၃. နှုးဖို့ မေ့ခြင်း
၎. ပန်းဖူးလေးကိုပဲ အာရုံစိုက်ခြင်း
၉. တည်လွန်းခြင်း
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ယောက်ျားများ ရှောင်သင့်တဲ့ လိင်ကိစ္စအမှား ၁၀ ခု (18+)
လိင်ဆက်ဆံမှု ကောင်းကောင်း ဘယ်လို လုပ်ရမလဲဆိုတာ ညွှန်ကြားချက်တွေ အင်တာနက်ပေါ်မှာ တစ်ပုံတစ်ပင်ကြီးပါ။ လူတွေ အတတ်လွန်ပြီး ပြသနာတွေ ဖြစ်ကုန်ကြမှာစိုးလို့ ကျွန်တော်တို့ဟာ လိင်ဆက်ဆံမှု ကျွမ်းကျင် ပညာရှင်တွေဆီကို အဆိုးရွားဆုံး လိင်ကိစ္စအမှားတွေဟာ ဘယ်ဟာတွေလဲလို့ မေးခဲ့ပါတယ်။ အောက်မှာ လိင်ကိစ္စမှာ ရှောင်သင့်တဲ့ အရာတွေကို သိရှိနိုင်ပါတယ်။
၁. နှုတ်ခမ်းမွှေးကိစ္စ
နှုတ်ခမ်းမွှေးစစလေးဟာ ကြည့်ကောင်းပေမယ့် လိင်ဆက်ဆံရာမှာတော့ အဆင်မပြေပါဘူး။ နှုတ်ခမ်းမွှေးတွေနဲ့ လိင်အင်္ဂါတွေကို ပွတ်တိုက်မိရင် ရှခြင်း၊ မသက်မသာ ခံစားရခြင်းတို့ ဖြစ်ပြီး ခံစားလွယ်တဲ့ လိင်အင်္ဂါ အရေပြားပေါ်မှာ ဝက်ခြံလေးတွေ ထွက်လာနိုင်ပါတယ်။ သင့်ရဲ့ ပါတနာကို အဆင်ပြေလားမေးကြည့်ပြီး အပြောင် ရှင်းသင့် ရှင်းလိုက်ပါ။
၂. ပြီးရန် ဆန္ဒ စောလွန်းခြင်း
သင့်ရဲ့ ပါတနာကို လိင်ဆက်ဆံမှုရဲ့ အဆုံးစွန် အရသာကို ပေးချင်တာ သဘာဝကျပေမယ့် ပြီးဖို့ကိုပဲ ဆန္ဒစောနေတာ မဟုတ်သေးပါဘူး။ အကြာကြီး ဆက်တိုက် ဆက်ဆံတာဟာ ယောက်ျားလေးဘက်မှာ ပန်းသေပန်းညှိုး တောင် ဖြစ်စေနိုင်ပါတယ်။ လူတိုင်း မပြီးနိုင်ဘူး ဆိုတာရယ်၊ ပြီးပြီး မပြီးပြီး လိင်ဆက်ဆံရတာကို ကျေနပ်နေသူတွေ အများကြီးဆိုတာရယ်ကို မှတ်ထပါ။
၃. နှုးဖို့ မေ့ခြင်း
ယောက်ျားနဲ့ မိန်းမ စိတ်ကြွပုံခြင်း ကွာပါတယ်။ ယောက်ျားတော်တော်များများဟာ ဆက်ဆံနေစဉ် မိန်းမက အလိုလို စိတ်ကြွလာမယ် ထင်တတ်ကြပါတယ်။ အမှန်ကတော့ မိန်းမတွေဟာ မိနစ် ၂၀ လောက် နှုးပေးမှ ရုပ်ပိုင်းဆိုင်ရာ စိတ်ကြွမှု ဖြစ်တာပါ။ အဲဒိလို နှိုးဆွမှာ မရှိရင် သဘာဝ ချောဆီ မထွက်ခြင်းနဲ့ အရေပြားနာခြင်းတို့ ဖြစ်တတ်ပါတယ်။ စိတ်မကြွရင် သူမရဲ့ မအင်္ဂါဟာ ရှည်လျားမလာတော့ပဲ ဆက်ဆံတဲ့အခါ သားအိမ်ဝနဲ့ တိုးတိုက်မိပြီး နာတတ်ပါတယ်။
၄. ပန်းဖူးလေးကိုပဲ အာရုံစိုက်ခြင်း
ပန်းဖူးလေးဟာ အာရုံခံစားမှု ပြင်းလွန်းလို့ စတင် နှိုးဆွသင့်တဲ့ နေရာ မဟုတ်ပါဘူး။ လုံးဝချန်ထားဖို့လဲ မသငိ့လျော်ပါဘူး။ ပန်းပွင့်လေးကို တစ်ပြင်လုံး အချိုးညီညီ နှိုးဆွပေးပါ။
၅. ပွတ်သီးပွတ်သပ် မနေမိခြင်း
ယောက်ျားတွေ အသက်ကြီးလာတာနဲ့ သူ့ရဲ့ အဖော်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု ပိုလာလေ လိင်ဆက်ဆံမှု အရသာ ပိုကောင်းလာလေပါ။ သင့်အဖော်နဲ့ ရိုးရိုးသားသား စကားလေးတွေ ပြောပေးပါ။ ကြင်နာပေးပါ။ ရိုမန်တစ် ဆန်ပေးပါ။ နှစ်ဦးထဲ ရိုမန်တစ်ဆန်ဆန် ညစာစားပွဲလေးတွေ မကြာခဏ လုပ်ပေးပါ။
၆. ပြင်ဆင်မှု မရှိခြင်း
လိင်ကိစ္စအတွက် ကြိုပြင်ထားဖို့ဆိုတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရာမှာ ကွန်ဒွမ် ရှာမရတာမျိုး၊ ချောဆီရှာမရတာမျိုးဆိုရင် ဒီတိုင်း လုပ်လိုက်ရင် ပြသနာတွေ တက်လာနိုင်ပါတယ်။ ကွမ်ဒွမ်၊ ချောဆီ၊ ခေါင်းအုံးလေးတွေ လိုမယ်ထင်ရင် ကြိုပြင်ထားပါ။ သင် ပုံစံသစ်တွေ စမ်းသပ်ချင်ရင် ကြိုကြိုတင်တင် အကြောလျော့ထားပါ။
၇. အားလုံးကို တစ်ပြေးညီထဲ မှတ်ယူထားခြင်း
လိင်ဆက်ဆံမှုမှာ တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ကြပါဘူး။ ဒီကောင်မလေးက ဒါကြိုက်လို့ ဟိုကောင်မလေးလဲ ဒါကြိုက်မယ်ဆိုတာ ပြောလို့မရပါဘူး။ သင့်ကို ဘာက စိတ်ကြွစေတယ်၊ ဘာက မကြွစေဘူးဆိုတာ ဖွင့်ပြောပါ။ အိပ်ရာ မဝင်ခင်ကတည်းက နှစ်ယောက် ညှိထားပါ။ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောပဲ မကြိုက်ဘူးကြိုက်တယ် သိစေဖို့ နည်းလမ်းတွေ ကြိုစဉ်းစားထားပါ။
၈. အဆန်းထွင်ရမှာ ကြောက်ခြင်း
သင် သင့်ပါတနာကစလာတဲ့ နည်းထူးနည်းဆန်းတွေကို ကြောက်ရင် သူတို့ကို ဖွင့်ပြောပါ။ သင်ကလဲ အသစ်အဆန်း တချို့ကို ကြိုးစားကြည့်သင့်ပါတယ်။ အသစ်အဆန်းတွေကို ကြိုးစားနေစဉ်မှာလဲ အဆင်မပြေရင်၊ နာရင် ချက်ခြင်းရပ်သင့်ပါတယ်။
၉. တည်လွန်းခြင်း
လူတော်တော်များများဟာ လိင်ဆက်ဆံတာ ပျော်ချင်လို့ လုပ်တယ်ဆိုတာ မေ့ထားကြပါတယ်။ လိင်ဆက်ဆံစဉ်မှာ ကိုယ့်ဘာသာ စိတ်ဖြေလျော့ထားသင့်ပါတယ်။ လူတွေဟာ ဆက်ဆံစဉ် ရယ်ဖို့ မေ့နေတတ်ကြပါတယ်။ လိင်ကိစ္စဆိုတာ ပျော်စရာကောင်းတဲ့ နေရာတစ်ခုပါ။ ရုပ်တည်ကြီးနဲ့ ပြီးဖို့ကို အားသွန်ခွန်စိုက် ကြိုးစားနေဖို့ မလိုပါဘူး။
၁၀. အဆက်အသွယ် မရှိခြင်း
လိင်မှုကိစ္စဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မိနေရင် အများကြီး ပိုကောင်းပါတယ်။ လူတွေဟာ လိင်မဆက်ဆံစဉ်၊ ဆက်ဆံစဉ်နဲ့ ဆက်ဆံပြီးချိန်တွေမှာတောင် ဆက်သွယ်နေသင့်ပါတယ်။ မဆက်ဆံခင်မှာ ဘာမကြိုက်ဘူးလဲ၊ ဘာကြိုက်လဲ ဆိုတာ မေးသင့်ပြီး ဆက်ဆံစဉ်မှာ ဘယ်ဘက် နည်းနည်း၊ ညာဘက် နည်းနည်း၊ ဆိုတာလေးတွေ ပြောပေးသင့်ပါတယ်။
မိန်းမတွေဖောက်ပြန်ရတဲ့ အကြောင်းပြချက်များက သင့်ကို ပါးစပ်ဟောင်းလောင်းဖြစ်စေပါမယ်
https://wordpress.com/post/95935645/458/
စာဖတ်သူကိုချစ်သူအဖြစ်ရွေးချယ်သင့်တဲ့အကြောင်းရင်း
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/
မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================