တကယ္လို႔ ညစာစားပြဲမွာ တိတ္ဆိတ္ေနတာဟာ ေဒါသ၊ ရန္ျဖစ္မႈကေန စလာတာဆိုရင္ေတာ့ အဲဒါေတြက Pro ေတြနဲ႔ ေဆြးေႏြးၿပီး အၾကံဉာဏ္ ယူရမွာပါ။ အဲလိုမဟုတ္ပဲ ဘာေျပာရမွန္း မသိရံုေလာက္ေလး ဆိုရင္ေတာ့ စကားစဖို႔ နည္းလမ္း ၆ သြယ္ကို ေဖာ္ျပလိုက္ပါတယ္။
၁. “ဒီေန႔ အဆင္ေျပလား” ဆိုတာေတြ မေျပာပါနဲ႔ေတာ့
ေျပာၿပီးသားေတြကိုပဲ ထပ္ေျပာေနရင္ စကားဝိုင္းက ပ်င္းစရာ ေကာင္းသြားတတ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ခံစားခ်က္ေတြ.. ဥပမာ လူသစ္ေတြနဲ႔ အလုပ္တြဲလုပ္ရတဲ့ အေၾကာင္း၊ စိတ္ဖိစီးစရာေတြ အေၾကာင္းကို ေမးခဲ့ရင္ေတာ့ သင္တို႔ႏွစ္ေယာက္လံုး စိတ္ဝင္စားတဲ့ အေရးႀကီးတာေတြကို ေျပာမိတာပါ။ အေရးႀကီးဆံုးက ေသခ်ာ နားေထာင္ၿပီး စံုစမ္းတတ္ဖို႔ပါ။ ေတာ္ေတာ္မ်ားမ်ားက အဲဒိလိုလုပ္ဖို႔ ပ်င္းတတ္ၾကပါတယ္။
၂. သီခ်င္းေလး ဖြင့္ထားပါ
ဂီတဟာ သင့္ရဲ႕ စိတ္ခံစားခ်က္ကို ပိုေကာင္းေစၿပီး သင့္ကို ပိုၿပီး ေဖာ္ေရြေစပါတယ္။ စိတ္ခံစားမႈ ဆက္သြယ္တဲ့ ဦးေႏွာက္ အပိုင္းကိုလဲ လွံု႔ေဆာ္ေပးပါတယ္။ အဲဒါေၾကာင့္ သင္တို႔ႏွစ္ေယာက္လံုးႀကိဳက္တဲ့ သီခ်င္းေလး တစ္ပုဒ္ေလာက္ ဖြင့္ထားလိုက္ပါ။
၃. “ငါ့ေၾကာင့္လား” ဆိုတာ ေမးပါ
ထမင္းဝိုင္းမွာ တိတ္ဆိတ္ေနရင္ သင့္ ပါတနာ တစ္ခုခုကို စိတ္တိ္ုေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ကို စိတ္ဆိုးတာလို႔ ခ်က္ခ်င္း အေတြးနဲ႔ မယူဆပါနဲ႔။ သူမကို ေျဗာင္ ဖြင့္ေမးလိုက္ပါ။ တစ္ခါတစ္ေလမွာ မိန္းမေတြက အဲလို အေမးကို ေစာင့္တတ္ၾကပါတယ္။ သင္က သူမကို ဂ႐ုတစိုက္႐ွိလို႔ ပိုၿပီးလဲ အမွတ္ရေစပါတယ္။ မေမးခဲ့ရင္ သူမလဲ စိတ္မခ်မ္းသာ၊ သင္လဲ သင့္ကိုယ္သင္ အျပစ္တင္မိေနမွာပါ။
၄. ဖုန္းေတြ အနားမထားပါနဲ႔
Silent လုပ္ရံုမကပဲ မ်က္စိေအာက္မွာကို မထားပါနဲ႔။ ဖုန္းတစ္လံုးကို ျမင္ေနရတာေတာင္ သင့္ကို သင့္ ၾကင္ဖက္နဲ႔ ေဝးသြားသလို ခံစားမိေစပါတယ္။ အေရးႀကီး စကားဝိုင္းေတြမွာ ဖုန္းကို အနားမွာ ထားတာက စကားဝိုင္း အရည္အေသြး၊ ယံုၾကည္မႈ၊ စိတ္ဆက္ႏြယ္မႈ ၃၅ ရာႏႈန္းေလာက္ က်သြားေစပါတယ္။ သင့္ရဲ႕ Social Site ေတြကို Check ေနရလို႔ သင္တို႔ႏွစ္ေယာက္ၾကား ပိုၿပီး ေဝးကြာသြားပါတယ္။
၅. ေျပာစရာ မ႐ွိရင္ မ႐ွိေၾကာင္း ေျပာပါ
အဲဒါက ေျဗာင္က်လြန္းေပမယ့္ “ကိုကေတာ့ ေျပာစရာ မေတြ႕ေတာ့ဘူး။ ခ်စ္ေရာ?? ” လို႔ ေမးလိုက္တာဟာ ဆက္တိုက္ဆက္တိုက္ စကားဝိုင္းတစ္ခုဆီ ဦးတည္သြားပါတယ္။ တဲ့။
၆. စားပြဲဝိုင္းကို တစ္ခုခု ယူလာပါ
တစ္ခ်ိဳ႕ တိတ္ဆိတ္မႈေတြဟာ စံုတြဲေတြမွာ တစ္ေယာက္က တစ္ေယာက္ကို သူ႔ရဲ႕ အခက္အခဲေတြ အေၾကာင္း ေျပာမျပခ်င္တာကေန စလာတာပါ။ သင္ေရာ သူမကို သင့္ ခက္ခဲပင္ပန္းတဲ့ တစ္ေန႔တာအေၾကာင္း ေျပာခ်င္ပါသလား?? မေျပာခ်င္ရင္ သူမလဲ တူတူပါပဲ။
သူမကို ပင္ပန္းတာကေနရပ္ၿပီး အံ့ဩသြားေစမယ့္ အရာ တစ္ခုခု ယူလာပါ။ အ႐ုပ္ကေလး၊ ေၾကာင္ေလး၊ ေခြးေလး၊ တစ္ခုခုေပါ့။ စိတ္ဓာတ္ခြန္အား တိုးေစမယ့္ စာေလးေတြလဲ ရပါတယ္။ ဥပမာ ဒီ Article ေပါ့။ ဖုန္း ယူမလာဖို႔ပဲ သတိျပဳပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
တိတ်ဆိတ်တဲ့ ထမင်းဝိုင်းတွေကို ရှောင်ရှားဖို့ နည်းလမ်း ၆ ခု
အိမ်မှာ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နှစ်ယောက်တူတူ ညစာစားရတာ ရိုမန်တစ် ဆန်ပါတယ်။ အနည်းဆုံး ရိုမန်တစ်မဆန်ရင်တောင် သင့်ချစ်သူနဲ့ တူတူရှိနေရလို့ စိတ်ကျေနပ်ရမှာပါ။ ဒါပေမယ့် အေးဆေးခြင်းဟာ တိတ်ဆိတ်ခြင်းအဖြစ် ပြောင်းသွားခဲ့ရင်ရော??
တကယ်လို့ ညစာစားပွဲမှာ တိတ်ဆိတ်နေတာဟာ ဒေါသ၊ ရန်ဖြစ်မှုကနေ စလာတာဆိုရင်တော့ အဲဒါတွေက Pro တွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ် ယူရမှာပါ။ အဲလိုမဟုတ်ပဲ ဘာပြောရမှန်း မသိရုံလောက်လေး ဆိုရင်တော့ စကားစဖို့ နည်းလမ်း ၆ သွယ်ကို ဖော်ပြလိုက်ပါတယ်။
၁. “ဒီနေ့ အဆင်ပြေလား” ဆိုတာတွေ မပြောပါနဲ့တော့
ပြောပြီးသားတွေကိုပဲ ထပ်ပြောနေရင် စကားဝိုင်းက ပျင်းစရာ ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခံစားချက်တွေ.. ဥပမာ လူသစ်တွေနဲ့ အလုပ်တွဲလုပ်ရတဲ့ အကြောင်း၊ စိတ်ဖိစီးစရာတွေ အကြောင်းကို မေးခဲ့ရင်တော့ သင်တို့နှစ်ယောက်လုံး စိတ်ဝင်စားတဲ့ အရေးကြီးတာတွေကို ပြောမိတာပါ။ အရေးကြီးဆုံးက သေချာ နားထောင်ပြီး စုံစမ်းတတ်ဖို့ပါ။ တော်တော်များများက အဲဒိလိုလုပ်ဖို့ ပျင်းတတ်ကြပါတယ်။
၂. သီချင်းလေး ဖွင့်ထားပါ
ဂီတဟာ သင့်ရဲ့ စိတ်ခံစားချက်ကို ပိုကောင်းစေပြီး သင့်ကို ပိုပြီး ဖော်ရွေစေပါတယ်။ စိတ်ခံစားမှု ဆက်သွယ်တဲ့ ဦးနှောက် အပိုင်းကိုလဲ လှုံ့ဆော်ပေးပါတယ်။ အဲဒါကြောင့် သင်တို့နှစ်ယောက်လုံးကြိုက်တဲ့ သီချင်းလေး တစ်ပုဒ်လောက် ဖွင့်ထားလိုက်ပါ။
၃. “ငါ့ကြောင့်လား” ဆိုတာ မေးပါ
ထမင်းဝိုင်းမှာ တိတ်ဆိတ်နေရင် သင့် ပါတနာ တစ်ခုခုကို စိတ်တိ်ုနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ကို စိတ်ဆိုးတာလို့ ချက်ချင်း အတွေးနဲ့ မယူဆပါနဲ့။ သူမကို ဗြောင် ဖွင့်မေးလိုက်ပါ။ တစ်ခါတစ်လေမှာ မိန်းမတွေက အဲလို အမေးကို စောင့်တတ်ကြပါတယ်။ သင်က သူမကို ဂရုတစိုက်ရှိလို့ ပိုပြီးလဲ အမှတ်ရစေပါတယ်။ မမေးခဲ့ရင် သူမလဲ စိတ်မချမ်းသာ၊ သင်လဲ သင့်ကိုယ်သင် အပြစ်တင်မိနေမှာပါ။
၄. ဖုန်းတွေ အနားမထားပါနဲ့
Silent လုပ်ရုံမကပဲ မျက်စိအောက်မှာကို မထားပါနဲ့။ ဖုန်းတစ်လုံးကို မြင်နေရတာတောင် သင့်ကို သင့် ကြင်ဖက်နဲ့ ဝေးသွားသလို ခံစားမိစေပါတယ်။ အရေးကြီး စကားဝိုင်းတွေမှာ ဖုန်းကို အနားမှာ ထားတာက စကားဝိုင်း အရည်အသွေး၊ ယုံကြည်မှု၊ စိတ်ဆက်နွယ်မှု ၃၅ ရာနှုန်းလောက် ကျသွားစေပါတယ်။ သင့်ရဲ့ Social Site တွေကို Check နေရလို့ သင်တို့နှစ်ယောက်ကြား ပိုပြီး ဝေးကွာသွားပါတယ်။
၅. ပြောစရာ မရှိရင် မရှိကြောင်း ပြောပါ
အဲဒါက ဗြောင်ကျလွန်းပေမယ့် “ကိုကတော့ ပြောစရာ မတွေ့တော့ဘူး။ ချစ်ရော?? ” လို့ မေးလိုက်တာဟာ ဆက်တိုက်ဆက်တိုက် စကားဝိုင်းတစ်ခုဆီ ဦးတည်သွားပါတယ်။ တဲ့။
၆. စားပွဲဝိုင်းကို တစ်ခုခု ယူလာပါ
တစ်ချို့ တိတ်ဆိတ်မှုတွေဟာ စုံတွဲတွေမှာ တစ်ယောက်က တစ်ယောက်ကို သူ့ရဲ့ အခက်အခဲတွေ အကြောင်း ပြောမပြချင်တာကနေ စလာတာပါ။ သင်ရော သူမကို သင့် ခက်ခဲပင်ပန်းတဲ့ တစ်နေ့တာအကြောင်း ပြောချင်ပါသလား?? မပြောချင်ရင် သူမလဲ တူတူပါပဲ။
သူမကို ပင်ပန်းတာကနေရပ်ပြီး အံ့ဩသွားစေမယ့် အရာ တစ်ခုခု ယူလာပါ။ အရုပ်ကလေး၊ ကြောင်လေး၊ ခွေးလေး၊ တစ်ခုခုပေါ့။ စိတ်ဓာတ်ခွန်အား တိုးစေမယ့် စာလေးတွေလဲ ရပါတယ်။ ဥပမာ ဒီ Article ပေါ့။ ဖုန်း ယူမလာဖို့ပဲ သတိပြုပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================