လုပ္ငန္း႐ွင္ဆိုတာဟာ သင့္ကို လူေတြ ယံုမယံုအေပၚ မူတည္ၿပီး အသက္႐ွင္ေနတာပါ။ သင့္မွာ ကမၻာ့အေကာင္းဆံုး ထုတ္ကုန္ ႐ွိမယ္။ ဒါေပမယ့္ ဝယ္သူေတြက သင့္ကုိမယံုရင္ေတာ့ ဝယ္ၾကမွာမဟုတ္ပါဘူး။
ယံုၾကည္မႈဆိုတာ အလိုလို ျဖစ္လာတာ မဟုတ္ပါဘူး။ ျပဳစုပ်ိဳးေထာင္ယူရတာပါ။ ဘယ္လို ျပဳစုပ်ိဴးေထာင္မလဲ?? ေအာက္မွာ သင့္ကို ပိုၿပီးေအာင္ျမင္တဲ့ လုပ္ငန္း႐ွင္တစ္ဦးျဖစ္ေစမယ့္ နည္းလမ္း ၁၀ ခုကို ေဖာ္ျပေပးထားပါတယ္။
၁. မေအာင္ျမင္တာေတြကို ဝန္ခံပါ
သင္မွားသြားရင္ ဝန္ခံပါ။ အမွားလုပ္မိတာက စိတ္ညစ္ဖို႔ေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ အဲဒိလို အမွားလုပ္မိတဲ့အခါမွာ ဝန္ခံလိုက္တာဟာ သင့္ကို လူေတြ ပိုယံုလာေစပါတယ္။ သင္ အမွားလုပ္ႏိုင္တယ္ဆိုတာ လူေတြသိပါတယ္။ အဲဒါကို ဝန္ခံလိုက္ျခင္းဟာ သင္ တာဝန္ခံတတ္တယ္ဆိုတာ ျပလိုက္တာပါပဲ။
၂. သင့္ရဲ႕ ဆို႐ွယ္မီဒီယာအေကာင့္ေတြ တေျပးညီ ျဖစ္ေနပါေစ
တစ္ေျပးညီ ျဖစ္ေနတာဟာ ယံုၾကည္စိတ္ခ်ရဖို႔အတြက္ အေရးႀကီးပါတယ္။ သင့္နဲ႔ သင့္ကုမၸဏီရဲ႕ ဆို႐ွယ္မီဒီယာအေကာင့္ေတြ အားလံုး အခ်က္အလက္ေတြ တူတူ ျဖစ္ေနရပါမယ္။ အဲဒိလို တေျပးညီျဖစ္ေနမွ သင့္ Brand ကို လူပိုယံုလာမွာပါ။
၃. တျခားသူေတြကို ခ်ီးက်ဴးပါ
ခ်ီးက်ဴးတာကို စိတ္ထဲက ႏွလံုးသားထဲက ပါေအာင္ ခ်ီးက်ဴးေပးပါ။ သင္က တသ္ေယာက္ေယာက္ရဲ႕ အလုပ္လုပ္ႏိုင္ပံုကို အသိအမွတ္ျပဳလိုက္ရင္ အဲဒိလူက သင့္ကို ေလးစားလာမွာပါ။ သင့္ရဲ႕ ဘဝထဲက လူအားလံုးကို ခ်ီးက်ဴးႏိုင္ပါတယ္။ သင္က တစ္ေယာက္ေယာက္ကို ခ်ီးက်ဴးေနတာ ေတြ႕ရင္ လူေတြ သင့္ကို ယံုလာပါတယ္။
၄. ညႇိႏိႈင္းေစ်းဆစ္မႈတစ္ခ်ိဳ႕တစ္ေလကို အ႐ွံုးေပးလိုက္ပါ
လုပ္ငန္း႐ွင္ေတြဟာ သူတို႔ရဲ႕ ညႇိႏိႈင္းႏိုင္မႈေၾကာင့္ လူသိမ်ားပါတယ္။ သင့္ရဲ႕ ေနာက္လာမယ့္ ညႇိႏိႈင္းမႈတစ္ခုကို ေသခ်ာစဥ္းစားပါ။ ႏိုင္ရင္ ဘာရမလဲ? ႐ွံုးရင္ေရာ ဘာေပးရမလဲ? ႏိုင္ေပမယ့္ သင့္နာမည္ ပ်က္သြားမလား? ကာလတို ညႇိႏိႈင္းတာကို ယူမလား? ကာလ႐ွည္ နာမည္မပ်က္တာကို ယူမလား? စဥ္းစားပါ။
၅. “႐ိုး႐ိုးသားသားေျပာရရင္” ဆိုတာကို ခဏခဏ မေျပာပါနဲ႔
လူေတာ္ေတာ္မ်ားမ်ားဟာ အဲဒါကို ခဏခဏ ေျပာတတ္ၾကပါတယ္။ ကဲ.. အဲဒိလိုဆိုေတာ့ သင္က ပံုမွန္ဆို မ႐ိုးမသား ျဖစ္ေနပါသလား? သင့္ရဲ႕ ႐ိုးသားမႈကို ထုတ္ေျပာေပးရတာနဲ႔ လူေတြ သင့္အေပၚ ယံုၾကည္မႈလဲ က်သြားပါတယ္။
၆. တျခားသူေတြကို နားေထာင္ေပးပါ
သင္ မ်ားမ်ားေျပာေလ၊ ယံုၾကည္မႈ ပ်က္စီးသြားဖို႔ မ်ားေလပါပဲ။ စကားမ်ားမ်ား မေျပာပဲ မ်ားမ်ား နားေထာင္ၾကည့္ပါ။ နားေထာင္တာဟာ သင္က သင္ၾကားႏိုင္တယ္၊ တျခားသူကို စာနာေပးႏိုင္တယ္လို႔ ေျပာေနတာပါပဲ။
၇. အဝတ္အစားေကာင္းေကာင္းဝတ္ပါ
သင့္အဝတ္အစားက သင့္ရဲ႕ ယံုၾကည္စိတ္ခ်ရမႈကို အက်ိဳးအမ်ားႀကီး သက္ေရာက္ပါတယ္။ ေကာင္းေကာင္း ဝတ္စားထားတဲ့သူတစ္ေယာက္ဟာ ပိုၿပီး ပေရာ္ဖက္႐ွင္နယ္ ဆန္ၿပီး အျပည့္အဝ တာဝန္ယူေပးႏိုင္ပံု ေပါက္ပါတယ္။
၈. မသိဘူး ဆိုတာ ခဏခဏ ေျပာေပးပါ
ဘယ္သူမွ အကုန္ မသိပါဘူး။ သင္ ဘယ္ေလာက္ စမတ္က်က် မသိတာေတြေတာ့ ေန႔စဥ္ဘဝထဲမွာ ႐ွိေနဦးမွာပါပဲ။ လုပ္ငန္း႐ွင္တစ္ေယာက္အတြက္ ေမးခြန္းတိုင္းကို အေျဖေပးဖို႔ မျဖစ္ႏိုင္ပါဘူး။ ထင္တာေလ်ွာက္ေျဖမယ့္အစား မသိဘူး ေျပာၾကည့္ပါ။ ဝန္ခံတာဟာ ယံုၾကည္စိတ္ခ်ရမႈကို တိုးျမႇင့္ေစပါတယ္။
၉. တျခား သူေတြကို သင္သိတာေတြ ေဝမ်ွေပးပါ
သင့္ရဲ႕ ယံုၾကည္စိတ္ခ်ရမႈကို တိုးတက္ေစဖို႔ နည္းလမ္းေကာင္းတစ္ခုကေတာ ့ကမၻာႀကီးကို အက်ိဳးျပဳေပးဖို႔ပါပဲ။ သင့္ရဲ႕ အေတြ႕အၾကံဳ၊ အသိပညာေတြကို FB မွာ ေဝမ်ွေပးျခင္းဟာ အေကာင္းဆံုးနည္းလမ္းပါ။ သင့္ရဲ႕ အသိပညာေတြ လူေတြၾကားထဲေရာက္သြားရင္ သင့္နာမည္ကလဲ ယံုၾကည္စိတ္ခ်ရလာပါတယ္။
၁၀. ဂုဏ္ျပဳဆုတစ္ခု ရယူပါ
ဂုဏ္ျပဳဆုတစ္ဆုဟာ သင့္ရဲ႕ ႐ိုးသားမႈ၊ ယံုၾကည္ရမႈကို အသင္းအဖြဲ႔တစ္ခုခုကေန အသိအမွတ္ ျပဳလိုက္တာပါပဲ။ သင္ ဆုတစ္ခုခု ရေအာင္ ႀကိဳးစားပါ။ သင္ ဘယ္ေလာက္ ႐ိုးသားတယ္ဆိုတာ က်ိန္တြယ္ျပေနတာထက္ အဲဒိဆုႀကီး စားပြဲေပၚ တင္ထားတာက ပိုအလုပ္ျဖစ္ပါတယ္။
နိဂံုး
ယံုၾကည္စိတ္ခ်ရမႈဟာ ပ်ိဳးေထာင္လာလို႔ရသလို ပ်က္စီးႏိုင္တယ္ဆိုတာ သတိျပဳပါ။ သင့္ရဲ႕ ယံုၾကည္စိတ္ခ်ရမႈကို အေလးအနက္ သေဘာထားၿပီး ကာကြယ္ပါ။ သင္ ပိုၿပီးေအာင္ျမင္ဖို႔အတြက္ သင့္ရဲ႕ ယံုၾကည္စိတ္ခ်ရမႈကို အေရးႀကီးဆံုးထားၿပီး ကာကြယ္ေပးပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့်ကိုလူတွေ ယုံကြည်စိတ်ချစေဖို့ ရိုးရှင်းလွယ်ကူတဲ့ အချက် ၁၀ ချက်
လုပ်ငန်းရှင်ဆိုတာဟာ သင့်ကို လူတွေ ယုံမယုံအပေါ် မူတည်ပြီး အသက်ရှင်နေတာပါ။ သင့်မှာ ကမ္ဘာ့အကောင်းဆုံး ထုတ်ကုန် ရှိမယ်။ ဒါပေမယ့် ဝယ်သူတွေက သင့်ကိုမယုံရင်တော့ ဝယ်ကြမှာမဟုတ်ပါဘူး။
ယုံကြည်မှုဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ပြုစုပျိုးထောင်ယူရတာပါ။ ဘယ်လို ပြုစုပျိူးထောင်မလဲ?? အောက်မှာ သင့်ကို ပိုပြီးအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်စေမယ့် နည်းလမ်း ၁၀ ခုကို ဖော်ပြပေးထားပါတယ်။
၁. မအောင်မြင်တာတွေကို ဝန်ခံပါ
သင်မှားသွားရင် ဝန်ခံပါ။ အမှားလုပ်မိတာက စိတ်ညစ်ဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒိလို အမှားလုပ်မိတဲ့အခါမှာ ဝန်ခံလိုက်တာဟာ သင့်ကို လူတွေ ပိုယုံလာစေပါတယ်။ သင် အမှားလုပ်နိုင်တယ်ဆိုတာ လူတွေသိပါတယ်။ အဲဒါကို ဝန်ခံလိုက်ခြင်းဟာ သင် တာဝန်ခံတတ်တယ်ဆိုတာ ပြလိုက်တာပါပဲ။
၂. သင့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေ တပြေးညီ ဖြစ်နေပါစေ
တစ်ပြေးညီ ဖြစ်နေတာဟာ ယုံကြည်စိတ်ချရဖို့အတွက် အရေးကြီးပါတယ်။ သင့်နဲ့ သင့်ကုမ္ပဏီရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေ အားလုံး အချက်အလက်တွေ တူတူ ဖြစ်နေရပါမယ်။ အဲဒိလို တပြေးညီဖြစ်နေမှ သင့် Brand ကို လူပိုယုံလာမှာပါ။
၃. တခြားသူတွေကို ချီးကျူးပါ
ချီးကျူးတာကို စိတ်ထဲက နှလုံးသားထဲက ပါအောင် ချီးကျူးပေးပါ။ သင်က တသ်ယောက်ယောက်ရဲ့ အလုပ်လုပ်နိုင်ပုံကို အသိအမှတ်ပြုလိုက်ရင် အဲဒိလူက သင့်ကို လေးစားလာမှာပါ။ သင့်ရဲ့ ဘဝထဲက လူအားလုံးကို ချီးကျူးနိုင်ပါတယ်။ သင်က တစ်ယောက်ယောက်ကို ချီးကျူးနေတာ တွေ့ရင် လူတွေ သင့်ကို ယုံလာပါတယ်။
၄. ညှိနှိုင်းစျေးဆစ်မှုတစ်ချို့တစ်လေကို အရှုံးပေးလိုက်ပါ
လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ညှိနှိုင်းနိုင်မှုကြောင့် လူသိများပါတယ်။ သင့်ရဲ့ နောက်လာမယ့် ညှိနှိုင်းမှုတစ်ခုကို သေချာစဉ်းစားပါ။ နိုင်ရင် ဘာရမလဲ? ရှံုးရင်ရော ဘာပေးရမလဲ? နိုင်ပေမယ့် သင့်နာမည် ပျက်သွားမလား? ကာလတို ညှိနှိုင်းတာကို ယူမလား? ကာလရှည် နာမည်မပျက်တာကို ယူမလား? စဉ်းစားပါ။
၅. “ရိုးရိုးသားသားပြောရရင်” ဆိုတာကို ခဏခဏ မပြောပါနဲ့
လူတော်တော်များများဟာ အဲဒါကို ခဏခဏ ပြောတတ်ကြပါတယ်။ ကဲ.. အဲဒိလိုဆိုတော့ သင်က ပုံမှန်ဆို မရိုးမသား ဖြစ်နေပါသလား? သင့်ရဲ့ ရိုးသားမှုကို ထုတ်ပြောပေးရတာနဲ့ လူတွေ သင့်အပေါ် ယုံကြည်မှုလဲ ကျသွားပါတယ်။
၆. တခြားသူတွေကို နားထောင်ပေးပါ
သင် များများပြောလေ၊ ယုံကြည်မှု ပျက်စီးသွားဖို့ များလေပါပဲ။ စကားများများ မပြောပဲ များများ နားထောင်ကြည့်ပါ။ နားထောင်တာဟာ သင်က သင်ကြားနိုင်တယ်၊ တခြားသူကို စာနာပေးနိုင်တယ်လို့ ပြောနေတာပါပဲ။
၇. အဝတ်အစားကောင်းကောင်းဝတ်ပါ
သင့်အဝတ်အစားက သင့်ရဲ့ ယုံကြည်စိတ်ချရမှုကို အကျိုးအများကြီး သက်ရောက်ပါတယ်။ ကောင်းကောင်း ဝတ်စားထားတဲ့သူတစ်ယောက်ဟာ ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်ပြီး အပြည့်အဝ တာဝန်ယူပေးနိုင်ပုံ ပေါက်ပါတယ်။
၈. မသိဘူး ဆိုတာ ခဏခဏ ပြောပေးပါ
ဘယ်သူမှ အကုန် မသိပါဘူး။ သင် ဘယ်လောက် စမတ်ကျကျ မသိတာတွေတော့ နေ့စဉ်ဘဝထဲမှာ ရှိနေဦးမှာပါပဲ။ လုပ်ငန်းရှင်တစ်ယောက်အတွက် မေးခွန်းတိုင်းကို အဖြေပေးဖို့ မဖြစ်နိုင်ပါဘူး။ ထင်တာလျှောက်ဖြေမယ့်အစား မသိဘူး ပြောကြည့်ပါ။ ဝန်ခံတာဟာ ယုံကြည်စိတ်ချရမှုကို တိုးမြှင့်စေပါတယ်။
၉. တခြား သူတွေကို သင်သိတာတွေ ဝေမျှပေးပါ
သင့်ရဲ့ ယုံကြည်စိတ်ချရမှုကို တိုးတက်စေဖို့ နည်းလမ်းကောင်းတစ်ခုကတော ့ကမ္ဘာကြီးကို အကျိုးပြုပေးဖို့ပါပဲ။ သင့်ရဲ့ အတွေ့အကြံု၊ အသိပညာတွေကို FB မှာ ဝေမျှပေးခြင်းဟာ အကောင်းဆုံးနည်းလမ်းပါ။ သင့်ရဲ့ အသိပညာတွေ လူတွေကြားထဲရောက်သွားရင် သင့်နာမည်ကလဲ ယုံကြည်စိတ်ချရလာပါတယ်။
၁၀. ဂုဏ်ပြုဆုတစ်ခု ရယူပါ
ဂုဏ်ပြုဆုတစ်ဆုဟာ သင့်ရဲ့ ရိုးသားမှု၊ ယုံကြည်ရမှုကို အသင်းအဖွဲ့တစ်ခုခုကနေ အသိအမှတ် ပြုလိုက်တာပါပဲ။ သင် ဆုတစ်ခုခု ရအောင် ကြိုးစားပါ။ သင် ဘယ်လောက် ရိုးသားတယ်ဆိုတာ ကျိန်တွယ်ပြနေတာထက် အဲဒိဆုကြီး စားပွဲပေါ် တင်ထားတာက ပိုအလုပ်ဖြစ်ပါတယ်။
နိဂုံး
ယုံကြည်စိတ်ချရမှုဟာ ပျိုးထောင်လာလို့ရသလို ပျက်စီးနိုင်တယ်ဆိုတာ သတိပြုပါ။ သင့်ရဲ့ ယုံကြည်စိတ်ချရမှုကို အလေးအနက် သဘောထားပြီး ကာကွယ်ပါ။ သင် ပိုပြီးအောင်မြင်ဖို့အတွက် သင့်ရဲ့ ယုံကြည်စိတ်ချရမှုကို အရေးကြီးဆုံးထားပြီး ကာကွယ်ပေးပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================