၁၀. Ethiopia
၉. Sri Lanka
၈. Canada
၇. France
၆. Germany
၅. United Kingdom
၎. India
၃. Sweden
၂. South Africa
၁. United States
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
http://wp.me/p6uxf7-5r
http://wp.me/p6uxf7-5y
==============================================
ကမ္ဘာ့မုဒိမ်းမှု အများဆုံး နိုင်ငံ ၁၀ ခု
ကမ္ဘာ့မုဒိမ်းမှုအများဆုံး နိုင်ငံ ၁၀ ခုစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ အဖွံ့ဖြိုးဆုံး နိုင်ငံတွေ ဖြစ်တဲ့ US, Sweden, France, Canada, UK နဲ့ Germany တို့တောင်ဒီလိုပြစ်မှု ကျူးလွန်တာ အများဆုံး စာရင်းထဲ ပါနေမှန်းသိရင် သင် အံ့ဩသွားမှာပါ။
၁၀. Ethiopia
အီသီယိုးပီးယား အမျိုးသမီးတွေရဲ့ ၆၀ ရာနှုန်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရဖူးပါတယ်။ မုဒိမ်းမှုဟာ အီသီယိုးပီးယားမှာ တကယ့် ပြသနာ အကြီးကြီး တစ်ခုပါ။ လက်ထပ်ဖို့ အတင်းကာမရယူတဲ့ အမှုမှာ အီသီယိုးပီးယားက ကမ္ဘာပေါ်မှာ ဗိုလ်စွဲပါတယ်။ လူတစ်ယောက် သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကောင်မလေးကို ကားတင်ပြေးကာ ကိုယ်ဝန်ရသည်အထိ မုဒိမ်းကျင့်ပါတယ်။ ၁၁ နှစ်ရွယ် မိန်းကလေးတွေတောင် အဲ့ဒီလို ခိုးပြေးခံရမှုတွေ ကြုံတွေ့နေရပါတယ်။ စစ်တပ်ကလဲ ပြည်သူတွေကို မုဒိမ်းကျင့်ရာမှာ နာမည်ကြီးပါတယ်။
၉. Sri Lanka
သီရိလင်္ကာရဲတပ်ဖွဲ့တွေဟာ တရားခံတွေကို မုဒိန်းကျင့်နှိပ်စက်နေဆဲပါ။ ပြည်တွင်းစစ်ပြီး လေးနှစ်ကြာထိ အဲဒိလို တရားခံတွေကို မုဒိမ်းကျင့်တာတွေ ရှိနေပါသေးတယ်။ ယောက်ျားတွေရဲ့ ၁၄.၅ ရာနှုန်းဟာ ဘဝတစ်ချိန်ချိန်မှာ မုဒိမ်းကျင့်ဖူးကြပြီး ၂.၆ ရာနှုန်းကတော့ ယောက်ျားအချင်းချင်း ကျင့်ဖူးကာ ၁.၆ ရာနှုန်းကတော့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ဖူးကြပါတယ်။
၈. Canada
ဒီနိုင်ငံမှာ မုဒိမ်းမှုနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားမှုပေါင်း ၂၅၁၆၉၁၈ ရှိပါတယ်။ အဲဒါတွေက စုစုပေါင်း မုဒိမ်းကျင့်မှုတွေရဲ့ ၆ ရာနှုန်းထဲပါ။ မိန်းမသုံးယောက်မှာ တစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှု ကြုံခဲ့ရဖူးပါတယ်။ မိန်းမ ၁၇ ယောက်မှာ တစ်ယောက်ဟာ မုဒိမ်းကျင့်ခံရဖူးပါတယ်။
၇. France
မုဒိမ်းကျင့်တာကို ပြင်သစ်မှာ ၁၉၈၀ ကမှ တရားစွဲဆိုလို့ ရခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာ လက်ရောက်စော်ကားမှုအတွက် ဥပဒေကို ၁၉၉၂ ကမှ ပြဋ္ဌာန်းခဲ့ပြီး နှုတ်နဲ့ စော်ကားမှုဆိုင်ရာ ဥပဒေကတော့ ၂၀၀၂ ခုနှစ်ကမှ ပြဋ္ဌာန်းခဲ့ပါတယ်။ တစ်နှစ်ကို မုဒိမ်းမှုပေါင်း ၇၅၀၀၀ ဖြစ်ပွားပြီး ၁၀ ရာနှုန်းလောက်ကပဲ တရားစွဲခဲ့ပါတယ်။
၆. Germany
ဒီအမှုကြောင့် မိန်းကလေးပေါင်း ၂၄၀၀၀၀ လောက် ဂျာမနီမှာ သေဆုံးခဲ့ပြီးပါပြီ။ မုဒိမ်းမှုပေါင်း ၆၅၀၇၃၉၄ ခု ရှိခဲ့ပါတယ်။ စက်မှုကိစ္စမှာ တိုးတက်နေတဲ့ နိုင်ငံဟာ လူသားစိတ်မှာတော့ နောက်ကို ဆုတ်နေတာပါပဲ။
၅. United Kingdom
UK ကို အလည်သွားချင်သူတွေများမှာပါ။ ဒါပေမယ့် ဒီနိုင်ငံဟာ မုဒိမ်းမှူ အဆိုးရွားဆုံးတွေထဲမှာ ပါနေတယ်ဆိုတာကို သတိထားရမှာပါ။ တစ်နှစ်ကို မိန်းမ ၈၅၀၀၀ လောက် အင်္ဂလန်နဲ့ ဝေးလ်မှာ မုဒိမ်းကျင့်ခံရပြီး အယောက် ၄၀၀၀၀၀ လောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံစားခဲ့ရပါတယ်။ အသက် ၁၆ က ၅၉ ထိမိန်းမ ငါးယောက်မှာ တစ်ယောက်ဟာ လိင်အကြမ်းဖက်မှု ပုံစံတစ်မျိုးမျိုးကို ခံစားခဲ့ဖူးပါတယ်။
၄. India
အိန္ဒိယဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှုန်း တိုးတက်နေတဲ့ နေရာတစ်ခုပါ။ မုဒိမ်းမှု သတင်းပို့ချက်ပေါင်း ၂၄၉၂၃ ခု ၂၀၁၂ မှာ ရှိခဲ့ပေမယ့် သတင်းမပို့ခဲ့တဲ့ဟာတွေ အမြောက်အများ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒိ သတင်းပို့တဲ့ အထဲက ၂၄၄၇၀ မှုဟာ မိဘတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေနဲ့ တခြား အကျင့်ခံရသူနဲ့ သိတဲ့ လူတွေက ပြုကျင့်ခဲ့တာပါ။ ၂၂ မိနစ်တိုင်းမှာ မုဒိမ်းမှု အသစ်တစ်ခု တိုးနေတယ် ဆိုပါတယ်။
၃. Sweden
ဆွီဒင်ဟာ ဥရောပမှာ မုဒိမ်းမှုတိုင်ကြားမှု အမြင့်ဆုံးဖြစ်ပါတယ်။ မိန်းမလေးယောက်မှာ တစ်ယောက်ဟာ မုဒိမ်းကျင့်ခံခဲ့ရဖူးပါတယ်။ ၂၀၀၉ မှာ မုဒိမ်းမှုတိုင်ကြားမှု ၁၅၇၀၀ ရှိခဲ့ပြီး ၂၀၀၈ ထက် ၈ ရာနှုန်း ပိုများလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ထက် မုဒိမ်းမှု ၅၈ ရာနှုန်း ပိုတိုးလာတယ်လ်ို ၂၀၀၉ ခုနှစ်မှာ သိရှိခဲ့ရပါတယ်။
၂. South Africa
ကမ္ဘာ့မုဒိမ်းမြို့တော်လို့ တင်စားခံရတဲ့ နိုင်ငံမှာ မိန်းမသုံးယောက်မှာ တစ်ယောက်က မုဒိမ်းကျင့် ခံခဲ့ရဖူးပါတယ်။ ယောက်ျားတွေရဲ့ လေးပုံတစ်ပုံဟာ မုဒိမ်းကျင့်ခဲ့ဖူးပြီး အဲဒိထဲက တစ်ဝက်လောက်က မိန်းမတစ်ယောက်ထက်ပိုပြီး မုဒိမ်းကျင့်ခဲ့ဖူးပါတယ်။ မုဒိမ်းမှု တိုင်ကြားမှုပေါင်း ၆၅၀၀၀ ရှိခဲ့ပါတယ်။ ကလေးမုဒိမ်းကျင့်မှူ အများဆုံးနိုင်ငံဖြစ်ပြီး မုဒိမ်းမှုအတွက် ထောင်ဒဏ်ဟာ ၂ နှစ်ပါတ်ဝန်းကျင်သာ ရှိပါတယ်။
၁. United States
ကမ္ဘာ့ စူပါပါဝါနိုင်ငံဟာ မုဒိမ်းမှုမှာလဲ ပထမစွဲပါတယ်။ ယောက်ျားတွေက အဓိက မုဒိမ်းကျင့်သူတွေဖြစ်ပြီယ အကျင့်ခံရသူ ၉၁ ရာနှုန်းဟာ မိန်းမဖြစ်ပြီး ကျန် ၉ ရာနှုန်းက ယောက်ျားတွေပါ။ US အမျိုးသမီး ခြောက်ယောက်မှာ တစ်ယောက်နဲ့ အမျိုးသား ၃၃ ယောက်မှာ တစ်ယောက်က မုဒိမ်းကျင့်ခံရဖူးပါတယ်။ ကောလိပ်ကျောင်းသူအရွယ် မိန်းကလေးတွေရဲ့ လေးပုံတစ်ပုံဟာ မုဒိမ်းကျင့်မှု ကြုံတွေ့ခဲ့ဖူးပါတယ်။ အမှုအားလုံးရဲ့ ၁၆ ရာနှုန်းသာ တိုင်ကြားမှု ရှိခဲ့ပြီး အိမ်ပြင်မှာ မုဒိမ်းကျင့်ခံရတာရှားပြီး အိမ်ထဲမှာ များပါတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
ဖြည်းဖြည်းချင်းပဲ ဆက်ဆံပါ (18+)
http://wp.me/p6uxf7-5r
ဆီးခုံအမွှေးရိတ်သင့်တဲ့ အကြောင်းများ
http://wp.me/p6uxf7-5y
==============================================