တစ္ခ်ိန္က ေဘးခ်င္းကပ္လယ္ယာ ႏွစ္ခုမွာ တူတူအလုပ္လုပ္လာၾကတဲ့ ညီအစ္ကိုေတြၾကား ကေတာက္ကဆေလးေတြ ျဖစ္လာပါတယ္။ အဲဒါက တူတူအလုပ္လုပ္လာၾကတဲ့ ႏွစ္ေပါင္းေလးဆယ္အတြင္းမွာ ပထမဆံုးအႀကိမ္ ျပသနာတက္တာပါ။ အစကေတာ့ လိုတဲ့ စက္ပစၥည္းေတြ ငွါးတာ၊ ေငြေၾကး ကုန္ပစၥည္း ေခ်းငွါးတာ အားလံုးကို ႏွစ္ေပါင္းေလးဆယ္ဆံုး ညီညီၫြတ္ၫြတ္လုပ္လာၾကတာပါ။ ခုေတာ့ ျပသနာေသးေသးေလးက စလိုက္တာ မေခၚမေျပာႏိုင္တဲ့ထိ ျဖစ္ေနပါၿပီ။ တစ္ေယာက္ကိုတစ္ေယာက္ ထိခိုက္တဲ့ စကားလံုးေတြ ထြက္လာၿပီးေနာက္မွာ ရက္သတၱပါတ္နဲ႔ခ်ီၿပီး စကားမေျပာျဖစ္ၾကေတာ့ပါဘူး။
တစ္မနက္၊ အစ္ကိုျဖစ္သူရဲ႕ တံခါးကို ေခါက္သံၾကားလို႔ တံခါးထဖြင့္လိုက္တာ လက္သမားပစၥည္းေတြ ကိုင္ထားတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္ရပါတယ္။ ” ကြၽန္ေတာ္က အလုပ္႐ွာေနတာပါ။ ခင္ဗ်ားမွာ လုပ္စရာေလးေတြ ႐ွိပံုရတယ္။ အလုပ္ေပးႏိုင္ပါသလား” လို႔ အဲဒိလူက ေမးျမန္းလိုက္ပါတယ္။
“ေအး။ ငါ့မွာ မင္းအတြက္ အလုပ္တစ္ခုေတာ့ ႐ွိတယ္။ ဟိုမွာ ေခ်ာက္ ျမင္လား။ ေခ်ာက္ဟိုဘက္က ငါ့ညီရဲ႕ ယာေတာပဲ။ အရင္တုန္းကေတာ့ အဲဒိေခ်ာက္ မ႐ွိပါဘူး။ အဲဒိေကာင္ သူ႔ ဘူဒိုဇာယူၿပီး သူနဲ႔ငါ့ၾကား ေျမတူးၿပီး ေခ်ာက္လုပ္ပစ္လိုက္တာ။ ငါ့ကို စိတ္ပ်က္သြားေအာင္ လုပ္တာေပါ့ကြာ။ ငါက သူ႔ထက္ ပိုျပတ္တယ္ကြ။ ဟိုမွာ သစ္ေတြ ပံုထားတာ ျမင္လား။ ငါ့ကို ၈ ေပေလာက္ျမင့္တဲ့ ျခံစည္း႐ိုးတစ္ခု ေဆာက္ေပးစမ္းကြာ။ ငါ အဲ့ေကာင္ကို လံုးဝမျမင္ခ်င္ဘူး။”
“အင္း။ အေျခအေနကို ကြၽန္ေတာ္နားလည္ပါတယ္။ ကြၽန္ေတာ့္ကို သံနဲ႔ သံတူရြင္းေတြ ဘယ္မွာထားလဲ ျပပါ။ ခင္ဗ်ား စိတ္ေက်နပ္ေအာင္ လုပ္ေပးပါ့မယ္။”
အစ္ကိုျဖစ္တဲ့ လယ္သမားႀကီးဟာ ၿမိဳ႕တက္ၿပီး ရိကၡာေတြ ဝယ္ရဦးမွာမုိ႔ လက္သမားကို သူလိုခ်င္တဲ့ ဥစၥာေတြ ျပေပးၿပီးေတာ့ ၿမိဳ႕တက္သြားပါတယ္။
လက္သမားဟာ တစ္ေန႔လံုး တိုင္းတာရင္း၊ ျဖတ္ေတာက္ရင္း၊ သံ႐ိုက္ရင္း ႀကိဳးႀကိဳးစားစား အလုပ္လုပ္ေနပါတယ္။ ေနဝင္ခ်ိန္က် လယ္သမားႀကီး ျပန္ေရာက္လာပါတယ္။ လက္သမားလဲ အလုပ္ ၿပီးသြားပါၿပီ။ သူ႔ ျခံစည္း႐ိုးအသစ္ကို သြားၾကည့္တဲ့ လယ္သမားႀကီး ၾကက္ေသေသ သြားပါတယ္။ ေခ်ာက္ကမ္းပါးမွာ ျခံစည္း႐ိုး လံုးဝ ႐ွိမေနပါဘူး။
အဲဒိအစား တံတားတစ္စင္း။ ေခ်ာက္ကမ္းပါးႏွစ္ဖက္ကို ဆက္ေပးထားတဲ့ လက္ရာေျမာက္တဲ့ တံတားတစ္စင္းကို ေတြ႕လိုက္ရပါတယ္။ သူ႔ညီက အဲဒိတံတားကို အံ့ဩစြာ ၾကည့္္ေနပါတယ္။ ညီအစ္ကို ႏွစ္ေယာက္ တံတား တစ္ဖက္စြန္းစီမွာပါ။
ႏွစ္ေယာက္လံုး တံတားကူးလာၿပီး တံတအလည္မွာ ဆံုမိၾကပါတယ္။ ” အစ္ကိုရာ ကြၽန္ေတာ္ ဒီေလာက္ ေျပာခဲ့ လုပ္ခဲ့တာေတာင္ အစ္ကိုက ဒီတံတားကို ထိုးခိုင္းခဲ့ေသးတယ္ေပါ့” ညီျဖစ္သူဟာ ေျပာလည္းေျပာ သူ႔အစ္ကိုကို ဖက္လဲ ဖက္လိုက္ပါတယ္။ ညီအစ္ကိုႏွစ္ေယာက္ ဖက္မိသြားၾကပါတယ္။
လက္သမားကေတာ့ သူ႔ပစၥည္းေတြကို သိမ္းလို႔ သြားဖို႔ျပင္ေနပါၿပီ။ ညီအစ္ကို ႏွစ္ေယာက္လံုးက ” ခင္ဗ်ား မသြားပါနဲ႔ဦး။ ကြၽန္ေတာ္တို႔မွာ အလုပ္ေတြ အမ်ားႀကီး႐ွိပါေသးတယ္” လို႔ လွမ္း ေအာ္ေျပာလိုက္ပါတယ္။ ” ကြၽန္ေတာ္ ေနခ်င္ေပမယ့္ တံတားေတြ အမ်ားႀကီး ထိုးေပးစရာ ႐ွိေသးတယ္ဗ်” လို႔ လက္သမားက ျပန္ေျပာရင္း ထြက္သြားပါတယ္။
ေန႔တိုင္း ကြၽန္ေတာ္တို႔မွာ တံတားေဆာက္မလား။ တံတိုင္းကာမလားဆိုတဲ့ ေရြးခ်ယ္မႈေတြနဲ႔ ၾကံဳေတြ႕ေနရမွာပါ။ တစ္ခုကေတာ့ အထီးက်န္ေစၿပီး တျခားတစ္ခုကေတာ့ ပြင့္လင္းတဲ့ ဘဝဆီ သင့္ကို ေခၚေဆာင္သြားမွာပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ညီအစ်ကို နှစ်ယောက်
တစ်ချိန်က ဘေးချင်းကပ်လယ်ယာ နှစ်ခုမှာ တူတူအလုပ်လုပ်လာကြတဲ့ ညီအစ်ကိုတွေကြား ကတောက်ကဆလေးတွေ ဖြစ်လာပါတယ်။ အဲဒါက တူတူအလုပ်လုပ်လာကြတဲ့ နှစ်ပေါင်းလေးဆယ်အတွင်းမှာ ပထမဆုံးအကြိမ် ပြသနာတက်တာပါ။ အစကတော့ လိုတဲ့ စက်ပစ္စည်းတွေ ငှါးတာ၊ ငွေကြေး ကုန်ပစ္စည်း ချေးငှါးတာ အားလုံးကို နှစ်ပေါင်းလေးဆယ်ဆုံး ညီညီညွတ်ညွတ်လုပ်လာကြတာပါ။ ခုတော့ ပြသနာသေးသေးလေးက စလိုက်တာ မခေါ်မပြောနိုင်တဲ့ထိ ဖြစ်နေပါပြီ။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်တဲ့ စကားလုံးတွေ ထွက်လာပြီးနောက်မှာ ရက်သတ္တပါတ်နဲ့ချီပြီး စကားမပြောဖြစ်ကြတော့ပါဘူး။
တစ်မနက်၊ အစ်ကိုဖြစ်သူရဲ့ တံခါးကို ခေါက်သံကြားလို့ တံခါးထဖွင့်လိုက်တာ လက်သမားပစ္စည်းတွေ ကိုင်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ” ကျွန်တော်က အလုပ်ရှာနေတာပါ။ ခင်ဗျားမှာ လုပ်စရာလေးတွေ ရှိပုံရတယ်။ အလုပ်ပေးနိုင်ပါသလား” လို့ အဲဒိလူက မေးမြန်းလိုက်ပါတယ်။
“အေး။ ငါ့မှာ မင်းအတွက် အလုပ်တစ်ခုတော့ ရှိတယ်။ ဟိုမှာ ချောက် မြင်လား။ ချောက်ဟိုဘက်က ငါ့ညီရဲ့ ယာတောပဲ။ အရင်တုန်းကတော့ အဲဒိချောက် မရှိပါဘူး။ အဲဒိကောင် သူ့ ဘူဒိုဇာယူပြီး သူနဲ့ငါ့ကြား မြေတူးပြီး ချောက်လုပ်ပစ်လိုက်တာ။ ငါ့ကို စိတ်ပျက်သွားအောင် လုပ်တာပေါ့ကွာ။ ငါက သူ့ထက် ပိုပြတ်တယ်ကွ။ ဟိုမှာ သစ်တွေ ပုံထားတာ မြင်လား။ ငါ့ကို ၈ ပေလောက်မြင့်တဲ့ ခြံစည်းရိုးတစ်ခု ဆောက်ပေးစမ်းကွာ။ ငါ အဲ့ကောင်ကို လုံးဝမမြင်ချင်ဘူး။”
“အင်း။ အခြေအနေကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်ကို သံနဲ့ သံတူရွင်းတွေ ဘယ်မှာထားလဲ ပြပါ။ ခင်ဗျား စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်။”
အစ်ကိုဖြစ်တဲ့ လယ်သမားကြီးဟာ မြို့တက်ပြီး ရိက္ခာတွေ ဝယ်ရဦးမှာမို့ လက်သမားကို သူလိုချင်တဲ့ ဥစ္စာတွေ ပြပေးပြီးတော့ မြို့တက်သွားပါတယ်။
လက်သမားဟာ တစ်နေ့လုံး တိုင်းတာရင်း၊ ဖြတ်တောက်ရင်း၊ သံရိုက်ရင်း ကြိုးကြိုးစားစား အလုပ်လုပ်နေပါတယ်။ နေဝင်ချိန်ကျ လယ်သမားကြီး ပြန်ရောက်လာပါတယ်။ လက်သမားလဲ အလုပ် ပြီးသွားပါပြီ။ သူ့ ခြံစည်းရိုးအသစ်ကို သွားကြည့်တဲ့ လယ်သမားကြီး ကြက်သေသေ သွားပါတယ်။ ချောက်ကမ်းပါးမှာ ခြံစည်းရိုး လုံးဝ ရှိမနေပါဘူး။
အဲဒိအစား တံတားတစ်စင်း။ ချောက်ကမ်းပါးနှစ်ဖက်ကို ဆက်ပေးထားတဲ့ လက်ရာမြောက်တဲ့ တံတားတစ်စင်းကို တွေ့လိုက်ရပါတယ်။ သူ့ညီက အဲဒိတံတားကို အံ့ဩစွာ ကြည့််နေပါတယ်။ ညီအစ်ကို နှစ်ယောက် တံတား တစ်ဖက်စွန်းစီမှာပါ။
နှစ်ယောက်လုံး တံတားကူးလာပြီး တံတအလည်မှာ ဆုံမိကြပါတယ်။ ” အစ်ကိုရာ ကျွန်တော် ဒီလောက် ပြောခဲ့ လုပ်ခဲ့တာတောင် အစ်ကိုက ဒီတံတားကို ထိုးခိုင်းခဲ့သေးတယ်ပေါ့” ညီဖြစ်သူဟာ ပြောလည်းပြော သူ့အစ်ကိုကို ဖက်လဲ ဖက်လိုက်ပါတယ်။ ညီအစ်ကိုနှစ်ယောက် ဖက်မိသွားကြပါတယ်။
လက်သမားကတော့ သူ့ပစ္စည်းတွေကို သိမ်းလို့ သွားဖို့ပြင်နေပါပြီ။ ညီအစ်ကို နှစ်ယောက်လုံးက ” ခင်ဗျား မသွားပါနဲ့ဦး။ ကျွန်တော်တို့မှာ အလုပ်တွေ အများကြီးရှိပါသေးတယ်” လို့ လှမ်း အော်ပြောလိုက်ပါတယ်။ ” ကျွန်တော် နေချင်ပေမယ့် တံတားတွေ အများကြီး ထိုးပေးစရာ ရှိသေးတယ်ဗျ” လို့ လက်သမားက ပြန်ပြောရင်း ထွက်သွားပါတယ်။
နေ့တိုင်း ကျွန်တော်တို့မှာ တံတားဆောက်မလား။ တံတိုင်းကာမလားဆိုတဲ့ ရွေးချယ်မှုတွေနဲ့ ကြုံတွေ့နေရမှာပါ။ တစ်ခုကတော့ အထီးကျန်စေပြီး တခြားတစ်ခုကတော့ ပွင့်လင်းတဲ့ ဘဝဆီ သင့်ကို ခေါ်ဆောင်သွားမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================