ႀကီးေအာင္လုပ္လို႔ရလား ?

လိင္တံႀကီးေအာင္လုပ္လို႔ ရတဲ့နည္းလမ္းေတြ ရွိပါသလား ? ေဘးအႏၱရာယ္ေရာ ကင္းရဲ႕လား ? ခြဲစိတ္ျပဳျပင္လို႔ ေရာ ရႏိုင္လား ? ေယာကၤ်ားေလးေတြ အေမးမ်ားတဲ့ ေမးခြန္းေတြပါ။ ေယာကၤ်ားေလး ေတာ္ေတာ္မ်ားမ်ားက သူတို႔ လိင္တံကို ရွိရင္းစြဲ အရြယ္အစားထက္ ႀကီးေစခ်င္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လိင္တံႀကီးတဲ့အခါမွာ မိန္းကေလးေတြက ပိုသေဘာက်တယ္လို႔ ထင္ၾကလို႔ ျဖစ္ပါတယ္။ တကယ္တမ္းေတာ့ မိန္းကေလးေတြက သူတို႔ပါတနာရဲ႕ ပစၥည္းအရြယ္အစားထက္ အထိအေတြ႕၊ စိတ္ပိုင္းဆိုင္ရာအေျခအေနနဲ႔ ခ်စ္တင္းေႏွာတဲ့နည္းစနစ္ေတြစတဲ့ အေရးကိစၥေတြေပၚမွာ ပိုမိုသာယာခံစားတတ္ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ်ိဳးသားေတြက သူတို႔လိင္တံအရြယ္အစားကို ေျပာင္းလဲပစ္ႏိုင္ဖို႔ စိတ္သန္ေနၾကတုန္းပါပဲ။ ကုလားရွင္ျပဳသလို ထိပ္ျဖတ္လိုက္တဲ့နည္းက အျပင္ကိုအနည္းငယ္ရွည္ထြက္လာေစပါတယ္။ ဒါေပမယ့္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အမာရြတ္က်န္ေနခဲ့ရင္ အခ်ိန္ၾကာၾကာေထာင္မတ္ႏိုင္ေတာ့မွာမဟုတ္သလို နာက်ဥ္မႈကိုလည္း ခံစားရမွာျဖစ္ပါတယ္။ ဒါဆိုရင္ အဆီထိုးသြင္းတဲ့နည္းလမ္းကေရာ။ ဒီနည္းလမ္းက သင့္ပစၥည္းကို အနည္းငယ္ ပိုႀကီးလာေစႏိုင္ပါတယ္။ ေဘးထြက္ဆိုုးက်ိဳး ကေတာ့ အရမ္းမ်ားတဲ့ အတြက္ မလုုပ္သင့္ပါဘူး။

လြန္ခဲ့တဲ့ႏွစ္အနည္းကေတာ့ အမ်ိဳးသားေတြရဲ႕ ပစၥည္းကို အရွည္ေရာ လုံးပတ္ပါ ႀကီးလာေစႏိုင္တယ္ဆိုတဲ့ ကိရိယာေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒီပစၥည္းေတြကို အ၀တ္အစားေအာက္မွာေန႔တိုင္း၀တ္ဆင္ထားရမွာ ျဖစ္ၿပီး ၆ လ ႏွင့္ အထက္ၾကာမွ အက်ိဳးသက္ေရာက္မႈရွိတာကို စမ္းသပ္ေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ ၆ လ ေလာက္ သင္ ဒါ ကိုုေန႕ တုုိင္းလုုပ္ဖိုု႕ စဥ္းစားေနျပီဆိုု သင္တစ္ခုုခုုေတာ့ လြဲေနပါျပီ။

သာက္လို႔ရတဲ့ ေဆး၀ါးေတြနဲ႔ ပတ္သက္လို႔ကေတာ့ ခိုင္လံုတဲ့သက္ေသအေထာက္အထားမရွိပါဘူး။

တကယ္တမ္းေတာ့ ကိုယ့္ပစၥည္းကို ေသးတယ္လို႔ထင္ေနၾကတဲ့ အမ်ိဳးသားတိုင္းမွာ ပံုမွန္အရြယ္အစားရွိေနၿပီးသားပါ။  ေနရာေဒသအလုုိက္ ေတာင့္ေနတဲ့ အခ်ိန္  ၅.၁ လက္မက ေန ၅.၆ လက္မ အတြင္းရွိရင္ပံုုမွန္ျဖစ္ပါတယ္။  လက္ရွိအရြယ္အစားနဲ႔ အဆင္ေျပတဲ့ပါတနာကို ၾကံဳေတြ႕ေနရမယ္ဆိုရင္ ဒီအတိုင္းကိုပဲ ယုံၾကည္မႈရွိေနမွာပါ။ ဒါေပမယ့္လည္း အမ်ိဳးသားေတြက အျပာကားေတြထဲက အရြယ္အစားေတြကိုၾကည့္ၿပီး စိတ္အားငယ္ေနတတ္ၾကပါေသးတယ္။ သတိထားရမွာက ကိုယ့္ပစၥည္းကိုယ္ ဂ႐ုစိုက္ပါ။ ေရရွည္အသံုးခံၿပီး ေဘးကင္းဖို႔က အဓိကဆိုတာကို မေမ့ပါနဲ႔။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လိင်တံကြီးအောင်လုပ်လို့ ရတဲ့နည်းလမ်းတွေ ရှိပါသလား ? ဘေးအန္တရာယ်ရော ကင်းရဲ့လား ? ခွဲစိတ်ပြုပြင်လို့ ရော ရနိုင်လား ? ယောင်္ကျားလေးတွေ အမေးများတဲ့ မေးခွန်းတွေပါ။ ယောင်္ကျားလေး တော်တော်များများက သူတို့ လိင်တံကို ရှိရင်းစွဲ အရွယ်အစားထက် ကြီးစေချင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံကြီးတဲ့အခါမှာ မိန်းကလေးတွေက ပိုသဘောကျတယ်လို့ ထင်ကြလို့ ဖြစ်ပါတယ်။ တကယ်တမ်းတော့ မိန်းကလေးတွေက သူတို့ပါတနာရဲ့ ပစ္စည်းအရွယ်အစားထက် အထိအတွေ့၊ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ချစ်တင်းနှောတဲ့နည်းစနစ်တွေစတဲ့ အရေးကိစ္စတွေပေါ်မှာ ပိုမိုသာယာခံစားတတ်ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသားတွေက သူတို့လိင်တံအရွယ်အစားကို ပြောင်းလဲပစ်နိုင်ဖို့ စိတ်သန်နေကြတုန်းပါပဲ။ ကုလားရှင်ပြုသလို ထိပ်ဖြတ်လိုက်တဲ့နည်းက အပြင်ကိုအနည်းငယ်ရှည်ထွက်လာစေပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အမာရွတ်ကျန်နေခဲ့ရင် အချိန်ကြာကြာထောင်မတ်နိုင်တော့မှာမဟုတ်သလို နာကျဉ်မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ ဒါဆိုရင် အဆီထိုးသွင်းတဲ့နည်းလမ်းကရော။ ဒီနည်းလမ်းက သင့်ပစ္စည်းကို အနည်းငယ် ပိုကြီးလာစေနိုင်ပါတယ်။ ဘေးထွက်ဆိုုးကျိုး ကတော့ အရမ်းများတဲ့ အတွက် မလုုပ်သင့်ပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းကတော့ အမျိုးသားတွေရဲ့ ပစ္စည်းကို အရှည်ရော လုံးပတ်ပါ ကြီးလာစေနိုင်တယ်ဆိုတဲ့ ကိရိယာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပစ္စည်းတွေကို အဝတ်အစားအောက်မှာနေ့တိုင်းဝတ်ဆင်ထားရမှာ ဖြစ်ပြီး ၆ လ နှင့် အထက်ကြာမှ အကျိုးသက်ရောက်မှုရှိတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ၆ လ လောက် သင် ဒါ ကိုုနေ့ တုုိင်းလုုပ်ဖိုု့ စဉ်းစားနေပြီဆိုု သင်တစ်ခုုခုုတော့ လွဲနေပါပြီ။

သာက်လို့ရတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်လို့ကတော့ ခိုင်လုံတဲ့သက်သေအထောက်အထားမရှိပါဘူး။

တကယ်တမ်းတော့ ကိုယ့်ပစ္စည်းကို သေးတယ်လို့ထင်နေကြတဲ့ အမျိုးသားတိုင်းမှာ ပုံမှန်အရွယ်အစားရှိနေပြီးသားပါ။ နေရာဒေသအလုုိက် တောင့်နေတဲ့ အချိန် ၅.၁ လက်မက နေ ၅.၆ လက်မ အတွင်းရှိရင်ပုုံမှန်ဖြစ်ပါတယ်။ လက်ရှိအရွယ်အစားနဲ့ အဆင်ပြေတဲ့ပါတနာကို ကြံုတွေ့နေရမယ်ဆိုရင် ဒီအတိုင်းကိုပဲ ယုံကြည်မှုရှိနေမှာပါ။ ဒါပေမယ့်လည်း အမျိုးသားတွေက အပြာကားတွေထဲက အရွယ်အစားတွေကိုကြည့်ပြီး စိတ်အားငယ်နေတတ်ကြပါသေးတယ်။ သတိထားရမှာက ကိုယ့်ပစ္စည်းကိုယ် ဂရုစိုက်ပါ။ ရေရှည်အသုံးခံပြီး ဘေးကင်းဖို့က အဓိကဆိုတာကို မမေ့ပါနဲ့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%