သင္ တျခားအဖြဲ႔ကိုပဲ ငွါးငွါး၊ ရံုးႀကီးတစ္ရံုးကိုပဲ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ လူေတြနဲ႔ ဆက္ဆံရမွာပါ။ တကယ္လို႔ သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ ဝန္ထမ္းေတြနဲ႔ အဆင္ေျပေျပရင္းရင္းႏွီးႏွီးဆက္ဆံမယ္ဆိုရင္ သင့္ရဲ႕ ကုမၸဏီဟာ ေခ်ာဆီေကာင္းေကာင္းထည့္ထားတဲ့ စက္တစ္လံုးလို ေခ်ာေခ်ာေမြ႕ေမြ႕ လည္ပါတ္ေနမွာပါ။ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပိုၿပီးရင္းႏွီးေစဖို႔ လုပ္ရမယ့္ အခ်က္ ၇ ခ်က္ကို ေဖာ္ျပထားပါတယ္။
၁. အေကာင္းျမင္ပါ
သင္ပိုင္တဲ့ ကုမၸဏီမွာဆိုရင္ သင့္ေလသံအတိုင္း ကုမၸဏီတစ္ခုလံုးက လိုက္ေျပာၾကမွာပါ။ အေကာင္းျမင္တတ္တာဟာ ပိုၿပီး ေပ်ာ္စရာေကာင္းတဲ့ လုပ္ငန္းခြင္ ျဖစ္ေစပါတယ္။ သင္ အေကာင္းျမင္တတ္ရင္ သင့္ရဲ႕ ဝယ္ယူစားသံုးသူေတြကလဲ သင္နဲ႔ပဲ လက္တြဲသြားခ်င္မွာပါ။
၂. အားလံုးကုိ ေလးေလးစားစား ဆက္ဆံပါ
လုပ္ငန္းတစ္ခုမွာ အျမင္ျခင္းကြဲျပားရင္ေတာင္ ေလးစားမႈ ႐ွိသင့္ပါတယ္။ ဝန္ထမ္းတစ္ေယာက္ျခင္းစီကို မ႐ွိမျဖစ္လို သေဘာထားၾကည့္ပါ။ သူတို႔ဟာ ကမၻာႀကီးအေပၚ သင္နဲ႔ အျမင္မတူႏိုင္ဘူးဆိုတာလဲ သတိရပါ။ သူတို႔အျမင္ကို ေလးစားျခင္းဟာ ဝန္ထမ္းေတြရဲ႕ ယံုၾကည္မႈကို ရ႐ွိႏိုင္ပါတယ္။
၃. ေသေသခ်ာခ်ာ နားေထာင္ပါ
ဆက္သြယ္မႈ ေကာင္းဖို႔က အရင္ဆံုး နားေထာင္တတ္ရမွာပါ။ သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို သူတို႔ရဲ႕ စိတ္ကူးစိတ္သန္းေတြ ခ်ျပဖို႔ အားေပးၿပီးေတာ့ ေသေသခ်ာခ်ာ ျဖတ္မေျပာပဲ နားေထာင္ေပးပါ။ လူတိုင္းေျပာရဲ ဆိုရဲ ႐ွိေအာင္ ” ဒါ အလုပ္မျဖစ္ပါဘူး” ဆိုတာထက္ ” ဒါလဲ ေကာင္းပါတယ္ ” ဆိုတာ ေျပာင္းသံုးေပးပါ။
၄. ကိုယ္ေရးကိုယ္တာအဆင့္ထိ ဆက္ဆံပါ
သင့္ရဲ႕ အလုပ္သမားေတြနဲ႔ ကိုယ္ပိုင္အျမင္ေတြ ေဝမ်ွၾကည့္ပါ။ သင္ သူတို႔ ကိုယ္ပိုင္ဘဝေတြကို ဂ႐ုစိုက္တယ္ဆိုတာ ျပပါ။ သူတို႔ရဲ႕ မိသားစုေတြနဲ႔ ရည္မွန္းခ်က္ပန္းတိုင္ေတြအေၾကာင္း ေလ့လာပါ။ အဲဒါဟာ ပိုၿပီး ေပ်ာ္စရာေကာင္းတဲ့၊ ေႏြးေထြးတဲ့ လုပ္ငန္းခြင္တစ္ခုကို တည္ေထာင္လိုက္တာပါပဲ။
၅. အလုပ္အျပင္မွာလဲ ဆက္ဆံပါ
သင့္ ဝန္ထမ္းေတြနဲ႔ ေန႔လည္စာ တူတူစားပါ။ ေဘာလံုးကန္ဖို႔၊ ျခင္းခတ္ဖို႔ ခ်ိန္းတာမ်ိဳးေတြ လုပ္ပါ။ ရံုးအျပင္မွာလဲ တစ္ေယာက္နဲ႔တစ္ေယာက္ သိကြၽမ္းေနပါေစ။ သင္တို႔ ဝါသနာတူတာနဲ႔ သင္နဲ႔ ဝန္ထမ္းေတြအၾကား သံေယာဇဥ္ ပိုႀကီးလာပါလိမ့္မယ္။
၆. လူမႈေရးအလုပ္ တူတူလုပ္ပါ
လူေတြဟာ တျခားတစ္ေယာက္ကို ကူညီေနရရင္ ေပ်ာ္တတ္ပါတယ္။ လူမႈေရးအသင္းတစ္ခုခုေထာင္ၿပီး သင့္ရဲ႕ ဝန္ထမ္းေတြကို ပါဝင္ခိုင္းပါ။ လူေတြကို အက်ိဳးျပဳရေလေလ သင္တို႔ပိုျပီး ရင္းႏွီးလာေလေလပါ။ အါးလံုးက အလုပ္ႀကိဳးစားတဲ့အတြက္ ဂုဏ္ျပဳဆုေတြ ခ်ီးျမႇင့္ပါ။
၇. ေက်းဇူးတင္ေၾကာင္း ေျပာပါ
ေက်းဇူးတင္ဖို႔ နည္းလမ္းေတြ အမ်ားႀကီး ႐ွိပါတယ္။ ဆုခ်တာ၊ ခ်ီးေျမႇာက္တာ၊ လခတိုးေပးတာ၊ ေဘာနပ္စ္ေပးတာ ပါတီခံတာ အားလံုးဟာ ေက်းဇူးတင္ေၾကာင္း ျပတာပါပဲ။ အေကာင္းျမင္ေပးၿပီး ဝန္ထမ္းေတြ သာမန္ထက္ပို အလုပ္လုပ္ေဆာင္ ျပႏိုင္တဲ့အခါမွာ ေက်းဇူးတင္ေၾကာင္းကို ေႏြးေႏြးေထြးေထြး ေျပာပါ။ လူသားေတြဟာ သူတို႔ လုပ္ခဲ့တာေတြအတြက္ ခ်ီးက်ဴးခံခ်င္ၾကပါတယ္။ ပြင့္ပြင့္လင္းလင္း ေလးစားခင္မင္ျခင္းဟာ အမ်ားႀကီး ျပန္ၿပီး အက်ိဳး႐ွိေစမွာပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
လုက်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးစေဖို့
သင် တခြားအဖွဲ့ကိုပဲ ငှါးငှါး၊ ရုံးကြီးတစ်ရုံးကိုပဲ အုပ်ချုပ်အုပ်ချုပ် လူတွေနဲ့ ဆက်ဆံရမှာပါ။ တကယ်လို့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဝန်ထမ်းတွေနဲ့ အဆင်ပြေပြေရင်းရင်းနှီးနှီးဆက်ဆံမယ်ဆိုရင် သင့်ရဲ့ ကုမ္ပဏီဟာ ချောဆီကောင်းကောင်းထည့်ထားတဲ့ စက်တစ်လုံးလို ချောချောမွေ့မွေ့ လည်ပါတ်နေမှာပါ။ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုပြီးရင်းနှီးစေဖို့ လုပ်ရမယ့် အချက် ရ ချက်ကို ဖော်ပြထားပါတယ်။
၁. အကောင်းမြင်ပါ
သင်ပိုင်တဲ့ ကုမ္ပဏီမှာဆိုရင် သင့်လေသံအတိုင်း ကုမ္ပဏီတစ်ခုလုံးက လိုက်ပြောကြမှာပါ။ အကောင်းမြင်တတ်တာဟာ ပိုပြီး ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင် ဖြစ်စေပါတယ်။ သင် အကောင်းမြင်တတ်ရင် သင့်ရဲ့ ဝယ်ယူစားသုံးသူတွေကလဲ သင်နဲ့ပဲ လက်တွဲသွားချင်မှာပါ။
၂. အားလုံးကို လေးလေးစားစား ဆက်ဆံပါ
လုပ်ငန်းတစ်ခုမှာ အမြင်ခြင်းကွဲပြားရင်တောင် လေးစားမှု ရှိသင့်ပါတယ်။ ဝန်ထမ်းတစ်ယောက်ခြင်းစီကို မရှိမဖြစ်လို သဘောထားကြည့်ပါ။ သူတို့ဟာ ကမ္ဘာကြီးအပေါ် သင်နဲ့ အမြင်မတူနိုင်ဘူးဆိုတာလဲ သတိရပါ။ သူတို့အမြင်ကို လေးစားခြင်းဟာ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။
၃. သေသေချာချာ နားထောင်ပါ
ဆက်သွယ်မှု ကောင်းဖို့က အရင်ဆုံး နားထောင်တတ်ရမှာပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ချပြဖို့ အားပေးပြီးတော့ သေသေချာချာ ဖြတ်မပြောပဲ နားထောင်ပေးပါ။ လူတိုင်းပြောရဲ ဆိုရဲ ရှိအောင် ” ဒါ အလုပ်မဖြစ်ပါဘူး” ဆိုတာထက် ” ဒါလဲ ကောင်းပါတယ် ” ဆိုတာ ပြောင်းသုံးပေးပါ။
၄. ကိုယ်ရေးကိုယ်တာအဆင့်ထိ ဆက်ဆံပါ
သင့်ရဲ့ အလုပ်သမားတွေနဲ့ ကိုယ်ပိုင်အမြင်တွေ ဝေမျှကြည့်ပါ။ သင် သူတို့ ကိုယ်ပိုင်ဘဝတွေကို ဂရုစိုက်တယ်ဆိုတာ ပြပါ။ သူတို့ရဲ့ မိသားစုတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေအကြောင်း လေ့လာပါ။ အဲဒါဟာ ပိုပြီး ပျော်စရာကောင်းတဲ့၊ နွေးထွေးတဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ထောင်လိုက်တာပါပဲ။
၅. အလုပ်အပြင်မှာလဲ ဆက်ဆံပါ
သင့် ဝန်ထမ်းတွေနဲ့ နေ့လည်စာ တူတူစားပါ။ ဘောလုံးကန်ဖို့၊ ခြင်းခတ်ဖို့ ချိန်းတာမျိုးတွေ လုပ်ပါ။ ရုံးအပြင်မှာလဲ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းနေပါစေ။ သင်တို့ ဝါသနာတူတာနဲ့ သင်နဲ့ ဝန်ထမ်းတွေအကြား သံယောဇဉ် ပိုကြီးလာပါလိမ့်မယ်။
၆. လူမှုရေးအလုပ် တူတူလုပ်ပါ
လူတွေဟာ တခြားတစ်ယောက်ကို ကူညီနေရရင် ပျော်တတ်ပါတယ်။ လူမှုရေးအသင်းတစ်ခုခုထောင်ပြီး သင့်ရဲ့ ဝန်ထမ်းတွေကို ပါဝင်ခိုင်းပါ။ လူတွေကို အကျိုးပြုရလေလေ သင်တို့ပိုပြီး ရင်းနှီးလာလေလေပါ။ အါးလုံးက အလုပ်ကြိုးစားတဲ့အတွက် ဂုဏ်ပြုဆုတွေ ချီးမြှင့်ပါ။
၇. ကျေးဇူးတင်ကြောင်း ပြောပါ
ကျေးဇူးတင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆုချတာ၊ ချီးမြှောက်တာ၊ လခတိုးပေးတာ၊ ဘောနပ်စ်ပေးတာ ပါတီခံတာ အားလုံးဟာ ကျေးဇူးတင်ကြောင်း ပြတာပါပဲ။ အကောင်းမြင်ပေးပြီး ဝန်ထမ်းတွေ သာမန်ထက်ပို အလုပ်လုပ်ဆောင် ပြနိုင်တဲ့အခါမှာ ကျေးဇူးတင်ကြောင်းကို နွေးနွေးထွေးထွေး ပြောပါ။ လူသားတွေဟာ သူတို့ လုပ်ခဲ့တာတွေအတွက် ချီးကျူးခံချင်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း လေးစားခင်မင်ခြင်းဟာ အများကြီး ပြန်ပြီး အကျိုးရှိစေမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================