လူ႔ဦးေႏွာက္ရဲ႕ ေမွာ္ပညာကို ခံစားခ်င္ရင္ ေလးႏွစ္ ကေလးတစ္ေယာက္နဲ႔ Matching Game တစ္ခု ကစားၾကည့္ပါ။ ကဒ္ေလးေတြကို ေမွာက္ထားၿပီး တစ္ေယာက္တစ္လွည့္ လွန္ရင္း တူတာႏွစ္ခု ယွဥ္တြဲေပးရတဲ့ ဂိမ္းေလးပါ။ အဲဒီ ဦးေႏွာက္ေသးေသးေလးက အရမ္းစြမ္းတာ ေတြ႕ရပါလိမ့္မယ္။ သင့္ကို ကေလးဦးေႏွာက္ေလးနဲ႔ အႏိုင္ယူသြားတာ ေတြ႕ရတာ စိတ္အေႏွာင့္ အယွက္ ျဖစ္စရာပါ။
ကေလးေတြဟာ အျမန္ဆံုး သင္ယူေလ့လာႏိုင္ၾကပါတယ္။ သူတို႔ဟာ ေနရာတိုင္းမွာ အခ်ိန္တိုင္း တိုးတက္ေနသူေတြပါ။ အားက်ပါသလား?? သင့္မွာသာ အဲဒီစြမ္းရည္႐ွိရင္ ဘာလုပ္ႏိုင္မလဲဆိုတာ စဥ္းစားၾကည့္လိုက္ပါ။
ကြၽန္ေတာ္တို႔ လူႀကီးေတြမွာလည္း ေမ်ွာ္လင့္ခ်က္ ႐ွိပါေသးတယ္။ IQ ကို ေမြးရာပါနဲ႔ ၿငိမ္မေနပဲ တိုးျမႇင့္လို႔ရတယ္ဆိုတာ လူေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ လူတစ္ေယာက္ဟာ အျပဳအမူ ငါးခုကို ေန႔တိုင္းလုပ္ရင္ ဉာဏ္ရည္ တိုးေစပါတယ္။ အဲဒါေတြကေတာ့ စိတ္ဝင္စားတာ၊ ကိုယ့္ဘာသာ စိန္ေခၚတာ၊ အသစ္ တီထြင္ၾကံဆၿပီး ေတြးေခၚတာ၊ ခက္ခဲတဲ့ နည္းလမ္းနဲ႔ လုပ္တာ၊ အစုအေပါင္းနဲ႔ အလုပ္လုပ္တာ တို႔ပါ။
ကေလးေတြအတြက္ ျမင္ရၾကားရသမ်ွဟာ စိတ္ဝင္စားစရာ အသစ္အဆန္းျဖစ္ေနပါတယ္။ ကေလးျဖစ္ေနလုိ႔ အလုပ္အားလံုးဟာ စိန္ေခၚမႈေတြပါ။ သူတို႔ ေမြးကတည္းက ျပႆနာ႐ွင္းဖို႔ ကိုယ္ဘာသာ ၾကံဆရပါတယ္။ ခက္တာ လုပ္ရင္းကေန လြယ္တဲ့ နည္းလမ္းကို ျမင္လာရတယ္။ လူအသစ္ေတြကို ေတြ႕ရင္းေတြ႕ရင္း အစုအေပါင္း ျဖစ္လာပါတယ္။ ဒီေလာက္ဆို ကေလးေတြ ဉာဏ္ေကာင္းတာ မဆန္းေတာ့ဘူးနဲ႔ တူပါတယ္။
ကေလးေတြက ဦးေႏွာက္စြမ္းရည္တိုးေစတဲ့ အရာေတြနဲ႔ အျမဲၾကံဳေနရခ်ိန္မွာ လူႀကီးေတြကေတာ့ ပိုၿပီး သက္သာေနပါတယ္။ ကိုယ့္ဘာသာ လိုက္႐ွာရမွာပါ။ သက္သက္သာသာေနဖို႔ လြယ္ပါတယ္။ ဒါေပမယ့္ ဒီဟာဟာ ဉာဏ္ပိုေကာင္းရံုတင္မက ေန႔စဥ္ဘဝ အလုပ္ေတြပါ အဆင္ေျပေစတယ္ ဆိုတာ သိနားလည္ထားရပါမယ္။
သင့္ရဲ႕ဉာဏ္ရည္ကို တည္ေဆာက္ေနတုန္း သိမွတ္ထားစရာေတြကေတာ့
၁. စိတ္ဝင္စားစရာ ႐ွာပါ
စိတ္ဝင္စားစရာဆိုတာ အျပင္မွာ ခက္ခက္ခဲခဲ လိုက္႐ွာဖို႔ မလိုပါဘူး။ သင့္အတြက္ အသစ္ေတြ ျဖစ္ေနသမ်ွဟာ စိတ္ဝင္စားစရာ ခ်ည္းပါပဲ။ အေတြ႕အၾကံဳသစ္ေတြ၊ လူသစ္ေတြ၊ အလုပ္အကိုင္သစ္ေတြက စိတ္ဝင္စားစရာေတြခ်ည္းပါ။ အခြင့္အေရးရရင္ ယူလိုက္ပါ။
၂. ကိုယ့္ဘာသာ စိန္ေခၚပါ
ဦးေႏွာက္ဆိုတာ တျခား ႂကြက္သားေတြလိုပဲ ေလ့က်င့္ေလ ထက္ျမက္ေလပါ။ သင္ ေတာ္တာ သိေနလ်က္နဲ႔ေတာင္ သက္သက္သာသာမေနပဲ သင့္ကိုယ္သင္ အျမဲ စိန္ေခၚေနပါ။
၃. ထြင္းေဖာက္ ေတြးေခၚပါ
တီထြင္မႈမွာ အက်ိဳး အနႏၱ႐ွိပါတယ္။ တီထြင္ ေတြးေခၚမႈဟာ ဉာဏ္ေကာင္းေစရံုမကပဲ အလုပ္လုပ္အား၊ စြမ္းေဆာင္ရည္၊ ေအာင္ျမင္မႈ၊ ေပ်ာ္ရႊင္မႈကိုပါ တိုးေစပါတယ္။ ကြၽန္ေတာ္တို႔ အားလံုးမွာ ထြင္းေဖာက္ေတြးေခၚႏိုင္စြမ္း ႐ွိပါတယ္။ သင့္ဦးေႏွာက္ကို မွတ္သားရံု သံုးမယ့္အစား ေတြးေခၚပစ္လိုက္ပါ။
၄. ခက္ခဲတဲ့ နည္းလမ္းနဲ႔ လုပ္ပါ
အဲဒါက ဦးေႏွာက္ေလ့က်င့္ခန္းပါ။ နံပါတ္ ၂ လိုပါပဲ။ အရမ္းႀကီး ႐ုန္းကန္မရေလာက္ေအာင္ ခက္ခဲပစ္စရာ မလိုပါဘူး။ ဒါေပမယ့္ တစ္ခ်ိန္မွာ နည္းနည္း သင္ ခံႏိုင္ေလာက္တဲ့ အေျခအေနနဲ႔ လုပ္ၾကည့္ပါ။ ဥပမာ Calculator မသံုးပဲတြက္ၾကည့္တာ၊ GPS မပါပဲ လမ္း႐ွာတာ၊ ကိုယ့္ဘာသာ ခ်က္စားတာလိုပါ။
၅. အစု အေပါင္း လုပ္ေနပါ
စိတ္ဝင္စားစရာ ႐ွာမရတာ၊ တီထြင္ၾကံဆဖို႔ နည္းလမ္း ႐ွာမေတြ႕တာေတြဟာ ဘယ္ေနရာမွာ ႐ွာရမွန္း မသိလို႔ပါ။ အဲဒါဟာ အစုအေပါင္းဝင္လာတဲ့ ေနရာပါ။ တျခားလူေတြျပတဲ့ လမ္းကို ယူပါ။ လူမ်ားမ်ားနဲ႔ ေတြ႕ေလ၊ အေတြ႕အၾကံဳ မ်ားမ်ား ရေလပါပဲ။
လူစိမ္းေတြနဲ႔ မိတ္ဖြဲ႔ရတာဟာ ေၾကာက္ဖို႔ေကာင္းေနၿပီး သက္ေတာင့္သက္သာ မ႐ွိသလို ခံစားရပါတယ္။ အဲဒါဟာအေတြ႕အၾကံဳ အသစ္ေတြကိုလဲ ရေစပါတယ္။
သင့္ ေန႔စဥ္ဘဝမွာ အဲဒီအခ်က္ငါးခ်က္ကို အေလ့အက်င့္ လုပ္ေပးျခင္းဟာ နည္းလမ္းေပါင္းစံု အက်ိဳး႐ွိေစပါတယ္။ အနည္းဆံုး ကေလးေတြနဲ႔ ဂိမ္းကစားတဲ့အခါ မ႐ွဳံးေတာ့ဘူးေပါ့။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့် ဉာဏ်ရည်တိုးစေဖို့ နေ့တိုင်းလုပ်သင့်တဲ့ အပြုအမူများ
လူ့ဦးနှောက်ရဲ့ မှော်ပညာကို ခံစားချင်ရင် လေးနှစ် ကလေးတစ်ယောက်နဲ့ Matching Game တစ်ခု ကစားကြည့်ပါ။ ကဒ်လေးတွေကို မှောက်ထားပြီး တစ်ယောက်တစ်လှည့် လှန်ရင်း တူတာနှစ်ခု ယှဉ်တွဲပေးရတဲ့ ဂိမ်းလေးပါ။ အဲဒီ ဦးနှောက်သေးသေးလေးက အရမ်းစွမ်းတာ တွေ့ရပါလိမ့်မယ်။ သင့်ကို ကလေးဦးနှောက်လေးနဲ့ အနိုင်ယူသွားတာ တွေ့ရတာ စိတ်အနှောင့် အယှက် ဖြစ်စရာပါ။
ကလေးတွေဟာ အမြန်ဆုံး သင်ယူလေ့လာနိုင်ကြပါတယ်။ သူတို့ဟာ နေရာတိုင်းမှာ အချိန်တိုင်း တိုးတက်နေသူတွေပါ။ အားကျပါသလား?? သင့်မှာသာ အဲဒီစွမ်းရည်ရှိရင် ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။
ကျွန်တော်တို့ လူကြီးတွေမှာလည်း မျှော်လင့်ချက် ရှိပါသေးတယ်။ IQ ကို မွေးရာပါနဲ့ ငြိမ်မနေပဲ တိုးမြှင့်လို့ရတယ်ဆိုတာ လူတော်တော်များများ သိကြမှာပါ။ လူတစ်ယောက်ဟာ အပြုအမူ ငါးခုကို နေ့တိုင်းလုပ်ရင် ဉာဏ်ရည် တိုးစေပါတယ်။ အဲဒါတွေကတော့ စိတ်ဝင်စားတာ၊ ကိုယ့်ဘာသာ စိန်ခေါ်တာ၊ အသစ် တီထွင်ကြံဆပြီး တွေးခေါ်တာ၊ ခက်ခဲတဲ့ နည်းလမ်းနဲ့ လုပ်တာ၊ အစုအပေါင်းနဲ့ အလုပ်လုပ်တာ တို့ပါ။
ကလေးတွေအတွက် မြင်ရကြားရသမျှဟာ စိတ်ဝင်စားစရာ အသစ်အဆန်းဖြစ်နေပါတယ်။ ကလေးဖြစ်နေလို့ အလုပ်အားလုံးဟာ စိန်ခေါ်မှုတွေပါ။ သူတို့ မွေးကတည်းက ပြဿနာရှင်းဖို့ ကိုယ်ဘာသာ ကြံဆရပါတယ်။ ခက်တာ လုပ်ရင်းကနေ လွယ်တဲ့ နည်းလမ်းကို မြင်လာရတယ်။ လူအသစ်တွေကို တွေ့ရင်းတွေ့ရင်း အစုအပေါင်း ဖြစ်လာပါတယ်။ ဒီလောက်ဆို ကလေးတွေ ဉာဏ်ကောင်းတာ မဆန်းတော့ဘူးနဲ့ တူပါတယ်။
ကလေးတွေက ဦးနှောက်စွမ်းရည်တိုးစေတဲ့ အရာတွေနဲ့ အမြဲကြုံနေရချိန်မှာ လူကြီးတွေကတော့ ပိုပြီး သက်သာနေပါတယ်။ ကိုယ့်ဘာသာ လိုက်ရှာရမှာပါ။ သက်သက်သာသာနေဖို့ လွယ်ပါတယ်။ ဒါပေမယ့် ဒီဟာဟာ ဉာဏ်ပိုကောင်းရုံတင်မက နေ့စဉ်ဘဝ အလုပ်တွေပါ အဆင်ပြေစေတယ် ဆိုတာ သိနားလည်ထားရပါမယ်။
သင့်ရဲ့ဉာဏ်ရည်ကို တည်ဆောက်နေတုန်း သိမှတ်ထားစရာတွေကတော့
၁. စိတ်ဝင်စားစရာ ရှာပါ
စိတ်ဝင်စားစရာဆိုတာ အပြင်မှာ ခက်ခက်ခဲခဲ လိုက်ရှာဖို့ မလိုပါဘူး။ သင့်အတွက် အသစ်တွေ ဖြစ်နေသမျှဟာ စိတ်ဝင်စားစရာ ချည်းပါပဲ။ အတွေ့အကြံုသစ်တွေ၊ လူသစ်တွေ၊ အလုပ်အကိုင်သစ်တွေက စိတ်ဝင်စားစရာတွေချည်းပါ။ အခွင့်အရေးရရင် ယူလိုက်ပါ။
၂. ကိုယ့်ဘာသာ စိန်ခေါ်ပါ
ဦးနှောက်ဆိုတာ တခြား ကြွက်သားတွေလိုပဲ လေ့ကျင့်လေ ထက်မြက်လေပါ။ သင် တော်တာ သိနေလျက်နဲ့တောင် သက်သက်သာသာမနေပဲ သင့်ကိုယ်သင် အမြဲ စိန်ခေါ်နေပါ။
၃. ထွင်းဖောက် တွေးခေါ်ပါ
တီထွင်မှုမှာ အကျိုး အနန္တရှိပါတယ်။ တီထွင် တွေးခေါ်မှုဟာ ဉာဏ်ကောင်းစေရုံမကပဲ အလုပ်လုပ်အား၊ စွမ်းဆောင်ရည်၊ အောင်မြင်မှု၊ ပျော်ရွှင်မှုကိုပါ တိုးစေပါတယ်။ ကျွန်တော်တို့ အားလုံးမှာ ထွင်းဖောက်တွေးခေါ်နိုင်စွမ်း ရှိပါတယ်။ သင့်ဦးနှောက်ကို မှတ်သားရုံ သုံးမယ့်အစား တွေးခေါ်ပစ်လိုက်ပါ။
၄. ခက်ခဲတဲ့ နည်းလမ်းနဲ့ လုပ်ပါ
အဲဒါက ဦးနှောက်လေ့ကျင့်ခန်းပါ။ နံပါတ် ၂ လိုပါပဲ။ အရမ်းကြီး ရုန်းကန်မရလောက်အောင် ခက်ခဲပစ်စရာ မလိုပါဘူး။ ဒါပေမယ့် တစ်ချိန်မှာ နည်းနည်း သင် ခံနိုင်လောက်တဲ့ အခြေအနေနဲ့ လုပ်ကြည့်ပါ။ ဥပမာ Calculator မသုံးပဲတွက်ကြည့်တာ၊ GPS မပါပဲ လမ်းရှာတာ၊ ကိုယ့်ဘာသာ ချက်စားတာလိုပါ။
၅. အစု အပေါင်း လုပ်နေပါ
စိတ်ဝင်စားစရာ ရှာမရတာ၊ တီထွင်ကြံဆဖို့ နည်းလမ်း ရှာမတွေ့တာတွေဟာ ဘယ်နေရာမှာ ရှာရမှန်း မသိလို့ပါ။ အဲဒါဟာ အစုအပေါင်းဝင်လာတဲ့ နေရာပါ။ တခြားလူတွေပြတဲ့ လမ်းကို ယူပါ။ လူများများနဲ့ တွေ့လေ၊ အတွေ့အကြံု များများ ရလေပါပဲ။
လူစိမ်းတွေနဲ့ မိတ်ဖွဲ့ရတာဟာ ကြောက်ဖို့ကောင်းနေပြီး သက်တောင့်သက်သာ မရှိသလို ခံစားရပါတယ်။ အဲဒါဟာအတွေ့အကြံု အသစ်တွေကိုလဲ ရစေပါတယ်။
သင့် နေ့စဉ်ဘဝမှာ အဲဒီအချက်ငါးချက်ကို အလေ့အကျင့် လုပ်ပေးခြင်းဟာ နည်းလမ်းပေါင်းစုံ အကျိုးရှိစေပါတယ်။ အနည်းဆုံး ကလေးတွေနဲ့ ဂိမ်းကစားတဲ့အခါ မရှုံးတော့ဘူးပေါ့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================