင္းကင္မွာ ပ်ံသန္းသြားႏိုင္ဖို႔ လူတိုင္းက စိတ္၀င္စားၾကပါတယ္။ ဒီကိစၥေအာင္ျမင္ဖို႔အတြက္ Samuel Pierpont Langley ဆိုသူက လုပ္ႏိုင္လိမ့္မယ္လို႔ ထင္ခဲ့ၾကပါတယ္။ Samuel ကို ေကာင္းကင္မွာပ်ံသန္းႏိုင္တဲ့ ယႏၱရားတီထြင္ဖို႔အတြက္ စစ္ဘက္က ေဒၚလာ(၅၀၀၀၀) ပံပိုးေပးပါတယ္။ ဒါ့ေၾကာင့္ သူက အေတာ္ဆံုးပုဂိၢဳဟ္ေတြကို ငွားယမ္းၿပီး လုပ္ေဆာင္ခဲ့ပါတယ္။ နာမည္ေက်ာ္ သတင္းစာေတြကလည္း သူေနာက္ကို တစ္ေကာက္ေကာက္လိုက္ၿပီး သတင္းေတြ ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ အမ်ားစုက သူ႔အေၾကာင္းကို မၾကားဖူးၾကတာ ဘာလိုျဖစ္လို႔ပါလဲ။

ဒီလို Samuel Pierpont Langley ကို အားလံုးက အာရုံစိုက္ေနၾကတဲ့အခ်ိန္မွာ Orville Wright နဲ႔ Wilbur Wright တို႔ ညီအစ္ကို ႏွစ္ဦးကို သိေတာင္မသိၾကပါဘူး။ သူတို႔မွာ ေငြေၾကးလည္း မရွိပါဘူး။ သူတို႔ရဲ႕ စက္ဘီးဆိုင္ေလးက ရတဲ့ အက်ိဳးအျမတ္နဲ႔ အိပ္မက္ကိုအေကာင္အထည္ေဖာ္ေနခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္အျပင္ သူတို႔နဲ႔အတူတြဲလုပ္ခဲ့သူေတြကလည္း ဘြဲ႕ရပညာတတ္ေတြမဟုတ္ပါဘူး။ ဘယ္သတင္းစာကမွလဲ သူတို႔အေၾကာင္းကို ေဖာ္ျပတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ကြဲျပားျခားနားခ်က္ကေတာ့ Wright ညီေနာင္က ရည္ရြယ္ခ်က္၊ ယုံၾကည္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တာျဖစ္ပါတယ္။ ပ်ံသန္းႏိုင္တဲ့ စက္ပစၥည္းတစ္ခုကို တီထြင္ႏိုင္ရင္ ကမာၻႀကီးေျပာင္းလဲသြားမယ္ဆိုတာကို ညီအစ္ကိုႏွစ္ေယာက္စလံုးက ယုံၾကည္ခဲ့ပါတယ္။ Samuel Pierpont Langley ကေတာ့ သူေအာင္ျမင္ဖို႔ သူခ်မ္းသာဖို႔ စတဲ့ ရလဒ္ေတြကိုပဲ အာ႐ုံစိုက္ခဲ့တာျဖစ္ပါတယ္။ ဒီလို ရည္ရြယ္ခ်က္ အေၾကာင္းရင္းခ်င္း မတူညီတာေၾကာင့္ Wright ညီေနာင္နဲ႔ ေနာက္လိုက္အဖြဲ႕က ေသြးေရာေခၽြးေရာ ရင္းၿပီး အိပ္မက္ကို ၀ိုင္း၀န္းအေကာင္အထည္ ေဖာ္ႏိုင္ခဲ့ၾကေပမယ့္ Samuel ရဲ႕ အေတာ္ဆံုးအဖြဲ႕ကေတာ့ ေငြေၾကးအတြက္ပဲ လုပ္ခဲ့တာေၾကာင့္ ဘာမွျဖစ္မလာခဲ့တာျဖစ္ပါတယ္။

လူေတြဟာ ရည္ရြယ္ခ်က္ခ်င္း၊ ယုံၾကည္ခ်က္ခ်င္း တူမွ လက္တြဲတတ္ၾကတာကို Martin Luther King ကို ဘာလို႔ ေထာက္ခံခဲ့ၾကတာလဲဆိုတာၾကည့္ရင္ သိႏိုင္ပါတယ္။ (၁၉၆၃)ခုႏွစ္ ေႏြရာသီမွာ ၀ါရွင္တန္ၿမိဳ႕က Martin Luther King ရဲ႕ ေဟာေျပာပြဲကို တက္ဖို႔ လူေပါင္း (၂၅၀၀၀၀)ေရာက္လာခဲ့ပါတယ္။ ဒီေဟာေျပာပြဲအတြက္ ဖိတ္စာေတြလဲ မကမ္းထားပါဘူး။ ေန႔စြဲနဲ႔ အခ်ိန္သိဖို႔ အင္တာနက္မွာတက္ၾကည့္စရာ ၀က္ဘ္ဆိုက္လည္း မရွိေသးပါဘူး။ ဒီေလာက္လူအမ်ားႀကီး တစ္ခ်ိန္တည္း ဘာေၾကာင့္ေရာက္လာခဲ့တာလဲဆိုတာ အ့ံၾသစရာပါပဲ။ Martin Luther King တစ္ေယာက္တည္း လူမဲတန္းတူအခြင့္အေရးအတြက္ တိုက္ပြဲ၀င္ေနတာမဟုတ္ပါဘူး။ သူေျပာတဲ့တစ္ခ်ိဳ႕စိတ္ကူးေတြက မေကာင္းပါဘူး။ ဒါေပမယ့္ သူမွာ အစြမ္းတစ္ခုေတာ့ရွိပါတယ္။ သူက အေမရိကန္ျပည္ေထာင္စုက ေျပာင္းလဲဖို႔ လိုေနၿပီလို႔ လူေတြကို မေျပာပါဘူး။ သူ႔ရ႕ဲယုံၾကည္ခ်က္ကိုပဲေျပာပါတယ္။ သူ႔ယုံၾကည္ခ်က္ကို တစ္ထပ္တည္း ယုံၾကည္သူေတြက သူ႔လမ္းေၾကာင္းကို လိုက္ေလွ်ာက္ၾကပါတယ္။ သူတို႔ရဲ႕ယုံၾကည္ခ်က္ကို အျခားလူေတြကို ေျပာပါတယ္။ ဒီလိုနဲ႔ ယုံၾကည္ခ်က္ထပ္တူက်တဲ့ လူေပါင္း (၂၅၀၀၀၀)ဟာတစ္ခ်ိန္တည္းတစ္ေနရာတည္းေရာက္ရွိလာခဲ့ၾကတာျဖစ္ပါတယ္။

ဒီေနရာမွာ တစ္ခုစဥ္းစားရမွာက ေရာက္ရွိလာၾကတဲ့ လူေတြထဲမွာ Martin Luther King ကို အားေပးဖို႔ လာေရာက္ၾကသူ ဘယ္ႏွစ္ေယာက္ရွိမယ္ထင္ပါသလဲ။ တစ္ေယာက္မွမရွိပါဘူး။ ဒီလူေတြအားလံုးဟာ သူတို႔ရဲ႕ ယုံၾကည္ခ်က္ကို ခ်ျပဖို႔ တကူးတကအခ်ိန္ေပးၿပီး လာေရာက္ၾကတာျဖစ္ပါတယ္။ Martin Luther King ေျပာတဲ့ “I have a dream” မိန္႔ခြန္းေတြထဲမွာ သူတို႔ရဲ႕ ယုံၾကည္ခ်က္၊ ရည္ရြယ္ခ်က္ကို သူတို႔ရွာေဖြေတြ႕ရွိၿပီး ကိုယ္ပိုင္ ယုံၾကည္ခ်က္အတြက္ ရပ္တည္ၾကတာျဖစ္ပါတယ္။

ေခါင္းေဆာင္နဲ႔ ဦးေဆာင္သူ မတူပါဘူး။ ေခါင္းေဆာင္ဆိုတဲ့သူေတြက လုပ္ပိုင္ခြင့္အာဏာတစ္ခုကို ကိုင္စြဲထားၿပီး ဦးေဆာင္သူေတြကေတာ့ ကၽြန္ေတာ္တို႔ကို လႊမ္းမိုးႏိုင္ပါတယ္။ တစ္ေယာက္ခ်င္းပဲျဖစ္ျဖစ္၊ အဖြဲ႕အစည္းလိုက္ပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ဟာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ဦးေဆာင္သူေနာက္ကို လိုက္ၾကပါတယ္။ လိုက္ခ်င္လို႔ကို လိုက္တာျဖစ္ပါတယ္။ လိုက္သင့္လို႔ လိုက္တာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အေၾကာင္းရင္း ရည္ရြယ္ခ်က္ Why နဲ႔ စတင္သူေတြကသာ ပတ္၀န္းက်င္ကို လႊမ္းမိုးႏိုင္စြမ္းရွိၿပီး အားလံုးကို ဦးေဆာင္ႏိုင္မွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

ေနာက္ဆံုုး အေကာင္းဆံုုး ဥပမာကေတာ့ လက္ရွိျမန္မာႏိုု္င္ငံက  ကိုုယ္က်ိဳးမၾကည့္ အမ်ားအက်ိုး အတြက္ရည္မွန္းခ်က္ ၾကီးၾကီး တံုုးတိုု္က္တိုုက္ က်ားကိုုက္ကိုုက္ ျပည္သူေတြ ေကာင္းစားေရးအတြက္ ေျခလွမ္းမတြန္႕ပဲ  လုုပ္ေဆာင္ေပးေနတဲ့ ႏိုုင္ငံေရးေခါင္းေဆာင္ ကိုု ၾကည့္လိုုက္ပါ။  သူ ေအာင္ျမင္ေနတယ္ထင္ပါသလား ။ လူေတြ အေပၚေကာ လြမ္းမိုုး ႏိုုင္ေနျပီထင္လား ။ သူ႕ ေနနဲ႕ What . ဆိုုတာကိုု ေရွ႕တန္းမတင္ထားပါဘူး။ ႏိုုင္ငံေရးသမား ျဖစ္ခ်င္တာ မဟုုတ္ပါဘူး။ သမၼတ လည္းျဖစ္ဖိုု႕အဓိက မဟုုတ္ပါဘူး ။  သူ အေနနဲ႕လူသားတိုုင္း တန္းတူ အခြင့္အေရး ရရွိရမယ္ . ျပည္သူေတြ အားလံုုး စည္းလံုုး ညီညြတ္ျပီး ေခတ္မွီ တိုုးတက္သာယာ လွပတဲ့ ႏိုုင္ငံ ေတာ္ သစ္ ၾကီးမွာလူတိုုင္း တန္းတူ ေနထိုုင္ႏိုုင္ရမယ္ ဆိုုတဲ့ ယံုုၾကည္ခ်က္ ေၾကာင့္ လုုပ္ေနတာပါ။ အဲဒီ ယံုု ၾကည္ခ်က္ကသာ ႏိုုင္ငံသား အားလံုုးရဲ႕ ယံုုၾကည္ခ်က္နဲ႕ထပ္တူထပ္မွ် က်လိုု႕  အကုုန္ဟတ္ထိျပီး စြမ္းေဆာင္ရည္ အရည္အခ်င္းနဲ႕ ျပည့္ဝတဲ့ သူ႕ ကိုု ေခါင္းေဆာင္ ဦးေဆာင္သူအျဖစ္ ႏွလံုုးသာနဲ႕ ရင္းျပီး တင္ေျမွာက္ထားၾကတာပါ။

လမ္းၾကံု တုုန္းေလး Gentleman Magazine အေၾကာင္းဆက္ေျပာျပပါမယ္။  Gentleman Magazine ကိုု ဘာေၾကာင့္လုုပ္ေဆာင္ျဖစ္ခဲ့တာလဲ ? GM ထူေထာင္သူကိုုယ္တုုိင္က ဆယ္ေက်ာ္သက္ အရြယ္မွာ ဘာမဆိုု ဘုုမသိ ဘမသိ အလြန္နဲ႕ အသိပညာကင္းမဲ့ ခဲ့ပါတယ္။ ေရွ႕မွာက လည္း ဦးေဆာင္ လမ္းျပေပးမယ့္ အကိုု ေတြလဲ မရွိခဲ့တဲ့ အတြက္ အခ်စ္ေရး ၊ စီးပြားေရး ၊လူမႈေရး ေတြ မွာ အမွားမ်ားစြာနဲ႕ အခက္အခဲ အမ်ိုးမ်ိဳး ၾကံုေတြ႕ခဲ့ရပါတယ္။ စာအုုပ္ေတြဖတ္ဖိုု႕ က်ေတာ့လဲ ေလ့လာမႈအားနည္းခဲ့တဲ့ အတြက္ ဘယ္စာအုုပ္ရွာဖတ္ရမွန္းမသိခဲ့ ပါဘူး။ အမွားေတြ မ်ားစြာ လုုပ္ခဲ့ ျပီး အေတြ႕ အၾကံဳ ကပဲ ေလ့လာသင္ယူခဲ့ ရတဲ့ အတြက္ အခ်ိန္ေတြ အမ်ားၾကီး ဆံုုးရွံဳး ခဲ့ ရပါတယ္။ ဒီ အခက္အခဲ မ်ားစြာ ကိုု ျဖတ္သန္းျပီး တဲ့ အခ်ိန္ကာလၾကာလာတဲ့ အခါ အေပါင္းအသင္းေတြနဲ႕ စကားစမည္ ေျပာျဖစ္ရာကေန ဒါေတြက လူတိုုင္းနီးပါး ၾကံဳ ေတြ႕ေနရတဲ့ အခက္အခဲမ်ားဆိုုတာကိုု သိရွိလာပါတယ္။ လက္ရွိ အခ်ိန္မွာ လဲ အမွားမ်ား လုုပ္ျမဲ လုုပ္စဲ . .   အမွားေတြကပဲ ပညာယူေနစဲ ပါ။

ကိုုယ့္ညီအကိုုေတြ ကိုုယ့္လုုိ အခ်ိန္အမ်ားၾကီး ေပးျပီး အမွားေတြကေန သင္ခန္းစာ မယူရေအာင္ . မမွားသင့္တာေတြ မွားရေအာင္ အေတြ႕အၾကံုရွိျပီးသားလူထံမွ သင္ခန္းစာယူႏိုု္င္ေအာင္ အင္တာနက္ေပၚမွ  ေဆာင္းပါးေကာင္းတာေတြကိုု ကိုုယ့္အေတြ႕အၾကံဳနဲ႕ေရာသမေမြျပီး  ပညာဗဟုုသုုတ ရေစရန္ GM ကေန ဘာသာျပန္ကာ တဆင့္ မွ်ေဝေပးေနတာျဖစ္ပါတယ္။ GM ပရိတ္သတ္ေတြ  အမ်ားတကာ ေလးစားခ်စ္ခင္ရတဲ့ ေယာက်္ားေကာင္းမ်ား  ျဖစ္လာရင္ပဲ  ၾကိဳးစားရက်ိဳးနပ္ျပီခင္ဗ်ာ။။။။။။

မိန္းခေလးတိုင္းေတာင့္တၿပီးေယာက်ာ္းေလးတိုင္းအားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet


အများကိုု လွှမ်းမိုုးနိုုင်သူတစ်ယောက်ဖြစ်အောင် တွေးခေါ်ပုုံ #Money
—————————————————————

တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ ကျွန်တော်တို့ ထင်မြင်ယူဆထားသလို ဖြစ်မလာတတ်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အားလုံးရဲ့ထင်မြင်ယူဆချက်တွေနဲ့ ဆန့်ကျင့်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်ကြပါတယ်။ ဥပမာပြောရရင် နည်းပညာလုပ်ငန်းချင်းအတူတူမှာ Apple က ဘာကြောင့်များ ဆန်းသစ်တီထွင်မှုတွေ ရှိနေတာလဲ၊ လူမဲတန်းတူအခွင့်အရေးရဖို့ တိုက်ပွဲဝင်ခဲ့သူတွေ အများကြီးထဲကမှ Martin Luther King ကို ဘာကြောင့် လူသိများရတာလဲ။ လေယာဉ်ပျံတီထွင်နိုင်တဲ့ အခြားအဖွဲ့အစည်းတွေရှိခဲ့ပေမယ့် ဘာကြောင့်များ Wright ညီနောင်က ထင်ရှားကျော်ကြားရတာလဲ ဆိုတာက စဉ်းစားစရာပဲ ဖြစ်ပါတယ်။

တကယ်တော့ Apple၊ Martin Luther King နဲ့ Wright ညီနောင်တို့သာမက ကမ္ဘာမှာရှိတဲ့အခြားသော လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုဟ်တွေအားလုံးဟာ နည်းလမ်းတစ်ခုတည်းနဲ့ပဲ တွေးခေါ်ပြုမူ၊ ပြောဆိုဆက်သွယ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ကမ္ဘာမှာ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ Golden Circle လို့ ခေါ်ပါတယ်။

Why ဘာကြောင့်လဲ ? How ဘယ်လိုုလဲ ? What ဘာလဲ ? တို့နဲ့ ဖွဲ့စည်းထားတဲ့ Golden Circle ဖြစ်ပါတယ်။ ဒီ Golden Circle ကို မှန်မှန်ကန်ကန်အသုံးပြုပြီး တစ်ချို့သောခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးရယူနိုင်ကြတာဖြစ်ပါတယ်။ ဒီ Golden Circle သဘောတရားမှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့ဘာလုပ်တာလဲ . ဘာရောင်းလဲ . ဘာဝန်ဆောင်မှု ပေးလဲ ဆိုတဲ့ What ကို (၁၀၀)ရာခိုင်နှုန်း သိကြပါတယ်။ တချို့ကတော့ ဘယ်လို သူများထက်သာအောင်. ကောင်းအောင် လုပ်မှာလဲဆိုတဲ့ How ကိုသိကြပါတယ်။ ဒါ့ပေမယ့် ဘာကြောင့်လုပ်ရတာလဲဆိုတဲ့ အဓိကကျတဲ့ ဇစ်မြစ်ကိုု Why ကိုသိတဲ့ လူပုဂ္ဂိုဟ်နဲ့အဖွဲ့အစည်းကတော့ အရမ်းကိုနည်းပါတယ်။

ဘာပဲလုပ်လုပ် အကျိုးအမြတ်ရချင်လို့ ဆိုတဲ့ Why မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးအမြတ်သာ ကြည့်မယ်ဆိုုရင် What အဆင့်ထဲမှာပဲရှိပါတယ်။ ကျွန်တော်ဆိုလိုတဲ့ Why က သင့်ရည်ရွယ်ချက်က ဘာလဲ? အကြောင်းရင်း၊ ယုံကြည်မှုက ဘာလဲ? သင့်အဖွဲ့အစည်း ဘာအတွက်ရပ်တည်နေတာလဲ? သင် ဘာအတွက် မနက်တိုင်း အိပ်ရာထဲက ထလာတာလဲ? စတဲ့ သင်လုပ်နေတာကို ဘာကြောင့်လုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ အများစုက အရိုးရှင်းဆုံး What ကနေစပြီး အရှုပ်ထွေးဆုံး Why ဆီကိုသွားတဲ့ အပြင်မှအတွင်းသို့ ပြောင်းပြန် ချဉ်းကပ်မှုကိုပဲ လုပ်ဆောင်လေ့ရှိပါတယ်။ ဥပမာ ကိုုယ်စိတ်ဝင်တစား လုုပ်ချင်တဲ့ ကိုုယ်ဝါသနာပါတဲ့ အလုုပ်မဟုုတ်ပဲ နဲ့ . . . ဘာလုုပ်ရင်ကောင်းမလဲ ဘာလုုပ်ရင်မြတ်မလဲ ဆိုုတဲ့ အတွေးမျိုးနဲ့ လုုပ်တဲ့ အလုုပ်မျိုးတွေပါ။ ဒါပေမယ့် အခြားလူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်နည်းလမ်းဖြစ်တဲ့ အတွင်းမှ အပြင်သို့ ချဉ်းကပ်မှု. ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုုတာကိုု ပထမဆုံုး ဦးစာပေး သုံးလေ့ရှိပါတယ်။

အားလုံးကသိကြတဲ့ Apple ကုမ္ပဏီကို ဥပမာထားပါရစေ။ အကယ်၍ Apple ကုမ္ပဏီက အခြားကုမ္ပဏီတွေလိုပဲ “ကျွန်တော်တို့ဆီက အကောင်းဆုံးကွန်ပျူတာတွေ ထုတ်လုပ်ပါတယ်။ ဒီကွန်ပျူတာတွေက ဒီဇိုင်းသေသပ်လှပပြီး အသုံးပြုရလွယ်ကူပါတယ်။ တစ်လုံးလောက် ၀ယ်ယူသုံးစွဲကြည့်ပါ” လို့ ကြော်ငြာမယ်ဆိုရင် သင်ဝယ်ချင်ပါသလား။ သင့်စိတ်ကို ထူးထူးခြားခြားမဆွဲဆောင်နိုင်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အများစုက ဒီလိုပဲ ဆက်သွယ်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်ထားတယ်။ ဘယ်လို ကွဲပြားတယ်ဆိုတာလောက်ကိုပဲ အလေးပေးဖော်ပြနေကြပါတယ်။ ဒီနည်းလမ်းက လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။

Apple ရဲ့ ဆက်သွယ်ပုံကတော့ ဒီလိုပါ။
“ကျွန်တော်တို့ဘာပဲလုပ်လုပ် အခြေအနေတစ်ရပ်ကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကွဲပြားခြားနားတဲ့ တွေးခေါ်မှုတွေကို ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိအခြေအနေကို ပြောင်းလဲပစ်လိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ဒီဇိုင်းဆန်းသစ်ပြီး သုံးစွဲသူအဆင်ပြေအောင် ဖန်တီးထုတ်လုပ်ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အကောင်းဆုံးကွန်ပျူတာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်လုံးလောက် စမ်းသုံးကြည့်ပါ။”
ဆက်သွယ်ပုံခြားနားချက်ကို သင်မြင်ပါသလား။ ကွန်ပျူတာတစ်လုံးလောက် ၀ယ်သုံးကြည့်ချင်စိတ်ပေါ်သွားမှာ သေချာပါတယ်။ အဓိကအချက်ကတော့ လူတွေက သင်ဘာလုပ်လဲဆိုတာက ကြည့်တာမဟုတ်ပါဘူး။ သင်ဘာကြောင့်လုပ်လဲဆိုတာကိုပဲ ကြည့်တတ်ကြတယ်ဆိုတာပါပဲ။

ဒီလိုဆက်သွယ်လွှမ်းမိုးနိုင်မှုကြောင့်ပဲ ကျွန်တော်တို့အားလုံးက Apple ကွန်ပျူတာတွေကို ၀ယ်ချင်ကြသလို Apple ထုတ်လုပ်တဲ့ MP3 player နဲ့ မိုဘိုင်းလ်ဖုန်းတွေကိုလည်း ယုံယုံကြည်ကြည် ၀ယ်ယူသုံးစွဲလိုစိတ်ရှိကြပါတယ်။ တကယ်တော့ Apple က သူ့ရဲ့ပြိုင်ဖက်တွေနည်းတူ ကွန်ပျူတာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခြားနည်းပညာကုမ္ပဏီတွေလည်း Apple ထုတ်ကုန်တွေလောက် အရည်အသွေးရှိတဲ့ ပစ္စညး်တွေကို ထုတ်လုပ်နိုင်ကြပါတယ်။ Dell ကုမ္ပဏီက MP3 စက်တွေနဲ့ DVR စက်တွေ ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် ၀ယ်ယူသုံးစွဲသူ အလွန်နည်းပါတယ်။ ဘာကြောင့်မျာ Dell ကုမ္ပဏီထုတ် MP3 ကို မဝယ်ချင်ရတာလဲ စဉ်းစားကြည့်ပါ။ အဖြေက ရှင်းပါတယ်။ Dell က ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလို့ပါ။ ဒီလောက်ဆိုရင် လူတွေက သင်ဘာလုပ်လဲဆိုတာထက် ဘာကြောင့်လုပ်တာလဲဆိုတာကို ပိုစိတ်ဝင်စားတတ်ကြတာကို သဘောပေါက်မှာပါ။

Golden Circle ကို အတွင်းကနေ အပြင်ကို ပြောင်းပြန်ဆက်သွယ်တဲ့နည်းလမ်းဟာ အယူအဆ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို Golden Circle ရဲ့ ပါ၀င်အစိတ်အပိုင်းတွေအတိုင်း အပိုင်း(၃)ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Neocortex လို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အပြင်ဖက်ဆုံးအလွှာဟာ What ကို ကိုယ်စားပြုပါတယ်။ ကျိုးကြောင်းဝေဖန်မှုတွေ၊ ဘာသာစကား ဆန်းစစ်မှုတွေကို တာဝန်ယူလုပ်ဆောင်ပေးတဲ့အပိုင်းဖြစ်ပါတယ်။ အတွင်းဖက်အပိုင်း(၂)ခုကတော့ Limbic brains လို့ခေါ်ပြီး ယုံကြည်မှု၊ သစ္စာတရား စတဲ့ခံစားချက်တွေကို သိရှိတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအတွင်းပိုင်း(၂)ခုက လူတွေရဲ့အပြုအမူ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း တွေကို တာဝန်ယူလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အပြင်ကနေ အတွင်းကို ဆက်သွယ်မယ်ဆိုရင် လူတွေက အကျိုးရှိမရှိ၊ ကောင်းမကောင်း အချက်အလက်တွေကို နားလည်နိုင်မှာဖြစ်ပေမယ့် သူတို့ရဲ့အပြုအမူကိုတော့ လှုံ့ဆော်နိုင်စွမ်းမရှိပါဘူး။ အတွင်းမှအပြင်သို့ ဆက်သွယ်ရာမှာတော့ ကျွန်တော်တို့ဟာ အပြုအမူကိုတာဝန်ယူထားတဲ့ အပိုင်းကို တိုက်ရိုက်ဆက်သွယ်ပြောဆိုတာဖြစ်ပါတယ်။ ပြီးတော့မှ ဒီအချက်ကို ခိုင်မာစေနိုင်တဲ့ အရာတွေနဲ့ ထပ်လောင်းပြီး ယုံကြည်မှုကို ရယူတာဖြစ်ပါတယ်။ ဒါ့ကြောင့် အတွင်းမှ အပြင်သို့ ဆက်သွယ်မှုကို လူတွေက ပိုပြီး ယုံကြည်သက်ဝင်တတ်ကြတာဖြစ်ပါတယ်။

သင့်ရဲ့ Why ကို သင်ကိုယ်တိုင်မသိရင် အခြားလူတွေကလည်း သိမှာမဟုတ်ပါဘူး။ ဒါဆို လူတွေကို သင်ပြောတာလက်ခံလာအောင် ဘယ်လိုပြောပြောရမှာမဟုတ်သလို သင်ဖြစ်စေချင်တာကို ဖြစ်လာဖို့လည်း တတ်နိုင်မှာမဟုတ်ပါဘူး။ အဓိကဆိုလိုရင်းက လူတွေကို သင်ယုံကြည်တဲ့အတိုင်း ထပ်တူယုံကြည်လာစေဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်ချက်တူတဲ့သူတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့ပါ။ အကယ်၍ အလုပ်လိုအပ်သူတစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုပါစို့။ သူက ငွေကြေးအတွက်ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင်နဲ့ ယုံကြည်ချက်တူသူတစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုရင်တော့ သွေးချွေးနဲ့ရင်းပြီး သင့်အတွက် အလုပ်လုပ်ပေးပါလိမ့်မယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Wright ညီနောင်က ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။

၂၀ ရာစုနှစ်အစပိုင်းမှာတုန်းက လူတွေကောင်းကင်မှာ ပျံသန်းသွားနိုင်ဖို့ လူတိုင်းက စိတ်ဝင်စားကြပါတယ်။ ဒီကိစ္စအောင်မြင်ဖို့အတွက် Samuel Pierpont Langley ဆိုသူက လုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ Samuel ကို ကောင်းကင်မှာပျံသန်းနိုင်တဲ့ ယန္တရားတီထွင်ဖို့အတွက် စစ်ဘက်က ဒေါ်လာ(၅၀၀၀၀) ပံပိုးပေးပါတယ်။ ဒါ့ကြောင့် သူက အတော်ဆုံးပုဂ္ဂိုဟ်တွေကို ငှားယမ်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ နာမည်ကျော် သတင်းစာတွေကလည်း သူနောက်ကို တစ်ကောက်ကောက်လိုက်ပြီး သတင်းတွေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ အများစုက သူ့အကြောင်းကို မကြားဖူးကြတာ ဘာလိုဖြစ်လို့ပါလဲ။

ဒီလို Samuel Pierpont Langley ကို အားလုံးက အာရုံစိုက်နေကြတဲ့အချိန်မှာ Orville Wright နဲ့ Wilbur Wright တို့ ညီအစ်ကို နှစ်ဦးကို သိတောင်မသိကြပါဘူး။ သူတို့မှာ ငွေကြေးလည်း မရှိပါဘူး။ သူတို့ရဲ့ စက်ဘီးဆိုင်လေးက ရတဲ့ အကျိုးအမြတ်နဲ့ အိပ်မက်ကိုအကောင်အထည်ဖော်နေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်အပြင် သူတို့နဲ့အတူတွဲလုပ်ခဲ့သူတွေကလည်း ဘွဲ့ရပညာတတ်တွေမဟုတ်ပါဘူး။ ဘယ်သတင်းစာကမှလဲ သူတို့အကြောင်းကို ဖော်ပြတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကွဲပြားခြားနားချက်ကတော့ Wright ညီနောင်က ရည်ရွယ်ချက်၊ ယုံကြည်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ ပျံသန်းနိုင်တဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်နိုင်ရင် ကမ္ဘာကြီးပြောင်းလဲသွားမယ်ဆိုတာကို ညီအစ်ကိုနှစ်ယောက်စလုံးက ယုံကြည်ခဲ့ပါတယ်။ Samuel Pierpont Langley ကတော့ သူအောင်မြင်ဖို့ သူချမ်းသာဖို့ စတဲ့ ရလဒ်တွေကိုပဲ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက် အကြောင်းရင်းချင်း မတူညီတာကြောင့် Wright ညီနောင်နဲ့ နောက်လိုက်အဖွဲ့က သွေးရောချွေးရော ရင်းပြီး အိပ်မက်ကို ၀ိုင်းဝန်းအကောင်အထည် ဖော်နိုင်ခဲ့ကြပေမယ့် Samuel ရဲ့ အတော်ဆုံးအဖွဲ့ကတော့ ငွေကြေးအတွက်ပဲ လုပ်ခဲ့တာကြောင့် ဘာမှဖြစ်မလာခဲ့တာဖြစ်ပါတယ်။

လူတွေဟာ ရည်ရွယ်ချက်ချင်း၊ ယုံကြည်ချက်ချင်း တူမှ လက်တွဲတတ်ကြတာကို Martin Luther King ကို ဘာလို့ ထောက်ခံခဲ့ကြတာလဲဆိုတာကြည့်ရင် သိနိုင်ပါတယ်။ (၁၉၆၃)ခုနှစ် နွေရာသီမှာ ၀ါရှင်တန်မြို့က Martin Luther King ရဲ့ ဟောပြောပွဲကို တက်ဖို့ လူပေါင်း (၂၅၀၀၀၀)ရောက်လာခဲ့ပါတယ်။ ဒီဟောပြောပွဲအတွက် ဖိတ်စာတွေလဲ မကမ်းထားပါဘူး။ နေ့စွဲနဲ့ အချိန်သိဖို့ အင်တာနက်မှာတက်ကြည့်စရာ ၀က်ဘ်ဆိုက်လည်း မရှိသေးပါဘူး။ ဒီလောက်လူအများကြီး တစ်ချိန်တည်း ဘာကြောင့်ရောက်လာခဲ့တာလဲဆိုတာ အ့ံသြစရာပါပဲ။ Martin Luther King တစ်ယောက်တည်း လူမဲတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ သူပြောတဲ့တစ်ချို့စိတ်ကူးတွေက မကောင်းပါဘူး။ ဒါပေမယ့် သူမှာ အစွမ်းတစ်ခုတော့ရှိပါတယ်။ သူက အမေရိကန်ပြည်ထောင်စုက ပြောင်းလဲဖို့ လိုနေပြီလို့ လူတွေကို မပြောပါဘူး။ သူ့ရဲ့ယုံကြည်ချက်ကိုပဲပြောပါတယ်။ သူ့ယုံကြည်ချက်ကို တစ်ထပ်တည်း ယုံကြည်သူတွေက သူ့လမ်းကြောင်းကို လိုက်လျှောက်ကြပါတယ်။ သူတို့ရဲ့ယုံကြည်ချက်ကို အခြားလူတွေကို ပြောပါတယ်။ ဒီလိုနဲ့ ယုံကြည်ချက်ထပ်တူကျတဲ့ လူပေါင်း (၂၅၀၀၀၀)ဟာ တစ်ချိန်တည်း တစ်နေရာတည်း ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုစဉ်းစားရမှာက ရောက်ရှိလာကြတဲ့ လူတွေထဲမှာ Martin Luther King ကို အားပေးဖို့ လာရောက်ကြသူ ဘယ်နှစ်ယောက်ရှိမယ်ထင်ပါသလဲ။ တစ်ယောက်မှမရှိပါဘူး။ ဒီလူတွေအားလုံးဟာ သူတို့ရဲ့ ယုံကြည်ချက်ကို ချပြဖို့ တကူးတကအချိန်ပေးပြီး လာရောက်ကြတာဖြစ်ပါတယ်။ Martin Luther King ပြောတဲ့ “I have a dream” မိန့်ခွန်းတွေထဲမှာ သူတို့ရဲ့ ယုံကြည်ချက်၊ ရည်ရွယ်ချက်ကို သူတို့ရှာဖွေတွေ့ရှိပြီး ကိုယ်ပိုင် ယုံကြည်ချက်အတွက် ရပ်တည်ကြတာဖြစ်ပါတယ်။

ခေါင်းဆောင်နဲ့ ဦးဆောင်သူ မတူပါဘူး။ ခေါင်းဆောင်ဆိုတဲ့သူတွေက လုပ်ပိုင်ခွင့်အာဏာတစ်ခုကို ကိုင်စွဲထားပြီး ဦးဆောင်သူတွေကတော့ ကျွန်တော်တို့ကို လွှမ်းမိုးနိုင်ပါတယ်။ တစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဦးဆောင်သူနောက်ကို လိုက်ကြပါတယ်။ လိုက်ချင်လို့ကို လိုက်တာဖြစ်ပါတယ်။ လိုက်သင့်လို့ လိုက်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် အကြောင်းရင်း ရည်ရွယ်ချက် Why နဲ့ စတင်သူတွေကသာ ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး အားလုံးကို ဦးဆောင်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံုး အကောင်းဆုံုး ဥပမာကတော့ လက်ရှိမြန်မာနိုု်င်ငံက ကိုုယ်ကျိုးမကြည့် အများအကျိုး အတွက်ရည်မှန်းချက် ကြီးကြီး တုံုးတိုု်က်တိုုက် ကျားကိုုက်ကိုုက် ပြည်သူတွေ ကောင်းစားရေးအတွက် ခြေလှမ်းမတွန့်ပဲ လုုပ်ဆောင်ပေးနေတဲ့ နိုုင်ငံရေးခေါင်းဆောင် ကိုု ကြည့်လိုုက်ပါ။ သူ အောင်မြင်နေတယ်ထင်ပါသလား ။ လူတွေ အပေါ်ကော လွမ်းမိုုး နိုုင်နေပြီထင်လား ။ သူ့ နေနဲ့ What . ဆိုုတာကိုု ရှေ့တန်းမတင်ထားပါဘူး။ လွတ်လပ်တဲ့ နိုုင်ငံ တော်တစ်ခုု ထူထောင်ဖိုု့ သက်သက်မဟုုတ်ပါဘူး။ သူ အနေနဲ့လူသားတိုုင်း တန်းတူ အခွင့်အရေး ရရှိရမယ် . ပြည်သူတွေ အားလုံုး စည်းလုံုး ညီညွတ်ပြီး ခေတ်မှီ တိုုးတက်သာယာ လှပတဲ့ နိုုင်ငံ တော် သစ် ကြီးမှာလူတိုုင်း တန်းတူ နေထိုုင်နိုုင်ရမယ် ဆိုုတဲ့ ယုံုကြည်ချက် ကြောင့် လုုပ်နေတာပါ။ အဲဒီ ယုံု ကြည်ချက်ကသာ နိုုင်ငံသား အားလုံုးရဲ့ ယုံုကြည်ချက်နဲ့ထပ်တူထပ်မျှ ကျလိုု့ အကုုန်ဟတ်ထိပြီး စွမ်းဆောင်ရည် အရည်အချင်းနဲ့ ပြည့်ဝတဲ့ သူ့ ကိုု ခေါင်းဆောင် ဦးဆောင်သူအဖြစ် နှလုံုးသာနဲ့ ရင်းပြီး တင်မြှောက်ထားကြတာပါ။

လမ်းကြံု တုုန်းလေး Gentleman Magazine အကြောင်းဆက်ပြောပြပါမယ်။ Gentleman Magazine ကိုု ဘာကြောင့်လုုပ်ဆောင်ဖြစ်ခဲ့တာလဲ ? GM ထူထောင်သူကိုုယ်တုုိင်က ဆယ်ကျော်သက် အရွယ်မှာ ဘာမဆိုု ဘုုမသိ ဘမသိ အလွန်နဲ့ အသိပညာကင်းမဲ့ ခဲ့ပါတယ်။ ရှေ့မှာက လည်း ဦးဆောင် လမ်းပြပေးမယ့် အကိုု တွေလဲ မရှိခဲ့တဲ့ အတွက် အချစ်ရေး ၊ စီးပွားရေး ၊လူမှုရေး တွေ မှာ အမှားများစွာနဲ့ အခက်အခဲ အမျိုးမျိုး ကြံုတွေ့ခဲ့ရပါတယ်။ စာအုုပ်တွေဖတ်ဖိုု့ ကျတော့လဲ လေ့လာမှုအားနည်းခဲ့တဲ့ အတွက် ဘယ်စာအုုပ်ရှာဖတ်ရမှန်းမသိခဲ့ ပါဘူး။ အမှားတွေ များစွာ လုုပ်ခဲ့ ပြီး အတွေ့ အကြံု ကပဲ လေ့လာသင်ယူခဲ့ ရတဲ့ အတွက် အချိန်တွေ အများကြီး ဆုံုးရှံုး ခဲ့ ရပါတယ်။ ဒီ အခက်အခဲ များစွာ ကိုု ဖြတ်သန်းပြီး တဲ့ အချိန်ကာလကြာလာတဲ့ အခါ အပေါင်းအသင်းတွေနဲ့ စကားစမည် ပြောဖြစ်ရာကနေ ဒါတွေက လူတိုုင်းနီးပါး ကြံု တွေ့နေရတဲ့ အခက်အခဲများဆိုုတာကိုု သိရှိလာပါတယ်။ လက်ရှိ အချိန်မှာ လဲ အမှားများ လုုပ်မြဲ လုုပ်စဲ . . အမှားတွေကပဲ ပညာယူနေစဲ ပါ။

ကိုုယ့်ညီအကိုုတွေ ကိုုယ့်လုုိ အချိန်အများကြီး ပေးပြီး အမှားတွေကနေ သင်ခန်းစာ မယူရအောင် . မမှားသင့်တာတွေ မှားရအောင် အတွေ့အကြံုရှိပြီးသားလူထံမှ သင်ခန်းစာယူနိုု်င်အောင် အင်တာနက်ပေါ်မှ ဆောင်းပါးကောင်းတာတွေကိုု ကိုုယ့်အတွေ့အကြံုနဲ့ရောသမမွေပြီး ပညာဗဟုုသုုတ ရစေရန် GM ကနေ ဘာသာပြန်ကာ တဆင့် မျှဝေပေးနေတာဖြစ်ပါတယ်။ GM ပရိတ်သတ်တွေ အများတကာ လေးစားချစ်ခင်ရတဲ့ ယောကျ်ားကောင်းများ ဖြစ်လာရင်ပဲ ကြိုးစားရကျိုးနပ်ပြီခင်ဗျာ။။။။။။
GM ရဲ့ တခြား စီးပွားရေး. အောင်မြင်ရေး နှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%