သင့္ရဲ႕ ရည္းစားဟာ တျခားသူတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈကို ခံေနရမွန္း သိရင္ အရမ္းလန္႔မသြားပါနဲ႔။ သင္လဲ တျခား မိန္းမတစ္ေယာက္အေၾကာင္းကို လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာ စဥ္းစားခဲ့ဖူးမွာမို႔ပါ။ အင္ဒီယာနာ တကၠသိုလ္က ေလ့လာမႈ တစ္ခုမွာ ခ်စ္သူ႐ွိတဲ့ မိန္းမေတြရဲ႕ ၇၀ ရာႏႈန္း က တျခားေယာက္်ားေတြအေပၚ စိတ္ကစားခဲ့ဖူးတယ္လို႔ ဝန္ခံထားၾကပါတယ္။
တျခားသူေတြအေပၚ စိတ္ကစားမိတာ လူ႔သဘာဝပါပဲ။ သင့္ဘဝ တစ္ေလ်ွာက္လံုး စိတ္ကစားမႈေတြနဲ႔ ၾကံဳေတြ႕ရမွာပါ။ ရည္းစား႐ွိတာနဲ႔ စိတ္မကစားေတာ့တာ မဟုတ္ပါဘူး။ ေယာက္်ားေတြအေပၚမွာ ေသခ်ာေလ့လာမႈ မျပဳရေသးေပမယ့္ တူတူပဲ ျဖစ္မွာပါ။
သတင္းေကာင္းကေတာ့ သူမရဲ႕ Crush ဟာ သင္တို႔ ခ်စ္ဇာတ္လမ္းကို ဘာမွ ေႏွာင့္ယွက္ႏိုင္မွာ မဟုတ္ပါဘူး။ အဲဒါဟာ သူမ ေဖာက္ျပန္မယ္လို႔ မဆိုလိုပါဘူး။ Crush ႐ွိသူေတြရဲ႕ ၅ ရာႏႈန္းပဲ Crush ေတြနဲ႔ ဇာတ္လမ္းစတာပါ။ ဒါဟာ ေဖာက္ျပန္မႈႏႈန္း ရာခိုင္ႏႈန္း ၂၀ ထက္ အရမ္းနည္းေနပါေသးတယ္။
မိန္းမေတာ္ေတာ္မ်ားမ်ားကေတာ့ Crush ႐ွိတာဟာ သူတို႔ ခ်စ္ဇာတ္လမ္းကို ပိုၿပီးေကာင္းလာေစတယ္ ဆိုပါတယ္။ တစ္ေန႔လံုး လိင္ဆိုင္ရာ လွံု႔ေဆာ္မႈ ခံရၿပီး ည အိမ္ျပန္ေရာက္ေတာ့ ဆႏၵစိတ္ကို သူတို႔ ပါတနာဘက္ လႊဲလိုက္တာပါ။
တျခားေယာက္်ားအတြက္ သူမ စိတ္ႂကြေနတာကို သေဘာမက်ဘူးပါလား။ မိန္းမတစ္ေယာက္ စိတ္ကူးယဥ္ေလေလ သူမ လိင္စိတ္ ပိုမ်ားလာေလေလပါ။ လိင္ဆက္ဆံခ်င္တဲ့ သစၥာ႐ွိတဲ့ မိန္းမတစ္ေယာက္ဆိုတာဟာ လင္ေယာက္်ားအတြက္ သတင္းေကာင္းပါ။
Crush ကိစၥေတြကို ဘယ္လိုကိုင္တြယ္ရမလဲ
အဲဒါကေတာ့ ေဖာ္ျမဴလာ အတိအက် မ႐ွိပါဘူး။ တခ်ိဳ႕က လင္မယားျခင္း ပြင့္ပြင့္လင္းလင္း ထုတ္ေျပာၾကပါတယ္။ အဲဒါက ေျပာရခက္ေနရင္ေတာ့လဲ ပါးစပ္ပိတ္ထားလို႔ ရပါတယ္။
သင့္ရဲ႕ ပါတနာကို Crush အေၾကာင္း ေျပာျပျခင္းဟာ Crush ကို ျပသနာတစ္ခုလို အာရံုစိုက္ျခင္း ေလ်ာ့နည္းသြားေစပါတယ္။ သဘာဝပါ ဆိုတဲ့ အေၾကာင္းကို ႏွစ္ေယာက္စလံုး သေဘာေပါက္ လက္ခံေပးရပါမယ္။
ဒါမွမဟုတ္ ဘာမွမဟုတ္တဲ့ Crush အေၾကာင္းကို မေျပာခ်င္ဘူးဆိုရင္ တိတ္တိတ္ေနလို႔လဲ ရပါတယ္။ တခ်ိဳ႕ ေယာက္်ားေတြက သူတို႔ အမ်ိဴးသမီး တစ္ျခားတစ္ေယာက္အေပၚ စိတ္ဝင္စားေနတာကို ေဒါသထြက္တတ္ၾကပါတယ္။
သင္ကိုယ္တိုင္ Crush မိေနရင္ေတာ့ သင့္ရဲ႕ Crush နဲ႔ ႏွစ္ေယာက္ထဲ တူတူ မသြားပါနဲ႔။ စိတ္ထဲကေနၿပီး သူမကို ထုတ္ထားဖို႔ ႀကိဳးစားသင့္ပါတယ္။ အရက္မူးေနခ်ိန္မွာ ႏွစ္ေယာက္တူတူ မ႐ွိပါေစနဲ႔။
ဒါမွမဟုတ္ ေခါင္းထဲမွာပဲ ထားပါ။ တခ်ိဳ႕မိန္းမေတြဟာ လိင္ဆက္ဆံစဥ္၊ အာသာေျဖစဥ္မွာ Crush ကို မွန္းတတ္ၾကပါတယ္။ ကိစၥၿပီးသြားရင္ ေခါင္းထဲက ေပ်ာက္သြားပါေရာ ဆိုပါတယ္။
သင္ သိထားဖို႔က Crush ဆိုတာ သင္တို႔ ခ်စ္ဇာတ္လမ္းကို ဒုကၡမေပးႏိုင္ဘူး ဆိုတာပါပဲ။ Crush ႐ွိလို႔ ကြဲသြားတဲ့ အတြဲ အလြန္ ႐ွားပါတယ္။ သင့္ရဲ႕ ပါတနာကိုလဲ တျခားသူတစ္ေယာက္ကုိ လံုးဝ စိတ္မကစားရဘူးလို႔ ဖိအားမေပးပါနဲ႔။ အဲဒါကမွ ဇာတ္လမ္း နိဌိတံမွာပါ။
သင္တို႔ ႏွစ္ေယာက္လံုးကို လူေတြက ဆြဲေဆာင္ႏိူင္တယ္ဆိုတာ မွတ္ထားပါ။ သင္ သူမကို ဘာေၾကာင့္ တစ္သက္စာ ေရြးခဲ့တယ္ ဆိုတာေလးကိုေတာ့ အျမဲ သတိရေနပါ။ သူမလဲ အဲဒီလို ျပန္လွန္ယံုၾကည္ေပးပါလိမ့္မယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ရည်းစားရှိလျက်နဲ့ တစ်စုံတစ်ယောက်ကို Crush မိတာ သဘာဝပါ
သင့်ရဲ့ ရည်းစားဟာ တခြားသူတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ခံနေရမှန်း သိရင် အရမ်းလန့်မသွားပါနဲ့။ သင်လဲ တခြား မိန်းမတစ်ယောက်အကြောင်းကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ စဉ်းစားခဲ့ဖူးမှာမို့ပါ။ အင်ဒီယာနာ တက္ကသိုလ်က လေ့လာမှု တစ်ခုမှာ ချစ်သူရှိတဲ့ မိန်းမတွေရဲ့ ၇၀ ရာနှုန်း က တခြားယောက်ျားတွေအပေါ် စိတ်ကစားခဲ့ဖူးတယ်လို့ ဝန်ခံထားကြပါတယ်။
တခြားသူတွေအပေါ် စိတ်ကစားမိတာ လူ့သဘာဝပါပဲ။ သင့်ဘဝ တစ်လျှောက်လုံး စိတ်ကစားမှုတွေနဲ့ ကြုံတွေ့ရမှာပါ။ ရည်းစားရှိတာနဲ့ စိတ်မကစားတော့တာ မဟုတ်ပါဘူး။ ယောက်ျားတွေအပေါ်မှာ သေချာလေ့လာမှု မပြုရသေးပေမယ့် တူတူပဲ ဖြစ်မှာပါ။
မိန်းမတော်တော်များများက သူတို့ Crush တွေကို ရုပ်ပိုင်းဆိုင်ရာပဲ စိတ်ကစားတာပါ။ “သူက ချောလိုက်တာ” ဒါလောက်ပါပဲ။ တချို့မှာတော့ စိတ်ခံစားမှု ပါ ဆက်နွယ်နေတာ တွေ့ရပါတယ်။ Crush တွေရဲ့ လေးပုံတစ်ပုံဟာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပါတယ်။ ရည်းစားဟောင်းတွေနဲ့ သူငယ်ချင်း အရင်းတွေကိုလဲ Crush တာ များပါတယ်။
သတင်းကောင်းကတော့ သူမရဲ့ Crush ဟာ သင်တို့ ချစ်ဇာတ်လမ်းကို ဘာမှ နှောင့်ယှက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါဟာ သူမ ဖောက်ပြန်မယ်လို့ မဆိုလိုပါဘူး။ Crush ရှိသူတွေရဲ့ ၅ ရာနှုန်းပဲ Crush တွေနဲ့ ဇာတ်လမ်းစတာပါ။ ဒါဟာ ဖောက်ပြန်မှုနှုန်း ရာခိုင်နှုန်း ၂၀ ထက် အရမ်းနည်းနေပါသေးတယ်။
မိန်းမတော်တော်များများကတော့ Crush ရှိတာဟာ သူတို့ ချစ်ဇာတ်လမ်းကို ပိုပြီးကောင်းလာစေတယ် ဆိုပါတယ်။ တစ်နေ့လုံး လိင်ဆိုင်ရာ လှုံ့ဆော်မှု ခံရပြီး ည အိမ်ပြန်ရောက်တော့ ဆန္ဒစိတ်ကို သူတို့ ပါတနာဘက် လွှဲလိုက်တာပါ။
တခြားယောက်ျားအတွက် သူမ စိတ်ကြွနေတာကို သဘောမကျဘူးပါလား။ မိန်းမတစ်ယောက် စိတ်ကူးယဉ်လေလေ သူမ လိင်စိတ် ပိုများလာလေလေပါ။ လိင်ဆက်ဆံချင်တဲ့ သစ္စာရှိတဲ့ မိန်းမတစ်ယောက်ဆိုတာဟာ လင်ယောက်ျားအတွက် သတင်းကောင်းပါ။
Crush ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲ
အဲဒါကတော့ ဖော်မြူလာ အတိအကျ မရှိပါဘူး။ တချို့က လင်မယားခြင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြပါတယ်။ အဲဒါက ပြောရခက်နေရင်တော့လဲ ပါးစပ်ပိတ်ထားလို့ ရပါတယ်။
သင့်ရဲ့ ပါတနာကို Crush အကြောင်း ပြောပြခြင်းဟာ Crush ကို ပြသနာတစ်ခုလို အာရုံစိုက်ခြင်း လျော့နည်းသွားစေပါတယ်။ သဘာဝပါ ဆိုတဲ့ အကြောင်းကို နှစ်ယောက်စလုံး သဘောပေါက် လက်ခံပေးရပါမယ်။
ဒါမှမဟုတ် ဘာမှမဟုတ်တဲ့ Crush အကြောင်းကို မပြောချင်ဘူးဆိုရင် တိတ်တိတ်နေလို့လဲ ရပါတယ်။ တချို့ ယောက်ျားတွေက သူတို့ အမျိူးသမီး တစ်ခြားတစ်ယောက်အပေါ် စိတ်ဝင်စားနေတာကို ဒေါသထွက်တတ်ကြပါတယ်။
သင်ကိုယ်တိုင် Crush မိနေရင်တော့ သင့်ရဲ့ Crush နဲ့ နှစ်ယောက်ထဲ တူတူ မသွားပါနဲ့။ စိတ်ထဲကနေပြီး သူမကို ထုတ်ထားဖို့ ကြိုးစားသင့်ပါတယ်။ အရက်မူးနေချိန်မှာ နှစ်ယောက်တူတူ မရှိပါစေနဲ့။
ဒါမှမဟုတ် ခေါင်းထဲမှာပဲ ထားပါ။ တချို့မိန်းမတွေဟာ လိင်ဆက်ဆံစဉ်၊ အာသာဖြေစဉ်မှာ Crush ကို မှန်းတတ်ကြပါတယ်။ ကိစ္စပြီးသွားရင် ခေါင်းထဲက ပျောက်သွားပါရော ဆိုပါတယ်။
သင် သိထားဖို့က Crush ဆိုတာ သင်တို့ ချစ်ဇာတ်လမ်းကို ဒုက္ခမပေးနိုင်ဘူး ဆိုတာပါပဲ။ Crush ရှိလို့ ကွဲသွားတဲ့ အတွဲ အလွန် ရှားပါတယ်။ သင့်ရဲ့ ပါတနာကိုလဲ တခြားသူတစ်ယောက်ကို လုံးဝ စိတ်မကစားရဘူးလို့ ဖိအားမပေးပါနဲ့။ အဲဒါကမှ ဇာတ်လမ်း နိဌိတံမှာပါ။
သင်တို့ နှစ်ယောက်လုံးကို လူတွေက ဆွဲဆောင်နိူင်တယ်ဆိုတာ မှတ်ထားပါ။ သင် သူမကို ဘာကြောင့် တစ်သက်စာ ရွေးခဲ့တယ် ဆိုတာလေးကိုတော့ အမြဲ သတိရနေပါ။ သူမလဲ အဲဒီလို ပြန်လှန်ယုံကြည်ပေးပါလိမ့်မယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================