ကမာၻ႕တန္ဖိုးအႀကီးဆံုး နာရီ(၁၀)ခု

ကမာၻ႕တန္ဖိုးအႀကီးဆံုး နာရီ(၁၀)ခု

၁၀။ Brequet Pocket Watch 1970 BA/12

တန္ဖိုး – ကန္ေဒၚလာ ၇၃၄၀၀၀

ဒီအိတ္ေဆာင္နာရီေလးကေတာ့ ေရႊသား ၁၈ ကာရက္ပါ၀င္ၿပီး စတိုင္က်တဲ့နာရီတစ္ခုျဖစ္ပါတယ္။ ဒီနာရီကို စက္နဲ႔လုပ္ထားတာမဟုတ္ပါဘူး။ လက္မႈပညာသက္သက္နဲ႔ဖန္တီးထားတာျဖစ္ၿပီး အထူးလက္ရာေကာင္းမြန္တဲ့ ေငြသားမ်က္ႏွာျပင္ပါရွိပါတယ္။

၉။ Blancpain 1735 Grande Complication

တန္ဖိုး – ကန္ေဒၚလာ ၈၀၀၀၀၀

ဒီ Blancpain 1735 Grande Complication နာရီကေတာ့ ၀တ္လိုက္ရင္ အရမ္းမိုက္မွာေသခ်ာပါတယ္။ နာရီရဲ႕ကိုယ္ထည္ကို ပလက္တီနမ္နဲ႔ ျပဳလုပ္ထားၿပီး လက္ပတ္ႀကိဳးကိုလည္း မိေက်ာင္းသားေရနဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ နာရီစက္ကို လက္လုပ္အစိတ္အပိုင္း ၇၄၀ ေက်ာ္နဲ႔ဖြဲ႕စည္းတည္ေဆာက္ထားၿပီး ကမာၻမွာ အရႈပ္ေထြးဆံုးလက္ပတ္နာရီတစ္ခုလည္း ျဖစ္ပါတယ္။

၈။ Louis Moinet Magistralis

တန္ဖိုး – ကန္ေဒၚလာ ၈၆၀၀၀၀

ဒီနာရီကလည္း ထူးျခားၿပီး မဟာဆန္တဲ့နာရီမ်ိဳးျဖစ္ပါတယ္။ အရမ္းစတိုင္က်တဲ့နာရီတစ္ခုျဖစ္သလို လေပၚမွာေတြ႔ရတဲ့ ဥကၠာခဲအပိုင္းအစတစ္ခုပါ၀င္တယ္လို႔ ဆိုပါတယ္။ ဒီနာရီမွာ ပတ္ထားမယ္ဆိုရင္ေတာ့ စဥ္ဆက္မျပတ္ ျပကၡဒိန္စနစ္ပါ၀င္တဲ့အတြက္ သင့္အေနနဲ႔ တစ္ႏွစ္တာရဲ႕ဘယ္ေန႔လဲဆိုတာကို မွားစရာအေၾကာင္း မရွိပါဘူး။

၇။ Hublot Black Caviar Bang

တန္ဖိုး – ကန္ေဒၚလာ ၁ သန္း

Hublot Black နာရီကေတာ့ စတင္ထြက္ေပၚလာကတည္းက အဆင့္အတန္းျမင့္တဲ့ နာရီတစ္ခုအျဖစ္ လူႀကိဳက္မ်ားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီနာရီကို အနက္ေရာင္စိန္ (၅၀၁)လံုး၊ ေရႊျဖဴ (၁၈)ကာရက္နဲ႔ တန္ဆာဆင္ထားၿပီး အရမ္းကို ဂႏ ၱ၀င္ဆန္လွပါတယ္။

၆။ Chopard Super Ice Cube

တန္ဖိုး – ကန္ေဒၚလာ ၁.၁ သန္း

ဆြစ္ဇာလန္ထုတ္ နာရီတစ္လံုးျဖစ္ၿပီး တိက်ေသသပ္စြာျဖတ္ေတာက္ထားတဲ့ စိန္(၆၀)ကာရက္နဲ႔ အလွဆင္ထားပါတယ္။ ေရေအာက္ အနက္ေပ(၁၀၀)အထိ ေရစိမ္ခံႏိုင္ၿပီး အစင္းရာအျခစ္ရာေတြ မထင္ေအာင္လည္း ျပဳလုပ္ထားပါတယ္။

၅။ Patek Philippe Sky Moon Tourbillon

တန္ဖိုး – ကန္ေဒၚလာ ၁.၃ သန္း

Patek Philippe က ထုတ္လုပ္တဲ့ လက္ပတ္နာရီေတြထဲမွာ အ႐ႈပ္ေထြးဆံုးျဖစ္ပါတယ္။ ဒီနာရီမွာ မ်က္ႏွာျပင္ ႏွစ္ဖက္ပါ၀င္ၿပီး တစ္ဖက္က ညေကာင္းကင္ဒီဇိုင္းရွိၿပီး သီးျခားစနစ္နဲ႔လည္ပတ္ေနတာျဖစ္ပါတယ္။ မ်က္ႏွာျပင္ ေနာက္တစ္ခုကလည္း ေန႔စြဲေတြ လျပည့္လကြယ္ေတြကို ေဖာ္ျပေပးတဲ့ ဒိုင္ခြက္ေတြအျပည့္ပါပဲ။ တကယ္ကို ထူးျခားတဲ့နာရီတစ္ခုလည္းျဖစ္သလို ေခတ္သစ္အႏုပညာတစ္ခုလို႔လည္း ေျပာႏိုင္ပါတယ္။

၄။ Vacheron Constatin Tour de I’lle

တန္ဖိုး – ကန္ေဒၚလာ ၁.၅ သန္း

ဒီ Tour de I’ll နာရီဟာ ဆြစ္နာရီလုပ္ငန္း Vacheron Constantin ရဲ႕ အဆင့္ျမင့္႐ႈပ္ေထြးလွတဲ့ လက္ပတ္နာရီ တစ္မ်ိဳးျဖစ္ပါတယ္။ Vacheron Constantin လုပ္ငန္းရဲ႕ ႏွစ္(၂၅၀)ျပည့္အထိမ္းအမွတ္အေနနဲ႔ (၂၀၀၅)ခုႏွစ္ အတြင္းက စတင္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ေရႊ (၁၈)ကာရက္ပါ၀င္ၿပီး အလင္းမျပန္ႏိုင္တဲ့ နီလာသားမွန္ တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ကလည္း ႏွစ္ဖက္စလံုးမွာ ပါ၀င္ပါတယ္။

၃။ Patek Philippe Platinum World Time

တန္ဖိုး – ကန္ေဒၚလာ ၄ သန္း

Patek Philippe ကုမၸဏီကထုတ္လုပ္လိုက္တဲ့ Platinum World Time နာရီကို (၂၀၀၂)ခုႏွစ္အတြင္းက ေလလံတင္ေရာင္းခ်ခဲ့ရာမွာ ေဒၚသာ(၄)သန္းေက်ာ္နဲ႔ ေရာင္းထြက္ခဲ့ပါတယ္။ ထိုစဥ္အခ်ိန္က ဒီနာရီမ်ိဳး ကမာၻမွာ တစ္လံုးတည္းသာရွိခဲ့ၿပီး ကမာၻ႔တန္ဖိုးအျမင့္ဆံုးနာရီျဖစ္ခဲ့ပါတယ္။ အလိုအေလ်ာက္သံပတ္စနစ္ပါ၀င္ၿပီး ကမာၻေပၚက ေနရာေတာ္ေတာ္မ်ားမ်ားရဲ႕ စံေတာ္ခ်ိန္ေတြကို သိရွိႏိုင္ပါတယ္။

၂။ Patek Philippe Super Complication

တန္ဖိုး – ကန္ေဒၚလာ ၁၁ သန္း

ေရႊ ၁၈ ကာရက္ပါ၀င္တဲ့ ဒီအိတ္ေဆာင္နာရီေလးကိုေတာ့ ၁၉၃၃ ခုႏွစ္မွာ ဘဏ္လုပ္ငန္းရွင္ Henry Graves Jr. အတြက္ Patek Philippe ကုမၸဏီက ထုတ္လုပ္ေပးခဲ့တာျဖစ္ပါတယ္။ နာရီကို ဒီဇိုင္းထုတ္တည္ေဆာက္ဖို႔ အတြက္ အခ်ိန္ (၅)ႏွစ္ၾကာခဲ့ပါတယ္။ ဒီနာရီမွာ အလြန္႐ႈပ္ေထြးတဲ့ စက္ပိုင္းဆိုင္ရာဖြဲ႕စည္းမႈစနစ္နဲ႔ လုပ္ေဆာင္ႏိုင္စြမ္း (၂၄)ခုပါ၀င္ၿပီး ဖန္တီးခဲ့သမွ်နာရီေတြထဲမွာ အ႐ႈပ္ေထြးဆံုးနာရီလည္းျဖစ္ပါတယ္။

၁။ Chopard 210 Karat

တန္ဖိုး – ကန္ေဒၚလာ ၂၆ သန္း

ဒီနာရီက ေစ်းအႀကီးျဖစ္တာေတာ့ မထူးဆန္းပါဘူး။ အလွ၀တ္လက္ေကာက္တစ္ခုနဲ႔ ပိုၿပီးတူတဲ့ ဒီနာရီကို ေရာင္စုံစိန္ေတြနဲ႔ အလွဆင္ထားၿပီး စိန္စုစုေပါင္း အေလးခ်ိန္ ၂၀၁ ကာရက္ရွိပါတယ္။ ဒီနာရီက အခ်ိန္သိဖို႔ သံုးတဲ့ နာရီတစ္ခုဆိုတာထက္ လက္၀တ္ရတနာတစ္ခုလို႔ ေျပာလို႔ရပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ကမ္ဘာ့တန်ဖိုးအကြီးဆုံး နာရီ(၁၀)ခု

၁၀။ Brequet Pocket Watch 1970 BA/12
တန်ဖိုး – ကန်ဒေါ်လာ ရ၃၄၀၀၀
ဒီအိတ်ဆောင်နာရီလေးကတော့ ရွှေသား ၁၈ ကာရက်ပါ၀င်ပြီး စတိုင်ကျတဲ့နာရီတစ်ခုဖြစ်ပါတယ်။ ဒီနာရီကို စက်နဲ့လုပ်ထားတာမဟုတ်ပါဘူး။ လက်မှုပညာသက်သက်နဲ့ဖန်တီးထားတာဖြစ်ပြီး အထူးလက်ရာကောင်းမွန်တဲ့ ငွေသားမျက်နှာပြင်ပါရှိပါတယ်။

၉။ Blancpain 1735 Grande Complication
တန်ဖိုး – ကန်ဒေါ်လာ ၈၀၀၀၀၀
ဒီ Blancpain 1735 Grande Complication နာရီကတော့ ၀တ်လိုက်ရင် အရမ်းမိုက်မှာသေချာပါတယ်။ နာရီရဲ့ကိုယ်ထည်ကို ပလက်တီနမ်နဲ့ ပြုလုပ်ထားပြီး လက်ပတ်ကြိုးကိုလည်း မိကျောင်းသားရေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ နာရီစက်ကို လက်လုပ်အစိတ်အပိုင်း ရ၄၀ ကျော်နဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး ကမ္ဘာမှာ အရှုပ်ထွေးဆုံးလက်ပတ်နာရီတစ်ခုလည်း ဖြစ်ပါတယ်။

၈။ Louis Moinet Magistralis
တန်ဖိုး – ကန်ဒေါ်လာ ၈၆၀၀၀၀
ဒီနာရီကလည်း ထူးခြားပြီး မဟာဆန်တဲ့နာရီမျိုးဖြစ်ပါတယ်။ အရမ်းစတိုင်ကျတဲ့နာရီတစ်ခုဖြစ်သလို လပေါ်မှာတွေ့ရတဲ့ ဥက္ကာခဲအပိုင်းအစတစ်ခုပါ၀င်တယ်လို့ ဆိုပါတယ်။ ဒီနာရီမှာ ပတ်ထားမယ်ဆိုရင်တော့ စဉ်ဆက်မပြတ် ပြက္ခဒိန်စနစ်ပါ၀င်တဲ့အတွက် သင့်အနေနဲ့ တစ်နှစ်တာရဲ့ဘယ်နေ့လဲဆိုတာကို မှားစရာအကြောင်း မရှိပါဘူး။

၇။ Hublot Black Caviar Bang
တန်ဖိုး – ကန်ဒေါ်လာ ၁ သန်း
Hublot Black နာရီကတော့ စတင်ထွက်ပေါ်လာကတည်းက အဆင့်အတန်းမြင့်တဲ့ နာရီတစ်ခုအဖြစ် လူကြိုက်များခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနာရီကို အနက်ရောင်စိန် (၅၀၁)လုံး၊ ရွှေဖြူ (၁၈)ကာရက်နဲ့ တန်ဆာဆင်ထားပြီး အရမ်းကို ဂန ္တဝင်ဆန်လှပါတယ်။

၆။ Chopard Super Ice Cube
တန်ဖိုး – ကန်ဒေါ်လာ ၁.၁ သန်း
ဆွစ်ဇာလန်ထုတ် နာရီတစ်လုံးဖြစ်ပြီး တိကျသေသပ်စွာဖြတ်တောက်ထားတဲ့ စိန်(၆၀)ကာရက်နဲ့ အလှဆင်ထားပါတယ်။ ရေအောက် အနက်ပေ(၁၀၀)အထိ ရေစိမ်ခံနိုင်ပြီး အစင်းရာအခြစ်ရာတွေ မထင်အောင်လည်း ပြုလုပ်ထားပါတယ်။

၅။ Patek Philippe Sky Moon Tourbillon
တန်ဖိုး – ကန်ဒေါ်လာ ၁.၃ သန်း
Patek Philippe က ထုတ်လုပ်တဲ့ လက်ပတ်နာရီတွေထဲမှာ အရှုပ်ထွေးဆုံးဖြစ်ပါတယ်။ ဒီနာရီမှာ မျက်နှာပြင် နှစ်ဖက်ပါ၀င်ပြီး တစ်ဖက်က ညကောင်းကင်ဒီဇိုင်းရှိပြီး သီးခြားစနစ်နဲ့လည်ပတ်နေတာဖြစ်ပါတယ်။ မျက်နှာပြင် နောက်တစ်ခုကလည်း နေ့စွဲတွေ လပြည့်လကွယ်တွေကို ဖော်ပြပေးတဲ့ ဒိုင်ခွက်တွေအပြည့်ပါပဲ။ တကယ်ကို ထူးခြားတဲ့နာရီတစ်ခုလည်းဖြစ်သလို ခေတ်သစ်အနုပညာတစ်ခုလို့လည်း ပြောနိုင်ပါတယ်။

၄။ Vacheron Constatin Tour de I’lle
တန်ဖိုး – ကန်ဒေါ်လာ ၁.၅ သန်း
ဒီ Tour de I’ll နာရီဟာ ဆွစ်နာရီလုပ်ငန်း Vacheron Constantin ရဲ့ အဆင့်မြင့်ရှုပ်ထွေးလှတဲ့ လက်ပတ်နာရီ တစ်မျိုးဖြစ်ပါတယ်။ Vacheron Constantin လုပ်ငန်းရဲ့ နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်အနေနဲ့ (၂၀၀၅)ခုနှစ် အတွင်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေ (၁၈)ကာရက်ပါ၀င်ပြီး အလင်းမပြန်နိုင်တဲ့ နီလာသားမှန် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကလည်း နှစ်ဖက်စလုံးမှာ ပါ၀င်ပါတယ်။

၃။ Patek Philippe Platinum World Time
တန်ဖိုး – ကန်ဒေါ်လာ ၄ သန်း
Patek Philippe ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ Platinum World Time နာရီကို (၂၀၀၂)ခုနှစ်အတွင်းက လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်သာ(၄)သန်းကျော်နဲ့ ရောင်းထွက်ခဲ့ပါတယ်။ ထိုစဉ်အချိန်က ဒီနာရီမျိုး ကမ္ဘာမှာ တစ်လုံးတည်းသာရှိခဲ့ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးနာရီဖြစ်ခဲ့ပါတယ်။ အလိုအလျောက်သံပတ်စနစ်ပါ၀င်ပြီး ကမ္ဘာပေါ်က နေရာတော်တော်များများရဲ့ စံတော်ချိန်တွေကို သိရှိနိုင်ပါတယ်။

၂။ Patek Philippe Super Complication
တန်ဖိုး – ကန်ဒေါ်လာ ၁၁ သန်း
ရွှေ ၁၈ ကာရက်ပါ၀င်တဲ့ ဒီအိတ်ဆောင်နာရီလေးကိုတော့ ၁၉၃၃ ခုနှစ်မှာ ဘဏ်လုပ်ငန်းရှင် Henry Graves Jr. အတွက် Patek Philippe ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ နာရီကို ဒီဇိုင်းထုတ်တည်ဆောက်ဖို့ အတွက် အချိန် (၅)နှစ်ကြာခဲ့ပါတယ်။ ဒီနာရီမှာ အလွန်ရှုပ်ထွေးတဲ့ စက်ပိုင်းဆိုင်ရာဖွဲ့စည်းမှုစနစ်နဲ့ လုပ်ဆောင်နိုင်စွမ်း (၂၄)ခုပါ၀င်ပြီး ဖန်တီးခဲ့သမျှနာရီတွေထဲမှာ အရှုပ်ထွေးဆုံးနာရီလည်းဖြစ်ပါတယ်။

၁။ Chopard 210 Karat
တန်ဖိုး – ကန်ဒေါ်လာ ၂၆ သန်း
ဒီနာရီက စျေးအကြီးဖြစ်တာတော့ မထူးဆန်းပါဘူး။ အလှဝတ်လက်ကောက်တစ်ခုနဲ့ ပိုပြီးတူတဲ့ ဒီနာရီကို ရောင်စုံစိန်တွေနဲ့ အလှဆင်ထားပြီး စိန်စုစုပေါင်း အလေးချိန် ၂၀၁ ကာရက်ရှိပါတယ်။ ဒီနာရီက အချိန်သိဖို့ သုံးတဲ့ နာရီတစ်ခုဆိုတာထက် လက်ဝတ်ရတနာတစ်ခုလို့ ပြောလို့ရပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%