အိမ္ေထာင္မႈဆိုတာ နဖူးစာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ စံုတြဲေတြရဲ႕ ေငြေၾကးသံုးစြဲမႈ ပံုစံေတြဟာ သူတို႔ အိမ္ေထာင္မႈဘဝကို အေျပာင္းအလဲ ျဖစ္ေစႏိုင္ပါတယ္။
အိႏိၵယမွာ စံုတြဲတစ္ခု လက္မထပ္ခင္ ေဗဒင္တြက္ၾကည့္ၾကတဲ့ အေလ့ ႐ွိပါတယ္။ သတို႔သားနဲ႔ သတို႔သမီးကို လိုက္ဖက္ညီမႈ ႐ွိမ႐ွိ ေ႐ွးက်တဲ့ နည္းလမ္းေတြသံုးၿပီး တြက္ၾကပါတယ္။ ေဆးပညာ ေခတ္မီလာတာနဲ႔အမ်ွ စံုတြဲေတြကို ေဆးလည္း စစ္ၾကပါေသးတယ္။
စီးပြားေရးပညာ႐ွင္ေတြဟာလဲ ဒီလိုမ်ိဳး လက္မထပ္ခင္ တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ဖက္ညီမႈ႐ွိမ႐ွိ စစ္ေဆးၾကဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ က်န္တာေတြ အကုန္ကိုက္ညီေပမယ့္ ေငြေၾကးျပသနာေတြ တက္လာတဲ့အခါ စံုတြဲေတြ အိမ္ေထာင္ေရး အဆင္မေျပျဖစ္လာတာကို ေတြ႕႐ွိရတဲ့အခါမွာေတာ့ လက္မထပ္ခင္ ေငြေၾကးဆိုင္ရာအျမင္ကိုလဲ စစ္ေဆးၾကည့္ဖို႔ လိုတယ္လို႔ ေျပာဆိုလာၾကပါတယ္။
ေငြေၾကးဆိုင္ရာအျမင္ကို စစ္ေဆးၾကည့္ဖို႔ ေအာက္ပါအခ်က္ေတြကို စဥ္းစားရပါမယ္။
၁. ေငြ သံုးျဖဳန္းမႈ အေလ့အက်င့္
သင့္ရဲ႕ ဇနီးေလာင္းဟာ ဘဏ္စာအုပ္ထဲမွာ ေငြအရမ္းမ႐ွိပဲနဲ႔ ႏိုင္ငံျခားကို အပန္းေျဖခရီး ထြက္ခ်င္ေနပါသလား။ ဟုတ္တယ္ဆိုရင္ေတာ့ စိုးရိမ္ရပါတယ္။ ေငြေၾကးဆိုင္ရာတိုးတက္ဖို႔ အဓိကလိုအပ္တာက စုေဆာင္းမိဖို႔ပါ။ တစ္ေယာက္ျခင္းစီဟာ အနာဂါတ္အိမ္ေထာင္ေရးအတြက္ ေငြေၾကးစုေဆာင္းၿပီး စီးပြား႐ွာခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔အတြက္ စည္းကမ္းတက်စုေဆာင္းေလ့မ႐ွိၾကပါဘူး။
ေငြစုေဆာင္းဖို႔ဟာ သတို႔သားနဲ႔ သတို႔သမီး တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ စစ္ေဆးသင့္တဲ့အရာပါ။ လစဥ္ဝင္ေငြရဲ႕ ရာခိုင္ႏႈန္းတစ္ခုကို စုေငြအျဖစ္ စုေဆာင္းသင့္ပါတယ္။
၂. အေရးေပၚအေျခအေနအတြက္ ေငြေၾကးစီစဥ္မႈ
လခစားဝန္ထမ္းေတြဟာ သူတို႔လခ ၃ လစာကေန ၆ လစာအထိကို ေငြသားအျဖစ္ လက္ထဲ ထားသင့့္ပါတယ္။ အလုပ္ျပဳတ္မွာ၊ ထိခိုက္ဒါဏ္ရာရတာ စတဲ့ မထင္မွတ္တဲ့ ေငြေၾကးျပသနာ ၾကံဳရမႈမ်ိဳး မျဖစ္ေအာင္ပါ။ လက္မထပ္ခင္ ကိုယ္လက္ထပ္မဲ့သူရဲ႕ အေရးေပၚေငြေၾကးစီစဥ္မႈကို ၾကည့္သင့္ပါတယ္။
၃. လက္ထပ္ၿပီး ေငြေၾကး စီမံခန္႔ခြဲမႈ
မိသားစုေတြကို ေထာက္ပံ့ဖို႔၊ ညီ ညီမေတြကို ေက်ာင္းစရိတ္ ေထာက္ပံဖို႔၊ အစ႐ွိတဲ့ အခ်က္ေတြကို လက္မထပ္ခင္ကတည္းက ႀကိဳတင္ညႇိႏိႈင္းထားသင့္ပါတယ္။ လက္မထပ္ခင္မွာ သင့္ရဲ႕ဇနီးေလာင္းကို သင့္ ေထာက္ပံ့စရာေတြ အကုန္ေျပာျပထားပါ။ အဲဒါဟာ ၾကံဳေတြ႕ရမယ့္ ေငြေၾကးစီမံမႈအတြက္ ႀကိဳတင္စဥ္းစားဖို႔ အခ်ိန္ ရေစပါတယ္။
သင့္ဇနီးေလာင္းမွာလဲ ေထာက္ပံ့ရမယ့္ သူေတြ ႐ွိေနမွာပါ။ အဲဒါကိုလဲ ႏွစ္ေယာက္ လက္မထပ္ခင္ ေဆြးေႏြးသင့္ပါတယ္။ လက္ထပ္ၿပီးမွ သူ႔ကို မေထာက္ပံ့ခိုင္းလို႔ မရပါဘူး။ မိသားစုဆိုတာ လူ႔က်င့္ဝတ္အရ ေထာက္ပံ့ရမယ့္အရာ မို႔ပါ။
နိဂံုး
လက္ထပ္တာဟာ တစ္သက္မွာ တစ္ခါပဲ ၾကံဳရမွာပါ။ လက္ထပ္ျခင္းမွာ ေပ်ာ္ရႊင္ျခင္းအျပင္ စိတ္အေႏွာင့္အယွက္နဲ႔ ေလာကဓံေတြကို သင့္လက္တြဲေဖာ္နဲ႔ တူတူ ေက်ာ္ျဖတ္ရမွာပါ။ အဲဒါေၾကာင့္ ေဗဒင္တြက္တာ၊ ေဆးစစ္တာတို႔အျပင္ ေငြေၾကးအျမင္ကိုလည္း စစ္ေဆးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ နဖူးစာေၾကာင့္ ခ်စ္သူ ႏွစ္ေယာက္ လက္ထပ္ရေပမယ့္ ေငြေၾကးျပသနာေၾကာင့္ ျပန္ကြဲေစႏိုင္လို႔ပါပဲ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့်ချစ်သူဟာ သင်နဲ့ ငွေကြေးအရ အဆင်ပြေပါသလား
အိမ်ထောင်မှုဆိုတာ နဖူးစာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စုံတွဲတွေရဲ့ ငွေကြေးသုံးစွဲမှု ပုံစံတွေဟာ သူတို့ အိမ်ထောင်မှုဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
အိန္ဒိယမှာ စုံတွဲတစ်ခု လက်မထပ်ခင် ဗေဒင်တွက်ကြည့်ကြတဲ့ အလေ့ ရှိပါတယ်။ သတို့သားနဲ့ သတို့သမီးကို လိုက်ဖက်ညီမှု ရှိမရှိ ရှေးကျတဲ့ နည်းလမ်းတွေသုံးပြီး တွက်ကြပါတယ်။ ဆေးပညာ ခေတ်မီလာတာနဲ့အမျှ စုံတွဲတွေကို ဆေးလည်း စစ်ကြပါသေးတယ်။
စီးပွားရေးပညာရှင်တွေဟာလဲ ဒီလိုမျိုး လက်မထပ်ခင် တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီမှုရှိမရှိ စစ်ဆေးကြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျန်တာတွေ အကုန်ကိုက်ညီပေမယ့် ငွေကြေးပြသနာတွေ တက်လာတဲ့အခါ စုံတွဲတွေ အိမ်ထောင်ရေး အဆင်မပြေဖြစ်လာတာကို တွေ့ရှိရတဲ့အခါမှာတော့ လက်မထပ်ခင် ငွေကြေးဆိုင်ရာအမြင်ကိုလဲ စစ်ဆေးကြည့်ဖို့ လိုတယ်လို့ ပြောဆိုလာကြပါတယ်။
ငွေကြေးဆိုင်ရာအမြင်ကို စစ်ဆေးကြည့်ဖို့ အောက်ပါအချက်တွေကို စဉ်းစားရပါမယ်။
၁. ငွေ သုံးဖြုန်းမှု အလေ့အကျင့်
သင့်ရဲ့ ဇနီးလောင်းဟာ ဘဏ်စာအုပ်ထဲမှာ ငွေအရမ်းမရှိပဲနဲ့ နိုင်ငံခြားကို အပန်းဖြေခရီး ထွက်ချင်နေပါသလား။ ဟုတ်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ငွေကြေးဆိုင်ရာတိုးတက်ဖို့ အဓိကလိုအပ်တာက စုဆောင်းမိဖို့ပါ။ တစ်ယောက်ခြင်းစီဟာ အနာဂါတ်အိမ်ထောင်ရေးအတွက် ငွေကြေးစုဆောင်းပြီး စီးပွားရှာချင်ကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် စည်းကမ်းတကျစုဆောင်းလေ့မရှိကြပါဘူး။
ငွေစုဆောင်းဖို့ဟာ သတို့သားနဲ့ သတို့သမီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စစ်ဆေးသင့်တဲ့အရာပါ။ လစဉ်ဝင်ငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို စုငွေအဖြစ် စုဆောင်းသင့်ပါတယ်။
၂. အရေးပေါ်အခြေအနေအတွက် ငွေကြေးစီစဉ်မှု
လခစားဝန်ထမ်းတွေဟာ သူတို့လခ ၃ လစာကနေ ၆ လစာအထိကို ငွေသားအဖြစ် လက်ထဲ ထားသင့့်ပါတယ်။ အလုပ်ပြုတ်မှာ၊ ထိခိုက်ဒါဏ်ရာရတာ စတဲ့ မထင်မှတ်တဲ့ ငွေကြေးပြသနာ ကြုံရမှုမျိုး မဖြစ်အောင်ပါ။ လက်မထပ်ခင် ကိုယ်လက်ထပ်မဲ့သူရဲ့ အရေးပေါ်ငွေကြေးစီစဉ်မှုကို ကြည့်သင့်ပါတယ်။
၃. လက်ထပ်ပြီး ငွေကြေး စီမံခန့်ခွဲမှု
မိသားစုတွေကို ထောက်ပံ့ဖို့၊ ညီ ညီမတွေကို ကျောင်းစရိတ် ထောက်ပံဖို့၊ အစရှိတဲ့ အချက်တွေကို လက်မထပ်ခင်ကတည်းက ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။ လက်မထပ်ခင်မှာ သင့်ရဲ့ဇနီးလောင်းကို သင့် ထောက်ပံ့စရာတွေ အကုန်ပြောပြထားပါ။ အဲဒါဟာ ကြံုတွေ့ရမယ့် ငွေကြေးစီမံမှုအတွက် ကြိုတင်စဉ်းစားဖို့ အချိန် ရစေပါတယ်။
သင့်ဇနီးလောင်းမှာလဲ ထောက်ပံ့ရမယ့် သူတွေ ရှိနေမှာပါ။ အဲဒါကိုလဲ နှစ်ယောက် လက်မထပ်ခင် ဆွေးနွေးသင့်ပါတယ်။ လက်ထပ်ပြီးမှ သူ့ကို မထောက်ပံ့ခိုင်းလို့ မရပါဘူး။ မိသားစုဆိုတာ လူ့ကျင့်ဝတ်အရ ထောက်ပံ့ရမယ့်အရာ မို့ပါ။
နိဂုံး
လက်ထပ်တာဟာ တစ်သက်မှာ တစ်ခါပဲ ကြံုရမှာပါ။ လက်ထပ်ခြင်းမှာ ပျော်ရွှင်ခြင်းအပြင် စိတ်အနှောင့်အယှက်နဲ့ လောကဓံတွေကို သင့်လက်တွဲဖော်နဲ့ တူတူ ကျော်ဖြတ်ရမှာပါ။ အဲဒါကြောင့် ဗေဒင်တွက်တာ၊ ဆေးစစ်တာတို့အပြင် ငွေကြေးအမြင်ကိုလည်း စစ်ဆေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ နဖူးစာကြောင့် ချစ်သူ နှစ်ယောက် လက်ထပ်ရပေမယ့် ငွေကြေးပြသနာကြောင့် ပြန်ကွဲစေနိုင်လို့ပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================