

Zawgyi+Unicode













———————————————————————–

မုတ်ဆိတ်မွှေးထားမယ်ဆိုရင်

ယောင်္ကျားလေးတစ်ယောက်အရွယ်ရောက်လာပြီဆိုရင် မုတ်ဆိတ်မွှေးကိစ္စက စဉ်းစားစရာဖြစ်လာပါပြီ။ မုတ်ဆိတ်မွှေးထားမယ်ဆိုရင် ထိန်းသိမ်းရတဲ့တာက ထင်သလောက်လွယ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အဖေတွေက မုတ်ဆိတ်မွှေးဘယ်လိုရိတ်ရမလဲဆိုတာကို သင်ပေးချင်သင်ပေးမှာပါ။ ဒါပေမယ့် ဘယ်လို မုတ်ဆိတ်မွှေးမျိုးကို ထားမလဲ။ အဆင်ပြေပြောမုတ်ဆိတ်မွှေးပေါက်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လို ထိန်းသိမ်းမလဲဆိုတာကို ဘယ်သူကမှ ထိုင်ပြောပြမှာ မဟုတ်ဘူးဆိုတာ လောင်းရဲပါတယ်။ ဒါ့ကြောင့် မုတ်ဆိတ်မွှေးထားချင်သူတွေအတွက် ဘယ်လိုထားရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မုတ်ဆိတ်မွှေးငုတ်စိလေးတွေကနေ စပါ။

တစ်ပတ်ကို နှစ်ကြိမ်လောက်ပဲ ရိတ်ပါ။ မေးရိုးနဲ့ ပါးနေရာတဝိုက်ကို ပုံစံတကျရိတ်ပြီး လုံးဝသန့်ရှင်းနေအောင် ထားပါ။ သဘာဝကျကျပုံစံကြိုက်တယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်ပဲ ရိတ်ပါ။ ပုံစံတကျတိတိရိရိ မရိတ်ပဲ သဘာဝကျကျပေါက်နေပါစေ။

ဒီထက်ပိုပြီး ခပ်မိုက်မိုက်ဒီဇိုင်းဖြစ်ချင်တယ်ဆိုရင်တော့ နှစ်ပတ်နေမှာ တစ်ကြိမ် ဆံသဆရာဆီသွားပြီး စနစ်တကျ သန့်ရှင်းရေးလုပ်ပြီး ရိတ်ပါ။ တစ်ခုသိထားရမှာက သင့်ကမုတ်ဆိတ်မွှေးပေါက်ချင်ပေမယ့် သဘာဝပုံစံ၊ အရှည်နဲ့ အထူပေါ်မှာလိုက်ပြီးတော့ပဲ ပြင်ဆင်လို့ ရနိုင်မယ်ဆိုတာပါပဲ။

ဘယ်လိုပုံစံထားရမလဲဆိုတာမသိဘူးလား။ မျက်နှာအနေအထားနဲ့ သင့်တော်အောင်ထားပါ။

ပုံမှန်အားဖြင့်တော့ လေးထောင့်ကျတဲ့မျက်နှာတွေက ခပ်တိုတိုပြတ်ပြတ်မုတ်ဆိတ်တွေနဲ့ လိုက်ဖက်ပါတယ်။ မတိုမရှည် ဒါမှမဟုတ် မုတ်ဆိတ်မွှေးအရှည်အထူပုံစံကလည်း ပိုပြီးတော့ ယောင်္ကျားပီသတဲ့ ပုံစံဖြစ်စေပါတယ်။

မျက်နှာရှည်ပြီး ကျဉ်းရင်တော့ မုတ်ဆိတ်မွှေးအရှည်ထားတာကို ရှောင်ပါ။

ဒီမျက်နှာမျိုးတွေအတွက်က မုတ်ဆိတ်မွှေးအရှည် ဒါမှမဟုတ် မတိုမရှည်ပုံစံက လိုက်ဖက်ပါတယ်။ မုတ်ဆိတ်မွှေးငုတ်တိုလေးတွေနဲ့ လိုက်တတ်ပါတယ်။

မျက်နှာဝိုင်းတွေအတွက်ကတော့ မတိုမရှည်ပုံစံက အကောင်းဆုံးအဖြေပါပဲ။

ဂရုတစိုက်ထိန်းသိမ်းထားတဲ့ မတိုမရှည်မုတ်ဆိတ်ပုံစံက မျက်နှာဝိုင်းသူတွေအတွက် အဆင်ပြေပါတယ်။ မုတ်ဆိတ်မွှေးအရှည်ကြီးထားလိုက်မယ်ဆိုရင် မျက်နှာက ပိုဝိုင်းသွားသလို ဖြစ်သွားပါလိမ့်မယ်။

နောက်ဆုံးတစ်ခုအနေနဲ့ မုတ်ဆိတ်မွှေးတွေ မယားယံအောင် ဘယ်လိုလုပ်ကြမလဲ။

မုတ်ဆိတ်မွှေးတွေက ယားယံတတ်တာ သဘာဝပါပဲ။ ယားယံတာကို သက်သာစေဖို့အတွက် ဘီးတစ်ချောင်းနဲ့ တစ်ဖက်တည်းကို ဆွဲချပေးပါ။ မနက်ခင်းမှာ တစ်ကြိမ် ညအိပ်ခါနီးတိုင်းမှာ တစ်ကြိမ် လုပ်ပေးဖို့ လိုပါတယ်။

 

———————————————————————–

 

Related Posts

%%footer%%