GM-Ads
သင်












http://wp.me/p6uxf7-6U
http://wp.me/p6uxf7-1B



—————————————————————————- 

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

သင် အာသာဖြေတာ များနေပြီဖြစ်ကြောင်းပြတဲ့ လက္ခဏာ ၁၀ မျိုး

အာသာဖြေတာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ ပြောရရင် ကျန်းမာရေးအကျိုးကျေးဇူးတွေတောင် ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ သင် အာသာဖြေတာ များနေကြောင်း ပြတဲ့ လက္ခဏာ ၁၀ ခုကတော့

၁. ပထမ အထင်ရှားဆုံး အချက်ကတော့ သင် အာသာဖြေတာ သင့်ကိုယ်ခန္ဓာကို ထိခိုက်လာတာပါပဲ။ တစ်နေ့မှာ ဘယ်နှခေါက်ထက် ပိုမလုပ်ရဘူးလို့ ကန့်သတ်ထားတာ မရှိပေမယ့် သင့်ကိုယ်သင် ဒဏ်ရာရတဲ့ အခြေအနေထိ ဖြစ်နေရင်တော့ လျှော့ဖို့ လိုအပ်နေပါပြီ။

၂. သင် အမြဲ အာသာဖြေချင်နေရင်ပါ။ သင် လုပ်ပြီးပြီးချင်းမှာတောင် နောက်တစ်ခေါက်ကို တောင့်တနေမိရင်ပါ။ ဆက်တိုက် အာသာဖြေနေဖို့ လိုအပ်နေမိရင်ပါ။

၃. သင် အာသာဖြေရခြင်းကို အပြင်မှာ အဖော်နဲ့ တကယ် ဆက်ဆံရခြင်းထက် ပိုအလေးပေးမိနေရင်ပါ။ သင့်ပါတနာနဲ့ ပွတ်သီးပွတ်သပ် မရှိတော့ဘူး။ သင့်ကို သင့်လက်ကပဲ စိတ်ကြိုက်အရသာ ပေးနိုင်တဲ့ အခြေအနေရောက်လာရင်ပါ။

၄. တကယ် လိင်ဆက်ဆံတုန်းမှာ မာကျောမလာတာ မျိုးပါ။ သင်က သင့်ခန္ဓာကိုယ်ကို အရည်ပြန်ဖြည့်ဖို့ အချိန်မပေးလို့ ဖြစ်လာရတာပါ။

၅. ပါတနာတွေ အများကြီးနဲ့ ဆက်ဆံပြီးတာတောင် ဘယ်သူနဲ့မှ ကျေနပ်မှု မရတာမျိုးပါ။ အဲဒါဟာ သင် လက်များနေပြီဆိုတာ ပြတဲ့ လက္ခဏာလေးပါ။

၆. လက်များတာဟာ ဆံပင် ကျွတ်စေပါတယ်။ သင်ရုတ်တရက် ဆံပင်တွေ အမြောက်အများ ကျွတ်လာတာ တွေ့ရင်တော့ နည်းနည်း လက်လျှော့ဖို့ လိုပါပြီ။

၇. တစ်ရက် တစ်ခေါက်လောက်မှ မလုပ်လိုက်ရင် မနေနိုင်တော့ရင်ပါ။ သင် ဘယ်နေရာ၊ ဘယ်လိုအခြေအနေရောက်နေနေ သင့်ကောင်လေးနဲ့ မကစားပဲ မနေနိုင်ရင်ပါ။

၈. သင် တကယ်လိုချင်တာ မဟုတ်ပဲ အကျင့်ရနေလို့ အာသာဖြေဖြစ်နေရင်ပါ။

၉. သင် ဘယ်လောက် အာသာမဖြေပဲ ကြာကြာနေနိုင်သလဲဆိုတာ သင့်ကိုယ်သင် ထိန်းကြည့်ပြီး ပထမနေ့မှာပဲ အရှုံးပေးလိုက်ရရင်ပါ။

၁၀. တစ်ခေါက်ပြီးသွားရုံနဲ့ မလုံလောက်ပဲ တစ်ညထဲမှာ အကြိမ်ကြိမ် လုပ်မိနေရင်ပါ။ သင် ညနက်နက် အိပ်မပျော်လို့ အဲဒါ ပြန်ထောင်လာမှာ စောင့်ပြီး တစ်ချီလောက် ဆွဲလိုက်မိသေးရင်တော့ သင်များနေပါပြီ။

ကိုမျိုးအောင် ဖြစ်စေမယ့် အတွင်းခံ အမျိုးအစား
http://wp.me/p6uxf7-6U
လိင်စိတ် လျော့နည်းလာတဲ့ အကြောင်းရင်း
http://wp.me/p6uxf7-1B

GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/health/

မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================