ေျဖာင့္မတ္ မွန္ကန္သူေတြရဲ႕ အမူအက်င့္ ၁၀ မ်ိဳး

အလုပ္အကိုင္တစ္ခု၊ အဖြဲ႔အစည္းတစ္ခု တည္ေဆာက္ေနတာပဲ ျဖစ္ျဖစ္ အနည္းဆံုး မိတ္ေဆြ႐ွာရင္ေတာင္ သင္ လူေကာင္းေတြကို ပိုၿပီးလိုခ်င္မွာပါ။ ငတံုးေတြနဲ႔ ဘယ္သူမွ မတြဲခ်င္ပါဘူး။ ေျပာင္းျပန္ ျပန္စဥ္းစားၾကည့္ရင္ သင္လဲ ငတံုးတစ္ေကာင္ ျဖစ္မေနဖို႔ လိုပါတယ္။

လူေကာင္းဆိုတာ တကယ္ ၾကင္နာသနားတတ္ၿပီး ႐ိုးသားတာ၊ ကိုယ္ခ်င္းစာတတ္တာနဲ႔အတူ ထက္ျမက္မႈတို႔ ေပါင္းစပ္ထားတာပါ။ လူေကာင္းေတြမွာ အတြင္းစိတ္နဲ႔ ျပင္ပပံုစံ ထပ္တူက်ေနတတ္ပါတယ္။ အဲဒိလို လူတစ္ေယာက္ဟာ ႐ွားပါးၿပီး တန္ဖိုးထားရမယ့္သူပါ။ ငတံုးေတြ၊ အလိမ္အညာေတြ၊ ငႂကြားေတြနဲ့ ျပည့္ေနတဲ့ ေလာကႀကီးမွာ လူေကာင္းဆိုတာ ႐ွားသထက္ ႐ွားလာပါၿပီ။ အဲဒိ ႐ွားပါးမ်ိဳးစိတ္ေတြကို ကံေကာင္းလို႔ ေတြ႕ခဲ့ရင္ သိ႐ွိႏိုင္ဖို႔ လူေကာင္းေတြရဲ႕ အမူအက်င့္ေတြကို ေဖာ္ျပလိုက္ပါတယ္။

၁. သူတို႔ဟာ အာရံုစိုက္ခံရေအာင္ မလုပ္ၾကပါဘူး

သူတို႔ ကိုယ့္ဘာသာ ယံုၾကည္မႈဟာ လံုေလာက္ေနပါၿပီ။ အာရံုစိုက္ခံခ်င္သူေတြဟာ သူတို႔ရဲ႕ ကိုယ့္ဘာသာယံုၾကည္မႈကို အာရံုစိုက္ခံရမႈနဲ႔ အျမဲ ျပန္ျဖည့္ေနရလို႔ပါ။ လူေကာင္းေတြကေတာ့ ျပည့္တဲ့အိုး ေဘာင္ဘင္မခတ္ပါဘူး။

၂. လူႀကိဳက္မ်ားေအာင္ မလုပ္ၾကပါဘူး

လူႀကိဳက္မ်ားခ်င္တာဟာ မလံုျခံဳမႈနဲ႔ ကိုယ့္ဘာသာ အထင္ႀကီးခံလိုမႈကေန ေပါက္ဖြားလာတာပါ။ ကိုယ့္ဘာသာ ယံုၾကည္မႈ အျပည့္႐ွိသူေတြကေတာ့ သူတို႔ အဆင္ေျပေနရင္ ေတာ္ပါၿပီ။ သင္ သူတို႔ိကို ႀကိဳက္လဲ အဆင္ေျပပါတယ္။ မႀကိဳက္ဖူးဆိုရင္လဲ သူတို႔က အဆင္ေျပေနဦးမွာပါ။

၃. တျခားသူေတြအေၾကာင္း ေကာင္းေကာင္းသိၾကပါတယ္

သာမန္လူေတြဟာ လူေကာင္းေတြထက္ အလိမ္အညာ ပိုၿပီးခံရႏိုင္ပါတယ္။ သူတို႔ကေတာ့ အစစ္အမွန္ ႐ိုးသားမႈကို အ႐ွိအတိုင္း ျမင္တတ္လို႔ ေတာ္ရံုနဲ႔ အလိမ္မခံရပါဘူး။

၄. သူတို႔ကိုယ္သူတို႔ ေက်နပ္ေနပါတယ္

ကြၽန္ေတာ္တို႔ေတြ အလိုမျပည့္မႈေတြနဲ႔ ႐ုန္းကန္ေနရတုန္းမွာ လူေကာင္းေတြကေတာ့ သူတို႔ကိုယ္ သူတို႔ ေက်နပ္ေနၿပီးသားပါ။

၅. စိတ္ထဲ႐ွိတဲ့အတိုင္း ေျပာၿပီး ေျပာတဲ့အတိုင္း လုပ္ပါတယ္

သူတို႔မွာ ခ်ဲ့ကားႂကြားဝါမႈ မ႐ွိပါဘူး။ သင္ မႀကိဳက္ရင္ေတာင္ သူတို႔ေျပာခ်င္တာကို ေျပာတတ္ၾကၿပီးေျပာတဲ့အတိုင္းလဲ လုပ္တတ္ၾကပါတယ္။

၆. ကိစၥ မ႐ႈပ္ၾကပါဘူး

သူတို႔ဘဝ သူတို႔ ေက်နပ္ေနတဲ့အခါမွာ ေပ်ာ္ရႊင္ဖို႔ ျပင္ပကိစၥေတြ လုပ္ဖို႔ မလိုအပ္ေတာ့ပါဘူး။ သူတို႔ ေပ်ာ္ရႊင္မႈက သူတို႔ အတြင္းစိတ္၊ သူတို႔ မိသားစုနဲ႔ သူတို႔အလုပ္မွာပဲ ႐ွိေနလို႔ပါ။

၇. ထိလြယ္႐ွလြယ္ မျဖစ္ပါဘူး

သူတို႔က သူတို႔ကိုယ္သူတို႔ အရမ္းေတာ္တယ္လို႔ ခံယူမထားတဲ့အခါ ထိလြယ္႐ွလြယ္ အရမ္း မျဖစ္ေတာ့ပါဘူး။ မရည္ရြယ္ပဲ ေျပာတဲ့ စကားေလးေတြကို လိုက္မခံစားေတာ့ပါဘူး။

၈. ေလမႀကီးပါဘူး

သူတို႔ခြန္အားကို သူတို႔ သိေနေတာ့ ငါ ဘာလုပ္ႏိုင္တာဆိုၿပီး ေျပာၿပီး စိတ္ခြန္အားယူစရာ မလိုေတာ့ပါဘူး။ သူတို႔ဟာ ႂကြားလဲ မႂကြားဝါၾကပါဘူး။ စိတ္ခြန္အားယူတာ ေကာင္းေပမယ့္ အ႐ွိအတိုင္း လက္ခံႏိုင္တာက ပိုေကာင္းပါတယ္။

၉. သူတို႔ဟာ တည္ၿငိမ္ပါတယ္

သူတို႔ကိုယ္သူတို႔ သိၾကၿပီး စိတ္အေျပာင္းအလဲ အရမ္း မျမန္ၾကေတာ့ သူတို႔ကို ခန္႔မွန္းဖို႔ ပိုလြယ္ပါတယ္။ တည္ၿငိမ္ၿပီး အခုတမ်ိဳး ေတာ္ၾကာတစ္မ်ိဳး မလုပ္တတ္ၾကပါဘူး။

၁၀. သူတို႔ လုပ္ႏိုင္တာကို လုပ္ၾကပါတယ့

သူတို႔ဟာ သူတို႔ မလုပ္ခ်င္တာကို တျခားသူေတြကို လုပ္ဖို႔ ေျမႇာက္ေပးမယ့္ အစား မဟုတ္ပါဘူး။ သူတို႔ဟာ တျခားသူေတြလိုမ်ိဳး သာမန္လူပဲဆိုတာကို သိၾကလို႔ လုပ္ႏိုင္တာကို အကူအညီယူၿပီး လုပ္ၾကပါတယ္။ မႏိုင္ဝန္ မထမ္းသလို ေရသာလဲ မခိုပါဘူး။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဖြောင့်မတ် မှန်ကန်သူတွေရဲ့ အမူအကျင့် ၁၀ မျိုး

အလုပ်အကိုင်တစ်ခု၊ အဖွဲ့အစည်းတစ်ခု တည်ဆောက်နေတာပဲ ဖြစ်ဖြစ် အနည်းဆုံး မိတ်ဆွေရှာရင်တောင် သင် လူကောင်းတွေကို ပိုပြီးလိုချင်မှာပါ။ ငတုံးတွေနဲ့ ဘယ်သူမှ မတွဲချင်ပါဘူး။ ပြောင်းပြန် ပြန်စဉ်းစားကြည့်ရင် သင်လဲ ငတုံးတစ်ကောင် ဖြစ်မနေဖို့ လိုပါတယ်။

လူကောင်းဆိုတာ တကယ် ကြင်နာသနားတတ်ပြီး ရိုးသားတာ၊ ကိုယ်ချင်းစာတတ်တာနဲ့အတူ ထက်မြက်မှုတို့ ပေါင်းစပ်ထားတာပါ။ လူကောင်းတွေမှာ အတွင်းစိတ်နဲ့ ပြင်ပပုံစံ ထပ်တူကျနေတတ်ပါတယ်။ အဲဒိလို လူတစ်ယောက်ဟာ ရှားပါးပြီး တန်ဖိုးထားရမယ့်သူပါ။ ငတုံးတွေ၊ အလိမ်အညာတွေ၊ ငကြွားတွေနဲ့ ပြည့်နေတဲ့ လောကကြီးမှာ လူကောင်းဆိုတာ ရှားသထက် ရှားလာပါပြီ။ အဲဒိ ရှားပါးမျိုးစိတ်တွေကို ကံကောင်းလို့ တွေ့ခဲ့ရင် သိရှိနိုင်ဖို့ လူကောင်းတွေရဲ့ အမူအကျင့်တွေကို ဖော်ပြလိုက်ပါတယ်။

၁. သူတို့ဟာ အာရုံစိုက်ခံရအောင် မလုပ်ကြပါဘူး

သူတို့ ကိုယ့်ဘာသာ ယုံကြည်မှုဟာ လုံလောက်နေပါပြီ။ အာရုံစိုက်ခံချင်သူတွေဟာ သူတို့ရဲ့ ကိုယ့်ဘာသာယုံကြည်မှုကို အာရုံစိုက်ခံရမှုနဲ့ အမြဲ ပြန်ဖြည့်နေရလို့ပါ။ လူကောင်းတွေကတော့ ပြည့်တဲ့အိုး ဘောင်ဘင်မခတ်ပါဘူး။

၂. လူကြိုက်များအောင် မလုပ်ကြပါဘူး

လူကြိုက်များချင်တာဟာ မလုံခြုံမှုနဲ့ ကိုယ့်ဘာသာ အထင်ကြီးခံလိုမှုကနေ ပေါက်ဖွားလာတာပါ။ ကိုယ့်ဘာသာ ယုံကြည်မှု အပြည့်ရှိသူတွေကတော့ သူတို့ အဆင်ပြေနေရင် တော်ပါပြီ။ သင် သူတိို့ကို ကြိုက်လဲ အဆင်ပြေပါတယ်။ မကြိုက်ဖူးဆိုရင်လဲ သူတို့က အဆင်ပြေနေဦးမှာပါ။

၃. တခြားသူတွေအကြောင်း ကောင်းကောင်းသိကြပါတယ်

သာမန်လူတွေဟာ လူကောင်းတွေထက် အလိမ်အညာ ပိုပြီးခံရနိုင်ပါတယ်။ သူတို့ကတော့ အစစ်အမှန် ရိုးသားမှုကို အရှိအတိုင်း မြင်တတ်လို့ တော်ရုံနဲ့ အလိမ်မခံရပါဘူး။

၄. သူတို့ကိုယ်သူတို့ ကျေနပ်နေပါတယ်

ကျွန်တော်တို့တွေ အလိုမပြည့်မှုတွေနဲ့ ရုန်းကန်နေရတုန်းမှာ လူကောင်းတွေကတော့ သူတို့ကိုယ် သူတို့ ကျေနပ်နေပြီးသားပါ။

၅. စိတ်ထဲရှိတဲ့အတိုင်း ပြောပြီး ပြောတဲ့အတိုင်း လုပ်ပါတယ်

သူတို့မှာ ချဲ့ကားကြွားဝါမှု မရှိပါဘူး။ သင် မကြိုက်ရင်တောင် သူတို့ပြောချင်တာကို ပြောတတ်ကြပြီးပြောတဲ့အတိုင်းလဲ လုပ်တတ်ကြပါတယ်။

၆. ကိစ္စ မရှုပ်ကြပါဘူး

သူတို့ဘဝ သူတို့ ကျေနပ်နေတဲ့အခါမှာ ပျော်ရွှင်ဖို့ ပြင်ပကိစ္စတွေ လုပ်ဖို့ မလိုအပ်တော့ပါဘူး။ သူတို့ ပျော်ရွှင်မှုက သူတို့ အတွင်းစိတ်၊ သူတို့ မိသားစုနဲ့ သူတို့အလုပ်မှာပဲ ရှိနေလို့ပါ။

၇. ထိလွယ်ရှလွယ် မဖြစ်ပါဘူး

သူတို့က သူတို့ကိုယ်သူတို့ အရမ်းတော်တယ်လို့ ခံယူမထားတဲ့အခါ ထိလွယ်ရှလွယ် အရမ်း မဖြစ်တော့ပါဘူး။ မရည်ရွယ်ပဲ ပြောတဲ့ စကားလေးတွေကို လိုက်မခံစားတော့ပါဘူး။

၈. လေမကြီးပါဘူး

သူတို့ခွန်အားကို သူတို့ သိနေတော့ ငါ ဘာလုပ်နိုင်တာဆိုပြီး ပြောပြီး စိတ်ခွန်အားယူစရာ မလိုတော့ပါဘူး။ သူတို့ဟာ ကြွားလဲ မကြွားဝါကြပါဘူး။ စိတ်ခွန်အားယူတာ ကောင်းပေမယ့် အရှိအတိုင်း လက်ခံနိုင်တာက ပိုကောင်းပါတယ်။

၉. သူတို့ဟာ တည်ငြိမ်ပါတယ်

သူတို့ကိုယ်သူတို့ သိကြပြီး စိတ်အပြောင်းအလဲ အရမ်း မမြန်ကြတော့ သူတို့ကို ခန့်မှန်းဖို့ ပိုလွယ်ပါတယ်။ တည်ငြိမ်ပြီး အခုတမျိုး တော်ကြာတစ်မျိုး မလုပ်တတ်ကြပါဘူး။

၁၀. သူတို့ လုပ်နိုင်တာကို လုပ်ကြပါတယ့

သူတို့ဟာ သူတို့ မလုပ်ချင်တာကို တခြားသူတွေကို လုပ်ဖို့ မြှောက်ပေးမယ့် အစား မဟုတ်ပါဘူး။ သူတို့ဟာ တခြားသူတွေလိုမျိုး သာမန်လူပဲဆိုတာကို သိကြလို့ လုပ်နိုင်တာကို အကူအညီယူပြီး လုပ်ကြပါတယ်။ မနိုင်ဝန် မထမ်းသလို ရေသာလဲ မခိုပါဘူး။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

Related Posts

%%footer%%