လူပ်ဳိမ်ားအတြက္ ပလူးပလဲ ပိုးပန္းပံုအေၾကာင္း ၉ ခ်က္

သင္ ႀကိဳက္တဲ့ ေကာင္မေလးတစ္ေယာက္ကို စကားေျပာရတာထက္ ေၾကာက္ဖို႔ေကာင္းတာ ဘာမ်ား႐ွိမလဲ။ သင္ကံေကာင္းတာက လူမႈေရးပညာ႐ွင္ေတြက ပုိးပန္းမႈ ေအာင္ျမင္ မေအာင္ျမင္ ဆံုးျဖတ္ေပးႏိုင္တဲ့ အခ်က္ ၉ ခ်က္ကို ေဖာ္ျပေပးထားပါတယ္။

၁. စံုတြဲေတြလဲ ပလူးပလဲ ပိုးပန္းဖို႔ လိုပါတယ္

ပိုးပန္းတယ္ဆိုတာ လူပ်ိဳကိစၥပါ။ ဒါေပမယ့္ စံုတြဲေတြလဲ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုးပန္းေနဖို႔ လိုပါေသးတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ပလူးပလဲ ေနခ်င္လို႔ ပိုးပန္းၾကတာပါ။ သူတို႔ ပါတနာနဲ႔ ႏွစ္ေယာက္ထဲကမၻာေလး ဖန္တီးဖို႔လဲ ပိုးပန္းၾကပါတယ္။

၂. လူေတြ ပိုးပန္းရတဲ့ အေၾကာင္း ေျခာက္မ်ိဳး႐ွိပါတယ္

– လိင္ကိစၥ

– ေပ်ာ္စရာ

– ေလ့လာျခင္း

– ပလူးပလဲေနရန္

– ကိုယ့္ဘာသာ တန္ဖိုးထားမႈ ျမင့္မားေစရန္

– တစ္ခုခု ရလိုမႈ

ဒီအေၾကာင္းေတြထဲမွာ ေယာက္်ားနဲ႔ မိန္းမ ကြဲျပားပါေသးတယ္။ ေယာက္်ားေတြက လိင္ကိစၥအတြက္ ပိုးပန္းတာမ်ားၿပီး မိန္းမေတြက ပလူးပလဲ ေနခ်င္တာ မ်ားပါတယ္။

၃. တခ်ိဳ႕ စကားစေတြက ပိုးပန္းလို႔ ပိုေကာင္းေစပါတယ္

ေယာက္်ားေတြက ပြင့္ပြင့္လင္းလင္း တဲ့တိုးေျပာတာ ႏွစ္သက္ၿပီး မိန္းမေတြကေတာ့ သြယ္ဝိုက္ၿပီးေျပာတာ ပိုႀကိဳက္ပါတယ္။ မိမိပိုးပန္းမည့္သူအေပၚ မူတည္ၿပီး စကားစ႐ွာပါ။

၄. ေယာက္်ားေတြဟာ မိန္းမေတြကို သူတို႔ကိုစိတ္ဝင္စားတယ္လို႔ အလြယ္တကူ ထင္တတ္ၾကပါတယ္

ေလ့လာမႈေတြမွာ ေယာက္်ားဟာ မိန္းကေလးေတြ သူတို႔ကို စိတ္မဝင္စားပဲ စိတ္ဝင္စားတယ္လို႔ မွားယြင္းထင္ျမင္တတ္ၾကၿပီး မိန္းမေတြကေတာ့ ေယာက္်ားတစ္ေယာက္က သူတို႔ကို စိတ္ဝင္စားေနတာေတာင္ စိတ္ဝင္စားေနမွန္း မသိၾကပါဘူး။ ေယာက္်ားေတြဟာ ပါတ္ဝန္းက်င္မွာ လိင္ကိစၥကို ပိုျမင္တတ္ၾကၿပီး မိန္းမေတြက ေလ်ာ့ျမင္တတ္ၾကလို႔ပါ။

၅. ဆြဲေဆာင္မႈအ႐ွိဆံုး အက်င့္ဟာ ေယာက္်ားနဲ႔ မိန္းမ ကြာျခားပါတယ္

– ေပ်ာ္ရႊင္မႈဟာ အမ်ိဳးသမီးေတြရဲ႕ ဆြဲေဆာင္မႉအ႐ွိဆံုး သဘာဝပါ။ ေယာက္်ားေတြအတြက္ကေတာ့ ဆြဲေဆာင္မႈ မ႐ွိဆံုးပါ။

– ဂုဏ္ယူဝင့္ႂကြားမႈက ေယာက္်ားေတြရဲ႕ ဆြဲေဆာင္မႈ အ႐ွိဆံုး သဘာဝပါ။ မိန္းမေတြအတြက္ေတာ့ ဆြဲေဆာင္မႈ မ႐ွိဆံုးပါ။

၆. ျဖည္းျဖည္းခ်င္းစီ ပိုးပန္းပါ

ပိုးပန္းတယ္ဆိုတာ ဆြဲေဆာင္မႈကို ခံစားရၿပီး ပထမဆံုး ညႇိႏိႈင္းတဲ့ အလုပ္ပါ။ ငါ နင့္ကို ႀကိဳက္တယ္၊ နင္ ငါ့ကို ႀကိဳက္သလားလို႔ ေျပာတာနဲ႔ တူတူပါပဲ။ အဲဒါဟာ တကယ္ ခ်စ္စကားမေျပာခင္ စမ္းသပ္တာပါ။ သင့္ရဲ႕ ဆြဲေဆာင္ခံရမႈကို အမ်ားႀကီးမျပပဲ ျဖည္းျဖည္းျခင္း သူမသိေအာင္ ျပရပါမယ္။

၇. ပိုးပန္းခံရျခင္းဟာ အားလံုးထဲမွာ ဆြဲေဆာင္မႈအ႐ွိဆံုးမို႔ မဟုတ္ပါဘူး

သင္က လူလြတ္ပါလို႔ အခ်က္ေပးႏိုင္လို႔ပါ။ ျပံဳးတတ္ၿပီး မ်က္လံုးခ်င္းဆံုတတ္သူေတြဟာ ႐ုပ္ရည္ ေခ်ာေမာလွပသူေတြထက္ ပိုးပန္းခံရႏႈန္း ပိုမ်ားပါတယ္။

၈. မ်က္လံုးခ်င္းဆံုတာ တကယ္အေထာက္အကူျပဳပါတယ္

ေခၚေတာၾကည့္ ၾကည့္ေနတာမ်ိဳးမဟုတ္ပဲ မ်က္လံုးခ်င္း ဆံုၾကည့္ေနတာမ်ိဳးဟာ တကယ္အက်ိဳး႐ွိပါတယ္။ ဆန္႔႔က်င္ဖက္လိင္ႏွစ္ခု မ်က္လံုးခ်င္းဆံုမိျခင္းဟာ တျခားအလုပ္ေတြအားလံုးထက္ ပိုမို ဆြဲေဆာင္မိေစပါတယ္။

၉. နည္းနည္းေလး စိတ္ပါလက္ပါ စကားေျပာၿပီးရင္ သံေယာဇဥ္ျဖစ္ေစပါတယ္

သင္ႀကိဳက္တဲ့သူကို စကားေျပာရင္း ေမးခြန္းေတြ ေမးတာဟာ ေကာင္းတဲ့ အိုင္ဒီယာပါ။ သင္ဘာေတြေမးလဲဆိုတာပဲ ဂ႐ုစိုက္ရမွာပါ။ နက္နက္နဲနဲေတြ မေမးပဲ ေပါ့ေပါ့ပါးပါး ဝါသနာေလးေတြ ေမးပါ။ မွတ္ထားပါ။ မိန္းမေတြဟာ သူတို႔ ေပ်ာ္တဲ့ အရာေတြအေၾကာင္း အရမ္းေျပာခ်င္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

လူပျိုများအတွက် ပလူးပလဲ ပိုးပန်းပုံအကြောင်း ၉ ချက်

သင် ကြိုက်တဲ့ ကောင်မလေးတစ်ယောက်ကို စကားပြောရတာထက် ကြောက်ဖို့ကောင်းတာ ဘာများရှိမလဲ။ သင်ကံကောင်းတာက လူမှုရေးပညာရှင်တွေက ပိုးပန်းမှု အောင်မြင် မအောင်မြင် ဆုံးဖြတ်ပေးနိုင်တဲ့ အချက် ၉ ချက်ကို ဖော်ပြပေးထားပါတယ်။

၁. စုံတွဲတွေလဲ ပလူးပလဲ ပိုးပန်းဖို့ လိုပါတယ်

ပိုးပန်းတယ်ဆိုတာ လူပျိုကိစ္စပါ။ ဒါပေမယ့် စုံတွဲတွေလဲ တစ်ယောက်နဲ့တစ်ယောက် ပိုးပန်းနေဖို့ လိုပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ပလူးပလဲ နေချင်လို့ ပိုးပန်းကြတာပါ။ သူတို့ ပါတနာနဲ့ နှစ်ယောက်ထဲကမ္ဘာလေး ဖန်တီးဖို့လဲ ပိုးပန်းကြပါတယ်။

၂. လူတွေ ပိုးပန်းရတဲ့ အကြောင်း ခြောက်မျိုးရှိပါတယ်

– လိင်ကိစ္စ
– ပျော်စရာ
– လေ့လာခြင်း
– ပလူးပလဲနေရန်
– ကိုယ့်ဘာသာ တန်ဖိုးထားမှု မြင့်မားစေရန်
– တစ်ခုခု ရလိုမှု

ဒီအကြောင်းတွေထဲမှာ ယောက်ျားနဲ့ မိန်းမ ကွဲပြားပါသေးတယ်။ ယောက်ျားတွေက လိင်ကိစ္စအတွက် ပိုးပန်းတာများပြီး မိန်းမတွေက ပလူးပလဲ နေချင်တာ များပါတယ်။

၃. တချို့ စကားစတွေက ပိုးပန်းလို့ ပိုကောင်းစေပါတယ်

ယောက်ျားတွေက ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောတာ နှစ်သက်ပြီး မိန်းမတွေကတော့ သွယ်ဝိုက်ပြီးပြောတာ ပိုကြိုက်ပါတယ်။ မိမိပိုးပန်းမည့်သူအပေါ် မူတည်ပြီး စကားစရှာပါ။

၄. ယောက်ျားတွေဟာ မိန်းမတွေကို သူတို့ကိုစိတ်ဝင်စားတယ်လို့ အလွယ်တကူ ထင်တတ်ကြပါတယ်

လေ့လာမှုတွေမှာ ယောက်ျားဟာ မိန်းကလေးတွေ သူတို့ကို စိတ်မဝင်စားပဲ စိတ်ဝင်စားတယ်လို့ မှားယွင်းထင်မြင်တတ်ကြပြီး မိန်းမတွေကတော့ ယောက်ျားတစ်ယောက်က သူတို့ကို စိတ်ဝင်စားနေတာတောင် စိတ်ဝင်စားနေမှန်း မသိကြပါဘူး။ ယောက်ျားတွေဟာ ပါတ်ဝန်းကျင်မှာ လိင်ကိစ္စကို ပိုမြင်တတ်ကြပြီး မိန်းမတွေက လျော့မြင်တတ်ကြလို့ပါ။

၅. ဆွဲဆောင်မှုအရှိဆုံး အကျင့်ဟာ ယောက်ျားနဲ့ မိန်းမ ကွာခြားပါတယ်

– ပျော်ရွှင်မှုဟာ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှူအရှိဆုံး သဘာဝပါ။ ယောက်ျားတွေအတွက်ကတော့ ဆွဲဆောင်မှု မရှိဆုံးပါ။
– ဂုဏ်ယူဝင့်ကြွားမှုက ယောက်ျားတွေရဲ့ ဆွဲဆောင်မှု အရှိဆုံး သဘာဝပါ။ မိန်းမတွေအတွက်တော့ ဆွဲဆောင်မှု မရှိဆုံးပါ။

၆. ဖြည်းဖြည်းချင်းစီ ပိုးပန်းပါ

ပိုးပန်းတယ်ဆိုတာ ဆွဲဆောင်မှုကို ခံစားရပြီး ပထမဆုံး ညှိနှိုင်းတဲ့ အလုပ်ပါ။ ငါ နင့်ကို ကြိုက်တယ်၊ နင် ငါ့ကို ကြိုက်သလားလို့ ပြောတာနဲ့ တူတူပါပဲ။ အဲဒါဟာ တကယ် ချစ်စကားမပြောခင် စမ်းသပ်တာပါ။ သင့်ရဲ့ ဆွဲဆောင်ခံရမှုကို အများကြီးမပြပဲ ဖြည်းဖြည်းခြင်း သူမသိအောင် ပြရပါမယ်။

၇. ပိုးပန်းခံရခြင်းဟာ အားလုံးထဲမှာ ဆွဲဆောင်မှုအရှိဆုံးမို့ မဟုတ်ပါဘူး

သင်က လူလွတ်ပါလို့ အချက်ပေးနိုင်လို့ပါ။ ပြုံးတတ်ပြီး မျက်လုံးချင်းဆုံတတ်သူတွေဟာ ရုပ်ရည် ချောမောလှပသူတွေထက် ပိုးပန်းခံရနှုန်း ပိုများပါတယ်။

၈. မျက်လုံးချင်းဆုံတာ တကယ်အထောက်အကူပြုပါတယ်

ခေါ်တောကြည့် ကြည့်နေတာမျိုးမဟုတ်ပဲ မျက်လုံးချင်း ဆုံကြည့်နေတာမျိုးဟာ တကယ်အကျိုးရှိပါတယ်။ ဆန့့်ကျင်ဖက်လိင်နှစ်ခု မျက်လုံးချင်းဆုံမိခြင်းဟာ တခြားအလုပ်တွေအားလုံးထက် ပိုမို ဆွဲဆောင်မိစေပါတယ်။

၉. နည်းနည်းလေး စိတ်ပါလက်ပါ စကားပြောပြီးရင် သံယောဇဉ်ဖြစ်စေပါတယ်

သင်ကြိုက်တဲ့သူကို စကားပြောရင်း မေးခွန်းတွေ မေးတာဟာ ကောင်းတဲ့ အိုင်ဒီယာပါ။ သင်ဘာတွေမေးလဲဆိုတာပဲ ဂရုစိုက်ရမှာပါ။ နက်နက်နဲနဲတွေ မမေးပဲ ပေါ့ပေါ့ပါးပါး ဝါသနာလေးတွေ မေးပါ။ မှတ်ထားပါ။ မိန်းမတွေဟာ သူတို့ ပျော်တဲ့ အရာတွေအကြောင်း အရမ်းပြောချင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%