ခ်စ္သူေကာင္မေလးရဲ႕ဖုန္းကို မထိသင့္တဲ့ အေၾကာင္းရင္း (၁၀)ခု

သင့္ေကာင္မေလးက သူ႕ဖုန္းကိုေပးမသုံး၊ ေပးမၾကည့္လို႔ သင့္စိတ္ထဲမွာ စႏိုးစေႏွာင့္ျဖစ္ေနပါလား။ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ေလးေတြကိုဖတ္ၾကည့္ပါ။ သင့္အေနနဲ႔ သင့္ခ်စ္သူရဲ႕ဖုန္းကို ပိုင္စုိးပိုင္နင္းကိုင္တြယ္အသုံးမျပဳသင့္တဲ့ အေၾကာင္းရင္း (၁၀)ခုပဲ ျဖစ္ပါတယ္။

(၁) ေစာင့္ၾကည့္ခံေနရသလို ခံစားရျခင္း

သင့္ခ်စ္သူရဲ႕ဖုန္းထဲမွာ သင့္ကိုမျမင္ေစခ်င္တ့ဲအရာ ဘာမွမရွိဘူးဆိုရင္ေတာင္မွ သူဖုန္းကို ယူၾကည့္တာကို သေဘာမက်ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုၾကည့္တာဟာ သူ႔ကိုမယုံသကၤာနဲ႔ ေစာင့္ၾကည့္ခံရသလို ခံစားရေစလို႔ပါ။ ဒီအခ်က္ကိုမေတြးပဲ သူ႔ဖုန္း password ကို အတင္းေတာင္းေနမယ္ဆိုရင္ေတာ့ သင့္ကို စိတ္ပ်က္သြားေစႏိုင္ပါတယ္။

(၂) သိရခက္ေအာင္လုပ္ျခင္း

မိန္းကေလးတိုင္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕မိန္းကေလးေတြက သင္အလြယ္မရတ့ဲအရာကို အျမဲလိုခ်င္တတ္မွန္း သိထားၾကပါတယ္။ ဒီလိုမိန္းကေလးေတြက သူတို႔ဖုန္းကို အလြယ္တကူေပးကိုင္မွာမဟုတ္ပါဘူး။

(၃) မိန္းကေလးအေရးကိစၥမ်ားကို မသိေစလိုျခင္း

သင့္သူငယ္ခ်င္း ေယာက်ၤားေလးစကား၀ိုင္းထဲက အေၾကာင္းအရာေတြကို သင့္ေကာင္မေလးကို သိေစခ်င္ပါသလား။ ဒီလိုပါပဲ။ သင့္ေကာင္မေလးကလည္း Social media ေတြ၊ Group chat ေတြထဲမွာ သူ႔သူငယ္ခ်င္းေတြနဲ႔ ေျပာၾကဆိုၾကတာေတြကို သင့္ကိုေပးမသိခ်င္ပါဘူး။

(၄) ႐ုိး႐ိုးသားသားဆက္သြယ္မႈမ်ားေၾကာင့္ ျပႆနာမျဖစ္လိုျခင္း

မိန္းကေလးအမ်ားစုဟာ ဘာမဟုတ္တဲ့ကိစၥေလးေတြေၾကာင့္ သမီးရည္းစားဆက္ဆံေရးမွာ ျပႆနာႀကီးလာမွာကို မလိုလားၾကပါဘူး။ တျခားေယာက်ာၤးေလးေတြနဲ႔ ႐ုိး႐ုိးသားသား ဆက္သြယ္တာမ်ိဳးကို သင္အထင္လြဲၿပီး ေျဖရွင္းရတာမ်ိဳး မျဖစ္ခ်င္ၾကပါဘူး။ ဒါ့ေၾကာင့္ သင့္ေကာင္မေလးဖုန္းကို ယူၾကည့္ၿပီး ဆက္သြယ္ထားတ့ဲ ေယာက်ၤားေလးအသိမိတ္ေဆြေတြကို ဒါဘယ္သူလဲ လိုက္ေမးၿပီး သ၀န္တိုမေနပါနဲ႔။

(၅) မျမင္ေစခ်င္တ့ဲဓာတ္ပုံေတြ

လူတိုင္းရဲ႕ဖုန္းထဲမွာ တျခားဘယ္သူ႔ကိုမွ မျမင္ေစခ်င္တဲ့ ဓာတ္ပုံေတြရွိတတ္ပါတယ္။ သင့္ေကာင္မေလးမွာလည္း ရွိႏိုင္ပါတယ္။ ဒီလိုပုံေတြကို သင့္ကိုမျမင္ေစခ်င္တာေၾကာင့္လည္း သူ႔ဖုန္းကိုမကိုင္ေစခ်င္တာ ျဖစ္ပါတယ္။

(၆) အခ်က္အလက္မ်ားခုိးယူခံရမည္ကို စိုးရိမ္ျခင္း

သင့္ေကာင္မေလးမွာ တျခားအ႐ႈပ္အရွင္းေတြ ဒါမွမဟုတ္ လ်ွိဳ႕၀ွက္ခ်က္ေတြ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ မိန္းကေလးေတြဟာ ခ်စ္သူေကာင္ေလးက သူတို႔ဖုန္းကို hack လုပ္ထားၿပီး အခ်က္အလက္ေတြခိုးယူမွာကို စိုးရိမ္တတ္ၾကပါတယ္။ သင္ hacking လုပ္တတ္တာ မလုပ္တတ္တာနဲ႔ မဆိုင္ပါဘူး။ ဒီအတိုင္းကို စိုးရိမ္ေနတတ္ၾကတာျဖစ္ပါတယ္။

(၇) ဖုန္းတလြဲအသုံးခ်ခံမည္ကို စိုးရိမ္ျခင္း

ယေန႔ေခတ္မွာ လူေျပာင္လူေနာက္ေတြက မ်ားျပားလြန္းပါတယ္။ သင္အပါအ၀င္ တစ္စုံတစ္ေယာက္က ဖုန္းကေနတဆင့္ social media account ေတြကို သုံးၿပီး ေပါက္တတ္ကရ ပို႔စ္ေတြထင္မွာကို သင့္ေကာင္မေလးက စိုးရိမ္ပါလိမ့္မယ္။ ဒီလိုမျဖစ္ေစဖို႔ ကာကြယ္တ့ဲအေနနဲ႔ ဖုန္းကို ေပးမသုံးတာနဲ႔ပတ္သက္ၿပီး အျပစ္တင္စရာမရွိပါဘူး။

(၈) သီးသန္႔အခ်က္အလက္မ်ား သိမ္းဆည္းထားျခင္း

သင့္ေကာင္မေလးရဲ႕ဖုန္းထဲမွာ သူမရဲ႕ဘဏ္စာရင္းနဲ႕ပတ္သက္တ့ဲအခ်က္အလက္ေတြ၊ အေရးႀကီး password ေတြ စသျဖင့္ သိမ္းဆည္းထားႏိုင္ပါတယ္။ ဒီလိုအခ်က္အလက္မ်ိဳးေတြကို သင္လည္းမသိသင့္ပါဘူး။ ဘာေၾကာင့္လည္းဆိုရင္ အေၾကာင္းမသင့္လို႔ လမ္းခြဲျပတ္ဆဲၾကမယ္ဆိုရင္ သူမရဲ႕အခ်က္အလက္ေတြ မလုံျခံဳႏိုင္ေတာ့တာေၾကာင့္ျဖစ္ပါတယ္။

(၉) သင့္မေကာင္းေၾကာင္းမ်ား ေျပာထားျခင္း

ဟုတ္ပါတယ္။ ဒါမ်ိဳးကျဖစ္တတ္ပါတယ္။ မိန္းကေလးေတြ အခ်င္းခ်င္းေျပာဆိုၾကတ့ဲအခါမွာ သူတို႔ရည္းစားေကာင္ေလးေတြ မေကာင္းေၾကာင္းေတြလည္း ပါတတ္ပါတယ္။ သင့္ကို မုန္းလို႔ လမ္းခဲြခ်င္လို႔ ေျပာတာေတာ့မဟုတ္ပါဘူး။ မိန္းကေလးသဘာ၀အရ ေျပာမိတာမ်ိဳးျဖစ္ပါတယ္။ ဒါေတြကို မသိေစခ်င္တာေၾကာင့္လည္း သူ႔ဖုန္းကို ေပးမသံုးခ်င္တာျဖစ္ပါတယ္။

(၁၀) သင္သေဘာမက်သူႏွင့္ ဆက္သြယ္ေနျခင္း

သင့္မွာသူငယ္ခ်င္းေတြအမ်ားႀကီးရွိတဲ့အထဲကမွ သိပ္ၿပီးသေဘာမက်လို႔ အေပါင္းအသင္းမလုပ္ေစခ်င္သူမ်ိဳးကိုမွ သင့္ေကာင္မေလးက ခင္ေနတာမ်ိဳးရွိတတ္ပါတယ္။ ဒါေပမယ့္ သင္စိုးရိမ္၀မ္းနည္းရမွာနဲ႕ အျခားျပႆနာေတြမျဖစ္ေအာင္ အဲ့ဒီအေၾကာင္းကို သူမအေနနဲ႔ လ်ိဳ႕၀ွက္ထားခ်င္တာမ်ိဳးျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

=========================

သင့်ချစ်သူကောင်မလေးရဲ့ဖုန်းကို မထိသင့်တဲ့ အကြောင်းရင်း (၁၀)ခု

သင့်ကောင်မလေးက သူ့ဖုန်းကိုပေးမသုံး၊ ပေးမကြည့်လို့ သင့်စိတ်ထဲမှာ စနိုးစနှောင့်ဖြစ်နေပါလား။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကိုဖတ်ကြည့်ပါ။ သင့်အနေနဲ့ သင့်ချစ်သူရဲ့ဖုန်းကို ပိုင်စိုးပိုင်နင်းကိုင်တွယ်အသုံးမပြုသင့်တဲ့ အကြောင်းရင်း (၁၀)ခုပဲ ဖြစ်ပါတယ်။

(၁) စောင့်ကြည့်ခံနေရသလို ခံစားရခြင်း
သင့်ချစ်သူရဲ့ဖုန်းထဲမှာ သင့်ကိုမမြင်စေချင်တဲ့အရာ ဘာမှမရှိဘူးဆိုရင်တောင်မှ သူဖုန်းကို ယူကြည့်တာကို သဘောမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုကြည့်တာဟာ သူ့ကိုမယုံသင်္ကာနဲ့ စောင့်ကြည့်ခံရသလို ခံစားရစေလို့ပါ။ ဒီအချက်ကိုမတွေးပဲ သူ့ဖုန်း password ကို အတင်းတောင်းနေမယ်ဆိုရင်တော့ သင့်ကို စိတ်ပျက်သွားစေနိုင်ပါတယ်။

(၂) သိရခက်အောင်လုပ်ခြင်း
မိန်းကလေးတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် တချို့မိန်းကလေးတွေက သင်အလွယ်မရတဲ့အရာကို အမြဲလိုချင်တတ်မှန်း သိထားကြပါတယ်။ ဒီလိုမိန်းကလေးတွေက သူတို့ဖုန်းကို အလွယ်တကူပေးကိုင်မှာမဟုတ်ပါဘူး။

(၃) မိန်းကလေးအရေးကိစ္စများကို မသိစေလိုခြင်း
သင့်သူငယ်ချင်း ယောကျင်္ားလေးစကားဝိုင်းထဲက အကြောင်းအရာတွေကို သင့်ကောင်မလေးကို သိစေချင်ပါသလား။ ဒီလိုပါပဲ။ သင့်ကောင်မလေးကလည်း Social media တွေ၊ Group chat တွေထဲမှာ သူ့သူငယ်ချင်းတွေနဲ့ ပြောကြဆိုကြတာတွေကို သင့်ကိုပေးမသိချင်ပါဘူး။

(၄) ရိုးရိုးသားသားဆက်သွယ်မှုများကြောင့် ပြဿနာမဖြစ်လိုခြင်း
မိန်းကလေးအများစုဟာ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့် သမီးရည်းစားဆက်ဆံရေးမှာ ပြဿနာကြီးလာမှာကို မလိုလားကြပါဘူး။ တခြားယောကျာင်္းလေးတွေနဲ့ ရိုးရိုးသားသား ဆက်သွယ်တာမျိုးကို သင်အထင်လွဲပြီး ဖြေရှင်းရတာမျိုး မဖြစ်ချင်ကြပါဘူး။ ဒါ့ကြောင့် သင့်ကောင်မလေးဖုန်းကို ယူကြည့်ပြီး ဆက်သွယ်ထားတဲ့ ယောကျင်္ားလေးအသိမိတ်ဆွေတွေကို ဒါဘယ်သူလဲ လိုက်မေးပြီး သဝန်တိုမနေပါနဲ့။

(၅) မမြင်စေချင်တဲ့ဓာတ်ပုံတွေ
လူတိုင်းရဲ့ဖုန်းထဲမှာ တခြားဘယ်သူ့ကိုမှ မမြင်စေချင်တဲ့ ဓာတ်ပုံတွေရှိတတ်ပါတယ်။ သင့်ကောင်မလေးမှာလည်း ရှိနိုင်ပါတယ်။ ဒီလိုပုံတွေကို သင့်ကိုမမြင်စေချင်တာကြောင့်လည်း သူ့ဖုန်းကိုမကိုင်စေချင်တာ ဖြစ်ပါတယ်။

(၆) အချက်အလက်များခိုးယူခံရမည်ကို စိုးရိမ်ခြင်း
သင့်ကောင်မလေးမှာ တခြားအရှုပ်အရှင်းတွေ ဒါမှမဟုတ် လျှို့ဝှက်ချက်တွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မိန်းကလေးတွေဟာ ချစ်သူကောင်လေးက သူတို့ဖုန်းကို hack လုပ်ထားပြီး အချက်အလက်တွေခိုးယူမှာကို စိုးရိမ်တတ်ကြပါတယ်။ သင် hacking လုပ်တတ်တာ မလုပ်တတ်တာနဲ့ မဆိုင်ပါဘူး။ ဒီအတိုင်းကို စိုးရိမ်နေတတ်ကြတာဖြစ်ပါတယ်။

(၇) ဖုန်းတလွဲအသုံးချခံမည်ကို စိုးရိမ်ခြင်း
ယနေ့ခေတ်မှာ လူပြောင်လူနောက်တွေက များပြားလွန်းပါတယ်။ သင်အပါအဝင် တစ်စုံတစ်ယောက်က ဖုန်းကနေတဆင့် social media account တွေကို သုံးပြီး ပေါက်တတ်ကရ ပို့စ်တွေထင်မှာကို သင့်ကောင်မလေးက စိုးရိမ်ပါလိမ့်မယ်။ ဒီလိုမဖြစ်စေဖို့ ကာကွယ်တဲ့အနေနဲ့ ဖုန်းကို ပေးမသုံးတာနဲ့ပတ်သက်ပြီး အပြစ်တင်စရာမရှိပါဘူး။

(၈) သီးသန့်အချက်အလက်များ သိမ်းဆည်းထားခြင်း
သင့်ကောင်မလေးရဲ့ဖုန်းထဲမှာ သူမရဲ့ဘဏ်စာရင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ အရေးကြီး password တွေ စသဖြင့် သိမ်းဆည်းထားနိုင်ပါတယ်။ ဒီလိုအချက်အလက်မျိုးတွေကို သင်လည်းမသိသင့်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အကြောင်းမသင့်လို့ လမ်းခွဲပြတ်ဆဲကြမယ်ဆိုရင် သူမရဲ့အချက်အလက်တွေ မလုံခြုံနိုင်တော့တာကြောင့်ဖြစ်ပါတယ်။

(၉) သင့်မကောင်းကြောင်းများ ပြောထားခြင်း
ဟုတ်ပါတယ်။ ဒါမျိုးကဖြစ်တတ်ပါတယ်။ မိန်းကလေးတွေ အချင်းချင်းပြောဆိုကြတဲ့အခါမှာ သူတို့ရည်းစားကောင်လေးတွေ မကောင်းကြောင်းတွေလည်း ပါတတ်ပါတယ်။ သင့်ကို မုန်းလို့ လမ်းခွဲချင်လို့ ပြောတာတော့မဟုတ်ပါဘူး။ မိန်းကလေးသဘာဝအရ ပြောမိတာမျိုးဖြစ်ပါတယ်။ ဒါတွေကို မသိစေချင်တာကြောင့်လည်း သူ့ဖုန်းကို ပေးမသုံးချင်တာဖြစ်ပါတယ်။

(၁၀) သင်သဘောမကျသူနှင့် ဆက်သွယ်နေခြင်း
သင့်မှာသူငယ်ချင်းတွေအများကြီးရှိတဲ့အထဲကမှ သိပ်ပြီးသဘောမကျလို့ အပေါင်းအသင်းမလုပ်စေချင်သူမျိုးကိုမှ သင့်ကောင်မလေးက ခင်နေတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် သင်စိုးရိမ်ဝမ်းနည်းရမှာနဲ့ အခြားပြဿနာတွေမဖြစ်အောင် အဲ့ဒီအကြောင်းကို သူမအနေနဲ့ လျို့ဝှက်ထားချင်တာမျိုးဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
=========================

Related Posts

%%footer%%