ဘဝမွာ ေအာင္ျမင္ေစဖို႔အတြက္ ကိုုယ္ေနကိုုယ္ထား လမ္းၫႊန္ခ်က္မ်ား

 

ဘဝမွာ ေအာင္ျမင္ေစဖို႔အတြက္ ကိုုယ္ေနကိုုယ္ထား လမ္းၫႊန္ခ်က္မ်ား

သင္ဟာ စာေရးေလးပဲျဖစ္ျဖစ္ လုပ္ငန္း႐ွင္တစ္ေယာက္ပဲျဖစ္ျဖစ္ ဘဝမွာေအာင္ျမင္ဖို႔အတြက္ဆိုရင္ လူေတြနဲ႔ ေကာင္းေကာင္းဆက္သြယ္တတ္ရပါမယ္။ လူႏွစ္ေယာက္အၾကားမွာ စကားလံုးေတြမပါပဲ ၉၃ ရာႏႈန္း ဆက္သြယ္ပါတယ္။ အဲဒါေၾကာင့္ စကားလံုးေတြထက္စာရင္ ေလသံနဲ႔ ကိုယ္ေနဟန္ထားကို ဂ႐ုျပဳရပါမယ္။

ေအာက္မွာက ခႏၶာေဗဒဘာသာစကားကို ပိုၿပီးနားလည္အသံုးျပဳႏိုင္ဖို႔ အခ်က္ ၁၁ ခ်က္ ခ်ေပးထားပါတယ္။

၁. တစ္ဖက္လူရဲ႕အမူအရာကို လိုက္တုပါ

အကုန္လံုးတစ္ေထရာထဲ လိုက္တုေနဖို႔မဟုတ္ပါဘူး။ သူလက္ပိုက္ရင္ လက္လိုက္ပိုက္ပါ။ သင့္ကိုၾကည့္ရင္ ျပန္ၾကည့္ပါ။ စကား ျဖည္းျဖည္းေျပာရင္ ျဖည္းျဖည္းလိုက္ေျပာပါ။ အဲဒါဟာ သင္တို႔ႏွစ္ေယာက္ကို ပိုၿပီး ဆက္သြယ္ႏိုင္သလို ခံစားရေစပါတယ္။ ေနရာတိုင္းမွာ သံုးလို႔ရေပမယ့္ Date လုပ္တာေတြ၊ စီးပြားေရးကိစၥေတြ႕ဆံုတာေတြ၊ လူသစ္ေတြနဲ႔ ေတြ႕ဆံုတာေတြမွာ ပိုၿပီး အက်ိဳး႐ွိပါတယ္။

၂. ကိုယ္ကို ကာမထားပါနဲ႔

လူအုပ္ေ႐ွ႕ကို ျဖတ္ေလ်ွာက္ရတဲ့အခါ၊ မိန္းမေခ်ာတစ္ဦးဆီ လာရတဲ့အခါေတြမ်ိဳးမွာ ကိုယ့္ဘာသာေတာင္ မသိလိုက္ပဲ ကိုယ့္ခႏၶာကိုယ္ကို လက္ေမာင္းနဲ႔ ကြယ္ထားမိတတ္ပါတယ္။ အဲဒိလိုျဖစ္တာဟာ ကိုယ့္ဘာသာ စိတ္မခ်တဲ့ပံု ေပါက္ပါတယ္။ အဲဒိလို မလုပ္မိေအာင္ ဂ႐ုစိုက္ၿပီး ထိန္းထားပါ။

၃. Power Pose လုပ္ပါ

Power Pose ဆိုတာ ေခါင္းကို မတ္ေနေအာင္ထားၿပီး လက္ႏွစ္ဖက္ကို အေပၚကေန V ပံုစံ ေျမႇာက္ထားတာပါ။ အဲဒိပံုစံဟာ တက္စတိုစတီ႐ုန္းေဟာ္မုန္း ထြက္႐ွိမႈကို တိုးပြားေစပါတယ္။ အစည္းအေဝးမသြားခင္၊ ရည္းစားနဲ႔ ခ်ိန္းထားတာ မသြားခင္ အဲဒါမ်ိဳး လုပ္ေပးပါ။

၄. ေျခေထာက္ေတြကို လိမ္မထားပါနဲ႔

ေျခလိမ္ထားတာဟာ သင္ကေျပာေနတာေတြကို နားမေထာင္ဘူး ညႇိႏိႈင္းမရဘူးဆိုတဲ့ ပံုစံ ေပါက္ေစပါတယ္။ ပိုက္ဆံလာေခ်းသူနဲ႔ဆိုရင္ေတာ့ အဆင္ေျပႏိုင္ေပမယ့္ သင့္ Boss နဲ႔ဆိုရင္ေတာ့ ေျခေခါက္ခြဲပီး မတ္မတ္ေနတာက ပိုေကာင္းပါလိမ့္မယ္။

၅. တကယ္ဆက္သြယ္ဖို႔ ရယ္ပါ

ေပ်ာ္ေနတဲ့ ရယ္ေနတဲ့ မ်က္ႏွာထက္ ပိုေကာင္းတာမ႐ွိပါဘူး။ ရယ္တယ္ဆိုတာ လူႏွစ္ေယာက္ၾကား အဆံုးမဲ့ ဆက္သြယ္သြားမွ ရယ္ျဖစ္တာပါ။ Date လုပ္ေနတုန္း ရယ္ရင္လဲ သင့္ကိုပိုၿပီး ဆြဲေဆာင္မႈ ႐ွိေစပါတယ္။ အင္တာဗ်ဴးတစ္ခုမွာ ဟာသေလးေျပာလိုက္တာဟာ သင့္ရဲ႕ Boss ေလာင္းကို ပိုၿပီးသေဘာက်သြားေစပါတယ္။

၆. လက္ပိုက္မထားပါနဲ႔

လက္ပိုက္ထားတယ္ဆိုတာလဲ ေျခလိမ္ထားသလို ခုခံတာကို ျပတာပါ။ လက္ပိုက္လိုက္ရင္ သင္နဲ႔စကားေျပာေနသူနဲ႔ သင့္ကို ပိုၿပီးေဝးကြာသြားေစပါတယ္။ လူတစ္ေယာက္နဲ႔ ျမန္ျမန္ဆက္သြယ္ခ်င္ရင္ လက္ပိုက္ျဖဳတ္လိုက္ပါ။

၇. ေခါင္းေမာ့ထားပါ

ေခါင္းေမာ့တယ္ဆိုတာ လႊမ္းမိုးမႈ ကိုယ့္ဘာသာ ယံုၾကည္မႈနဲ႔ ဂုဏ္ယူမႈကို ျပတာပါ။ ေခါင္းေမာ့ထားျခင္းျဖင့္ ဘယ္သူနဲ႔ပဲဲစကားေျပာေျပာ ကိုယ့္ဘာသာ ယံုၾကည္မႈ ျမင့္မားေစပါတယ္။ ေနာက္တစ္ေခါက္ အစည္းအေဝးလို လူေတြၾကားထဲ စကားေျပာရမယ္ဆို ေခါင္းေမာ့ထားလိုက္ပါ။

၈. လက္ေတြကို ေျမႇာက္ေျမႇာက္ၿပီးစကားေျပာပါ

လက္ဟန္နဲ႔ ေျပာေနတုန္း လက္ေျမႇာက္ၿပီးစကားေျပာျခင္းက သင့္ကို ယံုၾကည္ရတဲ့ ပံုစံ ေပါက္ေစပါတယ္။ အဲဒါဟာ သင္ေျပာေနတဲ့သူဆီက သင္ ဘာမွ ဖုန္းကြယ္မထားဘူးဆိုတာ ျပတာပါ။ အျမဲ ေျမႇာက္ထားဖို႔ မလိုပါဘူး။ အဲဒါဟာ အေရာင္းသမားေတြ၊ တစ္ေယာက္ေယာက္ကို ေဖ်ာင္းဖ်ဖို႔ ႀကိဳးစားတဲ့ အခါမ်ိဳးေတြမွာ အေထာက္အကူ ျပဳပါတယ္။

၉. ေခါင္းၿငိမ့္ပါ

သင့္္ကို စကားေျပာေနသူနဲ႔ ဆက္သြယ္ခ်င္ရင္ သူ အသစ္တစ္ခုေျပာလိုက္တိုင္း ေခါင္းၿငိမ့္ျပပါ။ အဲဒါဟာ သူတို႔ကို သေဘာတူတယ္ဆိုတာနဲ႔ သင္ သူေျပာတာကို စိတ္ဝင္တစားနားေထာင္ေနပါတယ္ဆိုတဲ့ သေဘာပါ။ ေနာက္တစ္ေခါက္ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္ ခင္ပြန္းနဲ႔ပဲျဖစ္ျဖစ္ စကားေျပာရင္ ေခါင္းၿငိမ့္ေျပာပါ။

၁၀. ေျခေထာက္ကို မႏွံ႔ပါနဲ႔

အဲဒါဟာ သင့္ကို ပ်င္းေနတဲ့ပံု ေပါက္ေစပါတယ္။ ထမင္းဆိုင္မွာ ေအာ္ဒါေစာင့္ေနတုန္း ဆို အဆန္းမဟုတ္ပါဘူး။ ဒါေပမယ့္ သင့္မန္ေနဂ်ာက အေရးႀကီးတစ္ခုခု ေျပာေနတုန္း သြား ေျခေထာက္ႏွံ႔မိရင္ေတာ့ ကိိြဳင္တက္ပါၿပီ။ သင္က ေျခမႏွံ႔ပဲ စိတ္ဝင္တစားနားေထာင္ေပးရင္ ေနာက္တစ္ခါ ရာထူးတိုးစာရင္းမွာ သင္ပုလာမွာ အေသအခ်ာပါ။

၁၁. လက္ေမာင္းကို တို႔တို႔ၿပီး စကားေျပာပါ

ပံုေျပာေနတာပဲျဖစ္ျဖစ္ ဟာသေျပာတာပဲ ျဖစ္ျဖစ္ လက္ေမာင္းကို တို႔တို႔ၿပီးေျပာတာဟာ သင့္ကို ယံုၾကည္မႈ ရေစပါတယ္။ အျမဲတမ္းေတာ့ လူေတြကို တို႔ေနလို႔ အဆင္မေျပပါဘူး။ တစ္ခါတစ္ေလမွာ ပခံုးပုတ္ရမယ့္ လက္ေမာင္းပုတ္ရမယ့္ သူေတြ ႐ွိမွာပါ။ အဲဒိလိုလုပ္ျခင္းဟာျဖင့္ သင္နဲ႔ စကားေျပာေနတဲ့သူနဲ႔ စိတ္ျခင္းပါ ဆက္သြယ္မိေစပါတယ္။

သင္ဟာ စကားေကာင္းေကာင္းမေျပာတတ္ေပမယ့္ ခႏၶာေဗဒဘာသာစကားကို ေကာင္းေကာင္း အသံုးခ်တတ္ရင္ အေကာင္းဆံုးဆက္သြယ္ႏိုင္သူ ျဖစ္လာမွာပါ။ ဘဝမွာ အေရးႀကီးဆံုးက ဆက္သြယ္ေရးပါ။ ဆက္သြယ္ရင္ အေရးႀကီးဆံုးက ခႏၶာေဗဒ ကိုယ္ဟန္လက္ဟန္ ဘာသာစကားပါပဲ။

 

==============================================

ဘဝမှာ အောင်မြင်စေဖို့အတွက် ကိုုယ်နေကိုုယ်ထား လမ်းညွှန်ချက်များ

သင်ဟာ စာရေးလေးပဲဖြစ်ဖြစ် လုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ဖြစ် ဘဝမှာအောင်မြင်ဖို့အတွက်ဆိုရင် လူတွေနဲ့ ကောင်းကောင်းဆက်သွယ်တတ်ရပါမယ်။ လူနှစ်ယောက်အကြားမှာ စကားလုံးတွေမပါပဲ ၉၃ ရာနှုန်း ဆက်သွယ်ပါတယ်။ အဲဒါကြောင့် စကားလုံးတွေထက်စာရင် လေသံနဲ့ ကိုယ်နေဟန်ထားကို ဂရုပြုရပါမယ်။

အောက်မှာက ခန္ဓာဗေဒဘာသာစကားကို ပိုပြီးနားလည်အသုံးပြုနိုင်ဖို့ အချက် ၁၁ ချက် ချပေးထားပါတယ်။

၁. တစ်ဖက်လူရဲ့အမူအရာကို လိုက်တုပါ

အကုန်လုံးတစ်ထေရာထဲ လိုက်တုနေဖို့မဟုတ်ပါဘူး။ သူလက်ပိုက်ရင် လက်လိုက်ပိုက်ပါ။ သင့်ကိုကြည့်ရင် ပြန်ကြည့်ပါ။ စကား ဖြည်းဖြည်းပြောရင် ဖြည်းဖြည်းလိုက်ပြောပါ။ အဲဒါဟာ သင်တို့နှစ်ယောက်ကို ပိုပြီး ဆက်သွယ်နိုင်သလို ခံစားရစေပါတယ်။ နေရာတိုင်းမှာ သုံးလို့ရပေမယ့် Date လုပ်တာတွေ၊ စီးပွားရေးကိစ္စတွေ့ဆုံတာတွေ၊ လူသစ်တွေနဲ့ တွေ့ဆုံတာတွေမှာ ပိုပြီး အကျိုးရှိပါတယ်။

၂. ကိုယ်ကို ကာမထားပါနဲ့

လူအုပ်ရှေ့ကို ဖြတ်လျှောက်ရတဲ့အခါ၊ မိန်းမချောတစ်ဦးဆီ လာရတဲ့အခါတွေမျိုးမှာ ကိုယ့်ဘာသာတောင် မသိလိုက်ပဲ ကိုယ့်ခန္ဓာကိုယ်ကို လက်မောင်းနဲ့ ကွယ်ထားမိတတ်ပါတယ်။ အဲဒိလိုဖြစ်တာဟာ ကိုယ့်ဘာသာ စိတ်မချတဲ့ပုံ ပေါက်ပါတယ်။ အဲဒိလို မလုပ်မိအောင် ဂရုစိုက်ပြီး ထိန်းထားပါ။

၃. Power Pose လုပ်ပါ

Power Pose ဆိုတာ ခေါင်းကို မတ်နေအောင်ထားပြီး လက်နှစ်ဖက်ကို အပေါ်ကနေ V ပုံစံ မြှောက်ထားတာပါ။ အဲဒိပုံစံဟာ တက်စတိုစတီရုန်းဟော်မုန်း ထွက်ရှိမှုကို တိုးပွားစေပါတယ်။ အစည်းအဝေးမသွားခင်၊ ရည်းစားနဲ့ ချိန်းထားတာ မသွားခင် အဲဒါမျိုး လုပ်ပေးပါ။

၄. ခြေထောက်တွေကို လိမ်မထားပါနဲ့

ခြေလိမ်ထားတာဟာ သင်ကပြောနေတာတွေကို နားမထောင်ဘူး ညှိနှိုင်းမရဘူးဆိုတဲ့ ပုံစံ ပေါက်စေပါတယ်။ ပိုက်ဆံလာချေးသူနဲ့ဆိုရင်တော့ အဆင်ပြေနိုင်ပေမယ့် သင့် Boss နဲ့ဆိုရင်တော့ ခြေခေါက်ခွဲပီး မတ်မတ်နေတာက ပိုကောင်းပါလိမ့်မယ်။

၅. တကယ်ဆက်သွယ်ဖို့ ရယ်ပါ

ပျော်နေတဲ့ ရယ်နေတဲ့ မျက်နှာထက် ပိုကောင်းတာမရှိပါဘူး။ ရယ်တယ်ဆိုတာ လူနှစ်ယောက်ကြား အဆုံးမဲ့ ဆက်သွယ်သွားမှ ရယ်ဖြစ်တာပါ။ Date လုပ်နေတုန်း ရယ်ရင်လဲ သင့်ကိုပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ အင်တာဗျူးတစ်ခုမှာ ဟာသလေးပြောလိုက်တာဟာ သင့်ရဲ့ Boss လောင်းကို ပိုပြီးသဘောကျသွားစေပါတယ်။

၆. လက်ပိုက်မထားပါနဲ့

လက်ပိုက်ထားတယ်ဆိုတာလဲ ခြေလိမ်ထားသလို ခုခံတာကို ပြတာပါ။ လက်ပိုက်လိုက်ရင် သင်နဲ့စကားပြောနေသူနဲ့ သင့်ကို ပိုပြီးဝေးကွာသွားစေပါတယ်။ လူတစ်ယောက်နဲ့ မြန်မြန်ဆက်သွယ်ချင်ရင် လက်ပိုက်ဖြုတ်လိုက်ပါ။

၇. ခေါင်းမော့ထားပါ

ခေါင်းမော့တယ်ဆိုတာ လွှမ်းမိုးမှု ကိုယ့်ဘာသာ ယုံကြည်မှုနဲ့ ဂုဏ်ယူမှုကို ပြတာပါ။ ခေါင်းမော့ထားခြင်းဖြင့် ဘယ်သူနဲ့ပဲဲစကားပြောပြော ကိုယ့်ဘာသာ ယုံကြည်မှု မြင့်မားစေပါတယ်။ နောက်တစ်ခေါက် အစည်းအဝေးလို လူတွေကြားထဲ စကားပြောရမယ်ဆို ခေါင်းမော့ထားလိုက်ပါ။

၈. လက်တွေကို မြှောက်မြှောက်ပြီးစကားပြောပါ

လက်ဟန်နဲ့ ပြောနေတုန်း လက်မြှောက်ပြီးစကားပြောခြင်းက သင့်ကို ယုံကြည်ရတဲ့ ပုံစံ ပေါက်စေပါတယ်။ အဲဒါဟာ သင်ပြောနေတဲ့သူဆီက သင် ဘာမှ ဖုန်းကွယ်မထားဘူးဆိုတာ ပြတာပါ။ အမြဲ မြှောက်ထားဖို့ မလိုပါဘူး။ အဲဒါဟာ အရောင်းသမားတွေ၊ တစ်ယောက်ယောက်ကို ဖျောင်းဖျဖို့ ကြိုးစားတဲ့ အခါမျိုးတွေမှာ အထောက်အကူ ပြုပါတယ်။

၉. ခေါင်းငြိမ့်ပါ

သင့််ကို စကားပြောနေသူနဲ့ ဆက်သွယ်ချင်ရင် သူ အသစ်တစ်ခုပြောလိုက်တိုင်း ခေါင်းငြိမ့်ပြပါ။ အဲဒါဟာ သူတို့ကို သဘောတူတယ်ဆိုတာနဲ့ သင် သူပြောတာကို စိတ်ဝင်တစားနားထောင်နေပါတယ်ဆိုတဲ့ သဘောပါ။ နောက်တစ်ခေါက် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ခင်ပွန်းနဲ့ပဲဖြစ်ဖြစ် စကားပြောရင် ခေါင်းငြိမ့်ပြောပါ။

၁၀. ခြေထောက်ကို မနှံ့ပါနဲ့

အဲဒါဟာ သင့်ကို ပျင်းနေတဲ့ပုံ ပေါက်စေပါတယ်။ ထမင်းဆိုင်မှာ အော်ဒါစောင့်နေတုန်း ဆို အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သင့်မန်နေဂျာက အရေးကြီးတစ်ခုခု ပြောနေတုန်း သွား ခြေထောက်နှံ့မိရင်တော့ ကိိွုင်တက်ပါပြီ။ သင်က ခြေမနှံ့ပဲ စိတ်ဝင်တစားနားထောင်ပေးရင် နောက်တစ်ခါ ရာထူးတိုးစာရင်းမှာ သင်ပုလာမှာ အသေအချာပါ။

၁၁. လက်မောင်းကို တို့တို့ပြီး စကားပြောပါ

ပုံပြောနေတာပဲဖြစ်ဖြစ် ဟာသပြောတာပဲ ဖြစ်ဖြစ် လက်မောင်းကို တို့တို့ပြီးပြောတာဟာ သင့်ကို ယုံကြည်မှု ရစေပါတယ်။ အမြဲတမ်းတော့ လူတွေကို တို့နေလို့ အဆင်မပြေပါဘူး။ တစ်ခါတစ်လေမှာ ပခုံးပုတ်ရမယ့် လက်မောင်းပုတ်ရမယ့် သူတွေ ရှိမှာပါ။ အဲဒိလိုလုပ်ခြင်းဟာဖြင့် သင်နဲ့ စကားပြောနေတဲ့သူနဲ့ စိတ်ခြင်းပါ ဆက်သွယ်မိစေပါတယ်။

သင်ဟာ စကားကောင်းကောင်းမပြောတတ်ပေမယ့် ခန္ဓာဗေဒဘာသာစကားကို ကောင်းကောင်း အသုံးချတတ်ရင် အကောင်းဆုံးဆက်သွယ်နိုင်သူ ဖြစ်လာမှာပါ။ ဘဝမှာ အရေးကြီးဆုံးက ဆက်သွယ်ရေးပါ။ ဆက်သွယ်ရင် အရေးကြီးဆုံးက ခန္ဓာဗေဒ ကိုယ်ဟန်လက်ဟန် ဘာသာစကားပါပဲ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

Related Posts

%%footer%%