မိနစ္အနည္းငယ္အတြင္းေလ့လာႏိုင္တဲ့ ဘဝအက်ိဳးျပဳ အခ်က္ေလးမ်ား

လူတိုင္း ဘဝအက်ိဳးျပဳ မွတ္မိဖို႔ လြယ္တာေလးေတြကို ႀကိဳက္ပါတယ္။ ၁ မိနစ္ဟာ တစ္စံုတစ္ခုကို မွတ္သားသိ႐ွိဖို႔ မလြယ္ဘူးထင္ရေပမယ့္ ေအာက္ကအခ်က္ေလးေတြကို ျမင္လိုက္ရင္ေတာ့ သင္ အံဩသြားမွာပါ။

၁. အရာရာတိုင္းကုိ ဘာေၾကာင့္လဲ ျပန္ေမးပါ

စီးပြားေရးကိစၥမွာတင္မဟုတ္ပဲ သင့္ဘဝ ေအာင္ျမင္မႈ၊ ေပ်ာ္ရႊင္မႈ၊ ေဒါသျဖစ္မႈ အားလံုးအတြက္ ဆံုးျဖတ္ခ်က္ ခ်ရင္ ဘာေၾကာင့္လဲ ျပန္ေမးပါ။ ဥပမာ က်န္းမာေရးနဲ႔ မညီၫြတ္တာေတြ ဘာေၾကာင့္ စားေနတာလဲ?? သင္ လုပ္သင့္တဲ့ဟာေတြကို ဘာေၾကာင့္ မလုပ္တာလဲ?? အဲဒိလို စဥ္းစားတာက လြယ္ကူေပမယ့္ အရမ္းအက်ိဳး႐ွိပါတယ္။

၂. Print ထုတ္ေနတုန္း မွင္ အရမ္းမကုန္ရေအာင္

စာကို အနက္ေရာင္ကေန မီးခိုးေရာင္ကို ေျပာင္း႐ိုက္ပါ။ အရည္အေသြး အရမ္းကြာမသြားေပမယ့္ မွင္မကုန္တဲ့အျပင္ Print ထုတ္တာလဲ ျမန္ေစပါတယ္။ ကမၻာေျမႀကီး စိမ္းလန္းဖို႔လဲ အေထာက္အကူ ျပဳပါတယ္။

၃. ႏွာပိတ္ေနတာကို ရပ္တန္႔လိုက္ပါ

ႏွာေခါင္းထိပ္ မ်က္လံုးႏွစ္လံုးၾကားေနရာကို မ်က္ႏွာကေန ခြာသလို ဆြဲထားပါ။ အဲဒါက အဲဒိေနရာက အ႐ိုးႏုကို ဆန္႔ေပးၿပီး ႏွာပိတ္တာ သက္သာေစပါတယ္။ ႏွာေစးေတာ့မယ္ထင္ရင္ တစ္႐ႈးတစ္ခုယူၿပီး ႀကိဳၿပီးႏွာေခ်ထားပါ။ ႏွာေစးေနရင္ လက္ညႇိဳးလက္မကို သံုးၿပီး အေပၚႏႈတ္ခမ္းကို ႏွာေခါင္းဖ်ားနဲ႔ ထိေအာင္ ဆြဲလွန္လိုက္ပါ။ လက္ေခ်ာင္းႏွစ္ေခ်ာင္းဟာ ႏွာေခါင္းႏွစ္ေပါက္ေနရာမွာ႐ွိေအာင္ ႏႈတ္ခမ္းကို ဆြဲလိမ္ထပါ။ ၿပီးရင္ သြားဖံုးနဲ႔ အာေခါင္ ဆက္ေနတဲ့ေနရာကို လ်ွာနဲ႔ ဖိႏိုင္သေလာက္ ဖိထားေပးပါ။ ႏွာေခါင္းထဲက ယားတာ ေပ်ာက္တဲ့အထိ အဲဒိလို လုပ္ေပးပါ။

၄. အလုပ္စားပြဲမွာ ႂကြက္သားေလ့က်င့္မယ္

သင့္လက္ႏွစ္ဖက္ကို စားပြဲေပၚမွာ ထားၿပီး ေအာက္ကို ဖိႏိုင္သေလာက္ ဖိခ်ပါ။ သင့္ရဲ႕ ႂကြက္သားေတြ တင္းေတာင့္လာတာ ခံစားမိပါလိမ့္မယ္။

၅. Email ေရးမၿပီးေသးပဲ မွားမပို႔ရေအာင္

Email မွာ address ကို ေနာက္ဆံုးမွ ထည့္ပါ။ အဲဒိလိုဆို အဆံုးမသတ္ရေသးတဲ့ Mail ဘယ္ေတာ့မွ မပို႔မိေတာ့ပါဘူး။

၆. အိပ္ရာမဝင္ခင္ စိတ္႐ွင္းပါ

အိပ္ခါနီးရင္ တစ္မိနစ္ေလာက္ အခ်ိန္ေပးၿပီး တစ္ေန႔လံုး လုပ္ခဲ့တာေတြ ျပန္စဥ္းစားပါ။ လုပ္သင့္ေပမယ့္ ပ်င္းေနလို႔ မလုပ္မိတာေတြ၊ သင္လုပ္ခဲ့တာေတြကို ဘယ္လို ပိုေကာင္းေအာင္ လုပ္ႏိုင္သလဲ။ အဲဒါကို ညတိုင္းစဥ္းစားေပးရင္ ညေကာင္းေကာင္း အိပ္ေပ်ာ္ပါတယ္။

၇. ေဆးေသာက္ၿပီးၿပီလား သိရေအာင္

တစ္ေန႔ႏွစ္ႀကိမ္ ေဆးေသာက္ရရင္ ေဆးဘူးကို မနက္ေသာက္ၿပီးရင္ အတည့္၊ ညေနေသာက္ၿပီးရင္ ေျပာင္းျပန္ ေထာင္ထားပါ။ သံုးႀကိမ္ေသာက္ရရင္ စားပြဲေပၚမွာ ေနရာသံုးခု သတ္မွတ္ၿပီး ေရႊ႔ထားပါ။ အဲဒါဆို ကိုယ့္ဘာသာေဆးေသာက္ၿပီးမၿပီး မမွတ္မိရင္ ျပန္လာၾကည့္လို႔ ရပါတယ္။

၈. ဖုန္း ဘက္ထရီ ေခြၽတာရေအာင္

Wifi မ႐ွိရင္ Wifi ပိတ္ထားပါ။ ဖုန္းလိုင္းမမိရင္ Airplane Mode ဖြင့္ထားပါ။ သင့္ဖုန္းက လိုင္းမိမေနရင္ သူခ်ိတ္စရာ လိုင္းတစ္လိုင္းကို အသည္းအသန္ လိုက္႐ွာေနလို႔ အားကုန္ေစပါတယ္။

၉. အလုပ္ ပိုၿပီးတြင္က်ယ္ေအာင္

မနက္ေစာေစာ ႏိုးတာနဲ႔ ဒီေန႔ ဘာေတြလုပ္မယ္ဆိုတာ အစီအစဥ္ခ်ပါ။ ဖုန္းဖြင့္ၾကည့္ FB ထိုင္စစ္ရင္း အခ်ိန္မကုန္ပါနဲ႔။ အစီအစဥ္ခ်တာဟာ ဦးေႏွာက္ကို ပင္ပန္းေစတဲ့ အလုပ္ျဖစ္လို႔ မနက္ေစာေစာ အားျပည့္တုန္း လုပ္သင့္ပါတယ္။

၁၀. ကားဆီထည့္ေပါက္ ဘယ္ဘက္မွာ႐ွိလဲ

သင့္ Dash Board ေပၚက ဆီမီတာေဘးမွာ ျမႇားေသးေသးေလး ပါပါတယ္။ အဲဒါဟာ သင့္ကားရဲ႕ ဆီတိုင္ကီဖံုး ႐ွိတဲ့ဘက္ပါ။ လူေတြက တစ္ခါတစ္ေလ ေယာင္ၿပီး ဆီတိုင္ကီဖံုး ဘယ္ဘက္႐ွိလဲဆိုတာ စဥ္းစားမရလို႔ပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

မိနစ်အနည်းငယ်အတွင်းလေ့လာနိုင်တဲ့ ဘဝအကျိုးပြု အချက်လေးများ

လူတိုင်း ဘဝအကျိုးပြု မှတ်မိဖို့ လွယ်တာလေးတွေကို ကြိုက်ပါတယ်။ ၁ မိနစ်ဟာ တစ်စုံတစ်ခုကို မှတ်သားသိရှိဖို့ မလွယ်ဘူးထင်ရပေမယ့် အောက်ကအချက်လေးတွေကို မြင်လိုက်ရင်တော့ သင် အံဩသွားမှာပါ။

၁. အရာရာတိုင်းကို ဘာကြောင့်လဲ ပြန်မေးပါ

စီးပွားရေးကိစ္စမှာတင်မဟုတ်ပဲ သင့်ဘဝ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ ဒေါသဖြစ်မှု အားလုံးအတွက် ဆုံးဖြတ်ချက် ချရင် ဘာကြောင့်လဲ ပြန်မေးပါ။ ဥပမာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ဘာကြောင့် စားနေတာလဲ?? သင် လုပ်သင့်တဲ့ဟာတွေကို ဘာကြောင့် မလုပ်တာလဲ?? အဲဒိလို စဉ်းစားတာက လွယ်ကူပေမယ့် အရမ်းအကျိုးရှိပါတယ်။

၂. Print ထုတ်နေတုန်း မှင် အရမ်းမကုန်ရအောင်

စာကို အနက်ရောင်ကနေ မီးခိုးရောင်ကို ပြောင်းရိုက်ပါ။ အရည်အသွေး အရမ်းကွာမသွားပေမယ့် မှင်မကုန်တဲ့အပြင် Print ထုတ်တာလဲ မြန်စေပါတယ်။ ကမ္ဘာမြေကြီး စိမ်းလန်းဖို့လဲ အထောက်အကူ ပြုပါတယ်။

၃. နှာပိတ်နေတာကို ရပ်တန့်လိုက်ပါ

နှာခေါင်းထိပ် မျက်လုံးနှစ်လုံးကြားနေရာကို မျက်နှာကနေ ခွာသလို ဆွဲထားပါ။ အဲဒါက အဲဒိနေရာက အရိုးနုကို ဆန့်ပေးပြီး နှာပိတ်တာ သက်သာစေပါတယ်။ နှာစေးတော့မယ်ထင်ရင် တစ်ရှုးတစ်ခုယူပြီး ကြိုပြီးနှာချေထားပါ။ နှာစေးနေရင် လက်ညှိုးလက်မကို သုံးပြီး အပေါ်နှုတ်ခမ်းကို နှာခေါင်းဖျားနဲ့ ထိအောင် ဆွဲလှန်လိုက်ပါ။ လက်ချောင်းနှစ်ချောင်းဟာ နှာခေါင်းနှစ်ပေါက်နေရာမှာရှိအောင် နှုတ်ခမ်းကို ဆွဲလိမ်ထပါ။ ပြီးရင် သွားဖုံးနဲ့ အာခေါင် ဆက်နေတဲ့နေရာကို လျှာနဲ့ ဖိနိုင်သလောက် ဖိထားပေးပါ။ နှာခေါင်းထဲက ယားတာ ပျောက်တဲ့အထိ အဲဒိလို လုပ်ပေးပါ။

၄. အလုပ်စားပွဲမှာ ကြွက်သားလေ့ကျင့်မယ်

သင့်လက်နှစ်ဖက်ကို စားပွဲပေါ်မှာ ထားပြီး အောက်ကို ဖိနိုင်သလောက် ဖိချပါ။ သင့်ရဲ့ ကြွက်သားတွေ တင်းတောင့်လာတာ ခံစားမိပါလိမ့်မယ်။

၅. Email ရေးမပြီးသေးပဲ မှားမပို့ရအောင်

Email မှာ address ကို နောက်ဆုံးမှ ထည့်ပါ။ အဲဒိလိုဆို အဆုံးမသတ်ရသေးတဲ့ Mail ဘယ်တော့မှ မပို့မိတော့ပါဘူး။

၆. အိပ်ရာမဝင်ခင် စိတ်ရှင်းပါ

အိပ်ခါနီးရင် တစ်မိနစ်လောက် အချိန်ပေးပြီး တစ်နေ့လုံး လုပ်ခဲ့တာတွေ ပြန်စဉ်းစားပါ။ လုပ်သင့်ပေမယ့် ပျင်းနေလို့ မလုပ်မိတာတွေ၊ သင်လုပ်ခဲ့တာတွေကို ဘယ်လို ပိုကောင်းအောင် လုပ်နိုင်သလဲ။ အဲဒါကို ညတိုင်းစဉ်းစားပေးရင် ညကောင်းကောင်း အိပ်ပျော်ပါတယ်။

၇. ဆေးသောက်ပြီးပြီလား သိရအောင်

တစ်နေ့နှစ်ကြိမ် ဆေးသောက်ရရင် ဆေးဘူးကို မနက်သောက်ပြီးရင် အတည့်၊ ညနေသောက်ပြီးရင် ပြောင်းပြန် ထောင်ထားပါ။ သုံးကြိမ်သောက်ရရင် စားပွဲပေါ်မှာ နေရာသုံးခု သတ်မှတ်ပြီး ရွှေ့ထားပါ။ အဲဒါဆို ကိုယ့်ဘာသာဆေးသောက်ပြီးမပြီး မမှတ်မိရင် ပြန်လာကြည့်လို့ ရပါတယ်။

၈. ဖုန်း ဘက်ထရီ ချွေတာရအောင်

Wifi မရှိရင် Wifi ပိတ်ထားပါ။ ဖုန်းလိုင်းမမိရင် Airplane Mode ဖွင့်ထားပါ။ သင့်ဖုန်းက လိုင်းမိမနေရင် သူချိတ်စရာ လိုင်းတစ်လိုင်းကို အသည်းအသန် လိုက်ရှာနေလို့ အားကုန်စေပါတယ်။

၉. အလုပ် ပိုပြီးတွင်ကျယ်အောင်

မနက်စောစော နိုးတာနဲ့ ဒီနေ့ ဘာတွေလုပ်မယ်ဆိုတာ အစီအစဉ်ချပါ။ ဖုန်းဖွင့်ကြည့် FB ထိုင်စစ်ရင်း အချိန်မကုန်ပါနဲ့။ အစီအစဉ်ချတာဟာ ဦးနှောက်ကို ပင်ပန်းစေတဲ့ အလုပ်ဖြစ်လို့ မနက်စောစော အားပြည့်တုန်း လုပ်သင့်ပါတယ်။

၁၀. ကားဆီထည့်ပေါက် ဘယ်ဘက်မှာရှိလဲ

သင့် Dash Board ပေါ်က ဆီမီတာဘေးမှာ မြှားသေးသေးလေး ပါပါတယ်။ အဲဒါဟာ သင့်ကားရဲ့ ဆီတိုင်ကီဖုံး ရှိတဲ့ဘက်ပါ။ လူတွေက တစ်ခါတစ်လေ ယောင်ပြီး ဆီတိုင်ကီဖုံး ဘယ်ဘက်ရှိလဲဆိုတာ စဉ်းစားမရလို့ပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%