လုပ္ငန္းခြင္ထဲမွာပဲျဖစ္ျဖစ္ အျခားဘယ္ေနရာမွာပဲျဖစ္ျဖစ္ လူေတြကို ျပဳမူဆက္ဆံပံုနည္းလမ္းေတြက သင့္ဘ၀ေအာင္ျမင္မႈအတြက္ အေရးႀကီးပါတယ္။ သင့္ထက္ အေျခအေနနိမ့္ပါးသူေတြကို ဘယ္လိုဆက္ဆံလဲဆုိတာကို မူတည္ၿပီးေတာ့ အျခားလူေတြက သင့္ကို အကဲျဖတ္ေနၾကတယ္ဆိုတာကို သတိထားမိဖို႔ လိုပါတယ္။ တစ္စံုတစ္ေယာက္ကို အထင္ေသးအျမင္ေသးနဲ႔ အေရးမပါသလိုဆက္ဆံတာက သင့္ရဲ႕အက်င့္စ႐ိုက္ကို ေဖာ္ျပရာေရာက္ၿပီး ေအာင္ျမင္မႈအတြက္ အခြင့္အလမ္းေတြကို ထိခိုက္ေစႏိုင္ပါတယ္။ တကယ္ေတာ့ တစ္စံုတစ္ေယာက္အေပၚမွာ ေကာင္းေကာင္းမြန္မြန္ျပဳမူဆက္ဆံတတ္ဖို႔ကို အခ်ိန္ခဏေလးပဲ လိုအပ္တာျဖစ္ၿပီး သူတို႔ရဲ႕တစ္ေန႔တာမွာ အျပံဳးေတြေ၀ဆာသြားေအာင္ လုပ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ပတ္၀န္းက်င္က လူေတြအေပၚမွာ မွန္မွန္ကန္ကန္ျပဳမႈဆက္ဆံၿပီး ေႏြးေထြးၾကင္နာမႈကို ေဖာ္ျပႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဆက္ဆံရသမွ် လူတိုင္းကို ယဥ္ေက်းသိမ္ေမြ႕စြာဆက္ဆံပါ။
လူတိုင္းလို႔ ေျပာတဲ့ေနရာမွာ ဟိုတယ္က လံုျခံဳေရးတံခါးေစာင့္၊ စားေသာက္ဆိုင္စားပြဲထိုး၊ ကုမၸဏီက သန္႔ရွင္းေရးသမားေတြကေန ကုမၸဏီဥကၠဌအထိ အားလံုးပါ၀င္ပါတယ္။ သူတို႔ေတြအားလံုးကို ျပဳံးျပၿပီး ေက်းဇူးတင္ပါတယ္လို႔ ေျပာဖို႔က အခ်ိန္ခဏေလးပဲလိုအပ္တာျဖစ္ပါတယ္။
၂။ လက္ေထာက္ေတြ၊ တာ၀န္ခံေတြကို ေလးစားသမႈရွိပါ။
သူေဌးရဲ႕လက္ေထာက္ေတြ၊ တာ၀န္ခံေတြက လုပ္ငန္းခြင္အတြင္း သင့္ရဲ႕ေအာင္ျမင္မႈေသာ့ခ်က္ကို ကိုင္ထားတတ္သူေတြျဖစ္ေနတတ္ပါတယ္။ မ်ားေသာအားျဖင့္ အလုပ္ရွင္သူေဌးေတြက သူတို႔ရဲ႕ထင္ျမင္ယူဆခ်က္ကို ေမးတတ္ၿပီး သူတို႔အေျပာကိုပဲ ယုံၾကည္တန္ဖိုးထားတတ္ၾကလို႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္ရွင္သူေဌးရဲ႕ လက္ေထာက္ေတြ၊ လူယုံေတြကိုလည္း ေလးစားသမႈနဲ႔ ဆက္ဆံတတ္ဖို႔ လိုပါတယ္။
၃။ ယဥ္ေက်းပ်ဴငွာပါ ဒါေပမယ့္ အရမ္းမေရာပါနဲ႔။
အခုမွ စတင္ေတြ႕ဆံုခင္မင္သူတစ္ေယာက္ကို ယဥ္ယဥ္ေက်းေက်းဆက္ဆံသင့္ေပမယ့္ အရမ္းႀကီး ရင္းႏွီးခင္မင္သလို ျပဳမႈဆက္ဆံတာမ်ိဳးကို ေရွာင္ရွားပါ။ ၿပီးေတာ့ မင္း၊ ငါ၊ ေဟ့ေကာင္ စတဲ့ ႐ုိင္းဆိုင္းတဲ့ အသံုးအႏႈန္းေတြကိုလည္း မသံုးမိပါေစနဲ႔။ သင့္ကို အားလံုးက ေလးစားသမႈနဲ႔ ဆက္ဆံေစခ်င္တဲ့ နည္းလမ္းအတိုင္း အျခားသူေတြအားလံုးကို ဆက္ဆံပါ။
၄။ အကူအညီေပးတတ္ပါေစ။
အခန္းတစ္ခုထဲကို သင္ကအရင္၀င္ၿပီး သင့္ေနာက္မွာ တစ္ေယာက္ေယာက္လိုက္လာတယ္ဆိုပါစို႔။ အခန္းတံခါးကို သူဖြင့္စရာမလိုပဲ ၀င္လာႏိုင္ေအာင္ ကိုင္ထားေပးလိုက္ပါ။ အေလးအပင္မလာတာ ေတြ႕ရင္လည္း ကူသယ္ေပးလိုက္ပါ။ ဒီလို ကူညီေပးတာေလးေတြကေန စကားစျမည္ေျပာျဖစ္ရင္း လိပ္စာကဒ္ေတြ အျပန္အလွန္ေပးျဖစ္ၿပီး ဆက္ဆံေရးေကာင္းေတြ တည္ေဆာက္ႏိုင္ပါတယ္။ ဒါတင္မဟုတ္ေသးပါဘူး။ သင့္ရဲ႕စစ္မွန္တဲ့စိတ္ရင္းကို လက္ေတြ႕ေဖာ္ျပရာေရာက္ၿပီး သင္ဘယ္လိုလူစားလဲ ဆိုတာကို အစကတည္းက သိၿပီးသားျဖစ္ေနမွာျဖစ္ပါတယ္။
၅။ အျခားသူေတြကို ေအာင္ျမင္ဖို႔ ကူညီေပးပါ။
လုပ္ငန္းခြင္ထဲမွာ အခက္အခဲေတြ႔ေနရသူတစ္ဦးက သင့္ရဲ႕အၾကံဉာဏ္ေတာင္းလာၿပီဆိုရင္ စိတ္ပါလက္ပါနဲ႔ ကူညီေဆာင္ရြက္ေပးလိုက္ပါ။ သင့္ပတ္၀န္းက်င္က ဘယ္သူမဆို အခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီး ေအာင္ျမင္လာႏိုင္ဖို႔ တတ္ႏိုင္သေလာက္ ကူညီေပးလိုက္ပါ။ ဒီလိုနည္းလမ္းနဲ႔ ေလးနက္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ ျဖစ္ၿပီး အျပန္အလွန္ယုံၾကည္မႈေတြလည္း ခိုင္မာလာမွာျဖစ္ပါတယ္။
၆။ သူတို႔မေကာင္းရင္လည္း သင္ေကာင္းပါေစ။
တစ္စံုတစ္ေယာက္က သင့္အေပၚကို ဆိုးဆိုး၀ါး၀ါးဆက္ဆံလိုက္ရင္လည္း သင့္ဖက္က တတ္ႏိုင္သမွ် ေမတၱာထားၿပီး ေကာင္းေကာင္းမြန္မြန္ဆက္ဆံႏိုင္ဖို႔ ျပင္ဆင္ထားပါ။ သူတို႔မွာ အဆင္မေျပႏိုင္တဲ့ အေၾကာင္းရင္းတစ္ခုခုရွိေနလို႔ ျဖစ္ႏိုင္တယ္လို႔ ေတြးၿပီး ၾကင္ၾကင္နာနာဆက္ဆံေပးမယ္ဆိုရင္ သူတို႔လည္း စိတ္ၾကည္လင္ၿပီး လမ္းမွန္ေပၚျပန္ေရာက္လာမွာျဖစ္ပါတယ္။
နိဂံုးခ်ဳပ္အေနနဲ႔ ေျပာရရင္ လူေတြကို ၾကင္နာတတ္ဖို႔က မခက္ပါဘူး။ ခံယူခ်က္နဲ႔ပဲ ဆိုင္ပါတယ္။ အားလံုးကို ၾကင္နာပ်ဴငွာစြာ ဆက္ဆံႏိုင္မယ္ဆိုရင္ အလားတူ တံု႔ျပန္မႈေတြကို ျပန္လည္ရရွိမွာပဲ ျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
လူတွေကို ကြင်နာစွာ ဆက်ဆံတတ်ဖို့
လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အခြားဘယ်နေရာမှာပဲဖြစ်ဖြစ် လူတွေကို ပြုမူဆက်ဆံပုံနည်းလမ်းတွေက သင့်ဘဝအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ သင့်ထက် အခြေအနေနိမ့်ပါးသူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို မူတည်ပြီးတော့ အခြားလူတွေက သင့်ကို အကဲဖြတ်နေကြတယ်ဆိုတာကို သတိထားမိဖို့ လိုပါတယ်။ တစ်စုံတစ်ယောက်ကို အထင်သေးအမြင်သေးနဲ့ အရေးမပါသလိုဆက်ဆံတာက သင့်ရဲ့အကျင့်စရိုက်ကို ဖော်ပြရာရောက်ပြီး အောင်မြင်မှုအတွက် အခွင့်အလမ်းတွေကို ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ တစ်စုံတစ်ယောက်အပေါ်မှာ ကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံတတ်ဖို့ကို အချိန်ခဏလေးပဲ လိုအပ်တာဖြစ်ပြီး သူတို့ရဲ့တစ်နေ့တာမှာ အပြုံးတွေဝေဆာသွားအောင် လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာ မှန်မှန်ကန်ကန်ပြုမှုဆက်ဆံပြီး နွေးထွေးကြင်နာမှုကို ဖော်ပြနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆက်ဆံရသမျှ လူတိုင်းကို ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံပါ။
လူတိုင်းလို့ ပြောတဲ့နေရာမှာ ဟိုတယ်က လုံခြံုရေးတံခါးစောင့်၊ စားသောက်ဆိုင်စားပွဲထိုး၊ ကုမ္ပဏီက သန့်ရှင်းရေးသမားတွေကနေ ကုမ္ပဏီဥက္ကဌအထိ အားလုံးပါ၀င်ပါတယ်။ သူတို့တွေအားလုံးကို ပြုံးပြပြီး ကျေးဇူးတင်ပါတယ်လို့ ပြောဖို့က အချိန်ခဏလေးပဲလိုအပ်တာဖြစ်ပါတယ်။
၂။ လက်ထောက်တွေ၊ တာဝန်ခံတွေကို လေးစားသမှုရှိပါ။
သူဌေးရဲ့လက်ထောက်တွေ၊ တာဝန်ခံတွေက လုပ်ငန်းခွင်အတွင်း သင့်ရဲ့အောင်မြင်မှုသော့ချက်ကို ကိုင်ထားတတ်သူတွေဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် အလုပ်ရှင်သူဌေးတွေက သူတို့ရဲ့ထင်မြင်ယူဆချက်ကို မေးတတ်ပြီး သူတို့အပြောကိုပဲ ယုံကြည်တန်ဖိုးထားတတ်ကြလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်သူဌေးရဲ့ လက်ထောက်တွေ၊ လူယုံတွေကိုလည်း လေးစားသမှုနဲ့ ဆက်ဆံတတ်ဖို့ လိုပါတယ်။
၃။ ယဉ်ကျေးပျူငှာပါ ဒါပေမယ့် အရမ်းမရောပါနဲ့။
အခုမှ စတင်တွေ့ဆုံခင်မင်သူတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံသင့်ပေမယ့် အရမ်းကြီး ရင်းနှီးခင်မင်သလို ပြုမှုဆက်ဆံတာမျိုးကို ရှောင်ရှားပါ။ ပြီးတော့ မင်း၊ ငါ၊ ဟေ့ကောင် စတဲ့ ရိုင်းဆိုင်းတဲ့ အသုံးအနှုန်းတွေကိုလည်း မသုံးမိပါစေနဲ့။ သင့်ကို အားလုံးက လေးစားသမှုနဲ့ ဆက်ဆံစေချင်တဲ့ နည်းလမ်းအတိုင်း အခြားသူတွေအားလုံးကို ဆက်ဆံပါ။
၄။ အကူအညီပေးတတ်ပါစေ။
အခန်းတစ်ခုထဲကို သင်ကအရင်ဝင်ပြီး သင့်နောက်မှာ တစ်ယောက်ယောက်လိုက်လာတယ်ဆိုပါစို့။ အခန်းတံခါးကို သူဖွင့်စရာမလိုပဲ ၀င်လာနိုင်အောင် ကိုင်ထားပေးလိုက်ပါ။ အလေးအပင်မလာတာ တွေ့ရင်လည်း ကူသယ်ပေးလိုက်ပါ။ ဒီလို ကူညီပေးတာလေးတွေကနေ စကားစမြည်ပြောဖြစ်ရင်း လိပ်စာကဒ်တွေ အပြန်အလှန်ပေးဖြစ်ပြီး ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ သင့်ရဲ့စစ်မှန်တဲ့စိတ်ရင်းကို လက်တွေ့ဖော်ပြရာရောက်ပြီး သင်ဘယ်လိုလူစားလဲ ဆိုတာကို အစကတည်းက သိပြီးသားဖြစ်နေမှာဖြစ်ပါတယ်။
၅။ အခြားသူတွေကို အောင်မြင်ဖို့ ကူညီပေးပါ။
လုပ်ငန်းခွင်ထဲမှာ အခက်အခဲတွေ့နေရသူတစ်ဦးက သင့်ရဲ့အကြံဉာဏ်တောင်းလာပြီဆိုရင် စိတ်ပါလက်ပါနဲ့ ကူညီဆောင်ရွက်ပေးလိုက်ပါ။ သင့်ပတ်ဝန်းကျင်က ဘယ်သူမဆို အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်လာနိုင်ဖို့ တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။ ဒီလိုနည်းလမ်းနဲ့ လေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး အပြန်အလှန်ယုံကြည်မှုတွေလည်း ခိုင်မာလာမှာဖြစ်ပါတယ်။
၆။ သူတို့မကောင်းရင်လည်း သင်ကောင်းပါစေ။
တစ်စုံတစ်ယောက်က သင့်အပေါ်ကို ဆိုးဆိုးဝါးဝါးဆက်ဆံလိုက်ရင်လည်း သင့်ဖက်က တတ်နိုင်သမျှ မေတ္တာထားပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်ဖို့ ပြင်ဆင်ထားပါ။ သူတို့မှာ အဆင်မပြေနိုင်တဲ့ အကြောင်းရင်းတစ်ခုခုရှိနေလို့ ဖြစ်နိုင်တယ်လို့ တွေးပြီး ကြင်ကြင်နာနာဆက်ဆံပေးမယ်ဆိုရင် သူတို့လည်း စိတ်ကြည်လင်ပြီး လမ်းမှန်ပေါ်ပြန်ရောက်လာမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် လူတွေကို ကြင်နာတတ်ဖို့က မခက်ပါဘူး။ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အားလုံးကို ကြင်နာပျူငှာစွာ ဆက်ဆံနိုင်မယ်ဆိုရင် အလားတူ တုံ့ပြန်မှုတွေကို ပြန်လည်ရရှိမှာပဲ ဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================