ခ်စ္သူစံုတြဲဆက္ဆံေရးမွာ သင့္ရဲ႕သီးျခားျဖစ္တည္မႈကို ေပ်ာက္မသြားဖို႔

ကၽြန္ေတာ္တို႔အားလံုးကာ တစ္ဦးနဲ႔တစ္ဦး ကြဲျပားျခားနားၾကပါတယ္။ တစ္ဦးတစ္ေယာက္ခ်င္းစီမွာ မတူညီတဲ့ စိတ္၀င္စားမႈေတြ၊ ၀ါသနာေတြ၊ ကိုယ္ရည္ကိုယ္ေသြးေတြနဲ႔ အေလ့အက်င့္ေတြ ရွိတတ္ပါတယ္။ ဒီအခ်က္ေတြကပဲ ကၽြန္ေတာ္တို႔ကို တျခားသူေတြနဲ႔ ကြဲျပားသြားေစၿပီး ကၽြန္ေတာ္တို႔ရဲ႕ သီးျခားျဖစ္တည္မႈေတြ ျဖစ္လာပါတယ္။

ဒါေပမယ့္ ကၽြန္ေတာ္တို႔ဟာ တစ္စုံတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္မိၿပီဆိုရင္ သူမစိတ္တိုင္းက်ျဖစ္ေစဖို႔ ကၽြန္ေတာ္တို႔ရဲ႕ သီးျခားျဖစ္တည္မႈကို စြန္႔လႊတ္ၿပီး ေျပာင္းလဲလာတတ္ၾကပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ေတြ႕ဆံုမႈေတြ နည္းလာမယ္၊ လုပ္ေနက်အရာေတြ မလုပ္ျဖစ္ေတာ့ပဲ ေျပာဆိုေနထိုင္မႈပံုစံေတြပါ ေျပာင္းသြားတတ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ဟာ ခ်စ္သူကို ဦးစားေပးလြန္းၿပီး ကိုယ္ပုိင္အေလ့အက်င့္ေတြ၊ ဘ၀ေနထိုင္မႈပံုစံေတြကိုပါ စြန္႔လႊတ္လိုက္တတ္ၾကပါတယ္။

အရမ္းသဲလြန္းတဲ့လူေတြဆိုရင္ ရုပ္ရည္နဲ႔အသံုးအေဆာင္ပစၥည္းေတြကအစ တူႏိုင္သမွ်တူေအာင္ ေျပာင္းလဲပစ္လိုက္တတ္ၾကပါတယ္။ ဒီလို ကိုယ့္ရဲ႕ျဖစ္တည္မႈကို စြန္႔လႊတ္ၿပီး တစ္သားတည္းျဖစ္ေအာင္ ေနလိုက္တာက အေၾကာင္းမသင့္လို႔ လမ္းခြဲရမယ္ဆိုရင္ ခ်စ္သူကိုသာမက ဘ၀တစ္ခုလံုး ဆံုး႐ႈံးလိုက္ရသလို ခံစားရမွာေသခ်ာပါတယ္။

ဟုတ္ပါတယ္။ ခ်စ္သူရည္စားရလာၿပီဆိုရင္ လက္တြဲခိုင္ျမဲဖို႔အတြက္ ညွိႏႈိင္းမႈေတြ၊ အေသးစားေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖို႔ လိုပါတယ္။ ဒါေပမယ့္ သူမတစ္ေယာက္တည္းအတြက္ သင္ကိုေပ်ာ္ရႊင္ေစတဲ့ သင္စိတ္၀င္စားတဲ့ အရာေတြအားလံုးကို စြန္႔လႊတ္လိုက္ဖို႔ မလိုပါဘူး။ ဒါ့ေၾကာင့္ ႏွစ္ဦးသားဆက္ဆံေရးမွာ သင့္ရဲ႕သီးျခားျဖစ္တည္မႈ ေပ်ာက္ဆံုးမသြားေစဖို႔ ေဆာင္ရန္ေရွာင္ရန္ေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ကိုယ္ပိုင္အခ်ိန္ေတြ သီးသန္႔ဖယ္ထားပါ။

ခ်စ္သူနဲ႔ အခ်ိန္တိုင္းအတူရွိေနဖို႔ မလုိပါဘူး။ ႏွစ္ဦးစလံုးေပ်ာ္ရတဲ့ တန္ဖိုးရွိတဲ့အခ်ိန္ေလးေတြ ရွိမယ္ဆိုရင္ လုံေလာက္ပါၿပီ။ ဒါ့ေၾကာင့္ အတူထိုင္ၿပီး ဘယ္အခ်ိန္ေတြကို ကိုယ္ပိုင္အခ်ိန္အျဖစ္ သီးျခားစီအသံုးျပဳမယ္ဆိုတာကို ေဆြးေႏြးပါ။

၂။ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မေ၀းသြားပါေစနဲ႔။

သင့္ရဲ႕မိသားစု၊ သင့္ရဲ႕သူငယ္ခ်င္းေတြက အခုလက္ရွိ အေျခအေနေရာက္လာေအာင္ ၀ိုင္း၀န္းပံုသြင္းေပးခဲ့သူေတြျဖစ္ပါတယ္။ သူတို႔နဲ႔ ထိေတြ႕မႈမရွိေတာ့တာက သင့္ရဲ႕သီးျခားျဖစ္တည္မႈ ေပ်ာက္ဆံုးသြားေစဖို႔ အလားအလာပိုမ်ားသြားေစပါတယ္။ သူတို႔နဲ႔ ျဖစ္ႏိုင္တဲ့နည္းလမ္းေတြကတဆင့္ အဆက္အသြယ္မျပတ္သင့္သလို လူခ်င္းလည္း ပံုမွန္ေတြ႕ဆံုသင့္ပါတယ္။

၃။ လိုအပ္ရင္ ျငင္းတတ္ပါေစ။

ခ်စ္သူေျပာသမွ်အားလံုးကို ေခါင္းညိတ္လက္ခံေနစရာမလိုဘူးဆိုတာ သတိထားပါ။ လိုအပ္လာရင္ ျငင္းတတ္ဖို႔လိုပါတယ္။ အထူးသျဖင့္ သင့္ရဲ႕ပင္ကိုယ္စ႐ုိက္နဲ႔ မကိုက္ညီတဲ့အရာေတြကို ျငင္းႏိုင္ဖို႔လိုပါတယ္။ ဒါေပမယ့္လည္း စိတ္ကိုဖြင့္ထားၿပီး အေတြ႕အၾကံဳအသစ္ေတြကို လုပ္ၾကည့္မယ္ဆိုရင္ေတာ့ ၀ါသနာအသစ္ေတြကို ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ချစ်သူစုံတွဲဆက်ဆံရေးမှာ သင့်ရဲ့သီးခြားဖြစ်တည်မှုကို ပျောက်မသွားဖို့

ကျွန်တော်တို့အားလုံးကာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားကြပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စိတ်ဝင်စားမှုတွေ၊ ၀ါသနာတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ အလေ့အကျင့်တွေ ရှိတတ်ပါတယ်။ ဒီအချက်တွေကပဲ ကျွန်တော်တို့ကို တခြားသူတွေနဲ့ ကွဲပြားသွားစေပြီး ကျွန်တော်တို့ရဲ့ သီးခြားဖြစ်တည်မှုတွေ ဖြစ်လာပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီဆိုရင် သူမစိတ်တိုင်းကျဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ သီးခြားဖြစ်တည်မှုကို စွန့်လွှတ်ပြီး ပြောင်းလဲလာတတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်တွေ့ဆုံမှုတွေ နည်းလာမယ်၊ လုပ်နေကျအရာတွေ မလုပ်ဖြစ်တော့ပဲ ပြောဆိုနေထိုင်မှုပုံစံတွေပါ ပြောင်းသွားတတ်ကြပါတယ်။ ကျွန်တော်တို့ဟာ ချစ်သူကို ဦးစားပေးလွန်းပြီး ကိုယ်ပိုင်အလေ့အကျင့်တွေ၊ ဘဝနေထိုင်မှုပုံစံတွေကိုပါ စွန့်လွှတ်လိုက်တတ်ကြပါတယ်။

အရမ်းသဲလွန်းတဲ့လူတွေဆိုရင် ရုပ်ရည်နဲ့အသုံးအဆောင်ပစ္စည်းတွေကအစ တူနိုင်သမျှတူအောင် ပြောင်းလဲပစ်လိုက်တတ်ကြပါတယ်။ ဒီလို ကိုယ့်ရဲ့ဖြစ်တည်မှုကို စွန့်လွှတ်ပြီး တစ်သားတည်းဖြစ်အောင် နေလိုက်တာက အကြောင်းမသင့်လို့ လမ်းခွဲရမယ်ဆိုရင် ချစ်သူကိုသာမက ဘဝတစ်ခုလုံး ဆုံးရှုံးလိုက်ရသလို ခံစားရမှာသေချာပါတယ်။
ဟုတ်ပါတယ်။ ချစ်သူရည်စားရလာပြီဆိုရင် လက်တွဲခိုင်မြဲဖို့အတွက် ညှိနှိုင်းမှုတွေ၊ အသေးစားပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါပေမယ့် သူမတစ်ယောက်တည်းအတွက် သင်ကိုပျော်ရွှင်စေတဲ့ သင်စိတ်ဝင်စားတဲ့ အရာတွေအားလုံးကို စွန့်လွှတ်လိုက်ဖို့ မလိုပါဘူး။ ဒါ့ကြောင့် နှစ်ဦးသားဆက်ဆံရေးမှာ သင့်ရဲ့သီးခြားဖြစ်တည်မှု ပျောက်ဆုံးမသွားစေဖို့ ဆောင်ရန်ရှောင်ရန်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်ပိုင်အချိန်တွေ သီးသန့်ဖယ်ထားပါ။
ချစ်သူနဲ့ အချိန်တိုင်းအတူရှိနေဖို့ မလိုပါဘူး။ နှစ်ဦးစလုံးပျော်ရတဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေ ရှိမယ်ဆိုရင် လုံလောက်ပါပြီ။ ဒါ့ကြောင့် အတူထိုင်ပြီး ဘယ်အချိန်တွေကို ကိုယ်ပိုင်အချိန်အဖြစ် သီးခြားစီအသုံးပြုမယ်ဆိုတာကို ဆွေးနွေးပါ။

၂။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မဝေးသွားပါစေနဲ့။
သင့်ရဲ့မိသားစု၊ သင့်ရဲ့သူငယ်ချင်းတွေက အခုလက်ရှိ အခြေအနေရောက်လာအောင် ၀ိုင်းဝန်းပုံသွင်းပေးခဲ့သူတွေဖြစ်ပါတယ်။ သူတို့နဲ့ ထိတွေ့မှုမရှိတော့တာက သင့်ရဲ့သီးခြားဖြစ်တည်မှု ပျောက်ဆုံးသွားစေဖို့ အလားအလာပိုများသွားစေပါတယ်။ သူတို့နဲ့ ဖြစ်နိုင်တဲ့နည်းလမ်းတွေကတဆင့် အဆက်အသွယ်မပြတ်သင့်သလို လူချင်းလည်း ပုံမှန်တွေ့ဆုံသင့်ပါတယ်။

၃။ လိုအပ်ရင် ငြင်းတတ်ပါစေ။
ချစ်သူပြောသမျှအားလုံးကို ခေါင်းညိတ်လက်ခံနေစရာမလိုဘူးဆိုတာ သတိထားပါ။ လိုအပ်လာရင် ငြင်းတတ်ဖို့လိုပါတယ်။ အထူးသဖြင့် သင့်ရဲ့ပင်ကိုယ်စရိုက်နဲ့ မကိုက်ညီတဲ့အရာတွေကို ငြင်းနိုင်ဖို့လိုပါတယ်။ ဒါပေမယ့်လည်း စိတ်ကိုဖွင့်ထားပြီး အတွေ့အကြုံအသစ်တွေကို လုပ်ကြည့်မယ်ဆိုရင်တော့ ၀ါသနာအသစ်တွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%