လူအမ်ားစုဟာ သူတို႔ရဲ႕ဘ၀သက္တမ္းတစ္ေလွ်ာက္မွာ အႀကီးအက်ယ္က်င္းပတဲ့ ပြဲေတာ္ႀကီးေတြမွာ ပါ၀င္ဆင္ႏႊဲဖို႔ စိတ္ကူးတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင္မေသခင္ ပါ၀င္ဆင္ႏႊဲသင့္တဲ့ ကမာၻအႏွံ႕က ပြဲေတာ္ေတြကို စုစည္းတင္ျပလိုက္ပါတယ္။
(၁) ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕မွာ (၁၆)ရက္ၾကာက်င္းပၿပီး လူဦးေရ (၃)သန္းခန္႔ပါ၀င္ဆင္ႏႊဲေလ့ရွိတဲ့ ဘီယာပြဲေတာ္။
(၂) အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ က်င္းပေလ့ရွိၿပီး ထူးထူးဆန္းဆန္း ၀တ္စံု၀တ္အေျပးၿပိဳင္ပြဲ။ ဒီၿပိဳင္ပြဲမွာ လူတစ္သိန္းေက်ာ္ေလာက္ပါ၀င္ဆင္ႏႊဲေလ့ရွိပါတယ္။
(၃) ကမ္းေျခမွာ ေသာက္ခ်င္ စားခ်င္ ေပ်ာ္ခ်င္ပါးခ်င္သူေတြ အႀကိဳက္ေတြ႔မယ့္ ထိုင္းႏိုင္ငံ၊ Koh Pha Ngan မွာ လျပည့္ေန႔ညမတိုင္ခင္ အဖိတ္ေန႔နဲ႔ လျပည့္ေက်ာ္တစ္ရက္ေန႔တို႔မွာ က်င္းပေလ့ရွိတဲ့ လျပည့္ညပြဲေတာ္
(၄) ဇူလိုင္လအတြင္း ေတာင္ကိုရီးယားႏိုင္ငံ Boryeong ၿမိဳ႕မွာ (၁၀)ရက္ၾကာ က်င္းပတဲ့ Boryeong ရႊံ႕ပြဲေတာ္။
(၅) အိႏၵိယႏိုင္ငံမွာ (၂)ရက္တာက်င္းပတဲ့ Holi ေခၚ ေရာင္စုံပြဲေတာ္။ ဒီပြဲေတာ္မွာ ပါ၀င္ဆင္ႏႊဲသူေတြဟာ တစ္ဦးနဲ႔တစ္ဦး အေရာင္စံုဆိုးထားတဲ့ ဂ်ံဳမႈန္႔ေတြနဲ႔ ပက္ၾကရပါတယ္။
(၆) ၾသဂုတ္လတိုင္း အေမရိကန္ႏိုင္ငံ နီဗားဒါးျပည္နယ္၊ Black Rock သဲကႏာၱရထဲမွာ က်င္းပေလ့ရွိတဲ့ Burning Man ပြဲေတာ္ဟာ ဆိုရင္လည္း ဂီတေဖ်ာ္ေျဖမႈေတြ၊ ဆန္းျပားတဲ့၀တ္စုံေတြ၊ မီးအလွျပကြက္ေတြကို အံ့မခန္းျမင္ေတြ႔ႏိုင္တဲ့ပြဲေတာ္တစ္ခုျဖစ္ပါတယ္။
(၇) စပိန္ႏိုင္ငံမွာ ၾသဂုတ္လတိုင္းက်င္းပေလ့ရွိတဲ့ ခရမ္းခ်ဥ္သီးတိုက္ပြဲဟာလည္း ကမာၻ႔အႀကီးဆံုး စားစရာတိုက္ပြဲတစ္ခုျဖစ္ၿပီး လူဦးေရ သံုးသိန္းေလာက္ ပါ၀င္ဆင္ႏႊဲေလ့ရွိပါတယ္။
(၈) ကယ္လီဖိုးနီးယားျပည္နယ္၊ အင္ဒီယိုၿမိဳ႕မွာ သံုးရက္ၾကာ မိုးလင္းမိုးခ်ဳပ္က်င္းပဲ ဂီတပြဲေတာ္ဟာလည္း ထိပ္တန္း ေဖ်ာ္ေျဖတင္ဆက္မႈေတြကို ခံစားႏိုင္တဲ့ ပြဲေတာ္တစ္ခုျဖစ္ပါတယ္။
(၉) ဧပရယ္လတိုင္း ထိုင္းႏိုင္ငံရဲ႕ ႏွစ္သစ္ကူးေန႔မွာက်င္းပတဲ့ သႀကၤန္ပြဲေတာ္
(၁၀) ၀တ္စံုမ်ိဳးစံုနဲ႔ တစ္ေနကုန္လွည့္လည္ၿပီး ညေရာက္ခ်ိန္ထိ ေသာက္စားေပ်ာ္ပါးၾကတဲ့ Fasnacht ပြဲေတာ္ကေတာ့ ဆြစ္ဇာလန္ႏိုင္ငံက အႀကီးဆံုးပြဲေတာ္တစ္ခုျဖစ္ပါတယ္။
(၁၁) ကမာၻအႏံွ႔က နာမည္ႀကီး ဒီေဂ်အေယာက္(၅၀၀)ေက်ာ္ရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈေတြကို သံုးရက္ၾကာ ခံစားႏိုင္မယ့္ နီဗားဒါးျပည္နယ္၊ Las Vegas ၿမိဳ႕က Electric Daisy Carnival ဂီတပြဲေတာ္။
(၁၂) အံ့ၾသမင္သက္သြားေလာက္စရာ ၀တ္စံုဆန္းေတြ၊ အကသမားေတြ အမ်ားအျပား စီတန္းလွည့္လည္ၾက တဲ့ ဘရာဇီးႏိုင္ငံ၊ ရီယိုဒီေဂ်းနယိုးၿမိဳ႕က ကာနီဗယ္၀တ္စံုပြဲေတာ္
(၁၃) အေမရိကန္ႏိုင္ငံမွာ က်င္းပတဲ့ Foam N’ Glow ပြဲေတာ္ဟာဆိုရင္ ကမာၻ႔အႀကီးဆံုး ဆပ္ျပာျမဳပ္ ပြဲေတာ္ေတြထဲက တစ္ခုျဖစ္ၿပီး ဂီတေဖ်ာ္ေျဖမႈေတြအပါအ၀င္ အျခားေဖ်ာ္ေျဖမႈမ်ားစြာကို ခံစားရမယ့္ ပြဲေတာ္တစ္ခု ျဖစ္ပါတယ္။
(၁၄) စပိန္ႏိုင္ငံ တာရာဂိုနာၿမိဳ႕မွာ (၂)ႏွစ္တစ္ႀကိမ္က်င္းပေလ့ရွိတဲ့ Concurs de Castell အမည္ရ လူသားေမွ်ာ္စင္တည္ေဆာက္ပြဲေတာ္။
(၁၅) အီတလီႏိုင္ငံ Ivrea ၿမိဳ႕မွာ သံုးရက္ၾကာက်င္းပေလ့ရွိတဲ့ လိေမၼာ္သီးတိုက္ပြဲ။
(၁၆) ကေနဒါႏိုင္ငံမွာ စတိတ္႐ႈိးေတြ၊ ဂီတေဖ်ာ္ေျဖပြဲေတြ၊ လွည္းၿပိဳင္ပြဲေတြပါ၀င္ၿပီး (၁၀)ရက္ၾကာက်င္းပတဲ့ Calgary Stampede ပြဲေတာ္
(၁၇) အေမရိကန္ႏိုင္ငံ နယူးေအာ္လန္းၿမိဳ႕က Mardi Gras ပြဲေတာ္ဟာဆိုရင္လည္း ထူးဆန္းတဲ့၀တ္စံုေတြနဲ႔ စီတန္းလမ္းေလွ်ာက္က်တာေတြကို ျမင္ေတြ႔ရမယ့္ ပြဲေတာ္တစ္ခုျဖစ္ပါတယ္။
(၁၈) ကမာၻ႔အႀကီးဆံုး ဂ်က္ဇ္ ဂီတပြဲေတာ္အျဖစ္ ဂင္းနစ္မွတ္တမ္း၀င္ထားတဲ့ Montreal ဲJazz ပြဲေတာ္
(၁၉) ႏွင္းဖုံးလႊမ္းတဲ့ေတာင္ထိပ္ေပၚမွာ ဒီေဂ်ေဖ်ာ္ေျဖမႈေတြနဲ႔အတူ ႏွင္းေလွ်ာစီးခ်င္သူေတြအတြက္ ၾသစႀတီးယားႏိုင္ငံက Snowbombing ပြဲေတာ္
(၂၀) ၁၉၇၀ ခုႏွစ္ကတည္းက အခုခ်ိန္ထိက်င္းပလာခဲ့ၿပီး ကမာၻေက်ာ္ေတးသံရွင္ေတြ လာေရာက္ေဖ်ာ္ေျဖတဲ့ အဂၤလန္ႏိုင္ငံက Glastonbury ဂီတပြဲေတာ္
(၂၁) ထိုင္းႏိုင္ငံ ခ်င္းမိုင္၊ အယုဒၵယနဲ႔ ဆူခိုထိုင္းအရပ္တို႔မွာ ေကာင္းကင္ယံအျပည့္မီးပံုပ်ံေတြကို ျမင္ေတြ႔ရမယ့္ Loi Krathong မီးထြန္းပြဲေတာ္
(၂၂) ဘရာဇီးႏိုင္ငံမွာ အစျပဳခဲ့ၿပီး တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ေျပာင္းေရႊ႕က်င္းပေလ့ရွိတဲ့ Rock in Rio ကမာၻ႔အႀကီးဆံုး ဂီတပြဲေတာ္
(၂၃) စပိန္ႏိုင္ငံ La Rioja ေဒသမွာ က်င္းပေလ့ရွိတဲ့ La Batalla del Vino အမည္ရ ၀ိုင္သၾကၤန္ပြဲေတာ္
(၂၄) ဥေရာပရဲ႕ အႀကီးဆံုးေတးဂီတပြဲေတာ္လည္းျဖစ္၊ ေတးဂီတခ်စ္သူေတြအတြက္ မတူညီတဲ့ ေဖ်ာ္ေျဖတင္ဆက္မႈ (၁၈၀)ခန္႔ကို ခံစားၾကရမယ့္ Roskilde ဂီတပြဲေတာ္
(၂၅) အေမရိကန္ႏိုင္ငံ နယူးမကၠဆီကိုျပည္နယ္မွာ ေအာက္တိုဘာလတိုင္းက်င္းပေလ့ရွိတဲ့ ကမာၻ႔အႀကီးဆံုး Albuquerque ႏိုင္ငံတကာ မီးပံုပ်ံပြဲေတာ္
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
သင် မသေခင် ပါ၀င်ဆင်နွှဲဖူးသင့်တဲ့ ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ
လူအများစုဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ အကြီးအကျယ်ကျင်းပတဲ့ ပွဲတော်ကြီးတွေမှာ ပါ၀င်ဆင်နွှဲဖို့ စိတ်ကူးတတ်ကြပါတယ်။ ဒါ့ကြောင့် သင်မသေခင် ပါ၀င်ဆင်နွှဲသင့်တဲ့ ကမ္ဘာအနှံ့က ပွဲတော်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ (၁၆)ရက်ကြာကျင်းပပြီး လူဦးရေ (၃)သန်းခန့်ပါ၀င်ဆင်နွှဲလေ့ရှိတဲ့ ဘီယာပွဲတော်။
(၂) အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပလေ့ရှိပြီး ထူးထူးဆန်းဆန်း ၀တ်စုံဝတ်အပြေးပြိုင်ပွဲ။ ဒီပြိုင်ပွဲမှာ လူတစ်သိန်းကျော်လောက်ပါ၀င်ဆင်နွှဲလေ့ရှိပါတယ်။
(၃) ကမ်းခြေမှာ သောက်ချင် စားချင် ပျော်ချင်ပါးချင်သူတွေ အကြိုက်တွေ့မယ့် ထိုင်းနိုင်ငံ၊ Koh Pha Ngan မှာ လပြည့်နေ့ညမတိုင်ခင် အဖိတ်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့တို့မှာ ကျင်းပလေ့ရှိတဲ့ လပြည့်ညပွဲတော်
(၄) ဇူလိုင်လအတွင်း တောင်ကိုရီးယားနိုင်ငံ Boryeong မြို့မှာ (၁၀)ရက်ကြာ ကျင်းပတဲ့ Boryeong ရွှံ့ပွဲတော်။
(၅) အိန္ဒိယနိုင်ငံမှာ (၂)ရက်တာကျင်းပတဲ့ Holi ခေါ် ရောင်စုံပွဲတော်။ ဒီပွဲတော်မှာ ပါ၀င်ဆင်နွှဲသူတွေဟာ တစ်ဦးနဲ့တစ်ဦး အရောင်စုံဆိုးထားတဲ့ ဂျုံမှုန့်တွေနဲ့ ပက်ကြရပါတယ်။
(၆) သြဂုတ်လတိုင်း အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်၊ Black Rock သဲကန္တာရထဲမှာ ကျင်းပလေ့ရှိတဲ့ Burning Man ပွဲတော်ဟာ ဆိုရင်လည်း ဂီတဖျော်ဖြေမှုတွေ၊ ဆန်းပြားတဲ့ဝတ်စုံတွေ၊ မီးအလှပြကွက်တွေကို အံ့မခန်းမြင်တွေ့နိုင်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။
(၇) စပိန်နိုင်ငံမှာ သြဂုတ်လတိုင်းကျင်းပလေ့ရှိတဲ့ ခရမ်းချဉ်သီးတိုက်ပွဲဟာလည်း ကမ္ဘာ့အကြီးဆုံး စားစရာတိုက်ပွဲတစ်ခုဖြစ်ပြီး လူဦးရေ သုံးသိန်းလောက် ပါ၀င်ဆင်နွှဲလေ့ရှိပါတယ်။
(၈) ကယ်လီဖိုးနီးယားပြည်နယ်၊ အင်ဒီယိုမြို့မှာ သုံးရက်ကြာ မိုးလင်းမိုးချုပ်ကျင်းပဲ ဂီတပွဲတော်ဟာလည်း ထိပ်တန်း ဖျော်ဖြေတင်ဆက်မှုတွေကို ခံစားနိုင်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။
(၉) ဧပရယ်လတိုင်း ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးနေ့မှာကျင်းပတဲ့ သင်္ကြန်ပွဲတော်
(၁၀) ၀တ်စုံမျိုးစုံနဲ့ တစ်နေကုန်လှည့်လည်ပြီး ညရောက်ချိန်ထိ သောက်စားပျော်ပါးကြတဲ့ Fasnacht ပွဲတော်ကတော့ ဆွစ်ဇာလန်နိုင်ငံက အကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။
(၁၁) ကမ္ဘာအနှံ့က နာမည်ကြီး ဒီဂျေအယောက်(၅၀၀)ကျော်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို သုံးရက်ကြာ ခံစားနိုင်မယ့် နီဗားဒါးပြည်နယ်၊ Las Vegas မြို့က Electric Daisy Carnival ဂီတပွဲတော်။
(၁၂) အံ့သြမင်သက်သွားလောက်စရာ ၀တ်စုံဆန်းတွေ၊ အကသမားတွေ အများအပြား စီတန်းလှည့်လည်ကြ တဲ့ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျေးနယိုးမြို့က ကာနီဗယ်ဝတ်စုံပွဲတော်
(၁၃) အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ Foam N’ Glow ပွဲတော်ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး ဆပ်ပြာမြုပ် ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး ဂီတဖျော်ဖြေမှုတွေအပါအဝင် အခြားဖျော်ဖြေမှုများစွာကို ခံစားရမယ့် ပွဲတော်တစ်ခု ဖြစ်ပါတယ်။
(၁၄) စပိန်နိုင်ငံ တာရာဂိုနာမြို့မှာ (၂)နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ Concurs de Castell အမည်ရ လူသားမျှော်စင်တည်ဆောက်ပွဲတော်။
(၁၅) အီတလီနိုင်ငံ Ivrea မြို့မှာ သုံးရက်ကြာကျင်းပလေ့ရှိတဲ့ လိမ္မော်သီးတိုက်ပွဲ။
(၁၆) ကနေဒါနိုင်ငံမှာ စတိတ်ရှိုးတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ လှည်းပြိုင်ပွဲတွေပါ၀င်ပြီး (၁၀)ရက်ကြာကျင်းပတဲ့ Calgary Stampede ပွဲတော်
(၁၇) အမေရိကန်နိုင်ငံ နယူးအော်လန်းမြို့က Mardi Gras ပွဲတော်ဟာဆိုရင်လည်း ထူးဆန်းတဲ့ဝတ်စုံတွေနဲ့ စီတန်းလမ်းလျှောက်ကျတာတွေကို မြင်တွေ့ရမယ့် ပွဲတော်တစ်ခုဖြစ်ပါတယ်။
(၁၈) ကမ္ဘာ့အကြီးဆုံး ဂျက်ဇ် ဂီတပွဲတော်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ Montreal ဲJazz ပွဲတော်
(၁၉) နှင်းဖုံးလွှမ်းတဲ့တောင်ထိပ်ပေါ်မှာ ဒီဂျေဖျော်ဖြေမှုတွေနဲ့အတူ နှင်းလျှောစီးချင်သူတွေအတွက် သြစတြီးယားနိုင်ငံက Snowbombing ပွဲတော်
(၂၀) ၁၉၇၀ ခုနှစ်ကတည်းက အခုချိန်ထိကျင်းပလာခဲ့ပြီး ကမ္ဘာကျော်တေးသံရှင်တွေ လာရောက်ဖျော်ဖြေတဲ့ အင်္ဂလန်နိုင်ငံက Glastonbury ဂီတပွဲတော်
(၂၁) ထိုင်းနိုင်ငံ ချင်းမိုင်၊ အယုဒ္ဒယနဲ့ ဆူခိုထိုင်းအရပ်တို့မှာ ကောင်းကင်ယံအပြည့်မီးပုံပျံတွေကို မြင်တွေ့ရမယ့် Loi Krathong မီးထွန်းပွဲတော်
(၂၂) ဘရာဇီးနိုင်ငံမှာ အစပြုခဲ့ပြီး တစ်မြို့ပြီးတစ်မြို့ပြောင်းရွှေ့ကျင်းပလေ့ရှိတဲ့ Rock in Rio ကမ္ဘာ့အကြီးဆုံး ဂီတပွဲတော်
(၂၃) စပိန်နိုင်ငံ La Rioja ဒေသမှာ ကျင်းပလေ့ရှိတဲ့ La Batalla del Vino အမည်ရ ၀ိုင်သင်္ကြန်ပွဲတော်
(၂၄) ဥရောပရဲ့ အကြီးဆုံးတေးဂီတပွဲတော်လည်းဖြစ်၊ တေးဂီတချစ်သူတွေအတွက် မတူညီတဲ့ ဖျော်ဖြေတင်ဆက်မှု (၁၈၀)ခန့်ကို ခံစားကြရမယ့် Roskilde ဂီတပွဲတော်
(၂၅) အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်မှာ အောက်တိုဘာလတိုင်းကျင်းပလေ့ရှိတဲ့ ကမ္ဘာ့အကြီးဆုံး Albuquerque နိုင်ငံတကာ မီးပုံပျံပွဲတော်
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================