ကၽြန္ေတာ္တို႔ ႐ွင္သန္ေနထိုင္ေနတ့ဲ ကမာၻေလာကႀကီးဟာ ကၽြန္ေတာ္တို႔ကို ေက်းကၽြန္တစ္ေယာက္ ျဖစ္မွန္းမသိ ျဖစ္ေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔ ေျပာရင္ယုံႏိုင္ပါ့မလား။ ဒါေပမယ့္ ဒါဟာ တကယ့္အမွန္တရား တစ္ခုပါပဲ။ ကၽြန္ေတာ္တို႔အေနနဲ႔ အမွန္တကယ္ေရာ လြတ္လပ္စြာ ရွင္သန္ေနထိုင္ခြင့္ ရွိပါရဲ႕လား။ တကယ္ လြတ္လြတ္လပ္လပ္ ရွင္သန္ေနထိုင္ခြင့္ ရွိမရွိဆိုတာကိုသိဖို႔ကေတာ့ ပိတ္ပင္တားဆီးထားတ့ဲအခ်က္ေတြကို သိျမင္ဖို႔လိုအပ္ပါတယ္။ ယေန႔ေခတ္မွာ ေမြးဖြားရွင္သန္လာရတာဟာ လြန္ခ့ဲတဲ့ႏွစ္ေပါင္း ၅၀၀၀ ေလာက္က ေမြးဖြားရွင္သန္ရတာနဲ႔ လုံး၀ကြဲျပားျခားနားေနၿပီျဖစ္ပါတယ္။
လြန္ခဲ့တ့ဲႏွစ္ေပါင္း ၅၀၀၀ ကဆိုရင္ လူသားတစ္ေယာက္ေမြးဖြားၿပီးေနာက္ပိုင္းမွာ သူ႔အေနနဲ႔ လုပ္ရမွာက အသက္ရွင္ေနထိုင္ဖို႔ ဘယ္လိုအလုပ္လုပ္ရမယ္၊ ဘယ္လိုအမဲလိုက္ရမယ္ဆိုတာကို ေလ့လာၿပီးႀကီးျပင္း လာ႐ုံပါပဲ။ အခုေခတ္မွာေတာ့ လူသားတစ္ေယာက္ေမြးဖြားၿပီဆိုတာနဲ႔ သူ႔ရဲ႕ေမြးစာရင္းကို စီရင္ပိုင္ခြင့္ရွိတ့ဲ အစိုးရတစ္ရပ္ရွိမယ္၊ သူလိုက္နာက်င့္သုံးရမယ့္ ယဥ္ေက်းမႈဓေလ့ထုံးတမ္းစဥ္လာေတြရွိမယ္၊ ပညာေရး စနစ္တစ္ခုထဲကို သြတ္သြင္းခံရမယ္၊ ၿပီးေတာ့ လူမႈ၀န္းက်င္နယ္ပယ္မွာ လိုက္ေလ်ာညီေထြျဖစ္ေစဖို႔ ဦးေႏွာက္ေဆးခံရေတာ့မွာျဖစ္ပါတယ္။
ေသခ်ာပါတယ္။ ဘယ္သူကမွ ေက်းကၽြန္တစ္ေယာက္မျဖစ္ခ်င္ၾကပါဘူး။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကၽြန္ေတာ္တို႔အားလုံးဟာ တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ကၽြန္ေတြျဖစ္မွန္းမသိျဖစ္ေနၾကရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခု ကၽြန္ေတာ္တို႔ေနထိုင္ေနတ့ဲ ကမာၻေလာကႀကီးနဲ႔ လူမႈေရးထုံးတမ္းစဥ္လာေတြ အားလုံးကို အခြင့္အာဏာရွိလူတန္းစား တစ္ရပ္က ဒီဇိုင္း လုပ္ထားခ့ဲတာေၾကာင့္ ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီလူတန္းစားေတြကလည္း လုပ္ပိုင္ခြင့္အာဏာနဲ႔ အက်္ဳးအျမတ္ႏွစ္ခုတည္းကိုပဲ ၾကည့္တတ္ၾကတာျဖစ္ပါတယ္။
ဒီလူေတြက ကိုယ္ပိုင္စဥ္းစားေတြးေခၚတတ္သူေတြကို အလိုမရွိပါဘူး။ သူတို႔က ႐ို႐ိုက်ိဳးက်ိဳး နာခံတတ္သူေတြ ကိုပဲ အလိုရွိတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ေတြက ကၽြန္ေတာ္တို႔ ဘ၀ေနထိုင္မႈ၊အေပၚမွာ ဘယ္လိုႀကိဳးကိုင္ ခ်ယ္လွယ္ေနလဲဆိုတာကို ေလ့လာၾကည့္ဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ေတြ ေက်းကၽြန္ျဖစ္မွန္း မသိျဖစ္ေနေအာင္ ကမာၻေလာကႀကီးကို ဒီဇိုင္းထုတ္ထားတ့ဲ ပုံစံသုံးခုကို ေလ့လာၾကည့္ၾကပါစို႔။
၁။ ပညာေရးစနစ္ (ရမွတ္ႏွင့္အဆင့္မ်ား၏ ေက်းကၽြန္ျဖစ္ျခင္း)
စာသင္ေက်ာင္းေတြက သင္ေပးတာေတြက အသိပညာဗဟုသုတေတြ ဘယ္လိုမွတ္သားထားရမယ္၊ ဘယ္လိုျပန္ဆိုႏိုင္ရမယ္၊ ဘယ္လိုအသံုးခ်ရမယ္ဆိုတာေတြကိုပဲ သင္ေပးတာျဖစ္ၿပီး စူးဆန္းတီထြင္မႈနဲ႔ နားလည္သိျမင္မႈေတြကို သင္ၾကားေပးမႈ နည္းပါးပါတယ္။ ဒါေၾကာင့္ စာသင္ေက်ာင္းေတြမွာ ကၽြန္ေတာ္တို႔ သင္ၾကားရသမွ်ဟာ ဘ၀တစ္ခုလုံး အျခားလူတစ္ေယာက္အတြက္ အလုပ္ေတြလုပ္ေပးဖို႔ လိုအပ္တ့ဲ အရည္အခ်င္းေတြပဲျဖစ္ေနတတ္ပါတယ္။
အခုပညာေရးစနစ္မွာ ေက်ာင္းသြားတက္၊ စာေတြသင္ယူ၊ အမွတ္ေကာင္းေကာင္းရေအာင္လုပ္၊ ဘြဲ႕တစ္ခုရေအာင္ ႀကိဳးစား၊ အလုပ္အကိုင္ေကာင္းရဖို႔က အဓိကဆိုသလိုျဖစ္ေနတ့ဲအတြက္ ေလ့လာ သင္ယူမႈေတြ၊ စစ္ေဆးမႈေတြ၊ ပေရာဂ်က္ေတြ၊ စာေမးပြဲေတြနဲ႔ပဲ လုံးပန္းေနရၿပီး ကိုယ့္ကိုယ္ကို ေလ့လာဆန္းစစ္ႏိုင္ဖို႔ အခ်ိန္မရွိေတာ့ပါဘူး။ ဒီလို ျဖစ္စဥ္ကေနတဆင့္ အလုပ္သမားေကာင္းေတြ ျဖစ္လာ ၾကပါတယ္။ တကယ္တမ္းေတာ့ စာသင္ေက်ာင္းေတြကေန သင္ကိုယ္တိုင္အသက္ေမြး၀မ္းေက်ာင္းအလုပ္ တစ္ခုကို ဘယ္လိုတည္ေထာင္ရမလဲ၊ မိသားစုတစ္ခုကို ဘယ္လိုတည္ေဆာက္မလဲ၊ ေပ်ာ္ရႊင္ေစဖုိ႔ဘယ္လို ေနထိုင္မလဲဆိုတာေတြကို သင္ေပးႏိုင္တာမ်ိဳးမရွိပါဘူး။ အသက္(၅)ႏွစ္ကတည္းက ေက်ာင္းတက္ၿပီး သူမ်ားအတြက္ အလုပ္ေတြလုပ္ေပးဖို႔ သင္ၾကားရသလိုျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္ အခုေခတ္ပညာေရးစနစ္ဟာ ကၽြန္ေတာ္တို႔ေတြကို နာခံတတ္တဲ့သိုးလိမၼာေတြအျဖစ္ပံုသြင္းေနတာဆိုရင္ ျငင္းခ်င္ပါေသးလား။
၂။ ၾကြက္ေျပးလမ္း (ေငြေၾကး၏ ေက်းကၽြန္ျဖစ္ျခင္း)
သင့္အေနနဲ႔ အမိန္႔ေတြကို နာခံတတ္မယ္၊ သင့္ရဲ႕စိတ္ခံစားခ်က္ေတြ၊ တီထြင္ဖန္တီးႏိုင္မႈေတြကို အဆင့္သတ္မွတ္ခ်က္ေတြအတြက္ ေပးဆပ္ႏိုင္တယ္ဆိုရင္ သင့္အေနနဲ႔ ၾကြက္ေျပးလမ္းမွာ ၀င္ေျပးဖို႔ အသင့္ျဖစ္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ၾကြက္ေျပးလမ္းဆိုတာကေတာ့ ေငြေၾကးနဲ႔ ရာထူးအာဏာအတြက္ ေလာဘေဇာတိုက္ၿပီး ပင္ပန္းတႀကီးလုပ္ကိုင္ေနၾကရတဲ့ ဘ၀မ်ိဳးေတြကို ဆိုလိုတာျဖစ္ပါတယ္။ ယေန႔ေခတ္ရဲ႕ ကုန္ေစ်းႏႈန္းအေျခအေနနဲ႔ဆိုရင္ အသက္ရွင္ေနထိုင္ဖို႔အတြက္ လိုအပ္တဲ့ေငြပမာဏကို ကၽြန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္တို႔ရဲ႕ အခ်ိန္ေတြနဲ႔ လဲလွယ္ရယူတတ္ၾကပါတယ္။ သင့္အေနနဲ႔ တစ္ေန႔ကို (၈)နာရီနဲ႔ တစ္ပတ္ကို နာရီ(၄၀)အလုပ္လုပ္တယ္၊ တစ္ပတ္မွာ (၅)နာရီကေန (၁၀)နာရီေလာက္အထိက အလုပ္သြားအလုပ္ျပန္ ကားေပၚမွာ အခ်ိန္ကုန္တယ္၊ တစ္ေန႔ကို (၅)နာရီေလာက္ေအးေအးေဆးေဆးအနားယူ တယ္ဆိုရင္ သင္ဟာ တစ္ပတ္ကို နာရီ(၅၀)ကေန (၅၅)နာရီအထိအလုပ္လုပ္ေနရသူျဖစ္ၿပီး ေငြေၾကးရရွိဖို႔ ႀကိဳးႀကိဳးစားစားအလုပ္လုပ္ေနရတဲ့ ေငြေၾကးရဲ႕ေက်းကၽြန္ျဖစ္ေနပါၿပီ။ ဒါဟာလည္း သင့္အမွားေတာ့ မဟုတ္ပါဘူး။ ဒီေန႔ေခတ္ကမာၻေလာကႀကီးရဲ႕ ဒီဇိုင္းေၾကာင့္သာျဖစ္ပါတယ္။ ဒီလိုနဲ႔ သင့္ဘ၀ရဲ႕ အဖိုးတန္အခ်ိန္ ေတြ၊ ငယ္ရြယ္ႏုပ်ိဳမႈေတြအားလံုးကို ေငြေၾကးတစ္ခုတည္းအတြက္နဲ႔ ေပးဆပ္လိုက္ၾကရတာ တန္တယ္လို႔ သင္ထင္ပါေသးလား။
၃။ ရုပ္ျမင္သံၾကားအစီအစဥ္မ်ား (အဓိပၸါယ္မဲ့ ပ်င္းရိၿငီးေငြ႕မႈ၏ ေက်းကၽြန္ျဖစ္ျခင္း)
႐ုပ္ျမင္သံၾကားမွာ ထုတ္လႊင့္ျပသေနတဲ့ ေၾကာ္ျငာေတြကလည္း သင့္ရဲ႕စိုးရိမ္စိတ္ကို လႈံ႕ေဆာ္ေပးၿပီး သင့္မွာမရွိတဲ့ ေငြေၾကးနဲ႔ တကယ္မလိုအပ္တဲ့ပစၥည္းေတြ ၀ယ္ျဖစ္ေအာင္ ေသြးေဆာင္ေနပါတယ္။ သတင္း ေအဂ်င္စီေတြကိုလည္း လုပ္ငန္းစုႀကီးေတြက ပိုင္ဆိုင္ထားတတ္ၾကၿပီး ဘက္လိုက္ေဖာ္ျပမႈေတြ၊ အတုေယာင္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အျခားေဖ်ာ္ေျဖေရးအစီအစဥ္ေတြဟာလည္း အႏွစ္သာရသိပ္မရွိပဲ သာမန္ခ်စ္ႀကိဳက္ကြဲညားအေၾကာင္းအရာေတြပဲျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔က တစ္ေနကုန္အလုပ္လုပ္ၿပီး ပင္ပန္းလာတာေၾကာင့္ ဒီအတိုင္းထိုင္မေနတတ္ၾကပဲ ေပ်ာ္ရႊင္မႈတစ္ခုအေနနဲ႔ ႐ုပ္ျမင္သံၾကားအစီအစဥ္ေတြကို ထိုင္ၾကည့္ေနတတ္ၾကပါတယ္။ ဒီလိုနဲ႔ပဲ အဓိပၸါယ္မရွိတာေတြအတြက္နဲ႔ အခ်ိန္ေတြေပးဆပ္ၾကရတဲ့ ေက်းကၽြန္ေတြျဖစ္မွန္းမသိျဖစ္ေနၾကရပါတယ္။
ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ အခုေခတ္ကမာၻေလာကႀကီးရဲ႕ ဒီဇိုင္းအတိုင္း ေက်ာင္းသြားတက္၊ တန္ဖိုးရွိတဲ ့ အခ်ိန္ေတြကို ေငြနဲ႔လဲဖို႔ ပင္ပင္ပန္းပန္းအလုပ္ေတြလုပ္ေနႀကရၿပီး တီဗီြၾကည့္႐ုံကလြဲၿပီး အျခားအဓိပၸါယ္မရွိတဲ့ ဘ၀ႀကီးကို ဒီအတိုင္းပဲ ျဖတ္သန္းၾကေတာ့မွာပါလား။ အခုေခတ္ကမာၻေလာကႀကီးရဲ႕ ဒီဇိုင္းက စိတ္ဆႏၵေတြကို ခ်ိဳးႏွိမ္ၿပီး လိုအပ္ခ်က္ေတြေနာက္ကိုပဲ လိုက္ေနေအာင္ ဖန္တီးထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ ကိုယ့္ႏွလံုးသားရဲ႕အသံကို နားေထာင္ဖို႔လိုအပ္ပါတယ္။ ကိုယ့္ရဲ႕စိတ္ဆႏၵကို သိရွိေအာင္ ေလ့က်င့္ၿပီး ကိုယ္စိတ္နဲ႔ ကိုယ့္ခႏၶာအမွန္တကယ္လြတ္လြတ္လပ္လပ္ ရွင္သန္တယ္လို႔ ခံစားရမယ့္အရာေတြ ကို လုပ္ျဖစ္ေအာင္လုပ္ဖို႔ သတိၱေတြေမြးဖို႔ လိုအပ္ပါတယ္။
ဘ၀ဆိုတာ တိုတိုေလးျဖစ္တဲ့အတြက္ ရတဲ့အခ်ိန္ေလးအတြင္းမွာ ကိုယ့္အတြက္နဲ႔ အမ်ားအက်ိဳးအတြက္ အမွန္ တကယ္အက်ိဳးရွိတာေတြ လုပ္ေဆာင္ရင္း ကုန္ဆံုးလိုက္ၾကပါစို႔။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
လူသားကျေးကျွန်တွေဖြစ်အောင် ဒီဇိုင်းထုတ်ထားသည့်ကမ္ဘာကြီးမှာ ဘယ်လိုရှင်သန်ကြမလဲ
ကျွန်တော်တို့ ရှင်သန်နေထိုင်နေတဲ့ ကမ္ဘာလောကကြီးဟာ ကျွန်တော်တို့ကို ကျေးကျွန်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ပြောရင်ယုံနိုင်ပါ့မလား။ ဒါပေမယ့် ဒါဟာ တကယ့်အမှန်တရား တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ အမှန်တကယ်ရော လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့် ရှိပါရဲ့လား။ တကယ် လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ခွင့် ရှိမရှိဆိုတာကိုသိဖို့ကတော့ ပိတ်ပင်တားဆီးထားတဲ့အချက်တွေကို သိမြင်ဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ မွေးဖွားရှင်သန်လာရတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်က မွေးဖွားရှင်သန်ရတာနဲ့ လုံးဝကွဲပြားခြားနားနေပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကဆိုရင် လူသားတစ်ယောက်မွေးဖွားပြီးနောက်ပိုင်းမှာ သူ့အနေနဲ့ လုပ်ရမှာက အသက်ရှင်နေထိုင်ဖို့ ဘယ်လိုအလုပ်လုပ်ရမယ်၊ ဘယ်လိုအမဲလိုက်ရမယ်ဆိုတာကို လေ့လာပြီးကြီးပြင်း လာရုံပါပဲ။ အခုခေတ်မှာတော့ လူသားတစ်ယောက်မွေးဖွားပြီဆိုတာနဲ့ သူ့ရဲ့မွေးစာရင်းကို စီရင်ပိုင်ခွင့်ရှိတဲ့ အစိုးရတစ်ရပ်ရှိမယ်၊ သူလိုက်နာကျင့်သုံးရမယ့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေရှိမယ်၊ ပညာရေး စနစ်တစ်ခုထဲကို သွတ်သွင်းခံရမယ်၊ ပြီးတော့ လူမှုဝန်းကျင်နယ်ပယ်မှာ လိုက်လျောညီထွေဖြစ်စေဖို့ ဦးနှောက်ဆေးခံရတော့မှာဖြစ်ပါတယ်။
သေချာပါတယ်။ ဘယ်သူကမှ ကျေးကျွန်တစ်ယောက်မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျွန်တွေဖြစ်မှန်းမသိဖြစ်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာလောကကြီးနဲ့ လူမှုရေးထုံးတမ်းစဉ်လာတွေ အားလုံးကို အခွင့်အာဏာရှိလူတန်းစား တစ်ရပ်က ဒီဇိုင်း လုပ်ထားခဲ့တာကြောင့် ဖြစ်ပါတယ်။ ပြီးတော့ ဒီလူတန်းစားတွေကလည်း လုပ်ပိုင်ခွင့်အာဏာနဲ့ အကျ်ုးအမြတ်နှစ်ခုတည်းကိုပဲ ကြည့်တတ်ကြတာဖြစ်ပါတယ်။
ဒီလူတွေက ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်သူတွေကို အလိုမရှိပါဘူး။ သူတို့က ရိုရိုကျိုးကျိုး နာခံတတ်သူတွေ ကိုပဲ အလိုရှိတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေက ကျွန်တော်တို့ ဘဝနေထိုင်မှု၊အပေါ်မှာ ဘယ်လိုကြိုးကိုင် ချယ်လှယ်နေလဲဆိုတာကို လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ကျေးကျွန်ဖြစ်မှန်း မသိဖြစ်နေအောင် ကမ္ဘာလောကကြီးကို ဒီဇိုင်းထုတ်ထားတဲ့ ပုံစံသုံးခုကို လေ့လာကြည့်ကြပါစို့။
၁။ ပညာရေးစနစ် (ရမှတ်နှင့်အဆင့်များ၏ ကျေးကျွန်ဖြစ်ခြင်း)
စာသင်ကျောင်းတွေက သင်ပေးတာတွေက အသိပညာဗဟုသုတတွေ ဘယ်လိုမှတ်သားထားရမယ်၊ ဘယ်လိုပြန်ဆိုနိုင်ရမယ်၊ ဘယ်လိုအသုံးချရမယ်ဆိုတာတွေကိုပဲ သင်ပေးတာဖြစ်ပြီး စူးဆန်းတီထွင်မှုနဲ့ နားလည်သိမြင်မှုတွေကို သင်ကြားပေးမှု နည်းပါးပါတယ်။ ဒါကြောင့် စာသင်ကျောင်းတွေမှာ ကျွန်တော်တို့ သင်ကြားရသမျှဟာ ဘဝတစ်ခုလုံး အခြားလူတစ်ယောက်အတွက် အလုပ်တွေလုပ်ပေးဖို့ လိုအပ်တဲ့ အရည်အချင်းတွေပဲဖြစ်နေတတ်ပါတယ်။
အခုပညာရေးစနစ်မှာ ကျောင်းသွားတက်၊ စာတွေသင်ယူ၊ အမှတ်ကောင်းကောင်းရအောင်လုပ်၊ ဘွဲ့တစ်ခုရအောင် ကြိုးစား၊ အလုပ်အကိုင်ကောင်းရဖို့က အဓိကဆိုသလိုဖြစ်နေတဲ့အတွက် လေ့လာ သင်ယူမှုတွေ၊ စစ်ဆေးမှုတွေ၊ ပရောဂျက်တွေ၊ စာမေးပွဲတွေနဲ့ပဲ လုံးပန်းနေရပြီး ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်နိုင်ဖို့ အချိန်မရှိတော့ပါဘူး။ ဒီလို ဖြစ်စဉ်ကနေတဆင့် အလုပ်သမားကောင်းတွေ ဖြစ်လာ ကြပါတယ်။ တကယ်တမ်းတော့ စာသင်ကျောင်းတွေကနေ သင်ကိုယ်တိုင်အသက်မွေးဝမ်းကျောင်းအလုပ် တစ်ခုကို ဘယ်လိုတည်ထောင်ရမလဲ၊ မိသားစုတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ၊ ပျော်ရွှင်စေဖို့ဘယ်လို နေထိုင်မလဲဆိုတာတွေကို သင်ပေးနိုင်တာမျိုးမရှိပါဘူး။ အသက်(၅)နှစ်ကတည်းက ကျောင်းတက်ပြီး သူများအတွက် အလုပ်တွေလုပ်ပေးဖို့ သင်ကြားရသလိုဖြစ်နေပါတယ်။ ဒါ့ကြောင့် အခုခေတ်ပညာရေးစနစ်ဟာ ကျွန်တော်တို့တွေကို နာခံတတ်တဲ့သိုးလိမ္မာတွေအဖြစ်ပုံသွင်းနေတာဆိုရင် ငြင်းချင်ပါသေးလား။
၂။ ကြွက်ပြေးလမ်း (ငွေကြေး၏ ကျေးကျွန်ဖြစ်ခြင်း)
သင့်အနေနဲ့ အမိန့်တွေကို နာခံတတ်မယ်၊ သင့်ရဲ့စိတ်ခံစားချက်တွေ၊ တီထွင်ဖန်တီးနိုင်မှုတွေကို အဆင့်သတ်မှတ်ချက်တွေအတွက် ပေးဆပ်နိုင်တယ်ဆိုရင် သင့်အနေနဲ့ ကြွက်ပြေးလမ်းမှာ ၀င်ပြေးဖို့ အသင့်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ကြွက်ပြေးလမ်းဆိုတာကတော့ ငွေကြေးနဲ့ ရာထူးအာဏာအတွက် လောဘဇောတိုက်ပြီး ပင်ပန်းတကြီးလုပ်ကိုင်နေကြရတဲ့ ဘဝမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ ကုန်စျေးနှုန်းအခြေအနေနဲ့ဆိုရင် အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့ငွေပမာဏကို ကျွန်တော်တို့ တော်တော်များများက ကျွန်တော်တို့ရဲ့ အချိန်တွေနဲ့ လဲလှယ်ရယူတတ်ကြပါတယ်။ သင့်အနေနဲ့ တစ်နေ့ကို (၈)နာရီနဲ့ တစ်ပတ်ကို နာရီ(၄၀)အလုပ်လုပ်တယ်၊ တစ်ပတ်မှာ (၅)နာရီကနေ (၁၀)နာရီလောက်အထိက အလုပ်သွားအလုပ်ပြန် ကားပေါ်မှာ အချိန်ကုန်တယ်၊ တစ်နေ့ကို (၅)နာရီလောက်အေးအေးဆေးဆေးအနားယူ တယ်ဆိုရင် သင်ဟာ တစ်ပတ်ကို နာရီ(၅၀)ကနေ (၅၅)နာရီအထိအလုပ်လုပ်နေရသူဖြစ်ပြီး ငွေကြေးရရှိဖို့ ကြိုးကြိုးစားစားအလုပ်လုပ်နေရတဲ့ ငွေကြေးရဲ့ကျေးကျွန်ဖြစ်နေပါပြီ။ ဒါဟာလည်း သင့်အမှားတော့ မဟုတ်ပါဘူး။ ဒီနေ့ခေတ်ကမ္ဘာလောကကြီးရဲ့ ဒီဇိုင်းကြောင့်သာဖြစ်ပါတယ်။ ဒီလိုနဲ့ သင့်ဘဝရဲ့ အဖိုးတန်အချိန် တွေ၊ ငယ်ရွယ်နုပျိုမှုတွေအားလုံးကို ငွေကြေးတစ်ခုတည်းအတွက်နဲ့ ပေးဆပ်လိုက်ကြရတာ တန်တယ်လို့ သင်ထင်ပါသေးလား။
၃။ ရုပ်မြင်သံကြားအစီအစဉ်များ (အဓိပ္ပါယ်မဲ့ ပျင်းရိငြီးငွေ့မှု၏ ကျေးကျွန်ဖြစ်ခြင်း)
ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသနေတဲ့ ကြော်ငြာတွေကလည်း သင့်ရဲ့စိုးရိမ်စိတ်ကို လှုံ့ဆော်ပေးပြီး သင့်မှာမရှိတဲ့ ငွေကြေးနဲ့ တကယ်မလိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ဖြစ်အောင် သွေးဆောင်နေပါတယ်။ သတင်း အေဂျင်စီတွေကိုလည်း လုပ်ငန်းစုကြီးတွေက ပိုင်ဆိုင်ထားတတ်ကြပြီး ဘက်လိုက်ဖော်ပြမှုတွေ၊ အတုယောင်တွေနဲ့ ပြည့်နှက်နေပါတယ်။ အခြားဖျော်ဖြေရေးအစီအစဉ်တွေဟာလည်း အနှစ်သာရသိပ်မရှိပဲ သာမန်ချစ်ကြိုက်ကွဲညားအကြောင်းအရာတွေပဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က တစ်နေကုန်အလုပ်လုပ်ပြီး ပင်ပန်းလာတာကြောင့် ဒီအတိုင်းထိုင်မနေတတ်ကြပဲ ပျော်ရွှင်မှုတစ်ခုအနေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကို ထိုင်ကြည့်နေတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ အဓိပ္ပါယ်မရှိတာတွေအတွက်နဲ့ အချိန်တွေပေးဆပ်ကြရတဲ့ ကျေးကျွန်တွေဖြစ်မှန်းမသိဖြစ်နေကြရပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အခုခေတ်ကမ္ဘာလောကကြီးရဲ့ ဒီဇိုင်းအတိုင်း ကျောင်းသွားတက်၊ တန်ဖိုးရှိတဲ ့ အချိန်တွေကို ငွေနဲ့လဲဖို့ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်နေကြရပြီး တီဗွီကြည့်ရုံကလွဲပြီး အခြားအဓိပ္ပါယ်မရှိတဲ့ ဘဝကြီးကို ဒီအတိုင်းပဲ ဖြတ်သန်းကြတော့မှာပါလား။ အခုခေတ်ကမ္ဘာလောကကြီးရဲ့ ဒီဇိုင်းက စိတ်ဆန္ဒတွေကို ချိုးနှိမ်ပြီး လိုအပ်ချက်တွေနောက်ကိုပဲ လိုက်နေအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်နှလုံးသားရဲ့အသံကို နားထောင်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒကို သိရှိအောင် လေ့ကျင့်ပြီး ကိုယ်စိတ်နဲ့ ကိုယ့်ခန္ဓာအမှန်တကယ်လွတ်လွတ်လပ်လပ် ရှင်သန်တယ်လို့ ခံစားရမယ့်အရာတွေ ကို လုပ်ဖြစ်အောင်လုပ်ဖို့ သတ္တိတွေမွေးဖို့ လိုအပ်ပါတယ်။
ဘဝဆိုတာ တိုတိုလေးဖြစ်တဲ့အတွက် ရတဲ့အချိန်လေးအတွင်းမှာ ကိုယ့်အတွက်နဲ့ အများအကျိုးအတွက် အမှန် တကယ်အကျိုးရှိတာတွေ လုပ်ဆောင်ရင်း ကုန်ဆုံးလိုက်ကြပါစို့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================