ခ်စ္ဇာတ္လမ္းအေယာင္ေဆာင္လကၡဏာ ၈ မ်ိဳး

၁. အဆက္အသြယ္ မေကာင္းျခင္း

အဆက္အသြယ္ဆိုတာ ခ်စ္သူေတြအတြက္ အေရးႀကီးဆံုးပါ။ သင္တို႔ႏွစ္ေယာက္ သိပ္ၿပီး အထိအေတြ႕မ႐ွိခဲ့ရင္ သင့္ခ်စ္သူနဲ႔ ရင္ထဲကစကားေတြ မေျပာျဖစ္ရင္ တစ္ပါတ္ေနလို႔ ဖုန္းတစ္ေခါက္မေခၚျဖစ္ရင္ သင္ဟာ သင့္ရည္းစား ဘာျဖစ္ေနလဲဆိုတာ သိခ်င္စိတ္မ႐ွိလို႔ပါ။ သင္တို႔ခ်စ္ဇာတ္လမ္းမ႐ွိသလိုေတာင္ ခံစားေနရႏိုင္ပါတယ္။ လူတစ္ေယာက္ကို သံေယာဇဥ္တြယ္ဖို႔ဆိုတာ သူနဲ႔ ႐ုပ္ပိုင္း စိတ္ပိုင္း မ်ားမ်ား ထိေတြ႕ဆက္ဆံေပးမွ ျဖစ္ႏိုင္မွာပါ။

၂. ပြတ္သီးပြတ္သပ္ ေနလြန္းျခင္း

ပြတ္သီးပြတ္သပ္ ခဏခဏ ေနတာက ေကာင္းတဲ့အရာမဟုတ္ဖူးဆိုတာ သင့္အတြက္ နည္းနည္းထူးျခားေနပါလိမ့္မယ္။ တကယ္လို႔ သင္တို႔ဟာ လူကြယ္ရာမွာ ဘာသိဘာသာေနၿပီး လူေ႐ွ႕ေရာက္မွ အရမ္းခ်စ္ျပေနတာဆိုရင္ေတာ့ စဥ္းစားဖို႔လိုပါၿပီ။ သင္တို႔ဟာ တကယ္မခ်စ္ပဲနဲ႔ ကိုယ္ဘာသာကိုယ္ ခ်စ္တယ္လို႔ လိမ္ေနတာ ျဖစ္ႏိုင္ပါတယ္။

၃. အမွတ္တရအခ်ိန္ေလးေတြ မ႐ွိခဲ့ဖူးျခင္း

ခ်စ္ဇာတ္လမ္းဟာ ပံုမွန္ပဲျဖစ္ေနၿပီး ထူးျခားတာ မပါပါဘူး။ အမွတ္တရအခ်ိန္ဆိုတာ သင္တို႔အတြက္ မ႐ွိခဲ့ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ အတူ႐ွိခ်ိန္ ဘာမွ ထူးထူးျခားျခား မခံစားရပါဘူး။ အဲဒါဆိုရင္ေတာ့ တစ္ခုခုလြဲေနပါၿပီ။ အခ်စ္ဆိုတာ အေကာင္းဆံုးခံစားခ်က္တစ္ခုပါ။ သင္မွာ ထူးထူးေထြေထြ မခံစားရဘူးဆိုရင္ေတာ့ တကယ္ခ်စ္ေနတာ မျဖစ္ႏိုင္ပါဘူး။

၄. ေဝခြဲမရစရာ မ်ားလြန္းျခင္း

ခ်စ္ဇာတ္လမ္း စစျခင္းမွာ နည္းနည္းေဝခြဲမရေတြ ျဖစ္လာတတ္ပါတယ္။ သူငါ့ကိုခ်စ္ရဲ႕လား။ မခ်စ္ဘူးလား။ ခုခ်ိန္ ဘယ္လိုခံစားေနရမလဲ။ ငါ့ခံစားခ်က္ကို သိရဲ႕လား။ အဲလိုခံစားရတာ ပံုမွန္ပါ။ ဒါေပမယ့္ အခ်ိန္ၾကာလာတာေတာင္ သင့္ခ်စ္သူက သင့္ကို တကယ္ခ်စ္မခ်စ္ မေဝခြဲႏိုင္ဘူး၊ ခံစားခ်က္ေတြ ကိုက္ညီမေနဘူးဆိုရင္ေတာ့ သင္တို႔ခ်စ္ဇာတ္လမ္းဟာ အတုအေယာင္ႀကီး ျဖစ္ေနႏိုင္ပါတယ္။

၅. စကားအတည္မေျပာၾကျခင္း

အတြဲဆိုတာ စေန ေနာက္ေနတာေတြ႐ွိၾကသလို စကားအတည္လဲ ေျပာတတ္ၾကပါတယ္။ ၿပီးျပည့္စံုတဲ့ အတြဲေတြမွာ ျငင္းခုန္စရာမ႐ွိဘူးလို႔ ထင္ရင္ အမွားႀကီး မွားသြားပါလိမ့္မယ္။ သူတို႔ေတြက ဘယ္လိုျပသနာကိုပဲေဆြးေႏြးေဆြးေႏြး ျငင္းခုန္ျငင္းခုန္၊ သူတို႔ရဲ႕ အခ်စ္ကို မထိခိုက္ေစပါဘူး။ သင္တို႔အတြဲက စကားအေလးအနက္ေတြမေျပာပဲ ေပါ့ေပါ့ပါးပါးေလးေတြပဲ ေန႔တိုင္းေျပာေနမယ္ဆိုတာ မျဖစ္သင့္ပါဘူး။ သူ႔ကို တကယ္အေလးထားရင္ စကားမမ်ား ရန္မျဖစ္ပဲ မေနပါဘူး။

၆. ယွဥ္ၿပိဳင္လြန္းျခင္း

ခ်စ္ဇာတ္လမ္းေကာင္းေတြမွာဆို သင့္ရဲ႕ မာနသိကၡာေတြကို သင္ခ်စ္တဲ့သူအတြက္ စြန္႔ခဲ့ရမွာပါ။ သင္ကခ်ည္းပဲ အႏိုင္လိုခ်င္ေနမယ္ဆိုရင္ တကယ္မခ်စ္တာ ျဖစ္ႏိုင္ပါတယ္။ အခ်စ္မ်ားေလ စိတ္ေပ်ာ့ေျပာင္းလာေလ ခ်စ္သူကို အႏိုင္ေပးခ်င္လာေလေလပါပဲ။

၇. လိင္ကိစၥတစ္ခုထဲပဲ ဂ႐ုစိုက္ျခင္း

အိပ္ရာထဲမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ စြဲလမ္းလြန္းေနမွာပါ။ အျပင္ေရာက္ေတာ့ စိတ္မဝင္စားေတာ့ပါဘူး။ ကိုယ္ခႏၶာႏွီးေႏွာရင္ပဲ အေပ်ာ္ကို ခံစားရပါတယ္။ ဒါေတြက လိင္ဆက္ဆံမႈအတြက္ ဇာတ္လမ္းပါ။ ခ်စ္ဇာတ္လမ္းမဟုတ္ပါဘူး။ လိင္ကိစၥမ႐ွိေတာ့ရင္ သင္တို႔ဇာတ္လမ္းလဲ ၿပီးသြားမွာပါ။ ဒါမ်ိဳးေတြက အေတြ႕ရအမ်ားဆံုး ခ်စ္ဇာတ္လမ္းအေယာင္ေဆာင္ေတြပါ။

၈. တစ္ေယာက္အသိုင္းအဝိုင္း တစ္ေယာက္မသိၾကျခင္း

သင့္ကို အတည္ၾကံတဲ့သူဟာ သူ႔ဘဝထဲ သင့္ကိုေခၚသြားဖို႔ ႀကိဳးစားမွာပါ။ သင္နဲ႔ သူ႔ရဲ႕ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးမွာပါ။ ဇာတ္လမ္းစလို႔ ေတာ္ေတာ္ၾကာတဲ့အထိ သူ႔အသိုင္းအဝိုင္းထဲ သင့္ကိုေခၚသြားဖို႔ မႀကိဳးစားဘူးဆိုရင္ သူက သင့္ကို အတည္ၾကံတာ မဟုတ္ပါဘူး။ အေယာက္ေဆာင္ခ်စ္ဇာတ္လမ္းတစ္ခုပါပဲ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ချစ်ဇာတ်လမ်းအယောင်ဆောင်လက္ခဏာ ၈ မျိုး

၁. အဆက်အသွယ် မကောင်းခြင်း

အဆက်အသွယ်ဆိုတာ ချစ်သူတွေအတွက် အရေးကြီးဆုံးပါ။ သင်တို့နှစ်ယောက် သိပ်ပြီး အထိအတွေ့မရှိခဲ့ရင် သင့်ချစ်သူနဲ့ ရင်ထဲကစကားတွေ မပြောဖြစ်ရင် တစ်ပါတ်နေလို့ ဖုန်းတစ်ခေါက်မခေါ်ဖြစ်ရင် သင်ဟာ သင့်ရည်းစား ဘာဖြစ်နေလဲဆိုတာ သိချင်စိတ်မရှိလို့ပါ။ သင်တို့ချစ်ဇာတ်လမ်းမရှိသလိုတောင် ခံစားနေရနိုင်ပါတယ်။ လူတစ်ယောက်ကို သံယောဇဉ်တွယ်ဖို့ဆိုတာ သူနဲ့ ရုပ်ပိုင်း စိတ်ပိုင်း များများ ထိတွေ့ဆက်ဆံပေးမှ ဖြစ်နိုင်မှာပါ။

၂. ပွတ်သီးပွတ်သပ် နေလွန်းခြင်း

ပွတ်သီးပွတ်သပ် ခဏခဏ နေတာက ကောင်းတဲ့အရာမဟုတ်ဖူးဆိုတာ သင့်အတွက် နည်းနည်းထူးခြားနေပါလိမ့်မယ်။ တကယ်လို့ သင်တို့ဟာ လူကွယ်ရာမှာ ဘာသိဘာသာနေပြီး လူရှေ့ရောက်မှ အရမ်းချစ်ပြနေတာဆိုရင်တော့ စဉ်းစားဖို့လိုပါပြီ။ သင်တို့ဟာ တကယ်မချစ်ပဲနဲ့ ကိုယ်ဘာသာကိုယ် ချစ်တယ်လို့ လိမ်နေတာ ဖြစ်နိုင်ပါတယ်။

၃. အမှတ်တရအချိန်လေးတွေ မရှိခဲ့ဖူးခြင်း

ချစ်ဇာတ်လမ်းဟာ ပုံမှန်ပဲဖြစ်နေပြီး ထူးခြားတာ မပါပါဘူး။ အမှတ်တရအချိန်ဆိုတာ သင်တို့အတွက် မရှိခဲ့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အတူရှိချိန် ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒါဆိုရင်တော့ တစ်ခုခုလွဲနေပါပြီ။ အချစ်ဆိုတာ အကောင်းဆုံးခံစားချက်တစ်ခုပါ။ သင်မှာ ထူးထူးထွေထွေ မခံစားရဘူးဆိုရင်တော့ တကယ်ချစ်နေတာ မဖြစ်နိုင်ပါဘူး။

၄. ဝေခွဲမရစရာ များလွန်းခြင်း

ချစ်ဇာတ်လမ်း စစခြင်းမှာ နည်းနည်းဝေခွဲမရတွေ ဖြစ်လာတတ်ပါတယ်။ သူငါ့ကိုချစ်ရဲ့လား။ မချစ်ဘူးလား။ ခုချိန် ဘယ်လိုခံစားနေရမလဲ။ ငါ့ခံစားချက်ကို သိရဲ့လား။ အဲလိုခံစားရတာ ပုံမှန်ပါ။ ဒါပေမယ့် အချိန်ကြာလာတာတောင် သင့်ချစ်သူက သင့်ကို တကယ်ချစ်မချစ် မဝေခွဲနိုင်ဘူး၊ ခံစားချက်တွေ ကိုက်ညီမနေဘူးဆိုရင်တော့ သင်တို့ချစ်ဇာတ်လမ်းဟာ အတုအယောင်ကြီး ဖြစ်နေနိုင်ပါတယ်။

၅. စကားအတည်မပြောကြခြင်း

အတွဲဆိုတာ စနေ နောက်နေတာတွေရှိကြသလို စကားအတည်လဲ ပြောတတ်ကြပါတယ်။ ပြီးပြည့်စုံတဲ့ အတွဲတွေမှာ ငြင်းခုန်စရာမရှိဘူးလို့ ထင်ရင် အမှားကြီး မှားသွားပါလိမ့်မယ်။ သူတို့တွေက ဘယ်လိုပြသနာကိုပဲဆွေးနွေးဆွေးနွေး ငြင်းခုန်ငြင်းခုန်၊ သူတို့ရဲ့ အချစ်ကို မထိခိုက်စေပါဘူး။ သင်တို့အတွဲက စကားအလေးအနက်တွေမပြောပဲ ပေါ့ပေါ့ပါးပါးလေးတွေပဲ နေ့တိုင်းပြောနေမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ သူ့ကို တကယ်အလေးထားရင် စကားမများ ရန်မဖြစ်ပဲ မနေပါဘူး။

၆. ယှဉ်ပြိုင်လွန်းခြင်း

ချစ်ဇာတ်လမ်းကောင်းတွေမှာဆို သင့်ရဲ့ မာနသိက္ခာတွေကို သင်ချစ်တဲ့သူအတွက် စွန့်ခဲ့ရမှာပါ။ သင်ကချည်းပဲ အနိုင်လိုချင်နေမယ်ဆိုရင် တကယ်မချစ်တာ ဖြစ်နိုင်ပါတယ်။ အချစ်များလေ စိတ်ပျော့ပြောင်းလာလေ ချစ်သူကို အနိုင်ပေးချင်လာလေလေပါပဲ။

၇. လိင်ကိစ္စတစ်ခုထဲပဲ ဂရုစိုက်ခြင်း

အိပ်ရာထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် စွဲလမ်းလွန်းနေမှာပါ။ အပြင်ရောက်တော့ စိတ်မဝင်စားတော့ပါဘူး။ ကိုယ်ခန္ဓာနှီးနှောရင်ပဲ အပျော်ကို ခံစားရပါတယ်။ ဒါတွေက လိင်ဆက်ဆံမှုအတွက် ဇာတ်လမ်းပါ။ ချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ လိင်ကိစ္စမရှိတော့ရင် သင်တို့ဇာတ်လမ်းလဲ ပြီးသွားမှာပါ။ ဒါမျိုးတွေက အတွေ့ရအများဆုံး ချစ်ဇာတ်လမ်းအယောင်ဆောင်တွေပါ။

၈. တစ်ယောက်အသိုင်းအဝိုင်း တစ်ယောက်မသိကြခြင်း

သင့်ကို အတည်ကြံတဲ့သူဟာ သူ့ဘဝထဲ သင့်ကိုခေါ်သွားဖို့ ကြိုးစားမှာပါ။ သင်နဲ့ သူ့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမှာပါ။ ဇာတ်လမ်းစလို့ တော်တော်ကြာတဲ့အထိ သူ့အသိုင်းအဝိုင်းထဲ သင့်ကိုခေါ်သွားဖို့ မကြိုးစားဘူးဆိုရင် သူက သင့်ကို အတည်ကြံတာ မဟုတ်ပါဘူး။ အယောက်ဆောင်ချစ်ဇာတ်လမ်းတစ်ခုပါပဲ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%