သင္ ေလ့လာသမ်ွ မွတ္မိဖို႔ဆိုရင္ ဗဟုသုတ ႏွစ္မ်ိဳး လိုပါတယ္။ အဲဒါေတြကေတာ့ သင္ေလ့လာမယ့္ ပညာရပ္အေၾကာင္းရယ္၊ ေလ့လာျခင္းကိုယ္တိုင္ရဲ႕ အေၾကာင္းရယ္ ေတြပါပဲ။ ကြၽန္ေတာ္တို႔ ပညာေရးမွာ ကံဆိုးစြာနဲ႔ ဒုတိယအခ်က္ကို မသင္ၾကားေပးပါဘူး။ တကယ္ေတာ့ အဲဒါက ပိုအေရးႀကီးတာပါ။ အမွတ္နည္းေနတဲ့ ေက်ာင္းသားေတြကို အဲဒိဒုတိအအခ်က္ သင္ေပးလိုက္ရာမွာ အမွတ္ေတြ ေထာင္တက္သြားတာကို ေတြ႕႐ွိရပါတယ္။
ကဲ၊ ဒီမွာ အဲဒိ ေလ့လာျခင္းအေၾကာင္းအတြက္ အေရးႀကီးတဲ့ ေလ့လာနည္းဗ်ဴဟာ ေလးမ်ိဳးကို ခ်ျပလိုက္ပါတယ္။
၁. သင့္ကိုယ္သင္ မွတ္မိေနဖို႔ တြန္းအားေပးပါ
အက်ိဳး႐ွိေအာင္ ေလ့လာဖို႔ဆိုတာ ခက္ခဲပါတယ္။ အေရးႀကီးတာက ေလ့လာၿပီးသားဟာေတြ ေပ်ာက္မသြားေအာင္ ထပ္ခါထပ္ခါ ေလ့လာရမွာပါ။ အေလးမတဲ့လူတစ္ေယာက္ဟာ အေလးဆက္မမေတာ့ရင္ သူမန ိုင္တဲ့ အေလးခ်ိန္ ေလ်ာ့သြားသလိုပါပဲ။ အဲဒိလို ထပ္ခါထပ္ခါ ေလ့လာဖို႔က လြယ္ပါတယ္။ စာအုပ္လွန္ၿပီး ၾကံဳရာ ေမးခြန္းတစ္ခု ျပန္ေျဖၾကည့္လိုက္ပါ။
၂. လြယ္တယ္ဆိုၿပီး မေပါ့ပါနဲ႔
သင္ တစ္ခုခုကို ဖတ္ေနတယ္၊ အဲဒိလို ဖတ္ေနတုန္း လြယ္တယ္ထင္ရရင္ သင္အဲဒါ ေပါ့ဆမႈကို ခံစားေနရတာပါပဲ။ ဥပမာ ၊ သင္က ေလဆိပ္မွာပါ။ သင္စီးရမယ့္ ဂိတ္နံပါတ္က B44 ဆိုတာ ေမာ္နီတာေပၚမွာ ျပေပးေနပါတယ္။ B44 အဲဒါ လြယ္လြယ္ေလးပါကြာ.. အဲလို စဥ္းစားလိုက္မယ္။ ၿပီးေတာ့ ထြက္သြားၿပီး Facebook ဝင္ ခ်က္ေနမယ္။ ၿပီးေတာ့ သင္ ဘယ္သြားရမယ္ဆိုတာ ေမ့သြားပါၿပီ။
အဲဒိအစား သင္ ေမာ္နီတာကို ေက်ာခိုင္းလိုက္တာနဲ႔ ဘယ္ဂိတ္လဲဆိုတာ ျပန္စဥ္းစားလိုက္ပါ။ သင္ အဲဒါ B44 ဆိုတာ မွတ္မိရင္ သြားလို႔ရပါၿပီ။ ေလ့လာရင္လည္း စာအုပ္ပိတ္ၿပီး ျပန္စဥ္းစားၾကည့္ပါ။ မွတ္မိရင္ OK ပါၿပီ။
၃. အသစ္ေတြနဲ႔ အေဟာင္းေတြ ဆက္စပ္စဥ္းစားပါ
သင့္ရဲ႕ ပညာအသစ္ေတြကို ႐ွင္းျပႏိုင္ဖို႔က အတိတ္မွာ သင္ယူခဲ့တာေတြနဲ႔ ဆက္စပ္ေနပါတယ္။ သင္ ပညာအသစ္ကို တတ္ကြၽမ္းေလေလ အဲဒါကို ျပန္သတိရဖို႔ အေထာက္အကူျပဳမယ့္ အဆက္အစပ္ေတြကို ပိုၿပီး ေတြ႕လာရေလေလပါ။
အဲဒိမွာ အဆင္ေျပတဲ့ နည္းတစ္ခုက သင္ၾကားရတဲ့ အရာေတြကို ေန႔စဥ္ဘဝထဲကဟာေတြနဲ႔ ဆက္စပ္မွတ္ထားျခင္းပါပဲ။ ေလးလံုးစပ္ကာရန္ကို သင္ရရင္ မဂၢဇင္းေတြထဲမွာ ေတြ႕ရတဲ့ ကဗ်ာေတြနဲ႔ တြဲမွတ္ထားမယ္၊ အပူကူးျခင္းအေၾကာင္းကို ေဆာင္းတြင္းမွာ ေကာ္ဖီတစ္ခြက္ကို ကိုင္လိုက္ရင္ သင့္လက္ေတြ ေႏြးသြားပံုနဲ႔ ႏိႈင္းယွဥ္ စဥ္းစားႏိုင္ပါတယ္
၄. ျပန္ျပန္ၾကည့္ပါ
ျပန္ျပန္ၾကည့္တာ တကယ္အက်ိဳး႐ွိပါတယ္။ ဟားဗတ္တကၠသိုလ္ စစ္တမ္းတစ္ခုမွာ ဆရာေတြနဲ့ အျမဲ အနီးကပ္ေနေနတဲ့ ေက်ာင္းသားေတြဟာ တစ္ေန႔လံုးသင္ရသမ်ွစာကို ညဘက္မွာ ၁၅ မိနစ္ေလာက္ပဲ ျပန္ေလ့လာသူေတြထက္ ၂၂.၈ ရာႏႈန္းပဲ အမွတ္ပိုမ်ားတာကို ေတြ႕ရပါတယ္။
လူေတြဟာ ျပန္ျပန္ ေလ့လာေနရင္ သင္ယူေလ့လာရတာ ပိုျမန္ဆန္ေစပါတယ္။ သူတို႔ စာရတာကို ေတြ႕လိုက္တိုင္း ကိုယ့္ဘာသာ ယံုၾကည္ခ်က္ တိုးျမင့္ေစပါတယ္။ အက်ိဳးဆက္အေနနဲ႔ သူတို႔ စာသင္ရတာ ပိုအား႐ွိလာၿပီး ပိုမ်ားမ်ား သင္ယူလာႏိုင္ပါတယ္။
ျပန္ျပန္ေလ့လာတာဟာ အလုပ္နည္းနည္းပဲ လုပ္ရၿပီး အက်ိဳး အမ်ားႀကီး ရတဲ့ဟာပါ။
သင် လေ့လာသမျှ အကုန်မှတ်မိနေစေဖို့ နည်းလမ်း ၄ မျိုး
သင် လေ့လာသမျှ မှတ်မိဖို့ဆိုရင် ဗဟုသုတ နှစ်မျိုး လိုပါတယ်။ အဲဒါတွေကတော့ သင်လေ့လာမယ့် ပညာရပ်အကြောင်းရယ်၊ လေ့လာခြင်းကိုယ်တိုင်ရဲ့ အကြောင်းရယ် တွေပါပဲ။ ကျွန်တော်တို့ ပညာရေးမှာ ကံဆိုးစွာနဲ့ ဒုတိယအချက်ကို မသင်ကြားပေးပါဘူး။ တကယ်တော့ အဲဒါက ပိုအရေးကြီးတာပါ။ အမှတ်နည်းနေတဲ့ ကျောင်းသားတွေကို အဲဒိဒုတိအအချက် သင်ပေးလိုက်ရာမှာ အမှတ်တွေ ထောင်တက်သွားတာကို တွေ့ရှိရပါတယ်။
ကဲ၊ ဒီမှာ အဲဒိ လေ့လာခြင်းအကြောင်းအတွက် အရေးကြီးတဲ့ လေ့လာနည်းဗျူဟာ လေးမျိုးကို ချပြလိုက်ပါတယ်။
၁. သင့်ကိုယ်သင် မှတ်မိနေဖို့ တွန်းအားပေးပါ
အကျိုးရှိအောင် လေ့လာဖို့ဆိုတာ ခက်ခဲပါတယ်။ အရေးကြီးတာက လေ့လာပြီးသားဟာတွေ ပျောက်မသွားအောင် ထပ်ခါထပ်ခါ လေ့လာရမှာပါ။ အလေးမတဲ့လူတစ်ယောက်ဟာ အလေးဆက်မမတော့ရင် သူမန ိုင်တဲ့ အလေးချိန် လျော့သွားသလိုပါပဲ။ အဲဒိလို ထပ်ခါထပ်ခါ လေ့လာဖို့က လွယ်ပါတယ်။ စာအုပ်လှန်ပြီး ကြုံရာ မေးခွန်းတစ်ခု ပြန်ဖြေကြည့်လိုက်ပါ။
၂. လွယ်တယ်ဆိုပြီး မပေါ့ပါနဲ့
သင် တစ်ခုခုကို ဖတ်နေတယ်၊ အဲဒိလို ဖတ်နေတုန်း လွယ်တယ်ထင်ရရင် သင်အဲဒါ ပေါ့ဆမှုကို ခံစားနေရတာပါပဲ။ ဥပမာ ၊ သင်က လေဆိပ်မှာပါ။ သင်စီးရမယ့် ဂိတ်နံပါတ်က B44 ဆိုတာ မော်နီတာပေါ်မှာ ပြပေးနေပါတယ်။ B44 အဲဒါ လွယ်လွယ်လေးပါကွာ.. အဲလို စဉ်းစားလိုက်မယ်။ ပြီးတော့ ထွက်သွားပြီး Facebook ဝင် ချက်နေမယ်။ ပြီးတော့ သင် ဘယ်သွားရမယ်ဆိုတာ မေ့သွားပါပြီ။
အဲဒိအစား သင် မော်နီတာကို ကျောခိုင်းလိုက်တာနဲ့ ဘယ်ဂိတ်လဲဆိုတာ ပြန်စဉ်းစားလိုက်ပါ။ သင် အဲဒါ B44 ဆိုတာ မှတ်မိရင် သွားလို့ရပါပြီ။ လေ့လာရင်လည်း စာအုပ်ပိတ်ပြီး ပြန်စဉ်းစားကြည့်ပါ။ မှတ်မိရင် OK ပါပြီ။
၃. အသစ်တွေနဲ့ အဟောင်းတွေ ဆက်စပ်စဉ်းစားပါ
သင့်ရဲ့ ပညာအသစ်တွေကို ရှင်းပြနိုင်ဖို့က အတိတ်မှာ သင်ယူခဲ့တာတွေနဲ့ ဆက်စပ်နေပါတယ်။ သင် ပညာအသစ်ကို တတ်ကျွမ်းလေလေ အဲဒါကို ပြန်သတိရဖို့ အထောက်အကူပြုမယ့် အဆက်အစပ်တွေကို ပိုပြီး တွေ့လာရလေလေပါ။
အဲဒိမှာ အဆင်ပြေတဲ့ နည်းတစ်ခုက သင်ကြားရတဲ့ အရာတွေကို နေ့စဉ်ဘဝထဲကဟာတွေနဲ့ ဆက်စပ်မှတ်ထားခြင်းပါပဲ။ လေးလုံးစပ်ကာရန်ကို သင်ရရင် မဂ္ဂဇင်းတွေထဲမှာ တွေ့ရတဲ့ ကဗျာတွေနဲ့ တွဲမှတ်ထားမယ်၊ အပူကူးခြင်းအကြောင်းကို ဆောင်းတွင်းမှာ ကော်ဖီတစ်ခွက်ကို ကိုင်လိုက်ရင် သင့်လက်တွေ နွေးသွားပုံနဲ့ နှိုင်းယှဉ် စဉ်းစားနိုင်ပါတယ်။
၄. ပြန်ပြန်ကြည့်ပါ
ပြန်ပြန်ကြည့်တာ တကယ်အကျိုးရှိပါတယ်။ ဟားဗတ်တက္ကသိုလ် စစ်တမ်းတစ်ခုမှာ ဆရာတွေနဲ့ အမြဲ အနီးကပ်နေနေတဲ့ ကျောင်းသားတွေဟာ တစ်နေ့လုံးသင်ရသမျှစာကို ညဘက်မှာ ၁၅ မိနစ်လောက်ပဲ ပြန်လေ့လာသူတွေထက် ၂၂.၈ ရာနှုန်းပဲ အမှတ်ပိုများတာကို တွေ့ရပါတယ်။
လူတွေဟာ ပြန်ပြန် လေ့လာနေရင် သင်ယူလေ့လာရတာ ပိုမြန်ဆန်စေပါတယ်။ သူတို့ စာရတာကို တွေ့လိုက်တိုင်း ကိုယ့်ဘာသာ ယုံကြည်ချက် တိုးမြင့်စေပါတယ်။ အကျိုးဆက်အနေနဲ့ သူတို့ စာသင်ရတာ ပိုအားရှိလာပြီး ပိုများများ သင်ယူလာနိုင်ပါတယ်။
ပြန်ပြန်လေ့လာတာဟာ အလုပ်နည်းနည်းပဲ လုပ်ရပြီး အကျိုး အများကြီး ရတဲ့ဟာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================