လိင္ဆက္ဆံဖို႔ ခက္ခဲေနပါသလား

လိင္ကိစၥမွာ လိုသေလာက္ အားမရဘူး ျဖစ္ေနပါသလား။ သင္တစ္ေယာက္ထဲ မဟုတ္ပါဘူး။ ခုေခတ္ ေယာက္်ားေတာ္ေတာ္မ်ားမ်ားဟာလဲ သူတို႔လိင္မႈဘဝကို အၫြန္႔ခ်ိဳးခံထားရသလို ခံစားေနရတာပါ။ အဲဒိကိစၥအတြက္ အိပ္ရာထဲမွာ နည္းပညာပစၥည္း အသံုးမ်ားလာတာနဲ႔ အဝလြန္ေနတာကို အျပစ္ေျပာႏိုင္ပါတယ္။ တျခားကိစၥ ျပသနာေလးေတြလဲ ႐ွိေသးလို႔ ရင္ဆိုင္ေျဖ႐ွင္းနည္းေတြကို ေဖာ္ျပထားပါတယ္။

၁. ကိုယ့္ဘာသာ အားမရျခင္း

ေယာက္်ားေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ဘာသာ အဝလြန္ေနတယ္၊ ပိန္လြန္းေနတယ္၊ ခႏၶာကိုယ္ အခ်ိဳးအစားမက်ဘူးလို႔ ထင္ေနတတ္ၾကၿပီး အိပ္ရာေပၚတက္ရမွာ တြန္႔ဆုတ္ေနတတ္ပါတယ္။ အဲဒိ ကိုယ့္ဘာသာ အထင္ေသးလြန္းမႈဟာ သံသရာ လည္ေနတတ္ပါတယ္။ သင့္ရဲ႕ ပါတနာကို သင့္ခႏၶာကိုယ္က သူႀကိဳက္တဲ့ အစိတ္အပိုင္းေတြအေၾကာင္း ေမးၾကည့္ပါ။ သူမရဲ႕ မွတ္ခ်က္ေကာင္းေတြဟာ သင့္စိတ္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ကိုယ္ကာယေလ့က်င့္ခန္းလုပ္တာကလဲ လိင္ကိစၥအားအတြက္ အရမ္းေကာင္းလြန္းတာမို႔ အထင္မေသးသင့္ပါဘူး။

၂. အထီးက်န္ျခင္း၊ စိတ္ဖိစီးျခင္း

သင္ စိတ္အရမ္းက်ေနတဲ့အခါမ်ိဳးမွာ လိင္စိတ္လဲ ထိခိုက္သြားတတ္ပါတယ္။ ေယာက္်ားေတြဟာ ဘဝအေျခအေနမေကာင္းတုန္းမွာ ပါတ္ဝန္းက်င္ကို ႐ွက္လို႔ အထီးက်န္ခံတတ္ပါတယ္။ အထီးက်န္ျခင္းဟာ စိတ္က်ျခင္းအျဖစ္ ကူးေျပာင္းသြားၿပီး လိင္မႈဘဝကို ဝင္ေရာက္ေႏွာက္ယွက္ေတာ့တာပါပဲ။ အဆိုးဆံုးအခ်ိန္ေတြဟာ ခဏပဲ ျဖစ္ၿပီး ေနေရာင္ခ်ည္ကို မၾကာခင္ ျပန္ျမင္ရမွာကို သတိရပါ။ လိုအပ္ရင္ စိတ္ပညာ႐ွင္နဲ႔ တိုင္ပင္ပါ။ ကိုယ္ကာယေလ့က်င့္ခန္းေတြကလဲ စိတ္ဓာတ္က်ျခင္းကို ေျဖေဖ်ာက္ေပးႏိုင္ပါတယ္။

၃. အာသာေျဖမ်ားလြန္းျခင္း

အာသာေျဖျခင္းဟာ ပံုမွန္ က်န္းမာေရး မထိခိုက္တဲ့ ကိစၥတစ္ခုပဲ ျဖစ္ၿပီး တစ္ေခါက္တစ္ေလေလာက္ လုပ္တာဟာ ပံုမွန္ပါပဲ။ ဒါေပမယ့္ အာသာေျဖျခင္းဟာ စြဲေစတတ္လို႔ အလြန္အကြၽံမ်ားသြားရင္ သင့္လိင္မႈဘဝကို ထိခိုက္ေစပါတယ္။ သင္ အာသာေျဖတာ စြဲသြားရင္ ပံုမွန္ လိင္ကိစၥဟာ မတိုးေတာ့ပါဘူး။ ကိုယ့္ဘာသာ သတိထားၿပီး လိင္ဆက္ဆံဖို႔ အခ်ိန္တိုင္းကို လက္လႊတ္မခံပါနဲ႔။

၄. လုပ္ငန္းခြင္ဘဝ ၾကမ္းတမ္းျခင္း

ၾကမ္းၾကမ္းတမ္းတမ္း ပင္ပင္ပန္းပန္း အလုပ္ခ်ိန္ဇယားတစ္ခုဟာ လူတစ္ေယာက္ရဲ႕ ဘဝကို ဘယ္ေလာက္ ဖ်က္ဆီးပစ္ႏိုင္လဲဆိုတာ လူတိုင္းသိၾကပါတယ္။ Overtime ေတြ၊ အလုပ္အေၾကာင္းပဲ စဥ္းစားေနရတာေတြ၊ ပိုၿပီးေကာင္းေအာင္ လုပ္ႏိုင္ဖို႔ ဖိအားေတြဟာ လိင္မႈဘဝကို လ်စ္လ်ဴ႐ႈမိသြားေစပါတယ္။ အလုပ္နဲ႔ အားလပ္ခ်ိန္ကို ေသေသခ်ာခ်ာ ခြဲျခားထားတာ အေကာင္းဆံုးပါ။ အသက္႐ွင္ဖို႔ အလုပ္လုပ္တာျဖစ္ၿပီး အလုပ္လုပ္ဖို႔ အသက္႐ွင္ေနတာ မဟုတ္ဘူးဆိုတာ သတိရပါ။

၅. လူႀကီးကား စြဲျခင္း

မိန္းမေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ အေဖာဟာ လူႀကီးကားေတြကို စြဲလမ္းေနလို႔ တကယ့္လက္ေတြ႕မွာ စိတ္မဝင္စားဘူးလို႔ မေက်မနပ္ ေျပာထားၾကပါတယ္။ အင္တာနက္ေပၚမွာ လူႀကီးကားေတြ ပ်ံလာတာနဲ႔ ေယာက္်ားေတာ္ေတာ္မ်ားမ်ားရဲ႕ လိင္မႈဘဝေတြ ေရတိမ္နစ္ကုန္ပါတယ္။ လူႀကီးကားၾကည့္မယ့္ အခ်ိန္ေတြကို သင့္ခ်စ္သူနဲ႔ လက္ေတြ႕ ကုန္ဆံုးေစလိုက္ပါ။ ေျပာင္းလဲမႈေတြကို ေတြ႕လာရပါမယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

လိင်ဆက်ဆံဖို့ ခက်ခဲနေပါသလား

လိင်ကိစ္စမှာ လိုသလောက် အားမရဘူး ဖြစ်နေပါသလား။ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ခုခေတ် ယောက်ျားတော်တော်များများဟာလဲ သူတို့လိင်မှုဘဝကို အညွန့်ချိုးခံထားရသလို ခံစားနေရတာပါ။ အဲဒိကိစ္စအတွက် အိပ်ရာထဲမှာ နည်းပညာပစ္စည်း အသုံးများလာတာနဲ့ အဝလွန်နေတာကို အပြစ်ပြောနိုင်ပါတယ်။ တခြားကိစ္စ ပြသနာလေးတွေလဲ ရှိသေးလို့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို ဖော်ပြထားပါတယ်။

၁. ကိုယ့်ဘာသာ အားမရခြင်း

ယောက်ျားတော်တော်များများဟာ ကိုယ့်ဘာသာ အဝလွန်နေတယ်၊ ပိန်လွန်းနေတယ်၊ ခန္ဓာကိုယ် အချိုးအစားမကျဘူးလို့ ထင်နေတတ်ကြပြီး အိပ်ရာပေါ်တက်ရမှာ တွန့်ဆုတ်နေတတ်ပါတယ်။ အဲဒိ ကိုယ့်ဘာသာ အထင်သေးလွန်းမှုဟာ သံသရာ လည်နေတတ်ပါတယ်။ သင့်ရဲ့ ပါတနာကို သင့်ခန္ဓာကိုယ်က သူကြိုက်တဲ့ အစိတ်အပိုင်းတွေအကြောင်း မေးကြည့်ပါ။ သူမရဲ့ မှတ်ချက်ကောင်းတွေဟာ သင့်စိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာကလဲ လိင်ကိစ္စအားအတွက် အရမ်းကောင်းလွန်းတာမို့ အထင်မသေးသင့်ပါဘူး။

၂. အထီးကျန်ခြင်း၊ စိတ်ဖိစီးခြင်း

သင် စိတ်အရမ်းကျနေတဲ့အခါမျိုးမှာ လိင်စိတ်လဲ ထိခိုက်သွားတတ်ပါတယ်။ ယောက်ျားတွေဟာ ဘဝအခြေအနေမကောင်းတုန်းမှာ ပါတ်ဝန်းကျင်ကို ရှက်လို့ အထီးကျန်ခံတတ်ပါတယ်။ အထီးကျန်ခြင်းဟာ စိတ်ကျခြင်းအဖြစ် ကူးပြောင်းသွားပြီး လိင်မှုဘဝကို ဝင်ရောက်နှောက်ယှက်တော့တာပါပဲ။ အဆိုးဆုံးအချိန်တွေဟာ ခဏပဲ ဖြစ်ပြီး နေရောင်ချည်ကို မကြာခင် ပြန်မြင်ရမှာကို သတိရပါ။ လိုအပ်ရင် စိတ်ပညာရှင်နဲ့ တိုင်ပင်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်းတွေကလဲ စိတ်ဓာတ်ကျခြင်းကို ဖြေဖျောက်ပေးနိုင်ပါတယ်။

၃. အာသာဖြေများလွန်းခြင်း

အာသာဖြေခြင်းဟာ ပုံမှန် ကျန်းမာရေး မထိခိုက်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပြီး တစ်ခေါက်တစ်လေလောက် လုပ်တာဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် အာသာဖြေခြင်းဟာ စွဲစေတတ်လို့ အလွန်အကျွံများသွားရင် သင့်လိင်မှုဘဝကို ထိခိုက်စေပါတယ်။ သင် အာသာဖြေတာ စွဲသွားရင် ပုံမှန် လိင်ကိစ္စဟာ မတိုးတော့ပါဘူး။ ကိုယ့်ဘာသာ သတိထားပြီး လိင်ဆက်ဆံဖို့ အချိန်တိုင်းကို လက်လွှတ်မခံပါနဲ့။

၄. လုပ်ငန်းခွင်ဘဝ ကြမ်းတမ်းခြင်း

ကြမ်းကြမ်းတမ်းတမ်း ပင်ပင်ပန်းပန်း အလုပ်ချိန်ဇယားတစ်ခုဟာ လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက် ဖျက်ဆီးပစ်နိုင်လဲဆိုတာ လူတိုင်းသိကြပါတယ်။ Overtime တွေ၊ အလုပ်အကြောင်းပဲ စဉ်းစားနေရတာတွေ၊ ပိုပြီးကောင်းအောင် လုပ်နိုင်ဖို့ ဖိအားတွေဟာ လိင်မှုဘဝကို လျစ်လျူရှုမိသွားစေပါတယ်။ အလုပ်နဲ့ အားလပ်ချိန်ကို သေသေချာချာ ခွဲခြားထားတာ အကောင်းဆုံးပါ။ အသက်ရှင်ဖို့ အလုပ်လုပ်တာဖြစ်ပြီး အလုပ်လုပ်ဖို့ အသက်ရှင်နေတာ မဟုတ်ဘူးဆိုတာ သတိရပါ။

၅. လူကြီးကား စွဲခြင်း

မိန်းမတော်တော်များများက သူတို့ရဲ့ ပါတနာဟာ လူကြီးကားတွေကို စွဲလမ်းနေလို့ တကယ့်လက်တွေ့မှာ စိတ်မဝင်စားဘူးလို့ မကျေမနပ် ပြောထားကြပါတယ်။ အင်တာနက်ပေါ်မှာ လူကြီးကားတွေ ပျံလာတာနဲ့ ယောက်ျားတော်တော်များများရဲ့ လိင်မှုဘဝတွေ ရေတိမ်နစ်ကုန်ပါတယ်။ လူကြီးကားကြည့်မယ့် အချိန်တွေကို သင့်ပါတနာနဲ့ လက်တွေ့ ကုန်ဆုံးစေလိုက်ပါ။ ပြောင်းလဲမှုတွေကို တွေ့လာရပါမယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%