ခ်ံဳၾကားမွ ဘုံဖ်ားသို႔ တက္လွမ္းလာခဲ့သူ Ralph Lauren

Zawgyi+Unicode

Ralph Lauren ဟာ (၁၉၅၇)ခုႏွစ္ DeWitt Clinton အထက္တန္းေက်ာင္းသားဘ၀မွာကတည္းက သန္းၾကြယ္သူေဌးျဖစ္ဖို႔ ရည္မွန္းခ်က္ထားရွိခဲ့သူတစ္ဦးျဖစ္ပါတယ္။ အခုအခါမွာေတာ့ သူ႔ရဲ႕ ဖက္ရွင္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Polo Ralph Lauren ရဲ႕ ေအာင္ျမင္မႈနဲ႔အတူ အေမရိကန္ေဒၚလာ ()ဘီလီယံ ပိုင္ဆိုင္တဲ့ ဘီလ်ံနာတစ္ဦးျဖစ္ေနပါၿပီ။

သူရဲ႕ငယ္အမည္ဟာ Ralph Lipschitz ျဖစ္ၿပီး အေမရိကန္ကို ေရႊ႕ေျပာင္းအေျခခ်လာတဲ့ ဂ်ဴးလူမ်ိဳးမိဘႏွစ္ဦးရဲ႕ အငယ္ဆံုးသားျဖစ္ပါတယ္။ အရြယ္ေရာက္လာတဲ့အခါမွာ ဆင္းရဲႏြမ္းပါးတဲ့ မိသားစုအေျခအေနကေန လြတ္ေျမာက္ဖို႔အတြက္ ႐ုပ္ရွင္ေတြ ၾကည့္ၿပီးေလ့လာသင္ယူခဲ့ပါတယ္။ ထိုစဥ္အခါက ႐ုပ္ရွင္ဆန္ဆန္စိတ္ကူးေတြထဲမွာ နစ္ေမ်ာခဲ့ၿပီး သူ႔ အိပ္မက္၊ သူ႔ ရည္မွန္းခ်က္ေတြနဲ႔ ကိုက္ညီတဲ့ Gary Cooper တို႔၊ Cary Grant တို႔လို မင္းသားေတြရဲ႕အခန္းေတြကို အရမ္းသေဘာက်ခဲ့ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္မွာ အႏိုင္က်င့္စေနာက္ခံရတာေတြကို ႏွစ္ေပါင္းမ်ားစြာ ၾကံ႕ၾကံ႕ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕မ်ိဳး႐ုိးနာမည္ကို Lipschitz မွ Lauren အျဖစ္သို႔ ကိုယ္တိုင္ပဲ ေျပာင္းလဲပစ္လိုက္ပါတယ္။ ေက်ာင္းၿပီးတဲ့အခါမွာ ခဏတာ စစ္မႈထမ္းခဲ့ပါေသးတယ္။ ေနာက္ေတာ့မွ နယူးေယာက္ၿမိဳ႕ကို ေျပာင္းေရႊ႕လာၿပီး Brooks Brother အထည္ဆိုင္မွာ စာေရးအလုပ္၀င္လုပ္ခဲ့ပါတယ္။

သူ႔ဘ၀ကိုေျပာင္းလဲသြားေစတဲ့အေၾကာင္းရင္းကေတာ့ ပထမဆံုးၾကည့္ဖူးခဲ့တဲ့ ပိုလိုၿပိဳင္ပြဲတစ္ခုပဲ ျဖစ္ပါတယ္။ ဒီပိုလိုပြဲကို Ralph ရဲ႕သူငယ္ခ်င္းတစ္ဦးျဖစ္သူက ေခၚသြားတာျဖစ္ၿပီး ကိုယ္ပိုင္လုပ္ငန္းတစ္ခု အေကာင္အထည္ေဖာ္ဖို႔ အျမင္ေတြ ႏိုးၾကားလာခဲ့တာျဖစ္ပါတယ္။ ပိုလိုၿပိဳင္ပြဲမွာ ေငြထည္ေတြ၊ သားေရထည္ေတြ၊ ျမင္းေတြ၊ ဦးထုပ္အႀကီးႀကီးေတြနဲ႔ မိန္းမပ်ိဳေတြ စတဲ့ အဆင့္ျမင့္လူမႈအဖြဲ႕အစည္းတစ္ခု ျမင္ေတြ႕ရၿပီးတဲ့ေနာက္မွာ ေရေပၚဆီလူ႕မလိုင္အသိုင္းအ၀ိုင္းေတြအတြက္ အဆင့္ျမင့္သပ္ရပ္တဲ့ ပထမတန္းစား အ၀တ္အထည္ေတြ ထုတ္လုပ္ဖို႔ စိတ္ကူးရခဲ့ပါတယ္။ ဒီစိတ္ကူးကေနပဲ ေနာက္ဆံုးမွာ Polo Ralph Lauren အမွတ္တံဆိပ္ကို ဖန္တီးေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

အထက္တန္းေက်ာင္းပညာအရည္အခ်င္းနဲ႔ စီးပြားေရးလုပ္ငန္းေတြအေၾကာင္း သိပ္မသိေသးတဲ့ Ralph Lauren အတြက္ ကိုယ္ပိုင္ကုမၸဏီတစ္ခု တည္ေထာင္ဖို႔ ဆံုးျဖတ္ခ်က္ဟာ စြန္႔စားမႈေတြအမ်ားႀကီးနဲ႔ ခ်မ်တ္ခဲ့ရတာ ျဖစ္ပါတယ္။ သူ႔အတြက္ ေျပာစမွတ္ျဖစ္ေစတဲ့ေအာင္ျမင္မႈတစ္ခုကေတာ့ ထိုေခတ္အခါက အရြယ္အစားေသးေသးနဲ႔ ေျဗာင္နက္ခ္တိုင္ေတြပဲ ၀တ္ဆင္ေနၾကခ်ိန္မွာ အရြယ္အစားႀကီးၿပီး အေရာင္အေသြးစံုတဲ့ နက္ခ္တိုင္ေတြကို ဒီဇိုင္းေရးဆြဲေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ သူ႔ဒီဇိုင္းေတြဟာ ၀ယ္ယူသူေတြရဲ႕ စိတ္ကိုဖမ္းစားႏိုင္ခဲ့တဲ့အတြက္ တစ္ႏွစ္အတြင္းမွာ နက္ခ္တိုင္ေပါင္း ေဒၚလာ(၅၀၀၀၀၀)ဖိုး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

ဒီလိုေအာင္ျမင္မႈကို ျမန္ျမန္ဆန္ဆန္ရရွိခဲ့ၿပီးေနာက္မွာ Ralph Lauren ဟာ သူ႔ရဲ႕ကုမၸဏီကို အရွိန္အဟုန္နဲ႔ တိုးခ်ဲ႕ခဲ့ပါတယ္။ သူဟာ ေအာင္ျမင္မႈကို သာယာေနတတ္သူမ်ိဳးမဟုတ္ပါဘူး။ အ၀တ္အထည္ ဒီဇိုင္းအသစ္ေတြကို ဖန္တီးရာမွာလည္း သူကိုယ္တိုင္၀တ္ခ်င္တဲ့အ၀တ္အစားေတြ၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦးနဲ႔ အံကိုက္ျဖစ္ေစမယ့္ အ၀တ္အစားေတြကိုပဲ ပံုေဖာ္ခဲ့ပါတယ္။ကၽြန္ေတာ္ဖန္တီးတဲ့အရာတစ္ခုကို ေနရာတိုင္းမွာ မေတြ႕ႏိုင္သလို ၀ယ္ခ်င္တိုင္းလည္း ၀ယ္လို႔ မရပါဘူးလို႔ Ralph Lauren က ေျပာခဲ့ပါတယ္။ (၁၉၉၇)ခုႏွစ္မွာ သူ႔ကုမၸဏီကို အမ်ားပိုင္ေျပာင္းလဲခဲ့ေပမယ့္ ရွယ္ယာပမာဏ (၈၁.)ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားဆဲျဖစ္ပါတယ္။

ငယ္စဥ္အခါကတည္းက သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ခ်င္ခဲ့တဲ့ Ralph Lauren ဟာ အခုဆိုရင္ အသက္(၇၅)ႏွစ္ရွိေနၿပီျဖစ္ၿပီး ေအာင္ျမင္မႈရဲ႕အရသာကို ခံစားေနႏိုင္ၿပီျဖစ္ပါတယ္။ ဂ်ေမကာ၊ Long Island Bedford မက္ဟန္တန္ တို႔မွာ အိမ္ေတြပိုင္ဆိုင္ထားသလို ေကာ္လိုရာဒိုမွာလည္း ဧက(၁၇၀၀၀) က်ယ္၀န္းတဲ့ ျခံႀကီးတစ္ခု ပိုင္ဆိုင္ထားပါေသးတယ္။

ဒါ့အျပင္ Ralph Lauren ဟာ တန္ဖိုးႀကီးရွားပါးကားေတြ စုေဆာင္းတတ္တာေၾကာင့္လည္း နာမည္ႀကီးသူ တစ္ဦးျဖစ္ပါတယ္။အျခားသူေတြကေတာ့ အႏုပညာလက္ရာေတြကို စုေဆာင္းတတ္ၾကေပမယ့္ ကၽြန္ေတာ္ကေတာ့ ရွားပါးၿပီး လွပခမ္းနားတဲ့ကားေတြကိုပိုင္ဆိုင္ရတာကို သေဘာၾကတယ္လို႔ သူက ေျပာဖူးပါတယ္။ နယူးေယာက္ၿမိဳ႕က သူပိုင္ဆိုင္တဲ့ျခံ၀န္းတစ္ခုအတြင္းမွာ အဖိုးတန္ရွားပါး ကားအစီးေရ (၇၀)ေလာက္ကို စုေဆာင္းထားပါတယ္။

Miss Universe Myanmar 2015  ႏွင့္ ေတြ႕ဆံုျခင္း


သူရဲေကာင္း Karoly Takacs
http://wp.me/p6uxf7-4H
—————————————————————————-

GM ရဲ့ တျခား ထင္ေပၚေၾကာ္ၾကားေသာ သူမ်ားႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/people/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Ralph Lauren (သို့မဟုတ်) ချုံကြားမှ ဘုံဖျားသို့ တက်လှမ်းလာခဲ့သူ

Zawgyi+Unicode

Ralph Lauren ဟာ (၁၉၅၇)ခုနှစ် DeWitt Clinton အထက်တန်းကျောင်းသားဘဝမှာကတည်းက သန်းကြွယ်သူဌေးဖြစ်ဖို့ ရည်မှန်းချက်ထားရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ အခုအခါမှာတော့ သူ့ရဲ့ ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Polo Ralph Lauren ရဲ့ အောင်မြင်မှုနဲ့အတူ အမေရိကန်ဒေါ်လာ (၇)ဘီလီယံ ပိုင်ဆိုင်တဲ့ ဘီလျံနာတစ်ဦးဖြစ်နေပါပြီ။

သူရဲ့ငယ်အမည်ဟာ Ralph Lipschitz ဖြစ်ပြီး အမေရိကန်ကို ရွှေ့ပြောင်းအခြေချလာတဲ့ ဂျူးလူမျိုးမိဘနှစ်ဦးရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုအခြေအနေကနေ လွတ်မြောက်ဖို့အတွက် ရုပ်ရှင်တွေ ကြည့်ပြီးလေ့လာသင်ယူခဲ့ပါတယ်။ ထိုစဉ်အခါက ရုပ်ရှင်ဆန်ဆန်စိတ်ကူးတွေထဲမှာ နစ်မျောခဲ့ပြီး သူ့ အိပ်မက်၊ သူ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ Gary Cooper တို့၊ Cary Grant တို့လို မင်းသားတွေရဲ့အခန်းတွေကို အရမ်းသဘောကျခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ အနိုင်ကျင့်စနောက်ခံရတာတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့မျိုးရိုးနာမည်ကို Lipschitz မှ Lauren အဖြစ်သို့ ကိုယ်တိုင်ပဲ ပြောင်းလဲပစ်လိုက်ပါတယ်။ ကျောင်းပြီးတဲ့အခါမှာ ခဏတာ စစ်မှုထမ်းခဲ့ပါသေးတယ်။ နောက်တော့မှ နယူးယောက်မြို့ကို ပြောင်းရွှေ့လာပြီး Brooks Brother အထည်ဆိုင်မှာ စာရေးအလုပ်ဝင်လုပ်ခဲ့ပါတယ်။

သူ့ဘဝကိုပြောင်းလဲသွားစေတဲ့အကြောင်းရင်းကတော့ ပထမဆုံးကြည့်ဖူးခဲ့တဲ့ ပိုလိုပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒီပိုလိုပွဲကို Ralph ရဲ့သူငယ်ချင်းတစ်ဦးဖြစ်သူက ခေါ်သွားတာဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ဖို့ အမြင်တွေ နိုးကြားလာခဲ့တာဖြစ်ပါတယ်။ ပိုလိုပြိုင်ပွဲမှာ ငွေထည်တွေ၊ သားရေထည်တွေ၊ မြင်းတွေ၊ ဦးထုပ်အကြီးကြီးတွေနဲ့ မိန်းမပျိုတွေ စတဲ့ အဆင့်မြင့်လူမှုအဖွဲ့အစည်းတစ်ခု မြင်တွေ့ရပြီးတဲ့နောက်မှာ ရေပေါ်ဆီလူ့မလိုင်အသိုင်းအဝိုင်းတွေအတွက် အဆင့်မြင့်သပ်ရပ်တဲ့ ပထမတန်းစား အဝတ်အထည်တွေ ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီစိတ်ကူးကနေပဲ နောက်ဆုံးမှာ Polo Ralph Lauren အမှတ်တံဆိပ်ကို ဖန်တီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အထက်တန်းကျောင်းပညာအရည်အချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း သိပ်မသိသေးတဲ့ Ralph Lauren အတွက် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်ဟာ စွန့်စားမှုတွေအများကြီးနဲ့ ချမျတ်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့အတွက် ပြောစမှတ်ဖြစ်စေတဲ့အောင်မြင်မှုတစ်ခုကတော့ ထိုခေတ်အခါက အရွယ်အစားသေးသေးနဲ့ ဗြောင်နက်ခ်တိုင်တွေပဲ ဝတ်ဆင်နေကြချိန်မှာ အရွယ်အစားကြီးပြီး အရောင်အသွေးစုံတဲ့ နက်ခ်တိုင်တွေကို ဒီဇိုင်းရေးဆွဲရောင်းချခဲ့တာဖြစ်ပါတယ်။ သူ့ဒီဇိုင်းတွေဟာ ဝယ်ယူသူတွေရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့တဲ့အတွက် တစ်နှစ်အတွင်းမှာ နက်ခ်တိုင်ပေါင်း ဒေါ်လာ(၅၀၀၀၀၀)ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုကို မြန်မြန်ဆန်ဆန်ရရှိခဲ့ပြီးနောက်မှာ Ralph Lauren ဟာ သူ့ရဲ့ကုမ္ပဏီကို အရှိန်အဟုန်နဲ့ တိုးချဲ့ခဲ့ပါတယ်။ သူဟာ အောင်မြင်မှုကို သာယာနေတတ်သူမျိုးမဟုတ်ပါဘူး။ အဝတ်အထည် ဒီဇိုင်းအသစ်တွေကို ဖန်တီးရာမှာလည်း သူကိုယ်တိုင်ဝတ်ချင်တဲ့အဝတ်အစားတွေ၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးနဲ့ အံကိုက်ဖြစ်စေမယ့် အဝတ်အစားတွေကိုပဲ ပုံဖော်ခဲ့ပါတယ်။ “ကျွန်တော်ဖန်တီးတဲ့အရာတစ်ခုကို နေရာတိုင်းမှာ မတွေ့နိုင်သလို ဝယ်ချင်တိုင်းလည်း ဝယ်လို့ မရပါဘူး”လို့ Ralph Lauren က ပြောခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာ သူ့ကုမ္ပဏီကို အများပိုင်ပြောင်းလဲခဲ့ပေမယ့် ရှယ်ယာပမာဏ (၈၁.၅)ရာခိုင်နှုန်းကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ငယ်စဉ်အခါကတည်းက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ Ralph Lauren ဟာ အခုဆိုရင် အသက်(၇၅)နှစ်ရှိနေပြီဖြစ်ပြီး အောင်မြင်မှုရဲ့အရသာကို ခံစားနေနိုင်ပြီဖြစ်ပါတယ်။ ဂျမေကာ၊ Long Island၊ Bedford၊ မက်ဟန်တန် တို့မှာ အိမ်တွေပိုင်ဆိုင်ထားသလို ကော်လိုရာဒိုမှာလည်း ဧက(၁၇၀၀၀) ကျယ်ဝန်းတဲ့ ခြံကြီးတစ်ခု ပိုင်ဆိုင်ထားပါသေးတယ်။

ဒါ့အပြင် Ralph lauren ဟာ တန်ဖိုးကြီးရှားပါးကားတွေ စုဆောင်းတတ်တာကြောင့်လည်း နာမည်ကြီးသူ တစ်ဦးဖြစ်ပါတယ်။ “အခြားသူတွေကတော့ အနုပညာလက်ရာတွေကို စုဆောင်းတတ်ကြပေမယ့် ကျွန်တော်ကတော့ ရှားပါးပြီး လှပခမ်းနားတဲ့ကားတွေကိုပိုင်ဆိုင်ရတာကို သဘောကြတယ်” လို့ သူက ပြောဖူးပါတယ်။ နယူးယောက်မြို့က သူပိုင်ဆိုင်တဲ့ခြံဝန်းတစ်ခုအတွင်းမှာ အဖိုးတန်ရှားပါး ကားအစီးရေ (၇၀)လောက်ကို စုဆောင်းထားပါတယ်။

Miss Universe Myanmar 2015 နှင့် တွေ့ဆုံခြင်း


သူရဲကောင်း Karoly Takacs
http://wp.me/p6uxf7-4H
—————————————————————————-

GM ရဲ့ တခြား ထင်ပေါ်ကြော်ကြားသော သူများနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/people/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%