သင့္ပစၥည္းေတြအေၾကာင္း သင္အကုန္သိတယ္ ထင္ေနပါသလား။ အဲဒါကုိ ေပ်ာ္ရႊင္က်န္းမာေနေစဖို႔က ေယာက္်ားတိုင္းရဲ႕ ရည္ရြယ္ခ်က္ပါ။ သင္ ဘယ္ေလာက္စဥ္းစားစဥ္းစား မရိပ္မိႏိုင္တဲ့ က်ားအဂၤါနဲ႔ ေဝွးေစ့ရဲ႕ လ်ိႈ့ဝွက္ခ်က္ေတြ ႐ွိေနပါေသးတယ္။ အဲဒါေတြကေတာ့
၁. သင့္လိင္တံနဲ႔ အေလးမႏိုင္ပါေသးတယ္
Iron Crotch ဆိုတဲ့ ေလ့က်င့္ခန္းဟာ ကြန္ဖူးအႏြယ္ဝင္ ေလ့က်င့္ခန္းတစ္ခုပါ။ LA က သိုင္းသင္တန္းေက်ာင္း တစ္ခုမွာ သင္တန္းသားေတြကို သူတို႔ လိင္တံမွာ ႀကိဳးပါတ္ၿပီး အေလးမဖို႔ကို သင္ၾကားေပးေနပါတယ္။ အဲဒိက ဆရာဟာ ေပါင္ ၈ေထာင္ ေလးတဲ့ ေလယဥ္ပ်ံတစ္စင္းကုိ လိင္တံနဲ႔ ဆြဲၿပီး National Geographic မွာ သ႐ုပ္ျပခဲ့ပါတယ္။
၂. သင့္အဂၤါ မာတင္းမႈမွာ Grade ေတြ ႐ွိပါတယ္
သင့္အဂၤါ မာတင္းမႈကို Grade ေလးမ်ိဳး ခြဲထားပါတယ္။ ႀကီးေပမယ့္မမာတာ၊ နည္းနည္းမာတာ (ဆက္ဆံမႈ မျပဳႏိုင္ေသးပါ)၊ ဆက္ဆံမႈ ျပဳႏိုင္ေအာင္ မာတာ၊ ေက်ာက္ခဲလို မာေနတာ ပါ။ အဲဒိ Scale ကို Viagra ကို စမ္းသပ္ခဲ့တဲ့ သိပၸံပညာ႐ွင္ေတြက ၁၉၉၀ ေက်ာ္ႏွစ္ေတြမွာ တီထြင္ခဲ့တာပါ။
၃. ေယာက္်ားေတြဟာ မိန္းမေတြေလာက္ Sensitive ျဖစ္ပါတယ္
သင့္ရဲ႕ လိင္အဂၤါေတြက အထိအေတြ႕ အာရံုခံစားႏိုင္မႈက မိန္းမေတြနဲ႔ တူတူပါပဲ။ ေယာက္်ားေတြအတြက္ အာရံုခံစားႏိုင္ဆံုးေနရာက လိင္တံထိပ္ နဲ႔ ကြမ္းသီးလံုးရဲ႕ ေအာက္တည့္တည့္ ေနရာပါ။ အမ်ိဳးသမီးေတြမွာက အတြင္းႏႈတ္ခမ္းသားငယ္ပါ။
၄. သင့္လိင္တံေပၚက ဘက္တီးရီးယားဟာ AIDS ျဖစ္ေအာင္ အေထာက္အကူေပးပါတယ္
သင့္လိင္တံထိပ္မွာ ဘက္တီးရီးယားေတြ အမ်ားႀကီး ႐ွိပါတယ္။ အေရျပားျဖတ္မထားရင္ ပုိဆိုးပါတယ္။ အဲဒိ ဘက္တီးရီးယားေတြဟာ ေရာင္ရမ္းမႈကို ျဖစ္ေစၿပီး HIV ပိုး ပစ္မွတ္ထားတဲ့ ကိုယ္ခံအားစနစ္ရဲ႕ T Cell ေတြကို ဆြဲေဆာင္ေစႏိုင္ပါတယ္။
၅. မနက္ပိုင္း ေထာင္မတ္တာဟာ လူတခ်ိဳ႕မွာ နာက်င္ပါတယ္
ေယာက္်ားေတြဟာ ည အနားယူၿပီးေနာက္မွာ မနက္ပိုင္းမွာ အလုပ္လုပ္ရန္အသင့္အေျခအေနနဲ႔ ႏိုးထေလ့႐ွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕သူေတြမွာ အဲဒါဟာ နာက်င္ၿပီး အိပ္ရာကေန လန္႔ႏိုးတဲ့အထိ စြမ္းေဆာင္ပါတယ္။ ျဖစ္ပြားမႈ အရမ္း႐ွားပါးၿပီး ခုထိ အေယာက္ ၃၀ သာ အဲဒိေရာဂါနဲ႔ ေဆးရံုေရာက္လာပါေသးတယ္။ ျဖစ္ပြားေစတဲ့ အေၾကာင္းရင္း မသိရေသးပါဘူး။
၆. သင့္ အဂၤါကို အမ်ိဳးသမီးေတြက မေကာင္းဆိုးဝါးတစ္ေကာင္လို ျမင္တတ္ပါတယ္
အမ်ိဳးသမီးေတြဟာ က်ားအဂၤါေတြကို နဂိုဆိုဒ္ထက္ ပိုႀကီးေနတယ္လို႔ ျမင္မွတ္ထားတတ္ပါတယ္။ ကယ္လီဖိုးနီးယား တကၠသိုလ္က စမ္းသပ္မႈတစ္ခုမွာ အမ်ိဳးသမီး ၄၁ဦး ကို က်ားအဂၤါအတု တစ္ခုစီ ကိုင္ထားေစပါတယ္။ ၿပီးေတာ့ အဲဒါကို တျခား ဆ္ုဒ္ေတြနဲ႔ ေရာလိုက္ၿပီး သူတို႔အရင္ကိုင္ခဲ့တဲ့ဟာကို ေရြးခိုင္းတဲ့အခါ ပိုႀကီးတဲ့ဟာကိုပဲ အားလံုးက ေရြးၾကပုတယ္။
၇. သင့္အဂၤါကို အေပါက္ ႀကိဳက္သေလာက္ ေဖာက္ႏိုင္ပါတယ္
ကမၻာေပၚမွာ ကိုယ္ခႏၶာမွာ အေပါက္အမ်ားဆံုး စံခ်ိန္တင္ထားတဲ့ ေယာက္်ားမွာ အေပါက္ ၄၅၃ ေပါက္ ႐ွိပါတယ္။ ၂၇၈ ခုက သူ႔လိင္အဂၤါမွာပါ။
၈. တခ်ိဳ႕လူေတြက ေဘာကို အကန္ခံရတာကို ႀကိဳက္ပါတယ္
ကြၽန္ေတာ္ကေတာ့ အဲဒါကို လန္႔ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေကာင္ေတြက အဲဒါကို Feel ခံတတ္ၾကပါတယ္တဲ့။ Youtube မွာ ballbusting အတြက္ အေျဖ 33000 နီးပါး ႐ွိပါတယ္။ ဂ်ပန္မွာဆို အဲဒါအတြက္ နာမည္ေတာင္ ႐ွိပါတယ္။ Tamakeri ပါ တဲ့။
၉. ေဝွးေစ့ကို လိမ္မိတာဟာ သင့္ကို ဥတစ္လံုးတစ္ေကာင္ႂကြက္ ျဖစ္ေစပါတယ္
သင့္ေဘာႏွစ္လံုးဟာ နားက်ပ္ေတြလို လိမ္မသြားပါဘူး။ ႏွစ္ခုၾကားမွာ အေျမႇးပါးေလး ခံထားပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ ဥ တစ္လံုးထဲကို လိမ္မိလိုက္ရင္ေတာ့ အရမ္းနာပါတယ္။ ၿပီးေတာ့ ေဝွးေစ့ႁပြန္တင္းမာေစၿပီး အခ်ိန္မွီမကုရင္ ဥတစ္လံုး ဆံုး႐ွံုးရႏိုင္ပါတယ္။ စက္ဘီးသမားေတြမွာ အျဖစ္မ်ားတတ္ပါတယ္။
၁၀. ေထာင္မတ္ေနခ်ိန္မွာ ဆံုးျဖတ္ခ်က္အမွားေတြ ခ်တတ္ပါတယ္
ေယာက္်ားေတြ စိတ္ပါေနရင္ သူတို႔ဟာ ျမင္ျမင္သမ်ွ အရာအားလံုးကို လိင္ဆြဲေဆာင္မႈ႐ွိတယ္လို႔ မွတ္ယူၾကပါတယ္။ အမ်ိဴးသမီး ဖိနပ္ကအစ၊ ေဆးလိပ္မီးခိုးေငြ႕ အဆံုးပါ။ ၿပီးေတာ့ သူတို႔ေကာင္မေလးနဲ႔ အိပ္ရဖို႔ ဘာမဆို ႀကိဳးစားခ်င္တတ္ပါတယ္။ တရားဝင္ဝင္ မဝင္ဝင္ပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့် ကျားအင်္ဂါအကြောင်း သိကောင်းစရာ ၁၀ ချက်
သင့်ပစ္စည်းတွေအကြောင်း သင်အကုန်သိတယ် ထင်နေပါသလား။ အဲဒါကို ပျော်ရွှင်ကျန်းမာနေစေဖို့က ယောက်ျားတိုင်းရဲ့ ရည်ရွယ်ချက်ပါ။ သင် ဘယ်လောက်စဉ်းစားစဉ်းစား မရိပ်မိနိုင်တဲ့ ကျားအင်္ဂါနဲ့ ဝှေးစေ့ရဲ့ လျိှု့ဝှက်ချက်တွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့
၁. သင့်လိင်တံနဲ့ အလေးမနိုင်ပါသေးတယ်
Iron Crotch ဆိုတဲ့ လေ့ကျင့်ခန်းဟာ ကွန်ဖူးအနွယ်ဝင် လေ့ကျင့်ခန်းတစ်ခုပါ။ LA က သိုင်းသင်တန်းကျောင်း တစ်ခုမှာ သင်တန်းသားတွေကို သူတို့ လိင်တံမှာ ကြိုးပါတ်ပြီး အလေးမဖို့ကို သင်ကြားပေးနေပါတယ်။ အဲဒိက ဆရာဟာ ပေါင် ၈ထောင် လေးတဲ့ လေယဉ်ပျံတစ်စင်းကို လိင်တံနဲ့ ဆွဲပြီး National Geographic မှာ သရုပ်ပြခဲ့ပါတယ်။
၂. သင့်အင်္ဂါ မာတင်းမှုမှာ Grade တွေ ရှိပါတယ်
သင့်အင်္ဂါ မာတင်းမှုကို Grade လေးမျိုး ခွဲထားပါတယ်။ ကြီးပေမယ့်မမာတာ၊ နည်းနည်းမာတာ (ဆက်ဆံမှု မပြုနိုင်သေးပါ)၊ ဆက်ဆံမှု ပြုနိုင်အောင် မာတာ၊ ကျောက်ခဲလို မာနေတာ ပါ။ အဲဒိ Scale ကို Viagra ကို စမ်းသပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက ၁၉၉၀ ကျော်နှစ်တွေမှာ တီထွင်ခဲ့တာပါ။
၃. ယောက်ျားတွေဟာ မိန်းမတွေလောက် Sensitive ဖြစ်ပါတယ်
သင့်ရဲ့ လိင်အင်္ဂါတွေက အထိအတွေ့ အာရုံခံစားနိုင်မှုက မိန်းမတွေနဲ့ တူတူပါပဲ။ ယောက်ျားတွေအတွက် အာရုံခံစားနိုင်ဆုံးနေရာက လိင်တံထိပ် နဲ့ ကွမ်းသီးလုံးရဲ့ အောက်တည့်တည့် နေရာပါ။ အမျိုးသမီးတွေမှာက အတွင်းနှုတ်ခမ်းသားငယ်ပါ။
၄. သင့်လိင်တံပေါ်က ဘက်တီးရီးယားဟာ AIDS ဖြစ်အောင် အထောက်အကူပေးပါတယ်
သင့်လိင်တံထိပ်မှာ ဘက်တီးရီးယားတွေ အများကြီး ရှိပါတယ်။ အရေပြားဖြတ်မထားရင် ပိုဆိုးပါတယ်။ အဲဒိ ဘက်တီးရီးယားတွေဟာ ရောင်ရမ်းမှုကို ဖြစ်စေပြီး HIV ပိုး ပစ်မှတ်ထားတဲ့ ကိုယ်ခံအားစနစ်ရဲ့ T Cell တွေကို ဆွဲဆောင်စေနိုင်ပါတယ်။
၅. မနက်ပိုင်း ထောင်မတ်တာဟာ လူတချို့မှာ နာကျင်ပါတယ်
ယောက်ျားတွေဟာ ည အနားယူပြီးနောက်မှာ မနက်ပိုင်းမှာ အလုပ်လုပ်ရန်အသင့်အခြေအနေနဲ့ နိုးထလေ့ရှိပါတယ်။ ဒါပေမယ့် တချို့သူတွေမှာ အဲဒါဟာ နာကျင်ပြီး အိပ်ရာကနေ လန့်နိုးတဲ့အထိ စွမ်းဆောင်ပါတယ်။ ဖြစ်ပွားမှု အရမ်းရှားပါးပြီး ခုထိ အယောက် ၃၀ သာ အဲဒိရောဂါနဲ့ ဆေးရုံရောက်လာပါသေးတယ်။ ဖြစ်ပွားစေတဲ့ အကြောင်းရင်း မသိရသေးပါဘူး။
၆. သင့် အင်္ဂါကို အမျိုးသမီးတွေက မကောင်းဆိုးဝါးတစ်ကောင်လို မြင်တတ်ပါတယ်
အမျိုးသမီးတွေဟာ ကျားအင်္ဂါတွေကို နဂိုဆိုဒ်ထက် ပိုကြီးနေတယ်လို့ မြင်မှတ်ထားတတ်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်က စမ်းသပ်မှုတစ်ခုမှာ အမျိုးသမီး ၄၁ဦး ကို ကျားအင်္ဂါအတု တစ်ခုစီ ကိုင်ထားစေပါတယ်။ ပြီးတော့ အဲဒါကို တခြား ဆ်ုဒ်တွေနဲ့ ရောလိုက်ပြီး သူတို့အရင်ကိုင်ခဲ့တဲ့ဟာကို ရွေးခိုင်းတဲ့အခါ ပိုကြီးတဲ့ဟာကိုပဲ အားလုံးက ရွေးကြပုတယ်။
၇. သင့်အင်္ဂါကို အပေါက် ကြိုက်သလောက် ဖောက်နိုင်ပါတယ်
ကမ္ဘာပေါ်မှာ ကိုယ်ခန္ဓာမှာ အပေါက်အများဆုံး စံချိန်တင်ထားတဲ့ ယောက်ျားမှာ အပေါက် ၄၅၃ ပေါက် ရှိပါတယ်။ ၂၇၈ ခုက သူ့လိင်အင်္ဂါမှာပါ။
၈. တချို့လူတွေက ဘောကို အကန်ခံရတာကို ကြိုက်ပါတယ်
ကျွန်တော်ကတော့ အဲဒါကို လန့်ပါတယ်။ ဒါပေမယ့် တချို့ကောင်တွေက အဲဒါကို Feel ခံတတ်ကြပါတယ်တဲ့။ Youtube မှာ ballbusting အတွက် အဖြေ 33000 နီးပါး ရှိပါတယ်။ ဂျပန်မှာဆို အဲဒါအတွက် နာမည်တောင် ရှိပါတယ်။ Tamakeri ပါ တဲ့။
၉. ဝှေးစေ့ကို လိမ်မိတာဟာ သင့်ကို ဥတစ်လုံးတစ်ကောင်ကြွက် ဖြစ်စေပါတယ်
သင့်ဘောနှစ်လုံးဟာ နားကျပ်တွေလို လိမ်မသွားပါဘူး။ နှစ်ခုကြားမှာ အမြှေးပါးလေး ခံထားပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဥ တစ်လုံးထဲကို လိမ်မိလိုက်ရင်တော့ အရမ်းနာပါတယ်။ ပြီးတော့ ဝှေးစေ့ပြွန်တင်းမာစေပြီး အချိန်မှီမကုရင် ဥတစ်လုံး ဆုံးရှုံးရနိုင်ပါတယ်။ စက်ဘီးသမားတွေမှာ အဖြစ်များတတ်ပါတယ်။
၁၀. ထောင်မတ်နေချိန်မှာ ဆုံးဖြတ်ချက်အမှားတွေ ချတတ်ပါတယ်
ယောက်ျားတွေ စိတ်ပါနေရင် သူတို့ဟာ မြင်မြင်သမျှ အရာအားလုံးကို လိင်ဆွဲဆောင်မှုရှိတယ်လို့ မှတ်ယူကြပါတယ်။ အမျိူးသမီး ဖိနပ်ကအစ၊ ဆေးလိပ်မီးခိုးငွေ့ အဆုံးပါ။ ပြီးတော့ သူတို့ကောင်မလေးနဲ့ အိပ်ရဖို့ ဘာမဆို ကြိုးစားချင်တတ်ပါတယ်။ တရားဝင်ဝင် မဝင်ဝင်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================