သင့္ရဲ႕အားသာခ်က္ေတြကို ေဖာ္ထုတ္ႏိုင္ဖို႔ နည္းလမ္း(၄)ခု

သင့္ရဲ႕အားသာခ်က္ေတြကို ေဖာ္ထုတ္ႏိုင္ဖို႔ နည္းလမ္း()ခု

သင့္ရဲ႕အားသာခ်က္ေတြက ဘာေတြလဲဆိုတာကို သင္သိပါသလား။ သင့္လုပ္တဲ့အလုပ္ကို ျမတ္ႏိုးတန္ဖိုးထားတတ္ျခင္းရဲ႕ အဓိကေသာ့ခ်က္က သင့္ရဲ႕အားသာခ်က္ေတြနဲ႔ ကိုက္ညီမႈရွိလို႔ပဲ ျဖစ္ပါတယ္။ စဥ္းစားၾကည့္ပါ။ လူအမ်ားစုဟာ သူတို႔ရဲ႕စိတ္ပါ၀င္စားတဲ့အလုပ္အကိုင္ကို မေတြ႕ၾကတဲ့အတြက္ မလုပ္ခ်င္တဲ့ အလုပ္ေတြကို လုပ္ေနၾကရပါတယ္။ ဒါ့ေၾကာင့္ မလုပ္ခ်င္တာေတြကို လုပ္မေနပါနဲ႔ေတာ့။ သင့္ရဲ႕အားသာခ်က္ေတြကို အသံုးခ်ၿပီး ၀ါသနာပါတဲ့အလုပ္ကိုလုပ္ပါ။ သင့္ရဲ႕အားသာခ်က္က ဘာေတြလဲ၊ ဘယ္လိုအလုပ္အကိုင္မ်ိဳးက အသင့္ေတာ္ဆံုးျဖစ္မလဲဆိုတာကို သိႏိုင္ဖို႔ နည္းလမ္း ()ခုကို ေဖာ္ျပထားပါတယ္။

၁။ သင့္အရည္အခ်င္းေတြက ဘာေတြလဲ။

သင္အေၾကာင္းအသိဆံုးျဖစ္တဲ့ လူဆယ္ေယာက္ဆယ့္ငါးေယာက္ေလာက္ကို ရွာပါ။ သင္နဲ႔ နက္နက္႐ႈိင္း႐ႈိင္း ေမတၱာတရားဆက္သြယ္မႈရွိသူေတြနဲ႔ သာမန္ရင္းႏွီးသူေတြဆိုၿပီး သူတို႔ကို ႏွစ္မ်ိဳးခြဲျခားလိုက္ပါ။ ၿပီးရင္ သင္က ဘယ္ကိစၥေတြမွာ အေကာင္းဆံုးအေတာ္ဆံုးျဖစ္ၿပီး ဘယ္ကိစၥေတြမွာ အဆိုးဆံုးအညံ့ဆံုးျဖစ္လဲဆိုတာကို တစ္ေယာက္ခ်င္းစီ လိုက္ေမးပါ။ အရိုးသားဆံုး မငဲ့ညွာစတမ္းေျဖခိုင္းပါ။ သင့္ကို တကယ္ခ်စ္တဲ့သူေတြဆီကေတာ့ အ႐ုိးသားဆံုးအေျဖကို ရမွာမဟုတ္ပါဘူး။ သူတို႔က သင့္ကိုမနာက်ဥ္ေစခ်င္ၾကလို႔ပါ။ သင့္ရဲ႕အားနည္းခ်က္ေတြကို ရွင္းထုတ္ပစ္လိုက္မယ္ဆိုရင္ အားသာခ်က္ေတြကို အျမန္ဆံုးေတြ႕ရွိမွာျဖစ္ပါတယ္။

၂။ သင့္ရဲ႕အားသာခ်က္ေတြက ဘာေတြလဲ။

သင့္ဘ၀ေအာင္ျမင္မႈနဲ႔ဆိုင္တဲ့အရည္အခ်င္းေတြကို စိတ္ကူးယဥ္ဆန္တဲ့ ႐ႈေထာင့္ကေန ၾကည့္လို႔မရႏိုင္ပါဘူး။ ဥပမာသင္က ပညာေရးမွာ စိတ္၀င္စားမႈမရွိဘူးဆိုေပမယ့္ ေျဖလိုက္တိုင္း အေကာင္းဆံုးရမွတ္ေတြ ရေနတာမ်ိဳး။ အားကစားတစ္ခုခုကို ထူးခၽြန္ေနေပမယ့္ စိတ္မ၀င္စားဘူးဆိုတာမ်ိဳးေတြပါ။ တကယ္ေတာ့ ဒါေတြဟာ သင့္ရဲ႕ရွိၿပီးသား အားသာခ်က္ေတြကို သတိမထားမိတဲ့အတြက္ ဘာလုပ္ရမွန္းမသိျဖစ္ေနတာပါ။ သင္လုပ္ခ်င္တဲ့အရာအတြက္ လုိအပ္တဲ့အရည္အခ်င္းေတြကို စာရင္းခ်ၾကည့္ပါ။ ဒီစာရင္းထဲက တစ္ခ်ိဳ႕အရာေတြက သင့္မွာရွိၿပီးသားျဖစ္ေနမွာပါ။ သင့္ရဲ႕လက္ရွိ အားသာခ်က္ေတြကို အသံုးခ်ၿပီး အရင္က သင္ကိုယ္တိုင္ေတာင္ ရွိလို႔ရွိမွန္း မသိခဲ့တဲ့ ပါရမီေတြကို ရွာေဖြေဖာ္ထုတ္ပါ။

၃။ အရာအားလံုးကို ဖတ္႐ႈပါ။

သင့္ရဲ႕တစ္ကိုယ္ရည္အားသာခ်က္ေတြကို ရွာေဖြေတြ႕ရွိဖို႔အတြက္က အရမ္းကို ပုဂၢိဳဟ္ေရးဆန္ပါတယ္။ တကယ့္ကို လက္ေတြ႕အဆန္ဆံုး အၾကံဉာဏ္ေပးရမယ္ဆိုရင္ေတာ့ အားလပ္ရက္အပန္းေျဖခရီးသြားပါ။ ဟုတ္ပါတယ္။ တကယ္ေျပာေနတာပါ။ ဒါေပမယ့္ ဒီအတိုင္း အပန္းေျဖခရီးသက္သက္ေတာ့မဟုတ္ပါဘူး။ ခရီးသြားေနတဲ့အခ်ိန္မွာ သင့္ဆီကိုေရးသားေပးပို႔တဲ့ အီးေမးလ္ေတြ၊ စာေတြ၊ မွတ္စုေတြအားလံုးကို ျပန္ဖတ္ပါ။ အားလံုးကို ဖတ္ပါ။ ဖတ္ေနရင္းနဲ႔ ငါ့ရဲ႕ဘယ္အရည္အခ်င္းေတြကို အျမဲတမ္းတိုးတက္ေနေအာင္ လုပ္မလဲဆိုတာကို ကိုယ့္ကိုယ္ကိုျပန္ေမးပါ။ တဖက္ကလည္း သင္ဘယ္ေနရာမေကာင္းဘူးလဲဆိုတာကို သိရွိၿပီး ျပင္ဆင္ပါ။ ဒီအလုပ္က အခ်ိန္ေတြအမ်ားႀကီးၾကာမွာပါ။ ဒါေပမယ့္ စဥ္းစားၾကည့္ပါ။ သင့္ရဲ႕ အားသာခ်က္ေတြကို အမွန္တကယ္သိခ်င္တယ္ဆိုရင္ အခ်ိန္ေပးရက်ိဳးနပ္မွာပါ။ တကယ္ေတာ့ အခုအခ်ိန္ေပးရတယ္ဆိုတာက သင့္ရဲ႕လက္က်န္ဘ၀တစ္ခုလံုးမွာ ရရွိမယ့္ေပ်ာ္ရႊင္မႈနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ထိုက္တန္ပါတယ္။

၄။ သူစိမ္းေတြကို ေမးျမန္းပါ။

လူမႈကြန္ယက္ေတြက သတင္းအခ်က္အလက္ေတြ အမ်ားဆံုးရႏိုင္တဲ့ ေနရာပဲျဖစ္ပါတယ္။ Facebook လိုမ်ိဳး လူမႈဆက္ဆံေရးကြန္ယက္ေတြမွာပဲျဖစ္ျဖစ္ သင့္ရဲ႕အားသာခ်က္က ဘာေတြလဲဆိုတာကို ေမးျမန္းတဲ့ post တင္ၾကည့္ပါ။ သင့္တင္တဲ့အေၾကာင္းအရာကို စိတ္၀င္စားတဲ့လူေတြနဲ႔ ဆက္သြယ္ၿပီး ကိုယ္နဲ႔ပတ္သက္လို႔ သူတို႔ႏွစ္သက္တဲ့အရာက ဘာလဲ၊ ဘယ္အေၾကာင္းအရာက သူတို႔ကို ကူညီရာေရာက္ေစတာလဲ၊ ဘယ္အလုပ္မ်ိဳးက သင့္ေတာ္မလဲ၊ ကိုယ့္ရဲ႕အလားအလာဘယ္လိုရွိလဲ ဆိုတာေတြကို ေမးၾကည့္ပါ။

ဒီအဆင့္ေလးဆင့္ၿပီးရင္ေတာ့ သင့္ရဲ႕ေျခလွမ္းအသစ္အတြက္ လုိအပ္တဲ့အခ်က္အလက္ေတြ အမ်ားႀကီးရရွိေနမွာျဖစ္ပါတယ္။ အားလံုးကို ျခံဳငံုသံုးသပ္ၿပီး သင့္အတြက္အက်ိဳးရွိေစမယ့္ အရည္အခ်င္းနဲ႔ အားသာခ်က္ေတြကို ရွာထုတ္ပါ။ ၿပီးရင္ေတာ့ အားသာခ်က္ေတြကို အေျခခံၿပီး ေရြးခ်ယ္စရာေတြက အမ်ားႀကီးပါ။ အလုပ္အသစ္ရွာမလား၊ ကိုယ္ပိုင္လုပ္ငန္းထူေထာင္မလား။ သင့္ရဲ႕အားသာခ်က္ေတြကို အသံုးခ်ေပးႏိုင္မယ့္ လုပ္ငန္းတြဲဖက္လုပ္ကိုင္မယ့္သူရွာမလား၊ စသျဖင့္ သင့္သေဘာရွိရာကို လုပ္ေဆာင္ႏိုင္ပါၿပီ။

အမ်ားက မွတ္မိလြယ္သူတစ္ဦးျဖစ္ဖို႔ လိုအပ္ခ်က္(၄)ခု
http://wp.me/p6uxf7-bq
Emotional Intelligence(EI) ရဲ႕ ေကာင္းက်ိဳးနဲ႕ ဆိုုးက်ိဳး
http://wp.me/p6uxf7-a1

GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

သင့်ရဲ့အားသာချက်တွေကို ဖော်ထုတ်နိုင်ဖို့ နည်းလမ်း(၄)ခု

သင့်ရဲ့အားသာချက်တွေက ဘာတွေလဲဆိုတာကို သင်သိပါသလား။ သင့်လုပ်တဲ့အလုပ်ကို မြတ်နိုးတန်ဖိုးထားတတ်ခြင်းရဲ့ အဓိကသော့ချက်က သင့်ရဲ့အားသာချက်တွေနဲ့ ကိုက်ညီမှုရှိလို့ပဲ ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ လူအများစုဟာ သူတို့ရဲ့စိတ်ပါဝင်စားတဲ့အလုပ်အကိုင်ကို မတွေ့ကြတဲ့အတွက် မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေကြရပါတယ်။ ဒါ့ကြောင့် မလုပ်ချင်တာတွေကို လုပ်မနေပါနဲ့တော့။ သင့်ရဲ့အားသာချက်တွေကို အသုံးချပြီး ဝါသနာပါတဲ့အလုပ်ကိုလုပ်ပါ။ သင့်ရဲ့အားသာချက်က ဘာတွေလဲ၊ ဘယ်လိုအလုပ်အကိုင်မျိုးက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို သိနိုင်ဖို့ နည်းလမ်း (၄)ခုကို ဖော်ပြထားပါတယ်။

၁။ သင့်အရည်အချင်းတွေက ဘာတွေလဲ။

သင်အကြောင်းအသိဆုံးဖြစ်တဲ့ လူဆယ်ယောက်ဆယ့်ငါးယောက်လောက်ကို ရှာပါ။ သင်နဲ့ နက်နက်ရှိုင်းရှိုင်း မေတ္တာတရားဆက်သွယ်မှုရှိသူတွေနဲ့ သာမန်ရင်းနှီးသူတွေဆိုပြီး သူတို့ကို နှစ်မျိုးခွဲခြားလိုက်ပါ။ ပြီးရင် သင်က ဘယ်ကိစ္စတွေမှာ အကောင်းဆုံးအတော်ဆုံးဖြစ်ပြီး ဘယ်ကိစ္စတွေမှာ အဆိုးဆုံးအညံ့ဆုံးဖြစ်လဲဆိုတာကို တစ်ယောက်ချင်းစီ လိုက်မေးပါ။ အရိုးသားဆုံး မငဲ့ညှာစတမ်းဖြေခိုင်းပါ။ သင့်ကို တကယ်ချစ်တဲ့သူတွေဆီကတော့ အရိုးသားဆုံးအဖြေကို ရမှာမဟုတ်ပါဘူး။ သူတို့က သင့်ကိုမနာကျဉ်စေချင်ကြလို့ပါ။ သင့်ရဲ့အားနည်းချက်တွေကို ရှင်းထုတ်ပစ်လိုက်မယ်ဆိုရင် အားသာချက်တွေကို အမြန်ဆုံးတွေ့ရှိမှာဖြစ်ပါတယ်။

၂။ သင့်ရဲ့အားသာချက်တွေက ဘာတွေလဲ။

သင့်ဘ၀အောင်မြင်မှုနဲ့ဆိုင်တဲ့အရည်အချင်းတွေကို စိတ်ကူးယဉ်ဆန်တဲ့ ရှုထောင့်ကနေ ကြည့်လို့မရနိုင်ပါဘူး။ ဥပမာ – သင်က ပညာရေးမှာ စိတ်ဝင်စားမှုမရှိဘူးဆိုပေမယ့် ဖြေလိုက်တိုင်း အကောင်းဆုံးရမှတ်တွေ ရနေတာမျိုး။ အားကစားတစ်ခုခုကို ထူးချွန်နေပေမယ့် စိတ်မဝင်စားဘူးဆိုတာမျိုးတွေပါ။ တကယ်တော့ ဒါတွေဟာ သင့်ရဲ့ရှိပြီးသား အားသာချက်တွေကို သတိမထားမိတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတာပါ။ သင်လုပ်ချင်တဲ့အရာအတွက် လိုအပ်တဲ့အရည်အချင်းတွေကို စာရင်းချကြည့်ပါ။ ဒီစာရင်းထဲက တစ်ချို့အရာတွေက သင့်မှာရှိပြီးသားဖြစ်နေမှာပါ။ သင့်ရဲ့လက်ရှိ အားသာချက်တွေကို အသုံးချပြီး အရင်က သင်ကိုယ်တိုင်တောင် ရှိလို့ရှိမှန်း မသိခဲ့တဲ့ ပါရမီတွေကို ရှာဖွေဖော်ထုတ်ပါ။

၃။ အရာအားလုံးကို ဖတ်ရှုပါ။

သင့်ရဲ့တစ်ကိုယ်ရည်အားသာချက်တွေကို ရှာဖွေတွေ့ရှိဖို့အတွက်က အရမ်းကို ပုဂ္ဂိုဟ်ရေးဆန်ပါတယ်။ တကယ့်ကို လက်တွေ့အဆန်ဆုံး အကြံဉာဏ်ပေးရမယ်ဆိုရင်တော့ အားလပ်ရက်အပန်းဖြေခရီးသွားပါ။ ဟုတ်ပါတယ်။ တကယ်ပြောနေတာပါ။ ဒါပေမယ့် ဒီအတိုင်း အပန်းဖြေခရီးသက်သက်တော့မဟုတ်ပါဘူး။ ခရီးသွားနေတဲ့အချိန်မှာ သင့်ဆီကိုရေးသားပေးပို့တဲ့ အီးမေးလ်တွေ၊ စာတွေ၊ မှတ်စုတွေအားလုံးကို ပြန်ဖတ်ပါ။ အားလုံးကို ဖတ်ပါ။ ဖတ်နေရင်းနဲ့ ငါ့ရဲ့ဘယ်အရည်အချင်းတွေကို အမြဲတမ်းတိုးတက်နေအောင် လုပ်မလဲဆိုတာကို ကိုယ့်ကိုယ်ကိုပြန်မေးပါ။ တဖက်ကလည်း သင်ဘယ်နေရာမကောင်းဘူးလဲဆိုတာကို သိရှိပြီး ပြင်ဆင်ပါ။ ဒီအလုပ်က အချိန်တွေအများကြီးကြာမှာပါ။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ သင့်ရဲ့ အားသာချက်တွေကို အမှန်တကယ်သိချင်တယ်ဆိုရင် အချိန်ပေးရကျိုးနပ်မှာပါ။ တကယ်တော့ အခုအချိန်ပေးရတယ်ဆိုတာက သင့်ရဲ့လက်ကျန်ဘဝတစ်ခုလုံးမှာ ရရှိမယ့်ပျော်ရွှင်မှုနဲ့ နှိုင်းယှဉ်ကြည့်ရင် ထိုက်တန်ပါတယ်။

၄။ သူစိမ်းတွေကို မေးမြန်းပါ။

လူမှုကွန်ယက်တွေက သတင်းအချက်အလက်တွေ အများဆုံးရနိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ Facebook လိုမျိုး လူမှုဆက်ဆံရေးကွန်ယက်တွေမှာပဲဖြစ်ဖြစ် သင့်ရဲ့အားသာချက်က ဘာတွေလဲဆိုတာကို မေးမြန်းတဲ့ post တင်ကြည့်ပါ။ သင့်တင်တဲ့အကြောင်းအရာကို စိတ်ဝင်စားတဲ့လူတွေနဲ့ ဆက်သွယ်ပြီး ကိုယ်နဲ့ပတ်သက်လို့ သူတို့နှစ်သက်တဲ့အရာက ဘာလဲ၊ ဘယ်အကြောင်းအရာက သူတို့ကို ကူညီရာရောက်စေတာလဲ၊ ဘယ်အလုပ်မျိုးက သင့်တော်မလဲ၊ ကိုယ့်ရဲ့အလားအလာဘယ်လိုရှိလဲ ဆိုတာတွေကို မေးကြည့်ပါ။

ဒီအဆင့်လေးဆင့်ပြီးရင်တော့ သင့်ရဲ့ခြေလှမ်းအသစ်အတွက် လိုအပ်တဲ့အချက်အလက်တွေ အများကြီးရရှိနေမှာဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ပြီး သင့်အတွက်အကျိုးရှိစေမယ့် အရည်အချင်းနဲ့ အားသာချက်တွေကို ရှာထုတ်ပါ။ ပြီးရင်တော့ အားသာချက်တွေကို အခြေခံပြီး ရွေးချယ်စရာတွေက အများကြီးပါ။ အလုပ်အသစ်ရှာမလား၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်မလား။ သင့်ရဲ့အားသာချက်တွေကို အသုံးချပေးနိုင်မယ့် လုပ်ငန်းတွဲဖက်လုပ်ကိုင်မယ့်သူရှာမလား၊ စသဖြင့် သင့်သဘောရှိရာကို လုပ်ဆောင်နိုင်ပါပြီ။

အများက မှတ်မိလွယ်သူတစ်ဦးဖြစ်ဖို့ လိုအပ်ချက်(၄)ခု
http://wp.me/p6uxf7-bq
Emotional Intelligence(EI) ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး
http://wp.me/p6uxf7-a1

GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%