© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့်ဆံပင်ကို သင် အရူးအမူးဖြစ်နေကြောင်း လက္ခဏာ ၁၆ ခု
သင့်ဆံပင်ဟာ သင့်ရဲ့ ရုပ်ရည်ကို ပြောင်းလဲ ပစ်နိုင်တဲ့ အံ့ဩစရာ အရာတစ်ခုပါ။ ဆံပင်ညှပ်လိုက်တာဟာ သင့်ကို စိတ်သစ်လူသစ် ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ လူတွေ ဆံပင်ကို ဂရုစိုက်တတ်တာ ပုံမှန်ဖြစ်ပေမယ့် တချို့ယောက်ျားတွေကတော့ Hair Care ကို အလွန်အကျူး လုပ်တတ်ကြပါတယ်။ ဆံပင်ကို ဂရုစိုက်ပုံများကတော့ သင် လက်နဲ့သွားတို့ရုံနဲ့ သွေးပျက်မတတ် လန့်အော်ကြတဲ့ သူတွေပါ။ အဲဒီလို လူမျိုးတွေရဲ့ လက္ခဏာ ၁၆ ခုကို ဖော်ပြလိုက်ပါတယ်။
၁. သင့်ရဲ့ဆံပင်ကို အမြဲ တို့ထိနေရင်ပါ။ တစ်ခါတစ်လေ အမှတ်တမဲ့၊ တစ်ခါတစ်လေ တမင်တကာပါ။ ဆံပင်ကို ကိုင်ရတာသင့်ရဲ့ အကြိုက်ဆုံး ကိုယ်ဟန်တောင် ဖြစ်လာပါတယ်။
၂. မှန်တွေကို မြင်လိုက်တိုင်း မကြည့်ပဲ မနေနိုင်အောင် ဖြစ်နေရင်ပါ။
၃. ဆံပင်၊ ဆံပင်ထုတ်ကုန်တွေ၊ ဆံပင်ထိန်းသိမ်းမှုတွေ အကြောင်းကို သင့်သူငယ်ချင်းတွေနဲ့ ဆွေးနွေးရတာ ကြိုက်ရင်ပါ။ သင်က အုပ်စုထဲမှာ ဆံပင်နဲ့ ဆိုင်လာရင် ဆရာကြီးတစ်ဆူပေါ့။
၄. အဲဒီလို ဆံပင်အကြောင်း ပြောလာတာ သူငယ်ချင်းတွေ နားမခံသာတဲ့ အထိပါပဲ။ သင့်ဆံပင် ကောင်းကြောင်း ပြောလိုက်ရင် အကုန်ထထွက်သွားပါတယ်။
၅. မိုးရွာရင် ဆံပင်ကေပျက်တယ်ဆိုပြီး မိုးရာသီကို လုံးဝ သဘောမကျရင်ပါ။
၆. ဘီးတစ်လက် အမြဲဆောင်ထားပြီး ခဏခဏ ဖြီးနေရင်ပါ။
၇. ဆံပင်ကျွတ်တာကို ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးလို့ ထင်နေရင်ပါ။
၈. နေ့တိုင်း သင့်ဆံပင်ကို လျှော်၊ ပေါင်းတင်၊ ဆီလိမ်း လုပ်နေရင်ပါ။
၉. ဆံပင်ကေကို သင်လိုချင်တဲ့ ပုံစံ မရမချင်း အိမ်ပြင်မထွက်ရင်ပါ။
၁၀. သင့်ဆံပင်ကို ထိကိုင်ချင်တဲ့ သူတွေကို အရမ်းမုန်းရင်ပါ။
၁၁. သင့်ရဲ့ ရေချိုးခန်းအံဆွဲထဲမှာ ရှမ်ပူမျိုးစုံ၊ Conditioner မျိုးစုံ၊ ခေါင်းလိမ်းဆီမျိုးစုံနဲ့ ရှုပ်နေပြီး အဲဒါတွေကို အရမ်းတန်ဖိုးထားရင်ပါ။
၁၂. သင့်မှာ ဆံပင်အတွက် အကြိုက် ဆံသဆိုင် တစ်ခု ရှိပြီး အရေးပေါ်အခြေအနေတွေအတွက် ကိုယ်ပိုင် ဆံသဆရာ တစ်ဦး ရှိနေရင်ပါ။
၁၃. ဆိုင်ကယ်ဦးထုပ်တွေကို ဆံပင်ကေပျက်လို့ဆိုပြီး လန့်နေရင်ပါ။
၁၄. သင့်ရဲ့ ဆံထုံးပုံ ကေသာကို ဆံပင်အတိုလို လုံးဝ တိကျနေစေချင်ရင်ပါ။
၁၅. သင့်မိန်းမထက် သင့်မှာ ဆံပင်ထိန်းသိမ်းရေးပစ္စည်း ပိုများနေရင်ပါ။
၁၆. သင့်ဆံပင်က သင့်ရဲ့ ကိုယ့်ဘာသာယုံကြည်မှု မြစ်ဖျားခံရာ ဖြစ်နေရင်ပါ။ အားငယ်နေရင် ဆံပင်ညှပ်လိုက်ရုံနဲ့ အားပြန်တက်လာတာမျိုးပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================