သင့္ေမာ္ေတာ္ကားအတြက္ ဆီေခြၽတာဖို႔ နည္းလမ္း ၁၀ ခု

သတင္းေကာင္းနဲ႔ သတင္းဆိုး႐ွိပါတယ္။ သတင္းဆိုးက ဓာတ္ဆီေစ်းတက္ဖို႔ ကာလ နီးေနၿပီဆိုတာပါ။ သတင္းေကာင္းကေတာ့ ဆီသံုးမႈ ေခြၽတာၿပီး ေငြကုန္ေၾကးက် ေလ်ာ့ေစမယ့္ နည္းလမ္းေလးေတြ ႐ွိပါတယ္။ သင့္ယာဥ္ရဲ႕ ဆီစားသံုးမႈကို ေလ်ာ့ခ်ေပးမယ့္ နည္းလမ္း ၁၀ ခုကေတာ့

၁. အ႐ွိန္ေလ်ာ့ပါ

လူေတာ္ေတာ္မ်ားမ်ားဟာ Highway ေပၚမွာဆိုရင္ သတ္မွတ္မိုင္ႏႈန္းထက္ ၅ မိုင္ ၁၀ မိုင္ေလာက္ ပိုေမာင္းတတ္ၾကပါတယ္။ နည္းနည္း ေစာေစာ ေရာက္ေပမယ့္ ဆီကေတာ့ ပိုစားမွာပါ။ အျမန္ႏႈန္း ကန္႔သတ္ခ်က္အတိုင္း ေမာင္းႏွင္ျခင္းဟာ ဆီေခြၽတာေပးမွာပါ။ ေစာေစာေရာက္ဖို႔ကေတာ့ ေစာေစာထြက္တာ ပိုေကာင္းပါတယ္။

၂. တာယာေတြကို ေလေသခ်ာ ထိုးထားပါ

တာယာနဲ႔ လမ္းသားတို႔ ၾကားမွာ ပြတ္တိုက္မႈ ႐ွိပါတယ္။ ပြတ္တိုက္မႈ နည္းေလေလ ဆီေခြၽတာမိေလပါ။ သင့္ရဲ႕တာယာေတြကို အျမဲ ေလ ပံုမွန္ အေနအထားေရာက္ေအာင္ စစ္ေဆးေပးပါ။ ေအးတဲ့ရာသီဆို လမ္းေပၚေရာက္ရင္ ေလဖိအားနည္းသြားႏိုင္လို႔ ပိုဂ႐ုစိုက္ေပးပါ။

၃. ကားကို ႐ွင္းပါ

ညစ္ပါတ္ေနတဲ့ကားက ဆီပိုစားတယ္လို႔ မထင္ဘူး မဟုတ္ပါလား။ ဒါေပမယ့္ ကားေပၚက မလိုတဲ့ အေလးခ်ိန္ေတြ အားလံုး ေလ်ွာ့ခ်ျခင္းျဖင့္ ဆီကို ပိုၿပီး အက်ိဳး႐ွိ႐ွိ သံုးႏုိင္ပါတယ္။ ဥပမာ ေဂါက္အိတ္ေတြလိုမ်ိဳးေပါ့။

၄. ကားကို ပံုမွန္ အျမဲ ထိန္သိမ္းေပးပါ

ေခ်ာဆီပံုမွန္လဲပါ။ Air Filter ပံုမွန္လဲပါ။ ေအာက္ပိုင္းေတြ ျပန္စစ္ပါ။ အျမဲ ထိန္းသိမ္းေပးျခင္းဟာ ေငြကုန္ေၾကးက် အရမ္းမမ်ားဖို႔ ေသာ့ခ်က္ပါပဲ။ Air Filter ေတြ၊ ေခ်ာဆီေတြ လဲၿပီးေနာက္မွာ သင့္ကားရဲ႕ ဆီစားသံုးမႈဟာ ၄ ရာႏႈန္းေလာက္ က်သြားတတ္ပါတယ္။

၅. ဆီျဖည့္ခ်ိန္ ဦးေႏွာက္သံုးပါ

သင့္ရဲ႕ ဆီတိုင္ကီကို အျမဲ အျပည့္ျဖည့္ထားစရာ မလိုပါဘူး။ ဆီကန္ ေလးပံုတစ္ပံုပဲ က်န္မွ ျဖည့္ပါ။ ဒါဆို သင္ေနာက္တစ္ေခါက္ မျဖည့္ခင္ Discount ခ်ေပးတဲ့ ဆီဆိုင္ေတြ ေတြ႕ထားႏိုင္ၿပီး သင့္ကားလဲ ဆီအေလးခ်ိန္ ေလ်ာ့သြားမွာပါ။ ျဖည့္ရင္လဲ အျပည့္ျဖည့္ပါ။ ဟိုေနရာ နည္းနည္း၊ ဒီေနရာ နည္းနည္း ျဖည့္တာက ပိုေခြၽတာပံု ေပါက္ေပမယ့္ တကယ္ေတာ့ အခ်ိန္ျဖဳန္းရာေရာက္ပါတယ္။

၆. ဉာဏ္႐ွိ႐ွိ ေမာင္းပါ

သင္ လိုသေလာက္ အျမန္ႏႈန္းနဲ႔ပဲ ေမာင္းပါ။ Parking ထိုးလို႔ရတဲ့ ေနရာေတြ ႐ွားရင္ ေတြ႕ရာေနရာမွာပဲ ထိုးလိုက္ပါ။ နီးရင္ Bus စီးသြားပါ။ လမ္းေလ်ွာက္၊ စက္ဘီးစီးလို႔ရတဲ့ အကြာအေဝးဆို ကားမစီးပါနဲ႔။ ဆီေခြၽတာရင္းကိုယ္ကာယ ေလ့က်င့္ခန္း လုပ္လိုက္ပါ။

၇. Aircon ဖြင့္ရမယ့္ အခ်ိန္ကို သိပါ

Aircon ဖြင့္ရင္ ဆီကုန္ျမန္တယ္လို႔ ေျပာၾကပါတယ္။ တကယ္ကေတာ့ ၿမိဳ႕ထဲေမာင္းရင္ေတာ့ အဲဒါက မွန္ပါတယ္။ ၿမိဳ႕ထဲေမာင္းရင္ တံခါးေတြ ခ်ထားၿပီး ျပင္ပေလရေအာင္ ေမာင္းပါ။ Highway မွာ ဆိုရင္ေတာ့ တံခါးေတြတင္ထားၿပီး Aircon ဖြင့္ေမာင္းတာဟာ တံခါးခ်ေမာင္းတာထက္ ေလခုခံအား ေလ်ာ့နည္းေစလို႔ ပိုဆီစားသက္သာပါတယ္။

၈. ပိုၿပီး အက်ိဳး႐ွိ႐ွိ ေမာင္းပါ

မွတ္တိုင္မီးစိမ္းခ်ိန္ ဝုန္းခနဲ ေမာင္းထြက္ခ်င္ေနပါသလား?? ေလ့လာမႈေတြကေတာ့ ျဖည္းျဖည္းပဲ အ႐ွိန္တင္ၿပီး တိခနဲ ရပ္ျခင္းဟာ ဆီစားသံုးမႈကို ၃၅ ရာႏႈန္းထိ ေလ်ာ့ခ်ႏိုင္ပါတယ္ တဲ့။ Auto ကားဆိုရင္ မီးစိမ္းတာနဲ႔ ဘရိတ္ကို လႊတ္လိုက္ၿပီး သူ႔ဘာသာ ထြက္တဲ့အ႐ွိန္ကေနၿပီးေတာ့မွ တျဖည္းျဖည္း တင္ပါ။ စကၠန္႔အနည္းငယ္ ပိုၾကာေပမယ့္ ဆီကေတာ့ ေခြၽတာမိမွာပါ။

၉. ေျမပံုသံုးပါ

တစ္ေနရာရာ မသြားခင္ ေျမပံု App တစ္ခုခုနဲ႔ သင္ သြားမယ့္ေနရာကို အျမန္ဆံုး ေရာက္မယ့္ လမ္း ႀကိဳ႐ွာထားပါ။ လမ္းေၾကာ ပိတ္မလား မပိတ္ဘူးလားဆိုတာလဲ တြက္ထားပါဦး။

၁၀. ေခ်းမ်ားတဲ့ ေစ်းဝယ္သူ ျဖစ္ပါေစ

ဆီျဖည့္ဖို႔ ေနရာကို ေသခ်ာေရြးပါ။ ေစ်းအနည္းဆံုး ေနရာကို ေရြးျဖည့္ပါ။ အေဝးႀကီး သြားစရာ မလိုဖို႔ကိုလဲ ဂ႐ုစိုက္ပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဆီချွေတာဖို့ နည်းလမ်း ၁၀ ခု

သတင်းကောင်းနဲ့ သတင်းဆိုးရှိပါတယ်။ သတင်းဆိုးက ဓာတ်ဆီစျေးတက်ဖို့ ကာလ နီးနေပြီဆိုတာပါ။ သတင်းကောင်းကတော့ ဆီသုံးမှု ချွေတာပြီး ငွေကုန်ကြေးကျ လျော့စေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ သင့်ယာဉ်ရဲ့ ဆီစားသုံးမှုကို လျော့ချပေးမယ့် နည်းလမ်း ၁၀ ခုကတော့

၁. အရှိန်လျော့ပါ

လူတော်တော်များများဟာ Highway ပေါ်မှာဆိုရင် သတ်မှတ်မိုင်နှုန်းထက် ၅ မိုင် ၁၀ မိုင်လောက် ပိုမောင်းတတ်ကြပါတယ်။ နည်းနည်း စောစော ရောက်ပေမယ့် ဆီကတော့ ပိုစားမှာပါ။ အမြန်နှုန်း ကန့်သတ်ချက်အတိုင်း မောင်းနှင်ခြင်းဟာ ဆီချွေတာပေးမှာပါ။ စောစောရောက်ဖို့ကတော့ စောစောထွက်တာ ပိုကောင်းပါတယ်။

၂. တာယာတွေကို လေသေချာ ထိုးထားပါ

တာယာနဲ့ လမ်းသားတို့ ကြားမှာ ပွတ်တိုက်မှု ရှိပါတယ်။ ပွတ်တိုက်မှု နည်းလေလေ ဆီချွေတာမိလေပါ။ သင့်ရဲ့တာယာတွေကို အမြဲ လေ ပုံမှန် အနေအထားရောက်အောင် စစ်ဆေးပေးပါ။ အေးတဲ့ရာသီဆို လမ်းပေါ်ရောက်ရင် လေဖိအားနည်းသွားနိုင်လို့ ပိုဂရုစိုက်ပေးပါ။

၃. ကားကို ရှင်းပါ

ညစ်ပါတ်နေတဲ့ကားက ဆီပိုစားတယ်လို့ မထင်ဘူး မဟုတ်ပါလား။ ဒါပေမယ့် ကားပေါ်က မလိုတဲ့ အလေးချိန်တွေ အားလုံး လျှော့ချခြင်းဖြင့် ဆီကို ပိုပြီး အကျိုးရှိရှိ သုံးနိုင်ပါတယ်။ ဥပမာ ဂေါက်အိတ်တွေလိုမျိုးပေါ့။

၄. ကားကို ပုံမှန် အမြဲ ထိန်သိမ်းပေးပါ

ချောဆီပုံမှန်လဲပါ။ Air Filter ပုံမှန်လဲပါ။ အောက်ပိုင်းတွေ ပြန်စစ်ပါ။ အမြဲ ထိန်းသိမ်းပေးခြင်းဟာ ငွေကုန်ကြေးကျ အရမ်းမများဖို့ သော့ချက်ပါပဲ။ Air Filter တွေ၊ ချောဆီတွေ လဲပြီးနောက်မှာ သင့်ကားရဲ့ ဆီစားသုံးမှုဟာ ၄ ရာနှုန်းလောက် ကျသွားတတ်ပါတယ်။
၅. ဆီဖြည့်ချိန် ဦးနှောက်သုံးပါ

သင့်ရဲ့ ဆီတိုင်ကီကို အမြဲ အပြည့်ဖြည့်ထားစရာ မလိုပါဘူး။ ဆီကန် လေးပုံတစ်ပုံပဲ ကျန်မှ ဖြည့်ပါ။ ဒါဆို သင်နောက်တစ်ခေါက် မဖြည့်ခင် Discount ချပေးတဲ့ ဆီဆိုင်တွေ တွေ့ထားနိုင်ပြီး သင့်ကားလဲ ဆီအလေးချိန် လျော့သွားမှာပါ။ ဖြည့်ရင်လဲ အပြည့်ဖြည့်ပါ။ ဟိုနေရာ နည်းနည်း၊ ဒီနေရာ နည်းနည်း ဖြည့်တာက ပိုချွေတာပုံ ပေါက်ပေမယ့် တကယ်တော့ အချိန်ဖြုန်းရာရောက်ပါတယ်။

၆. ဉာဏ်ရှိရှိ မောင်းပါ

သင် လိုသလောက် အမြန်နှုန်းနဲ့ပဲ မောင်းပါ။ Parking ထိုးလို့ရတဲ့ နေရာတွေ ရှားရင် တွေ့ရာနေရာမှာပဲ ထိုးလိုက်ပါ။ နီးရင် Bus စီးသွားပါ။ လမ်းလျှောက်၊ စက်ဘီးစီးလို့ရတဲ့ အကွာအဝေးဆို ကားမစီးပါနဲ့။ ဆီချွေတာရင်းကိုယ်ကာယ လေ့ကျင့်ခန်း လုပ်လိုက်ပါ။

၇. Aircon ဖွင့်ရမယ့် အချိန်ကို သိပါ

Aircon ဖွင့်ရင် ဆီကုန်မြန်တယ်လို့ ပြောကြပါတယ်။ တကယ်ကတော့ မြို့ထဲမောင်းရင်တော့ အဲဒါက မှန်ပါတယ်။ မြို့ထဲမောင်းရင် တံခါးတွေ ချထားပြီး ပြင်ပလေရအောင် မောင်းပါ။ Highway မှာ ဆိုရင်တော့ တံခါးတွေတင်ထားပြီး Aircon ဖွင့်မောင်းတာဟာ တံခါးချမောင်းတာထက် လေခုခံအား လျော့နည်းစေလို့ ပိုဆီစားသက်သာပါတယ်။

၈. ပိုပြီး အကျိုးရှိရှိ မောင်းပါ

မှတ်တိုင်မီးစိမ်းချိန် ဝုန်းခနဲ မောင်းထွက်ချင်နေပါသလား?? လေ့လာမှုတွေကတော့ ဖြည်းဖြည်းပဲ အရှိန်တင်ပြီး တိခနဲ ရပ်ခြင်းဟာ ဆီစားသုံးမှုကို ၃၅ ရာနှုန်းထိ လျော့ချနိုင်ပါတယ် တဲ့။ Auto ကားဆိုရင် မီးစိမ်းတာနဲ့ ဘရိတ်ကို လွှတ်လိုက်ပြီး သူ့ဘာသာ ထွက်တဲ့အရှိန်ကနေပြီးတော့မှ တဖြည်းဖြည်း တင်ပါ။ စက္ကန့်အနည်းငယ် ပိုကြာပေမယ့် ဆီကတော့ ချွေတာမိမှာပါ။

၉. မြေပုံသုံးပါ

တစ်နေရာရာ မသွားခင် မြေပုံ App တစ်ခုခုနဲ့ သင် သွားမယ့်နေရာကို အမြန်ဆုံး ရောက်မယ့် လမ်း ကြိုရှာထားပါ။ လမ်းကြော ပိတ်မလား မပိတ်ဘူးလားဆိုတာလဲ တွက်ထားပါဦး။

၁၀. ချေးများတဲ့ စျေးဝယ်သူ ဖြစ်ပါစေ

ဆီဖြည့်ဖို့ နေရာကို သေချာရွေးပါ။ စျေးအနည်းဆုံး နေရာကို ရွေးဖြည့်ပါ။ အဝေးကြီး သွားစရာ မလိုဖို့ကိုလဲ ဂရုစိုက်ပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%