ခံတြင္းနံ႔ဆိုးျခင္းကို သက္သာေပ်ာက္ကင္းေစဖို႔

သင့္ရဲ႕ ခံတြင္းနံ႔ဆိုးေနလို႔ စိတ္ညစ္ေနပါသလား။ ေပ်ာက္ကင္းေအာင္ ဘာေတြလုပ္ပါသလဲ။ ပီေက၀ါးတာ၊ ပူရွိန္းစားတာေတြမ်ား လုပ္ပါသလား။ ဒီနည္းလမ္းေတြက ခဏတာအတြက္ပဲ အလုပ္ျဖစ္ပါတယ္။ သြားတိုက္တာကေရာ။ ဒါလည္း အေရးႀကီးေပမယ့္ ခံတြင္းနံ႔ဆိုးတာကို ကုသရာမွာ အက်ိဳးသက္ေရာက္မႈ နည္းပါတယ္။ ဒါဆို ခံတြင္းနံ႔ဆိုးရတဲ့အေၾကာင္းရင္းကို ေလ့လာၾကည့္ၾကပါစို႔။

ခံတြင္းနံ႔ဆိုးရျခင္းရဲ႕အဓိကအေၾကာင္းရင္းကေတာ့ VSC လို႔သိၾကတဲ့ volatile sulfur compounds ေတြေၾကာင့္ ျဖစ္ပါတယ္။ VSC ဓာတ္ေပါင္းေတြဟာ သြားဖုံးေရာဂါေတြ၊ ပိုး၀င္တာေတြေၾကာင့္ ျဖစ္လာတဲ့ ခံတြင္းအတြင္းက ဘက္တီးရီးယားေတြ၊ သြားေပါက္ေတြနဲ႔ သြားေျခမွာရွိတတ္တဲ့ ဘက္တီးရီးယားေတြေၾကာင့္ ျဖစ္ေပၚလာတာျဖစ္ပါတယ္။

သင့္ရဲ႕လွ်ာကလည္း အဓိကျပႆနာတစ္ခုျဖစ္ပါတယ္။ လွ်ာရဲ႕မ်က္ႏွာျပင္မွာ ေသးငယ္တဲ့ကြဲေၾကာင္းေလးေတြ ေျမာင္းေလးေတြရွိၿပီး VSC ဓာတ္ေပါင္းေတြျဖစ္ေစႏိုင္တဲ့ ဘက္တီရီးယားေတြအမ်ားႀကီး ေပါက္ဖြားေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လွ်ာအညွိတက္တာဟာ VSC ဓာတ္ေပါင္းေတြအမ်ားႀကီးကို ျဖစ္ေစၿပီး ခံတြင္းနံ႔ကို ဆိုးေစႏိုင္တာျဖစ္ပါတယ္။ ဒီလို ခံတြင္းနံ႔ဆိုးတဲ့အေၾကာင္းရင္းကို သိၿပီးရင္ေတာ့ ဘယ္လိုေျဖရွင္းရမလဲဆိုတဲ့ နည္းလမ္းေတြကို ေလ့လာၾကည့္ပါ။

၁။ လွ်ာကို သန္႔ရွင္းေပးပါ။

လွ်ာကို သန္႔ရွင္းေပးျခင္းေၾကာင့္ VSC ဓာတ္ေပါင္းေတြကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ရွင္းထုတ္ပစ္လိုက္ ႏိုင္ၿပီး အနံ႔ဆိုးထြက္တာကို သက္သာေစပါတယ္။ လွ်ာကို ေဘးတိုက္ ပြတ္တိုက္ေပး႐ုံနဲ႔ သန္႔ရွင္းေပးႏိုင္ေပမယ့္ အေကာင္းဆံုးနည္းလမ္းကေတာ့ လွ်ာပြတ္တံနဲ႔ လွ်ာအေနာက္ပိုင္းကေန အေရွ႕ကိုဆြဲပြတ္ေပးတာပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီအတိုင္းသြားပြတ္တံနဲ႔ ပြတ္တိုက္လိုက္႐ုံပဲဆိုရင္ အနံ႔ဆိုးထြက္ေစတဲ့ ဘက္တီးရီးယားေတြကို ခံတြင္းထဲမွာ ေနရာအႏွံ႔ပ်ံ႕သြားေစ႐ုံပဲရွိတာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လွ်ာပြတ္တံ သံုးတာကို ပိုမိုသင့္ေတာ္ၿပီး ခံတြင္းနံ႔ဆိုးေစတဲ့ VSC ဓာတ္ေပါင္းကို (၄၂)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂။ တစ္ေန႔ႏွစ္ႀကိမ္သြားတိုက္ပါ။

ဒါက သိပ္ထူးဆန္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ သြားတိုက္ေပးျခင္းအားျဖင့္ VSC ဓာတ္ေပါင္းေတြကို ျဖစ္ေစတဲ့ အစာအကၽြင္းအက်န္ေတြနဲ႔ ဘက္တီးရီးယားေတြကို ဖယ္ရွားပစ္လိုက္ႏိုင္ပါတယ္။ ပိုးခ်ည္မွ်င္ေလးေတြကို သံုးၿပီးေတာ့လည္း သြားေတြအၾကားကို သန္႔ရွင္းေပးႏိုင္ပါတယ္။

၃။ ခံတြင္းကို ေရဓာတ္ၾကြယ္၀ေနပါေစ။

ခံတြင္းေျခာက္တာဟာ သင့္ရဲ႕လွ်ာ၊ သြားဖုံးေတြနဲ႔ ပါးေစာင္အတြင္းမွာ ဆဲလ္ေသေတြအမ်ားႀကီး ျဖစ္ေပၚ လာေစပါတယ္။ ဒီဆဲလ္ေသေတြကို ရွင္းထုတ္ပစ္ဖို႔ လုံေလာက္တဲ့တံေတြးရည္မရွိတဲ့အခါမွာ ဘက္တီးရီးယား ေတြ ေပါက္ဖြားလာေလ့ရွိပါတယ္။ ဒီလို ဘက္တီးရီးယားေတြ ေပါက္ဖြားလာၿပီဆိုရင္ေတာ့ ခံတြင္းနံ႔ကို ဆိုး၀ါးေစမယ့္ ဓာတ္ေပါင္းေတြပါ ထြက္လာေစေတာ့မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခံတြင္းေျခာက္လာၿပီဆိုရင္ ႐ုိးရိုးေရနဲ႔ ပလုပ္က်င္းေပး႐ုံနဲ႔တင္ ဘက္တီးရီးယားေတြကို ရွင္းထုတ္ပစ္လိုက္ႏိုင္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ခံတွင်းနံ့ဆိုးခြင်းကို သက်သာပျောက်ကင်းစေဖို့

သင့်ရဲ့ ခံတွင်းနံ့ဆိုးနေလို့ စိတ်ညစ်နေပါသလား။ ပျောက်ကင်းအောင် ဘာတွေလုပ်ပါသလဲ။ ပီကေဝါးတာ၊ ပူရှိန်းစားတာတွေများ လုပ်ပါသလား။ ဒီနည်းလမ်းတွေက ခဏတာအတွက်ပဲ အလုပ်ဖြစ်ပါတယ်။ သွားတိုက်တာကရော။ ဒါလည်း အရေးကြီးပေမယ့် ခံတွင်းနံ့ဆိုးတာကို ကုသရာမှာ အကျိုးသက်ရောက်မှု နည်းပါတယ်။ ဒါဆို ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းကို လေ့လာကြည့်ကြပါစို့။

ခံတွင်းနံ့ဆိုးရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ VSC လို့သိကြတဲ့ volatile sulfur compounds တွေကြောင့် ဖြစ်ပါတယ်။ VSC ဓာတ်ပေါင်းတွေဟာ သွားဖုံးရောဂါတွေ၊ ပိုးဝင်တာတွေကြောင့် ဖြစ်လာတဲ့ ခံတွင်းအတွင်းက ဘက်တီးရီးယားတွေ၊ သွားပေါက်တွေနဲ့ သွားခြေမှာရှိတတ်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

သင့်ရဲ့လျှာကလည်း အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ လျှာရဲ့မျက်နှာပြင်မှာ သေးငယ်တဲ့ကွဲကြောင်းလေးတွေ မြောင်းလေးတွေရှိပြီး VSC ဓာတ်ပေါင်းတွေဖြစ်စေနိုင်တဲ့ ဘက်တီရီးယားတွေအများကြီး ပေါက်ဖွားနေနိုင်ပါတယ်။ ဒါ့ကြောင့် လျှာအညှိတက်တာဟာ VSC ဓာတ်ပေါင်းတွေအများကြီးကို ဖြစ်စေပြီး ခံတွင်းနံ့ကို ဆိုးစေနိုင်တာဖြစ်ပါတယ်။ ဒီလို ခံတွင်းနံ့ဆိုးတဲ့အကြောင်းရင်းကို သိပြီးရင်တော့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းတွေကို လေ့လာကြည့်ပါ။
၁။ လျှာကို သန့်ရှင်းပေးပါ။
လျှာကို သန့်ရှင်းပေးခြင်းကြောင့် VSC ဓာတ်ပေါင်းတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပစ်လိုက် နိုင်ပြီး အနံ့ဆိုးထွက်တာကို သက်သာစေပါတယ်။ လျှာကို ဘေးတိုက် ပွတ်တိုက်ပေးရုံနဲ့ သန့်ရှင်းပေးနိုင်ပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ လျှာပွတ်တံနဲ့ လျှာအနောက်ပိုင်းကနေ အရှေ့ကိုဆွဲပွတ်ပေးတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအတိုင်းသွားပွတ်တံနဲ့ ပွတ်တိုက်လိုက်ရုံပဲဆိုရင် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကို ခံတွင်းထဲမှာ နေရာအနှံ့ပျံ့သွားစေရုံပဲရှိတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် လျှာပွတ်တံ သုံးတာကို ပိုမိုသင့်တော်ပြီး ခံတွင်းနံ့ဆိုးစေတဲ့ VSC ဓာတ်ပေါင်းကို (၄၂)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

၂။ တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ။
ဒါက သိပ်ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သွားတိုက်ပေးခြင်းအားဖြင့် VSC ဓာတ်ပေါင်းတွေကို ဖြစ်စေတဲ့ အစာအကျွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ ပိုးချည်မျှင်လေးတွေကို သုံးပြီးတော့လည်း သွားတွေအကြားကို သန့်ရှင်းပေးနိုင်ပါတယ်။

၃။ ခံတွင်းကို ရေဓာတ်ကြွယ်ဝနေပါစေ။
ခံတွင်းခြောက်တာဟာ သင့်ရဲ့လျှာ၊ သွားဖုံးတွေနဲ့ ပါးစောင်အတွင်းမှာ ဆဲလ်သေတွေအများကြီး ဖြစ်ပေါ် လာစေပါတယ်။ ဒီဆဲလ်သေတွေကို ရှင်းထုတ်ပစ်ဖို့ လုံလောက်တဲ့တံတွေးရည်မရှိတဲ့အခါမှာ ဘက်တီးရီးယား တွေ ပေါက်ဖွားလာလေ့ရှိပါတယ်။ ဒီလို ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီဆိုရင်တော့ ခံတွင်းနံ့ကို ဆိုးဝါးစေမယ့် ဓာတ်ပေါင်းတွေပါ ထွက်လာစေတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခံတွင်းခြောက်လာပြီဆိုရင် ရိုးရိုးရေနဲ့ ပလုပ်ကျင်းပေးရုံနဲ့တင် ဘက်တီးရီးယားတွေကို ရှင်းထုတ်ပစ်လိုက်နိုင်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%