၁၉ ရာစု မီလ်ံနာတစ္ေယာက္ရဲ႕ ဘဝသင္ခန္းစာ ၂၈ ခု
၁၉ ရာစုမီလ်ံနာ ဂြၽန္ ဂေရဟမ္ ဟာ သူ႔အသက္ထက္ပိုၿပီး ဉာဏ္ပညာ႐ွိခဲ့သူပါ။ သူ႔သားကို သူေပးခဲ့တဲ့ မွတ္တမ္းမွတ္ရာေတြဟာ ၁၉၀၀ ႏွစ္ေတြက သတင္းစာ အယ္ဒီတာ တစ္ေယာက္ဆီကို ေရာက္႐ွိခဲ့ပါတယ္။ အဲဒိ မွတ္တမ္းမွတ္ရာထဲက ဘဝ အၾကံေပးခ်က္ေတြဟာ အခ်ိန္နဲ႔မလိုက္ေအာင္ တန္ဖိုး႐ွိပါတယ္။ အဲဒိထဲကမွ အေကာင္းဆံုး မွတ္သားဖြယ္ျဖစ္တဲ့ အခ်က္ေတြကို ေအာက္မွာ ေဖာ္ျပထားပါတယ္။
၁. လိမ္ညာမႈမခံရဖို႔ တစ္ခုတည္းေသာနည္းလမ္းက မွန္မွန္ကန္ကန္ေနဖို႔ပါပဲ။ သင့္ရဲ႕ ႐ိုးသားမႈကို အထင္လြဲခံရရင္ ေျဖ႐ွင္းဖို႔ မႀကိဳးစားပဲ ကိုယ့္ဘာသာ ေနၾကည့္ပါ။
၂. အလုပ္ႀကီးအကိုင္ႀကီးေတြလုပ္ဖို႔ လူေတြကို ကိုင္တြယ္တတ္ရမယ္။ လူေတြကိုကိုင္တြယ္ဖို႔ လိုက္ေလ်ာညီေထြ ေနတတ္ရမယ္။ လိုက္ေလ်ာညီေထြ ေနဖို႔ စာနာတတ္ရမယ္။
၃. ရံုးတစ္ရံုးက မိသားစုဝင္ေတြကိုပဲ အလုပ္ေပးထားရင္ သူတို႔က ပိုးေကာင္ေတြလို႔ ေပ်ာ္ရႊင္မႈနဲ႔ အံဝင္ခြင္က်ျဖစ္မႈကို စားသံုးပစ္ပါလိမ့္မယ္။
၄. ပညာေရးဆိုတာ ဒီေန႔အေၾကာင္းနဲ႔ စရမယ္၊ မနက္ျဖန္အေၾကာင္း အရိပ္အေငြ႕ေျပာရမယ္၊ ၿပီးရင္ အတိတ္ကို ျပန္သြားရပါမယ္။ ဒါေပမယ့္ အတိတ္အေၾကာင္းနဲ႔ စမိရင္ေတာ့ ဒီေန႔ကို ေရာက္ဖို႔ အရမ္းခက္သြားပါၿပီ။
၅. လူတစ္ေယာက္ကိုခ်ိန္းထားရင္ တစ္မိနစ္ေလာက္ ေနာက္က်တာကို အျပစ္မေျပာပါနဲ႔။ သူက သူ႔ဝါသနာေၾကာင့္ တစ္မိနစ္ေနာက္က်သလို သင့္ဝါသနာအတြက္လဲ တစ္မိနစ္ေနာက္က်ေပးမွာပါ။
၆. ရံုးတက္မွတ္တမ္းမွာ သူေ႒းနာမည္မပါရတာ သူက အလုပ္မွာ အႀကီးဆံုးမို႔လို႔ မဟုတ္ပါဘူး။ သူျပန္တဲ့အခ်ိန္မွာ မွတ္မဲ့သူမ႐ွိေတာ့လို႔ပါ။
၇. သင့္စိတ္တိုင္းက် ျဖစ္မလာတဲ့အခါေတြမွာ ဆူဆဲေနလို႔ အဓိပၸါယ္မ႐ွိပါဘူး။
၈. ျမန္ျမန္ စိတ္ဆံုးျဖတ္ခ်ႏိုင္တဲ့သူတစ္ေယာက္ဟာ တျခားသူေတြရဲ႕ စိတ္ကိုပါ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဆံုးျဖတ္ခ်က္ဆိုတာ ျပတ္သားတဲ့ ဓားတစ္စင္းပါ။
၉. သံမဏိစည္းမ်ဥ္းေတြဆိုတာ အဓိပၸါယ္မ႐ွိပါဘူး။ စည္းကမ္းဆိုတာ ေရာ္ဘာလို လိုတဲ့အခ်ိန္ ဆြဲဆန္႔ၿပီး မလိုရင္ ျပန္သိမ္းထားႏိုင္ရမွာပါ။
၁၀. အေရာင္းသမားေတြက ေရာင္းတာကို အစားစားတာလို ထင္တတ္ၾကပါတယ္။ အေရာင္းသမားေကာင္းဆိုတာ စားဖိုမႈးလိုပါ။ ဗိုက္မဆာတဲ့အခ်ိန္မွာ ဆာေအာင္ ဖန္တီးေပးႏိုင္ပါတယ္။
၁၁. သူ႔ကို ေလွာင္တဲ့အခ်ိန္မွာ ႐ွက္ရယ္လိုက္ရယ္တဲ့ ေယာက္်ားရဲ႕ အျပံဳးထက္ ႐ုပ္ဆိုးတဲ့အရာ မ႐ွိပါဘူး။
၁၂. လြယ္ေနတာကို မလုပ္ရင္ ခက္သြားပါတယ္။ ခက္ေနတာကို မလုပ္ရင္ မျဖစ္ႏိုင္ေတာ့ပါဘူး။
၁၃. တခ်ိဳ႕သူေတြက ဘာသာစကားကို အေတြးေတြကို ၿမႇဳပ္ႏွံထားဖို႔ သံုးပါတယ္။ တခ်ိဳ႕ေတြကေတာ့ အေတြးအစား သံုးပါတယ္။
၁၄. အေ႐ာင္းသမားေကာင္းဆိုတာ အေတြး ဆယ္ပံုကိုးပံု၊ အေျပာ ဆယ္ပံုတစ္ပံုပါ။ ဒါေပမယ့္ အဲဒိအေတြးကို ဘယ္အခ်ိန္မွာေျပာရမယ္ဆိုတာအတြက္ သံုးပါတယ္။
၁၅. လူတစ္ေယာက္မိုက္မဲတာကို ကုသဖို႔ အေကာင္းဆံုးနည္းလမ္းက သူ႔ကို မိုက္ခိုင္းလိုက္တာပါ။ စီးပြားေရးလုပ္တာ မွားေနတယ္ဆိုတာ ျပဖို႔က စမ္းလုပ္ခိုင္းလိုက္တာပါပဲ။
၁၆. ရန္သူရဖို႔ အလြယ္ဆံုးနည္းလမ္းက အငွါးသူငယ္ခ်င္းေတြ ထားတာပါပဲ။
၁၇. ကမၻာမွာ ပညာေရးဆိုတာ အေျပေလ်ာ့ဆံုးဝက္အူပါ။ အဲဒါဟာလဲ ျဖဳတ္ႏိုင္တဲ့ တစ္ခုထဲေသာ ဝက္အူပါ။ တျခားဝက္အူေတြအားလံုး က်ပ္ေနၿပီး ဝက္အူလွည့္ ေပ်ာက္ေနပါတယ္။
၁၈. မိန္းမတစ္ေယာက္ဟာ ေယာက္်ားတစ္ေယာက္ကိုက လြဲၿပီး က်န္တာအားလံုးကို ခန္႔မွန္းႏိုင္ပါတယ္။ အဲဒါေၾကာက့္ ကြၽန္ေတာ္တို႔ လူပ်ိဳေတြ ျဖစ္ေနၾကတာပါ။
၁၉. မနက္တိုင္းမွာ အိပ္ရာေက်ေက်နပ္နပ္ဝင္ႏိုင္ဖို႔ ဆံုးျဖတ္ခ်က္ ခ်ထားရပါမယ္။
၂၀. လူေတာ္ေတာ္မ်ားမ်ားမွာ ပိတ္ရက္ဆိုတာ ေပ်ာ္ရႊင္မႈပါ။ တခ်ိဳ႕ေတြကေတာ့ ပိတ္ရက္ၿပီးလဲ ေပ်ာ္႐ႊင္ေအာင္ ေနတတ္ၾကပါတယ္။
၂၁. လူတစ္ေယာက္ျခင္းစီကို ေယဘုယ်ပံုစံ ဆက္ဆံလို႔မရပါဘူး။ လူတစ္ေယာက္ျခင္းစီဟာ ထူးျခားေနၿပီးေတာ့ တစ္မ်ိဳးစီ ဆက္ဆံရပါမယ္။
၂၂. စိုးရိမ္တယ္ဆိုတာ သင္ေတာ္တာကို ေက်နပ္မႈ မ႐ွိတာပါ။
၂၃. လူတစ္ေယာက္ဟာ ကုမၸဏီတစ္ခု ဖြင့္ထားတာ၊ ေစာေစာလာၿပီး ေနာက္က်မွျပန္တာဟာ သူႀကိဳက္တဲ့ မိန္းကေလးနဲ႔ အလုပ္ မေတြ႕ေသးလို႔ပါ။
၂၄. ေခါင္းထဲမွာ အခ်က္အလက္ အမ်ားႀကီး႐ႈပ္ေနတာနဲ႔ အဲဒိအခ်က္ေတြကိုပဲ ေခါင္းထဲ႐ွင္း႐ွင္းလင္းလင္း ထည့္ထားတာနဲ႔ အမ်ားႀကီး ကြာပါတယ္။
၂၅. ဒီေန႔က သင့္အတြက္ အခြင့္အေရးပါ။ နက္ျဖန္က တျခားတစ္ေယာက္အတြက္ပါ။
၂၆. ၿခိမ္းေျခာက္တယ္ဆိုတာ အက်ိဳးမ႐ွိတဲ့ ကတိတစ္ခုပါ။ ကတိမတည္ႏိုင္ရင္ သင့္ကို နာမည္ပ်က္ေစပါတယ္။ တကယ္မလုပ္ခ်င္ရင္ မၿခိမ္းေျခာက္ပါနဲ႔။
၂၇. အဝတ္အစားေတြက လူအတြက္အဓိကမက်ဘူးဆိုတာ ဟုတ္ပါတယ္။ ဒါေပမယ့္ အလုပ္ခ်ိန္ေတြမွာ အဲဒါေတြက ခႏၶာကိုယ္ရဲ႕ ၈၀ရာႏႈန္းကို ဖံုးထားတယ္ဆိုတာ သတိရပါ။
၂၈. အျပင္အဆင္ေတြဟာ လွည့္စားမႈဆန္ပါတယ္။ ကိုယ့္ဘာသာ ကိုယ့္အျပင္အဆင္နဲ႔ ျပန္မလွည့္စားမိေအာင္သာ ဂ႐ုစိုက္ပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
၁၉ ရာစု မီလျံနာတစ်ယောက်ရဲ့ ဘဝသင်ခန်းစာ ၂၈ ခု
၁၉ ရာစုမီလျံနာ ဂျွန် ဂရေဟမ် ဟာ သူ့အသက်ထက်ပိုပြီး ဉာဏ်ပညာရှိခဲ့သူပါ။ သူ့သားကို သူပေးခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေဟာ ၁၉၀၀ နှစ်တွေက သတင်းစာ အယ်ဒီတာ တစ်ယောက်ဆီကို ရောက်ရှိခဲ့ပါတယ်။ အဲဒိ မှတ်တမ်းမှတ်ရာထဲက ဘဝ အကြံပေးချက်တွေဟာ အချိန်နဲ့မလိုက်အောင် တန်ဖိုးရှိပါတယ်။ အဲဒိထဲကမှ အကောင်းဆုံး မှတ်သားဖွယ်ဖြစ်တဲ့ အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။
၁. လိမ်ညာမှုမခံရဖို့ တစ်ခုတည်းသောနည်းလမ်းက မှန်မှန်ကန်ကန်နေဖို့ပါပဲ။ သင့်ရဲ့ ရိုးသားမှုကို အထင်လွဲခံရရင် ဖြေရှင်းဖို့ မကြိုးစားပဲ ကိုယ့်ဘာသာ နေကြည့်ပါ။
၂. အလုပ်ကြီးအကိုင်ကြီးတွေလုပ်ဖို့ လူတွေကို ကိုင်တွယ်တတ်ရမယ်။ လူတွေကိုကိုင်တွယ်ဖို့ လိုက်လျောညီထွေ နေတတ်ရမယ်။ လိုက်လျောညီထွေ နေဖို့ စာနာတတ်ရမယ်။
၃. ရုံးတစ်ရုံးက မိသားစုဝင်တွေကိုပဲ အလုပ်ပေးထားရင် သူတို့က ပိုးကောင်တွေလို့ ပျော်ရွှင်မှုနဲ့ အံဝင်ခွင်ကျဖြစ်မှုကို စားသုံးပစ်ပါလိမ့်မယ်။
၄. ပညာရေးဆိုတာ ဒီနေ့အကြောင်းနဲ့ စရမယ်၊ မနက်ဖြန်အကြောင်း အရိပ်အငွေ့ပြောရမယ်၊ ပြီးရင် အတိတ်ကို ပြန်သွားရပါမယ်။ ဒါပေမယ့် အတိတ်အကြောင်းနဲ့ စမိရင်တော့ ဒီနေ့ကို ရောက်ဖို့ အရမ်းခက်သွားပါပြီ။
၅. လူတစ်ယောက်ကိုချိန်းထားရင် တစ်မိနစ်လောက် နောက်ကျတာကို အပြစ်မပြောပါနဲ့။ သူက သူ့ဝါသနာကြောင့် တစ်မိနစ်နောက်ကျသလို သင့်ဝါသနာအတွက်လဲ တစ်မိနစ်နောက်ကျပေးမှာပါ။
၆. ရုံးတက်မှတ်တမ်းမှာ သူဋ္ဌေးနာမည်မပါရတာ သူက အလုပ်မှာ အကြီးဆုံးမို့လို့ မဟုတ်ပါဘူး။ သူပြန်တဲ့အချိန်မှာ မှတ်မဲ့သူမရှိတော့လို့ပါ။
၇. သင့်စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါတွေမှာ ဆူဆဲနေလို့ အဓိပ္ပါယ်မရှိပါဘူး။
၈. မြန်မြန် စိတ်ဆုံးဖြတ်ချနိုင်တဲ့သူတစ်ယောက်ဟာ တခြားသူတွေရဲ့ စိတ်ကိုပါ ထိန်းချုပ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ဆိုတာ ပြတ်သားတဲ့ ဓားတစ်စင်းပါ။
၉. သံမဏိစည်းမျဉ်းတွေဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ စည်းကမ်းဆိုတာ ရော်ဘာလို လိုတဲ့အချိန် ဆွဲဆန့်ပြီး မလိုရင် ပြန်သိမ်းထားနိုင်ရမှာပါ။
၁၀. အရောင်းသမားတွေက ရောင်းတာကို အစားစားတာလို ထင်တတ်ကြပါတယ်။ အရောင်းသမားကောင်းဆိုတာ စားဖိုမှုးလိုပါ။ ဗိုက်မဆာတဲ့အချိန်မှာ ဆာအောင် ဖန်တီးပေးနိုင်ပါတယ်။
၁၁. သူ့ကို လှောင်တဲ့အချိန်မှာ ရှက်ရယ်လိုက်ရယ်တဲ့ ယောက်ျားရဲ့ အပြုံးထက် ရုပ်ဆိုးတဲ့အရာ မရှိပါဘူး။
၁၂. လွယ်နေတာကို မလုပ်ရင် ခက်သွားပါတယ်။ ခက်နေတာကို မလုပ်ရင် မဖြစ်နိုင်တော့ပါဘူး။
၁၃. တချို့သူတွေက ဘာသာစကားကို အတွေးတွေကို မြှုပ်နှံထားဖို့ သုံးပါတယ်။ တချို့တွေကတော့ အတွေးအစား သုံးပါတယ်။
၁၄. အရောင်းသမားကောင်းဆိုတာ အတွေး ဆယ်ပုံကိုးပုံ၊ အပြော ဆယ်ပုံတစ်ပုံပါ။ ဒါပေမယ့် အဲဒိအတွေးကို ဘယ်အချိန်မှာပြောရမယ်ဆိုတာအတွက် သုံးပါတယ်။
၁၅. လူတစ်ယောက်မိုက်မဲတာကို ကုသဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို မိုက်ခိုင်းလိုက်တာပါ။ စီးပွားရေးလုပ်တာ မှားနေတယ်ဆိုတာ ပြဖို့က စမ်းလုပ်ခိုင်းလိုက်တာပါပဲ။
၁၆. ရန်သူရဖို့ အလွယ်ဆုံးနည်းလမ်းက အငှါးသူငယ်ချင်းတွေ ထားတာပါပဲ။
၁၇. ကမ္ဘာမှာ ပညာရေးဆိုတာ အပြေလျော့ဆုံးဝက်အူပါ။ အဲဒါဟာလဲ ဖြုတ်နိုင်တဲ့ တစ်ခုထဲသော ဝက်အူပါ။ တခြားဝက်အူတွေအားလုံး ကျပ်နေပြီး ဝက်အူလှည့် ပျောက်နေပါတယ်။
၁၈. မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကိုက လွဲပြီး ကျန်တာအားလုံးကို ခန့်မှန်းနိုင်ပါတယ်။ အဲဒါကြောက့် ကျွန်တော်တို့ လူပျိုတွေ ဖြစ်နေကြတာပါ။
၁၉. မနက်တိုင်းမှာ အိပ်ရာကျေကျေနပ်နပ်ဝင်နိုင်ဖို့ ဆုံးဖြတ်ချက် ချထားရပါမယ်။
၂၀. လူတော်တော်များများမှာ ပိတ်ရက်ဆိုတာ ပျော်ရွှင်မှုပါ။ တချို့တွေကတော့ ပိတ်ရက်ပြီးလဲ ပျော်ရွှင်အောင် နေတတ်ကြပါတယ်။
၂၁. လူတစ်ယောက်ခြင်းစီကို ယေဘုယျပုံစံ ဆက်ဆံလို့မရပါဘူး။ လူတစ်ယောက်ခြင်းစီဟာ ထူးခြားနေပြီးတော့ တစ်မျိုးစီ ဆက်ဆံရပါမယ်။
၂၂. စိုးရိမ်တယ်ဆိုတာ သင်တော်တာကို ကျေနပ်မှု မရှိတာပါ။
၂၃. လူတစ်ယောက်ဟာ ကုမ္ပဏီတစ်ခု ဖွင့်ထားတာ၊ စောစောလာပြီး နောက်ကျမှပြန်တာဟာ သူကြိုက်တဲ့ မိန်းကလေးနဲ့ အလုပ် မတွေ့သေးလို့ပါ။
၂၄. ခေါင်းထဲမှာ အချက်အလက် အများကြီးရှုပ်နေတာနဲ့ အဲဒိအချက်တွေကိုပဲ ခေါင်းထဲရှင်းရှင်းလင်းလင်း ထည့်ထားတာနဲ့ အများကြီး ကွာပါတယ်။
၂၅. ဒီနေ့က သင့်အတွက် အခွင့်အရေးပါ။ နက်ဖြန်က တခြားတစ်ယောက်အတွက်ပါ။
၂၆. ခြိမ်းခြောက်တယ်ဆိုတာ အကျိုးမရှိတဲ့ ကတိတစ်ခုပါ။ ကတိမတည်နိုင်ရင် သင့်ကို နာမည်ပျက်စေပါတယ်။ တကယ်မလုပ်ချင်ရင် မခြိမ်းခြောက်ပါနဲ့။
၂၇. အဝတ်အစားတွေက လူအတွက်အဓိကမကျဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အလုပ်ချိန်တွေမှာ အဲဒါတွေက ခန္ဓာကိုယ်ရဲ့ ၈ဝရာနှုန်းကို ဖုံးထားတယ်ဆိုတာ သတိရပါ။
၂၈. အပြင်အဆင်တွေဟာ လှည့်စားမှုဆန်ပါတယ်။ ကိုယ့်ဘာသာ ကိုယ့်အပြင်အဆင်နဲ့ ပြန်မလှည့်စားမိအောင်သာ ဂရုစိုက်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================