ရေနွေးကြမ်း
Peanut Butter
အဆီထုတ်နို့
မြင်းစားဂျုံ
နေကြာဆီ
ငရုတ်သီး
ကော်ဖီ
ဒိန်ချဉ်
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
===============================================
အဆီကျစေမယ့် အစားအစာ ၁၀ မျိုး
သင်က အစားမက်သူတစ်ယောက်ဖြစ်ပြီး အဆီချဖို့ အစားမလျှော့ချင်သူ ဖြစ်ပါသလား?? ကိုယ်အလေးချိန်လျော့ဖို့ အစာလျော့စားစရာ မလိုပါဘူး။ အောက်ပါစာရင်းထဲက အစာတွေဟာ သင့်ပေါင်အပိုတွေကို လျော့ချပေးမှာဖြစ်ပါတယ်။
ပြားတဲ့ ပဲတွေ (ဥပမာ မတ်ပဲ)
သူတို့မှာ ပရိုတင်း အများအပြားပါဝင်ပြီး အမျှင်ဓာတ်လဲ အများအပြား ပါဝင်ကာ သင့်ကိုလက်စထရောကို ထိန်းညှိပေးနိုင်ပြီး သွေးချိုဓာတ်ကိုလဲ လျော့ကျစေမှာပါ။
ရေနွေးကြမ်း
ဝိတ်လျှော့ချင်သူတွေအတွက် အရမ်းပေါ်ပြူလာ ဖြစ်ပါတယ်။ ရေနွေးကြမ်းမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက သင့် ကယ်လိုရီတွေကို လောင်ကျွမ်းပစ်မှာပါ။
Peanut Butter
Peanut Butter မှာ သင့်ကို ကိုယ်အလေးချိန်လျှော့ချဖို့ အကူအညီပေးနိုင်တဲ့ ကောင်းတဲ့ အဆီ တစ်မျိုးပါဝင်ပါတယ်။
အဆီထုတ်နို့
အဆီမပါတဲ့ နို့ကို တခြား အဆာပြေ သောက်စရာတွေအစား အစားထိုးသောက်သုံးလိုက်ပါ။ သူ့အထဲမှာ အဆီမပါပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြားအာဟာရတွေ အကုန် ပါဝင်ပါတယ်။
မြင်းစားဂျုံ
သူ့မှာ Fiber အများအပြားပါဝင်ပြီး ကိုလက်စထရောကို လျော့ကျစေကာ သည်းခြေရဲ့ အဆီခြေဖျက်တဲ့ သည်းခြေရည် ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးပါတယ်။
နေကြာဆီ
ဒီဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်ပြီး တခြား ဟင်းချက်ဆီတွေနဲ့စာရင် ပြည့်ဝဆီပါဝင်နှုန်းနည်းကာ နှလုံးအတွက်လဲ ကောင်းမွန်ပါတယ်။
ငရုတ်သီး
ငရုတ်သီးတွေဟာ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်မြန်ဆန်စေပြီး အဆီပိုတွေကို အလွယ်တကူ လောင်ကျွမ်းပစ်စေပါတယ်။
ဟင်းသီးဟင်းရွက်စိမ်းများ
ဟင်းသီးဟင်းရွက်စိမ်းတွေမှာ ရေအပြည့်ပါပြီး ကယ်လိုရီနည်းပါတယ်။ ဆီကြော်မုန့်တွေအစား ဟင်းသီးဟင်းရွက်စိမ်းတွေကို Peanut Butter သုတ်စားကြည့်ပါ။ ဟင်းသီးဟင်းရွက် သုတ်စားတာဟာ အရသာရှိပြီး ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။
ကော်ဖီ
ကော်ဖီဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး ကယ်လိုရီတွေ လောင်ကျွမ်းပစ်နိုင်ပါတယ်။ နို့တွေ၊ ကရင်မ်တွေ၊ ချောကလက်တွေတော့ အများကြီး မထည့်ပါနဲ့။
ဒိန်ချဉ်
ဒိန်ချဉ်မှာ သင့်ခန္ဓာကိုယ်က အဆီစုပ်ယူမှုကို တားမြစ်ပေးနိုင်တဲ့ ဗက်တီးရီးယားကောင်းတစ်မျိုး ပါပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
===============================================