မိန္းကေလးတစ္ေယာက္အတြက္ လိင္ပိုင္းဆိုင္ရာသာယာမႈေတြကို ေတြ႔ၾကံဳခံစားရဖို႔အတြက္ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ခ်စ္သူနဲ႔ အတူေနတဲ့အခါမွာ သူမျမန္ျမန္ကိစၥၿပီးေအာင္ဆိုၿပီး အင္အားသံုးၿပီး အျပင္းအထန္အားထုတ္ေနလို႔လည္း ထူးမွာမဟုတ္ပါဘူး။ သူမ ခံစားမႈအရွိန္မေသေစပဲ ကိစၥျမန္ျမန္ၿပီးေစမယ့္ နည္းလမ္း(၄)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ မေတြ႕ခင္ကတည္းက ႀကိဳတင္ႏႈိးဆြပါ။
သင့္ခ်စ္သူဆီကို အရင္တစ္ေခါက္အတူေနတုန္းက အေၾကာင္းအရာေလးေတြကိုပဲျဖစ္ျဖစ္၊ သူမကို ဘယ္လိုတမ္းတမိတဲ့အေၾကာင္း၊ သူမကို ဘယ္လိုစိတ္ေက်နပ္ေစမယ့္အေၾကာင္းေတြကို မက္ေဆ့ဂ်္ ပို႔တာမ်ိဳးေတြ၊ ဖုန္းနဲ႔ဆက္သြယ္ၿပီး ေျပာတာမ်ိဳးေလးေတြ လုပ္ေဆာင္သင့္ပါတယ္။ ဒီလိုလုပ္ေပးတာဟာ သင္နဲ႔ သူမကို ပိုမိုစိတ္လႈပ္ရွားေစမွာျဖစ္ၿပီး ေနာက္တစ္ခါ အတူေနခ်င္စိတ္မ်ားလာေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ တကယ္အတူေနျဖစ္ၾကတဲ့အခ်ိန္မွာလည္း သင့္အတြက္ ပိုမိုလြယ္ကူေစမွာျဖစ္ပါတယ္။
၂။ နမ္း႐ႈံ႕ႏူးႏွပ္တာေတြက မလုပ္မျဖစ္ပါ။
ေယာက်ၤားေလးေတြအတြက္ကေတာ့ နမ္း႐ႈံ႕ႏူးႏွပ္တာက အတူမေနခင္မွာ လုပ္ေဆာင္တဲ့ ေရွ႕ေျပးကိစၥ သက္သက္ပါ။ ဒါေပမယ့္ မိန္းကေလးေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ နမ္းတာ၊ ကိုင္တြယ္တာ၊ တယုတယပြတ္သပ္ေပးတာ၊ ပါးစပ္နဲ႔ ဒါမွမဟုတ္ လက္နဲ႔ႏႈိးဆြေပးတာေတြက တကယ္အတူေနတဲ့အခါမွာ ကိစၥ ျမန္ျမန္ၿပီးေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ပညာရွင္ေတြက ေျပာထားတာကေတာ့ အတူမေနခင္မွာ အနည္းဆံုး မိနစ္(၂၀)ေလာက္အထိ ႏူးႏွပ္ေပးဖို႔ လိုအပ္ပါတယ္လို႔ ဆိုပါတယ္။ ဒီေလာက္နဲ႔ မေက်နပ္ေသးရင္ ႏူးႏွပ္ေနတဲ့အခ်ိန္မွာ လိင္ကိစၥနဲ႔ပတ္သက္တဲ့စကားေတြ သူမကို ဘယ္လိုဘယ္ပံုဆက္ဆံမယ့္အေၾကာင္းကို နားရြက္နားကပ္ၿပီး ခပ္တိုးတိုးေလးေျပာေပမယ့္ဆိုရင္ သူမရဲ႕ခံစားမႈေတြ အျမန္ဆံုးအထြဋ္အထိပ္ကို ေရာက္ရွိသြားဖို႔ အကူအညီျဖစ္ေစမွာျဖစ္ပါတယ္။
၃။ အတြင္းေရာအျပင္ေရာလႈပ္ရွားပါ။
မိန္းကေလးအမ်ားစုက သာမန္ရုိးရိုးပံုစံေတြနဲ႔ ဆက္ဆံေနရုံနဲ႔ ကိစၥၿပီးခဲပါတယ္။ ဒါ့ေၾကာင့္ ပံုမွန္ အသြင္းအထုတ္လုပ္ေနရင္းကပဲ သူမရဲ႕အဓိကေနရာေတြကို ႏႈိးဆြမႈေတြလုပ္ေဆာင္ေပးဖို႔ လိုအပ္ပါတယ္။ လက္ကိုအသံုးျပဳၿပီး သူမရဲ႕မိန္းမကိုယ္ကို ဆြေပးတာမ်ိဳး သူမကိုယ္တိုင္ႏႈိးဆြေစတာမ်ိဳးေတြကို ဆိုလိုပါတယ္။ ဒါ့အျပင္ မိန္းကေလးကို အေပၚကေနေစတဲ့ အေနအထားမ်ိဳးကလည္း သူမရဲ႕ခံစားမႈေတြကို အရွိန္ျမွင့္တင္ေပး ႏိုင္တဲ့အတြက္ ျမန္ျမန္ကိစၥၿပီးေစႏိုင္မွာျဖစ္ပါတယ္။
၄။ အေထာက္အကူျပဳပစၥည္းတစ္ခုခုသံုးပါ။
ေယာက်ၤားအဂၤါအတုတို႔၊ တုန္ခါစက္တို႔လို႔ လိင္ဆက္ဆံရာမွာသံုးတဲ့ပစၥည္းေတြကို သံုးတာက သူမရဲ႕အဓိကေနရာေတြကို ခံစားမႈအရွိန္ျမင့္တက္ေစၿပီး ကိစၥျမန္ျမန္ၿပီးေစႏိုင္ပါတယ္။ ဒီလို အေထာက္အကူျပဳ ပစၥည္းေတြကို အတူမေနခင္ ႏူးႏွပ္ေနခ်ိန္နဲ႔ အတူေနခ်ိန္ေတြမွာ အသံုးျပဳႏိုင္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
သင့်ချစ်သူကို ခံစားမှုအထွဋ်အထိပ်သို့ အမြန်ရောက်ရှိစေမည့် နည်းလမ်း(၄)ခု
မိန်းကလေးတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာသာယာမှုတွေကို တွေ့ကြုံခံစားရဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူနဲ့ အတူနေတဲ့အခါမှာ သူမမြန်မြန်ကိစ္စပြီးအောင်ဆိုပြီး အင်အားသုံးပြီး အပြင်းအထန်အားထုတ်နေလို့လည်း ထူးမှာမဟုတ်ပါဘူး။ သူမ ခံစားမှုအရှိန်မသေစေပဲ ကိစ္စမြန်မြန်ပြီးစေမယ့် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ မတွေ့ခင်ကတည်းက ကြိုတင်နှိုးဆွပါ။
သင့်ချစ်သူဆီကို အရင်တစ်ခေါက်အတူနေတုန်းက အကြောင်းအရာလေးတွေကိုပဲဖြစ်ဖြစ်၊ သူမကို ဘယ်လိုတမ်းတမိတဲ့အကြောင်း၊ သူမကို ဘယ်လိုစိတ်ကျေနပ်စေမယ့်အကြောင်းတွေကို မက်ဆေ့ဂျ် ပို့တာမျိုးတွေ၊ ဖုန်းနဲ့ဆက်သွယ်ပြီး ပြောတာမျိုးလေးတွေ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ သင်နဲ့ သူမကို ပိုမိုစိတ်လှုပ်ရှားစေမှာဖြစ်ပြီး နောက်တစ်ခါ အတူနေချင်စိတ်များလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တကယ်အတူနေဖြစ်ကြတဲ့အချိန်မှာလည်း သင့်အတွက် ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။
၂။ နမ်းရှုံ့နူးနှပ်တာတွေက မလုပ်မဖြစ်ပါ။
ယောကျင်္ားလေးတွေအတွက်ကတော့ နမ်းရှုံ့နူးနှပ်တာက အတူမနေခင်မှာ လုပ်ဆောင်တဲ့ ရှေ့ပြေးကိစ္စ သက်သက်ပါ။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ နမ်းတာ၊ ကိုင်တွယ်တာ၊ တယုတယပွတ်သပ်ပေးတာ၊ ပါးစပ်နဲ့ ဒါမှမဟုတ် လက်နဲ့နှိုးဆွပေးတာတွေက တကယ်အတူနေတဲ့အခါမှာ ကိစ္စ မြန်မြန်ပြီးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပညာရှင်တွေက ပြောထားတာကတော့ အတူမနေခင်မှာ အနည်းဆုံး မိနစ်(၂၀)လောက်အထိ နူးနှပ်ပေးဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ ဒီလောက်နဲ့ မကျေနပ်သေးရင် နူးနှပ်နေတဲ့အချိန်မှာ လိင်ကိစ္စနဲ့ပတ်သက်တဲ့စကားတွေ သူမကို ဘယ်လိုဘယ်ပုံဆက်ဆံမယ့်အကြောင်းကို နားရွက်နားကပ်ပြီး ခပ်တိုးတိုးလေးပြောပေမယ့်ဆိုရင် သူမရဲ့ခံစားမှုတွေ အမြန်ဆုံးအထွဋ်အထိပ်ကို ရောက်ရှိသွားဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။
၃။ အတွင်းရောအပြင်ရောလှုပ်ရှားပါ။
မိန်းကလေးအများစုက သာမန်ရိုးရိုးပုံစံတွေနဲ့ ဆက်ဆံနေရုံနဲ့ ကိစ္စပြီးခဲပါတယ်။ ဒါ့ကြောင့် ပုံမှန် အသွင်းအထုတ်လုပ်နေရင်းကပဲ သူမရဲ့အဓိကနေရာတွေကို နှိုးဆွမှုတွေလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ လက်ကိုအသုံးပြုပြီး သူမရဲ့မိန်းမကိုယ်ကို ဆွပေးတာမျိုး သူမကိုယ်တိုင်နှိုးဆွစေတာမျိုးတွေကို ဆိုလိုပါတယ်။ ဒါ့အပြင် မိန်းကလေးကို အပေါ်ကနေစေတဲ့ အနေအထားမျိုးကလည်း သူမရဲ့ခံစားမှုတွေကို အရှိန်မြှင့်တင်ပေး နိုင်တဲ့အတွက် မြန်မြန်ကိစ္စပြီးစေနိုင်မှာဖြစ်ပါတယ်။
၄။ အထောက်အကူပြုပစ္စည်းတစ်ခုခုသုံးပါ။
ယောကျင်္ားအင်္ဂါအတုတို့၊ တုန်ခါစက်တို့လို့ လိင်ဆက်ဆံရာမှာသုံးတဲ့ပစ္စည်းတွေကို သုံးတာက သူမရဲ့အဓိကနေရာတွေကို ခံစားမှုအရှိန်မြင့်တက်စေပြီး ကိစ္စမြန်မြန်ပြီးစေနိုင်ပါတယ်။ ဒီလို အထောက်အကူပြု ပစ္စည်းတွေကို အတူမနေခင် နူးနှပ်နေချိန်နဲ့ အတူနေချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================