၎. သူမကို စပါ
၆. ကစားပေးပါ။
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့်ချစ်သူကို အကောင်းဆုံး ပေးနိုင်ဖို့
လိင်ကိစ္စ အထွတ်အထိပ်ရောက်ခြင်းထက် ပိုကောင်းတာဟာ တစ်မိနစ်ကြာအောင် ရောက်နေတာပါပဲ။ ပုံမှန် ပြီးဆုံးခြင်းတွေဟာ ၆ စက္ကန့်ကနေ စက္ကန့် ၃၀ ပဲ ကြာတတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ လှူပ်ရှားမှုတွေနဲ့ သူမရဲ့ စိတ်ခံစားချက်တို့ ကူညီပေးရင်တော့ ၁ မိနစ်ကြာအောင် ပြီးဆုံးခြင်းကို ပေးထားနိုင်စွမ်း ရှိပါတယ်။ သူမကို ၁ မိနစ် ပြီးဆုံးခြင်း ပေးထားဖို့ အောက်က မဟာဗျူဟာ ၆ ခုကို လေ့လာကြည့်လိုက်ပါ။
၁. သင့်အခန်းကို ဟိုတယ်အခန်းလို ဖြစ်အောင်လုပ်ပါ
အမျိုးသမီးတွေ ပြီးဆုံးခြင်းရောက်ဖို့ သော့ချက်ကတော့ သက်တောင့်သက်သာရှိနေပြီး အရသာခံဖို့ကိုပဲ အာရုံစိုက်နေဖို့ပါ။ အဲဒါကြောင့် သူမရဲ့ စိတ်ခံစားချက်ကို ပြင်ပါ။ သူမ အလုပ်မှာ စိတ်ပင်ပန်းလာရင် သူမနောက်ကျောလေးကို နှိပ်ပေးပါ။ ဖုန်းတွေပိတ်၊ တံခါးတွေ သော့ခတ်၊ မီးတွေပိတ်၊ သီချင်းငြိမ့်ငြိမ့်လေးနဲ့ ဖယောင်းတိုင် မီးလေးတွေက သင်တို့ကို ကူညီပေးပါလိမ့်မယ်။
၂. သူမကို ချီးကျူးပေးပါ
သူမကိုယ်သူမ မလန်းဘူးထင်နေရင် သူမရဲ့ လိင်စိတ် တန်းပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် သူမကိုယ်သူမ တကယ့် အလန်းစားလို ထင်နေရင်တော့ သူမ ပိုပြီး ထန်လာပြီး လိင်အရသာကို ပိုပြီး ခံစားနိုင်လာပါလိမ့်မယ်။ အဲဒါကြောင့် သူမ သင့်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်တယ် ဆိုတာပြောပေးပါ။ သူမရဲ့ တစ်ကိုယ်လုံးကို နမ်းပေးပါ။
၃. စိတ်ကြွစေမယ့် စကားတွေ ပြောပေးပါ
စိတ်ကြွစေမဲ့ စကားတွေဟာ သူမကို လိင်ကိစ္စအရသာ ပိုလိုချင်လာစေပါတယ်။ သူမဘယ်လို စကားမျိုးကြိုက်လဲ သိရင် ပြောပါ။ မသိရင်တော့ သူမဟာ ဘယ်လောက် နူးညံ့ ပျော့ပြောင်းပြီး စိုစွတ်နေတယ်ဆိုတာ ပြောပါ။ ပုံစံပြောင်းတဲ့အခါ သူမကို စကားပြောပြီး ခိုင်းစေပါ။
၄. သူမကို စပါ
သူမကို ပြီးခါနီးအခြေအနေထိ ခဏခဏ ယူဆောင်ပေးခြင်းဟာ လိင်ခံစားမှုကို တစ်ကိုယ်လုံးပျံ့နှံ့သွားစေပြီး တကယ်ပြီးတဲ့ အခါမှာ ပိုပြီး ကြာရှည်စေပါတယ်။ သူမဟာ ပါးစပ်နဲ့ လုပ်ပေးခံရတာ ကြိုက်တယ်ဆိုရင် သူမကို ဖြည်းဖြည်း ညင်ညင်သာသာ လုပ်ပေးပါ။ သူမ ပြီးခါနီးလာရင် ခဏနားလိုက်၊ ပြီးမှ ပြန်လုပ်ပေးပါ။ လေးငါးကြိမ်လောက် တတ်နိုင်သလောက် လုပ်ပေးပြီးမှ သူမကို ပြီးခွင့် ပေးလိုက်ပါ။
၅. နေရာတိုင်းကို ကာမိပါစေ
တစ်ဆက်ရှင်ထဲမှာ နေရာမျိုးစုံ လုပ်ပေးခြင်းဟာ သူမပြီးဆုံးတဲ့အခါမှာ ပိုပြီးကြာစေနိုင်ပါတယ်။ ပါးစပ်နဲ့ပဲ ဖြစ်ဖြစ်ဖြစ် Vibrator အကူအညီနဲ့ ဖြစ်ဖြစ် သူမ ခံစားရလွယ်တဲ့ နေရာတိုင်းကို နမ်းပေးပါ။ နို့သီးခေါင်း၊ ပန်းဖူး၊ ပန်း၊ G-Spot နဲ့ သူမ ကြိုက်တတ်တယ်ဆိုရင် ခရေကိုပါ လုပ်ပေးပါ။ ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် သူမကို အပေါ်က နေပြီး စိတ်ကြိုက် လှုပ်ရှားခိုင်းပါ။ သူမသင့်အပေါ်က စီးနေတုန်းမှာ ပန်းဖူးလေးကို ကလိပေးဖို့ မမေ့ပါနဲ့။
၆. ကစားပေးပါ။
တချို့ မိန်းကလေးတွေဟာ ပြီးဆုံးခါနီးဆိုရင် ပန်းဖူးလေးက အရမ်း ခံစားလွယ် လာတတ်ပါတယ်။ အဲလိုအခါမျိုးဆို ပန်းဖူးလေးကို ကစားပေးခြင်းက သူမကို ပိုပြီး ကြာကြာ ပြီးစေနိုင်မှာပါ။ အရင်ဆုံး သူမနားရွက်နားလေးကို ကပ်ပြီး ကြမ်းကြမ်းလား ဖြည်းဖြည်းလား မေးကြည့်ပါ။ သူမ စိတ်ကြိုက် လုပ်ပေးလိုက်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================