သင့္ ဆီးခံုေမႊးအေၾကာင္း သိထားသင့္သမ်ွ

သင့္ ဆီးခံုေမႊးအေၾကာင္း သိထားသင့္သမ်ွ

တစ္ခါတစ္ေလမွာ သင္ အရင္က လံုးဝ မစဥ္းစားမိတဲ့ သင့္ ခႏၶာကိုယ္က အစိတ္အပိုင္းေတြ အေၾကာင္း စဥ္းစားဖို႔ ေတာ္ေတာ္ခက္ပါတယ္။ အခု သင့္ ဆီးခံုေမႊးအေၾကာင္းကို ဇာတ္လမ္းေလးတစ္ပုဒ္နဲ႔ စၿပီး ေျပာျပပါမယ္။

ဒီ စိတ္ပ်က္စရာ ဇာတ္လမ္းက အဂၤလန္၊ West Sussex မွာ ျဖစ္ခဲ့တာပါ။ Mark Longley ဆိုတဲ့ သတို႔သားေလာင္းတစ္ေယာက္ဟာ သူ႔သူငယ္ခ်င္းေတြနဲ႔ Bachelor Night ပါတီ ဆင္ႏႊဲေနတာပါ။ အဲဒိမွာ အရက္မူးေနတဲ့ သူ႔ေဘာ္ဒါေတြက သူ႔ကို ကုလားထိုင္မွာ ႀကိဳးနဲ႔တုပ္ၿပီး သူ႔ဆီးခံုေမႊးကို သူ႔မ်က္ႏွာေပၚ ျပန္ကပ္ခဲ့ပါတယ္။ ၿပီးေတာ့ FB တင္ခဲ့ပါတယ္။ ၾကည့္ခ်င္ရင္ အဲဒိဓာတ္ပံုကေတာ့ ေအာက္မွာပါ။ (ပံုႏွင့္ တြဲတင္ရန္)

သင့္မွာ သင့္ကို အဲလို လုပ္မယ့္ သူငယ္ခ်င္းေတြ မ႐ွိတာ ေက်းဇူးတင္လိုက္ပါ။ အခု အေမးအေျဖ ပံုစံေလးနဲ႔ တင္ဆက္သြားပါမယ္။

ဆီးခံုေမႊး ဘာေၾကာင့္ ေကာက္သလဲ?

ဆရာဝန္ေတြ၊ သမိုင္းပညာ႐ွင္ေတြ၊ ဆီးခံုေမႊး ဝါသနာ႐ွင္ေတြ( ႐ွိပါတယ္) မ်ိဳးစံု ေမးၾကည့္ရာမွာ ေတာ္ေတာ္မ်ားမ်ားမွာ အေျဖမ႐ွိပါဘူး။ တခ်ိဳ႕ေတြကေတာ့ မွန္းဆႏိုင္ၾကပါတယ္။ ဆီးခံုေမႊးဟာ တျခားအေမႊးေတြထက္ ေကာက္ၿပီး ထူေနတာက ကြၽန္ေတာ္တို႔ရဲ႕ မူလ အစ ေၾကာင့္ပါ။ အဲဒါက ဆက္ဆံစဥ္မွာ အေရျပားထိခိုက္မႈကို ကာကြယ္ဖို႔နဲ႔ ဘက္တီးရီးယားေတြက ကာကြယ္ေပးႏိုင္တယ္ လို႔ ဆိုပါတယ္။ လိမ္ေကာက္ေနရတာကေတာ့ အဲဒိေနရာက ထြက္တဲ့ အနံ႔နဲ႔ ေဟာ္မုန္းေတြကို ပိုၿပီး ထိန္းသိမ္းထားႏိုင္ဖို႔ပါလို႔ သုေတသနျပဳသူတစ္ေယာက္က ဆိုပါတယ္။

ထိန္းသိမ္းထားႏိုင္ေတာ့ ဘာလုပ္ရမွာလဲ? နံကနံေသး..

လြန္ခဲ့တဲ့ ႏွစ္ေပါင္း သံုးသန္းေလာက္တုန္းက လူေတြ အဝတ္အစားမပါပဲ သြားေနၾကတုန္းမွာ အဲဒိေနရာက အနံ႔က လိင္ဆက္ဆံဖို႔ ၫႊန္ျပေနတာနဲ႔ တူႏိုင္ပါတယ္။ ၿပီးေတာ့ ေယာက္်ားအခ်င္းခ်င္း အဲဒိအေမႊးအံု ပိုႀကီးတဲ့ သူက ပိုၿပီး ဆရာက်တယ္ ျဖစ္ပါလိမ့္မယ္။ ျခေသၤ့ေတြရဲ႕ လည္ဆံေမႊးလိုပါ။ လူေတြရဲ႕ ဆီးခံုေမႊးက ေဂၚရီလာအေမႊးနဲ႔ ေတာ္ေတာ္တူပါတယ္။ ဆီးခံုသန္းကလဲ ေဂၚရီလာေတြဆီက ကူးလာတာ ျဖစ္ႏိုင္ပါတယ္။

ဆီးခံုသန္း?? ေတာ္ၿပီကြာ…. ႐ွမ္ပူနဲ႔ ေသခ်ာသြားေလ်ွာ္ဦးမယ္..

႐ွမ္ပူနဲ႔ ေလ်ွာ္ဖို႔ မလိုပါဘူး။ ဆပ္ျပာနဲ႔ ေရဆို ရပါၿပီ။ ႐ွမ္ပူေတြက အေမႊးအမ်ွင္ေတြကို အလံုးပိုႀကီးေစလို႔ပါ။ ပိုၿပီး ေတာက္ေျပာင္လာေစပါတယ္။

အဲဒါေတြက ဘယ္ေလာက္ထိ႐ွည္ႏိုင္လဲ??

ပံုမွန္ဆိုရင္ေတာ့ တစ္လက္မကေန တစ္လက္မခြဲထိပါ။ စံခ်ိန္တင္ အေနနဲ႔ေတာ့ ေတာင္အာဖရိကက Maoni Vi ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ဒူးေခါင္းထိ ဆီးခံုေမႊး႐ွိတယ္လို ဖတ္ဖူးပါတယ္။ ၂၈ လက္မပါ။ မစိုးရိမ္ပါနဲ႔။ သင့္ အဲေလာက္ မ႐ွည္ႏိုင္ပါဘူး။ သင္ စိတ္ပူရမွာက အဲဒိေနရာမွာ ေျပာင္သြားမွာကိုပါ။

ေျပာင္သြားမွာ??

ဟုတ္ပါတယ္။ ထိပ္ေျပာင္သလိုပါ။ လူႀကီးပိုင္းေတြ ျဖစ္တတ္ပါတယ္။ တစ္ခ်က္ထဲ အကုန္ မကြၽတ္ပါဘူး။ တျဖည္းျဖည္းပါ။

ရိတ္ပစ္လိုက္မယ္ကြာ.. ရလား!

ရပါတယ္။ ဂ႐ုေတာ့စိုက္ပါ။ သတိထားပါ။

ဘာလို႔လဲ?

၂၀၀၂ နဲ႔ ၂၀၁၀ ၾကားမွာ ဆီးခံုေမႊးရိတ္ရင္း ႐ွမိလို႔ အေရးေပၚခန္းေရာက္လာသူ အေရအတြက္ ငါးဆ ျမင့္တက္လာပါတယ္။ ကပ္ပယ္အိတ္ေပၚက အေရျပားဟာ တျခားေနရာနဲ႔ မတူပါဘူး။ ဘက္တီးရီးယားေတြ အမ်ားႀကီး ႐ွိပါတယ္။ နည္းနည္းေလး ႐ွမိတာနဲ႔တင္ ဘက္တီးရီးယားေတြ ကိုယ္ထဲ ဝင္သြားပါတယ္။ အရမ္း႐ွားပါးတဲ့ အေျခအေနမွာ Fournier gangrene ဆိုတဲ့ဟာ ျဖစ္တတ္ပါတယ္။

အဲ့ဒါ ဘာႀကီးလဲ။ တစ္ခါမွ မၾကားဖူးဘူး။

အဲဒါရဲ႕ တိုက္႐ိုက္ အဓိပၸါယ္က flesh eating bacteria of the balls ပါ။ ကိုယ္ခံအားနည္းသူေတြနဲ႔ ဆီးခ်ိဳ႐ွိသူေတြ အမ်ားဆံုး ခံစားရပါတယ္။ ကုသနည္းကေတာ့ ေဘာေပၚက အေရျပားေတြ အကုန္ ခြဲစိတ္ထုတ္ရမွာပါ။

ေတာ္ၿပီ… ေတာ္ၿပီ…

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

သင့် ဆီးခုံမွှေးအကြောင်း သိထားသင့်သမျှ

တစ်ခါတစ်လေမှာ သင် အရင်က လုံးဝ မစဉ်းစားမိတဲ့ သင့် ခန္ဓာကိုယ်က အစိတ်အပိုင်းတွေ အကြောင်း စဉ်းစားဖို့ တော်တော်ခက်ပါတယ်။ အခု သင့် ဆီးခုံမွှေးအကြောင်းကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ စပြီး ပြောပြပါမယ်။

ဒီ စိတ်ပျက်စရာ ဇာတ်လမ်းက အင်္ဂလန်၊ West Sussex မှာ ဖြစ်ခဲ့တာပါ။ Mark Longley ဆိုတဲ့ သတို့သားလောင်းတစ်ယောက်ဟာ သူ့သူငယ်ချင်းတွေနဲ့ Bachelor Night ပါတီ ဆင်နွှဲနေတာပါ။ အဲဒိမှာ အရက်မူးနေတဲ့ သူ့ဘော်ဒါတွေက သူ့ကို ကုလားထိုင်မှာ ကြိုးနဲ့တုပ်ပြီး သူ့ဆီးခုံမွှေးကို သူ့မျက်နှာပေါ် ပြန်ကပ်ခဲ့ပါတယ်။ ပြီးတော့ FB တင်ခဲ့ပါတယ်။ ကြည့်ချင်ရင် အဲဒိဓာတ်ပုံကတော့ အောက်မှာပါ။ (ပုံနှင့် တွဲတင်ရန်)

သင့်မှာ သင့်ကို အဲလို လုပ်မယ့် သူငယ်ချင်းတွေ မရှိတာ ကျေးဇူးတင်လိုက်ပါ။ အခု အမေးအဖြေ ပုံစံလေးနဲ့ တင်ဆက်သွားပါမယ်။

ဆီးခုံမွှေး ဘာကြောင့် ကောက်သလဲ?

ဆရာဝန်တွေ၊ သမိုင်းပညာရှင်တွေ၊ ဆီးခုံမွှေး ဝါသနာရှင်တွေ( ရှိပါတယ်) မျိုးစုံ မေးကြည့်ရာမှာ တော်တော်များများမှာ အဖြေမရှိပါဘူး။ တချို့တွေကတော့ မှန်းဆနိုင်ကြပါတယ်။ ဆီးခုံမွှေးဟာ တခြားအမွှေးတွေထက် ကောက်ပြီး ထူနေတာက ကျွန်တော်တို့ရဲ့ မူလ အစ ကြောင့်ပါ။ အဲဒါက ဆက်ဆံစဉ်မှာ အရေပြားထိခိုက်မှုကို ကာကွယ်ဖို့နဲ့ ဘက်တီးရီးယားတွေက ကာကွယ်ပေးနိုင်တယ် လို့ ဆိုပါတယ်။ လိမ်ကောက်နေရတာကတော့ အဲဒိနေရာက ထွက်တဲ့ အနံ့နဲ့ ဟော်မုန်းတွေကို ပိုပြီး ထိန်းသိမ်းထားနိုင်ဖို့ပါလို့ သုတေသနပြုသူတစ်ယောက်က ဆိုပါတယ်။

ထိန်းသိမ်းထားနိုင်တော့ ဘာလုပ်ရမှာလဲ? နံကနံသေး..

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းလောက်တုန်းက လူတွေ အဝတ်အစားမပါပဲ သွားနေကြတုန်းမှာ အဲဒိနေရာက အနံ့က လိင်ဆက်ဆံဖို့ ညွှန်ပြနေတာနဲ့ တူနိုင်ပါတယ်။ ပြီးတော့ ယောက်ျားအချင်းချင်း အဲဒိအမွှေးအုံ ပိုကြီးတဲ့ သူက ပိုပြီး ဆရာကျတယ် ဖြစ်ပါလိမ့်မယ်။ ခြင်္သေ့တွေရဲ့ လည်ဆံမွှေးလိုပါ။ လူတွေရဲ့ ဆီးခုံမွှေးက ဂေါ်ရီလာအမွှေးနဲ့ တော်တော်တူပါတယ်။ ဆီးခုံသန်းကလဲ ဂေါ်ရီလာတွေဆီက ကူးလာတာ ဖြစ်နိုင်ပါတယ်။

ဆီးခုံသန်း?? တော်ပြီကွာ…. ရှမ်ပူနဲ့ သေချာသွားလျှော်ဦးမယ်..

ရှမ်ပူနဲ့ လျှော်ဖို့ မလိုပါဘူး။ ဆပ်ပြာနဲ့ ရေဆို ရပါပြီ။ ရှမ်ပူတွေက အမွှေးအမျှင်တွေကို အလုံးပိုကြီးစေလို့ပါ။ ပိုပြီး တောက်ပြောင်လာစေပါတယ်။

အဲဒါတွေက ဘယ်လောက်ထိရှည်နိုင်လဲ??

ပုံမှန်ဆိုရင်တော့ တစ်လက်မကနေ တစ်လက်မခွဲထိပါ။ စံချိန်တင် အနေနဲ့တော့ တောင်အာဖရိကက Maoni Vi ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒူးခေါင်းထိ ဆီးခုံမွှေးရှိတယ်လို ဖတ်ဖူးပါတယ်။ ၂၈ လက်မပါ။ မစိုးရိမ်ပါနဲ့။ သင့် အဲလောက် မရှည်နိုင်ပါဘူး။ သင် စိတ်ပူရမှာက အဲဒိနေရာမှာ ပြောင်သွားမှာကိုပါ။

ပြောင်သွားမှာ??

ဟုတ်ပါတယ်။ ထိပ်ပြောင်သလိုပါ။ လူကြီးပိုင်းတွေ ဖြစ်တတ်ပါတယ်။ တစ်ချက်ထဲ အကုန် မကျွတ်ပါဘူး။ တဖြည်းဖြည်းပါ။

ရိတ်ပစ်လိုက်မယ်ကွာ.. ရလား!

ရပါတယ်။ ဂရုတော့စိုက်ပါ။ သတိထားပါ။

ဘာလို့လဲ?

၂၀၀၂ နဲ့ ၂၀၁၀ ကြားမှာ ဆီးခုံမွှေးရိတ်ရင်း ရှမိလို့ အရေးပေါ်ခန်းရောက်လာသူ အရေအတွက် ငါးဆ မြင့်တက်လာပါတယ်။ ကပ်ပယ်အိတ်ပေါ်က အရေပြားဟာ တခြားနေရာနဲ့ မတူပါဘူး။ ဘက်တီးရီးယားတွေ အများကြီး ရှိပါတယ်။ နည်းနည်းလေး ရှမိတာနဲ့တင် ဘက်တီးရီးယားတွေ ကိုယ်ထဲ ဝင်သွားပါတယ်။ အရမ်းရှားပါးတဲ့ အခြေအနေမှာ Fournier gangrene ဆိုတဲ့ဟာ ဖြစ်တတ်ပါတယ်။

အဲ့ဒါ ဘာကြီးလဲ။ တစ်ခါမှ မကြားဖူးဘူး။

အဲဒါရဲ့ တိုက်ရိုက် အဓိပ္ပါယ်က flesh eating bacteria of the balls ပါ။ ကိုယ်ခံအားနည်းသူတွေနဲ့ ဆီးချိုရှိသူတွေ အများဆုံး ခံစားရပါတယ်။ ကုသနည်းကတော့ ဘောပေါ်က အရေပြားတွေ အကုန် ခွဲစိတ်ထုတ်ရမှာပါ။

တော်ပြီ… တော်ပြီ…
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%