GM-Adsခ်စ္သူစံုတြဲေတြအၾကားမွာ ျပႆနာျဖစ္ႏိုင္စရာေတြကို ခ်ေရးမယ္ဆိုရင္ အဆံုးမရွိစာရင္းတစ္ခု ျဖစ္သြားပါလိမ့္မယ္။ ဒါေပမယ့္ သင့္ရဲ႕ခ်စ္သူနဲ႔ ျပႆနာႀကီးႀကီးမားမားမျဖစ္ေအာင္ ေရွာင္လႊဲႏိုင္မယ့္ နည္းလမ္းတစ္ခုေတာ့ ရွိပါတယ္။ သူမရဲ႕ အရင္ရည္းစားဆီကေန ပညာယူဖို႔ပဲျဖစ္ပါတယ္။ သင္လုပ္ရမွာက ေသခ်ာနားေထာင္မွတ္သားထားဖို႔ပါပဲ။ သင့္ခ်စ္သူက သူမရဲ႕အရင္ရည္းစားနဲ႔ၾကံဳေတြ႕ခဲ့ရတဲ့ စိတ္ပ်က္စရာ အေၾကာင္းအရာေတြေျပာလာၿပီဆိုရင္ နားေတြစြင့္ထားသင့္ပါတယ္။ ဥပမာအေနနဲ႔ အရင္ရည္းစားနဲ႔ ပတ္သက္ၿပီး မိန္းကေလးေတြ စိတ္ပ်က္တတ္ၾကတဲ့ အခ်က္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေသခ်ာအၾကင္နာမေပးတတ္တာ

အမ်ိဳးသမီးေတြက ၾကင္ၾကင္နာနာနဲ႔ အနမ္းေတြေခၽြတာကို သေဘာက်ပါတယ္။ အတူေနခါနီးအခ်ိန္မွာမွ မဟုတ္ပဲ သူမကို အနမ္းေတြနဲ႔ ၾကင္နာတတ္ဖို႔လိုပါတယ္။ သူမဟာ သင့္အတြက္ အမွန္တကယ္ကို စြဲေဆာင္မႈရွိၿပီး စိတ္ခ်င္းဆက္သြယ္ထားတယ္ဆိုတာကို ေပၚလြင္ေအာင္ အၾကင္နာေပးရမွာ ျဖစ္ပါတယ္။ ဒီလိုေျပာလို႔ အၾကင္နာေပးဖို႔ခ်ည္းပဲ အားထုတ္ေနဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ ပံုမွန္ အၾကင္နာေပးတတ္တဲ့ အေလ့အက်င့္ေလးေတြက သူမကို ေပ်ာ္ရႊင္ေစမွာပါ။

၂။ ကေလးဆန္တာ

မိန္းကေလးေတြက ေယာကၤ်ားပီသၿပီး ဦးေဆာင္ႏိုင္တဲ့ အမ်ိဳးသားေတြကို အလိုရွိၾကပါတယ္။ ျပႆနာက အခုေခတ္မွာ မိန္းကေလးေတြအေနနဲ႔ စိတ္ကူးထဲကမင္းသားလို ဘက္ေပါင္းစံုက ျပည့္စံုရင့္က်က္တဲ့ အမ်ိဳးသားေတြရွာေတြ႕ဖို႔ ခက္ခဲလာတာပဲျဖစ္ပါတယ္။ အခုေခတ္ေယာကၤ်ားေလးေတြက မိန္းကေလးေတြထက္ ပညာေရးမွာနိမ့္က်ေနတတ္သလို အသက္(၁၈)ႏွစ္ကေန (၃၁)ႏွစ္အထိ အမ်ိဳးသားေတြရဲ႕(၄၀)ရာခိုင္ႏႈန္းက မိဘေတြနဲ႔အတူေနေနၾကတုန္းပါပဲ။ တခ်ိဳ႕ေတြက်ေတာ့လည္း စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္ဖို႔ လိုေနတတ္ပါတယ္။ တကယ္ျပည့္စံုသူေတြမရွိဘူးလို႔ မေျပာပါဘူး။ ရွားသြားတာပါ။ ဒါ့ေၾကာင့္ သင့္ေကာင္မေလးနဲ႔ ေရရွည္လက္တြဲသြားခ်င္တယ္ဆိုရင္ ဂိမ္းေဆာ့တာကိုေလွ်ာ့ၿပီး ဦးစီးဦးေဆာင္ျပဳႏိုင္သူတစ္ေယာက္ျဖစ္ေအာင္ ေလ့လာသင္ယူပါ။

၃။ သူမကို ျပစ္တင္ေ၀ဖန္တာ

မိန္းကေလးေတြက အမွားရွာေ၀ဖန္ျပစ္တင္တာမ်ိဳးလုပ္သလို တစ္ခ်ိဳ႕ေယာကၤ်ားေတြကလည္း လုပ္တတ္ၾကပါတယ္။ ခ်စ္သူစံုတြဲေတြမွာ မိန္းကေလးဘက္ သူတို႔ရဲ႕ျပႆနာေတြကို ရင္ဖြင့္ေျပာဆိုတတ္သလို ေယာကၤ်ားေလးေတြကလည္း ေျပလည္ေအာင္ အၾကံဉာဏ္ေပးတတ္ၾကပါတယ္။ ဒါေပမယ့္ အၾကံဉာဏ္မေပးတတ္ရင္ သူမကို ျပစ္တင္ေ၀ဖန္သလိုျဖစ္သြားၿပီး နာက်ည္းစရာေတြ ျဖစ္လာတတ္ပါတယ္။ ဒါ့ေၾကာင့္ ဒီတစ္ခါရင္းရင္းႏွီးႏွီးအၾကံဉာဏ္ေပးခ်င္ရင္ သူမရဲ႕လက္ေလးေတြကို ကိုင္ထားၿပီးေတာ့ပဲျဖစ္ျဖစ္၊ ေနာက္ေက်ာကို ပြတ္သပ္ေပးၿပီးေတာ့ပဲျဖစ္ျဖစ္ ေျပာၾကည့္ပါ။ အသားခ်င္းထိေတြ႕မႈက အခ်စ္ေဟာ္မုန္း ေအာက္စီတိုဂ်င္ေတြ ထြက္လာေစၿပီး ႏွစ္ဦးသားအၾကား အျငင္းပြားစရာျဖစ္လာေတာ့မွာ မဟုတ္ေတာ့ပါဘူး။

၄။ သူ႔မိသားစုဘက္ကိုပဲ ၾကည့္တတ္တာ

မိန္းကေလးေတြဟာ သူမခ်စ္သူရဲ႕ မိဘေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ရတတ္ပါတယ္။ ဒီအခ်ိန္မွာ ျပႆနာျဖစ္လာႏိုင္တာက ကိုယ့္လူတို႔ ဘယ္လိုကိုင္တြယ္ေျဖရွင္းလဲ ဆိုတာပါပဲ။ ခ်စ္သူမိန္းကေလးဘက္က ရပ္တည္ေပးဖို႔က သတိထားပါ။ သူမဖက္မွာ ရွိေနမယ့္အေၾကာင္းနဲ႔ လိုအပ္ရင္ သင့္မိသားစုဖက္က နားလည္ေပးႏိုင္ေအာင္ ႀကိဳးစားပါ။ တကယ္လို႔ သင့္ခ်စ္သူဖက္က မွားေနတာဆိုရင္ေတာ့ သူမကို ေ၀ဖန္ျပစ္တင္တာမ်ိဳး မျဖစ္ေစပဲ နားလည္လာေအာင္ ေျပာတတ္ဖို႔ လိုပါတယ္။

၅။ အစားအေသာက္အႀကိဳက္ခ်င္းမတူတာ

အစားအေသာက္အႀကိဳက္ခ်င္းမတူလို႔ လမ္းခြဲၾကတယ္ဆိုတာက ခိုင္လံုတဲ့အေၾကာင္းျပခ်က္မဟုတ္ဘူးလို႔ ထင္ခ်င္စရာပါ။ ဒါေပမယ့္ သတိထားသင့္တဲ့အခ်က္ပါ။ သင့္တို႔ႏွစ္ေယာက္ အတူတူစားေသာက္ၾကတိုင္းမွာ ကေတာက္ကဆျဖစ္လာႏိုင္စရာေတြ မ်ားတတ္ပါတယ္။ ဒါ့ေၾကာင့္ သူမႀကိဳက္တတ္တာေလးေတြကိုလည္း စားတတ္ေအာင္ေတာ့ ႀကိဳးစားထားသင့္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ချစ်သူ စိတ်ပျက်မသွားစေဖို့ သိထားသင့်တဲ့ အချက်များ

ချစ်သူစုံတွဲတွေအကြားမှာ ပြဿနာဖြစ်နိုင်စရာတွေကို ချရေးမယ်ဆိုရင် အဆုံးမရှိစာရင်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ချစ်သူနဲ့ ပြဿနာကြီးကြီးမားမားမဖြစ်အောင် ရှောင်လွှဲနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ သူမရဲ့ အရင်ရည်းစားဆီကနေ ပညာယူဖို့ပဲဖြစ်ပါတယ်။ သင်လုပ်ရမှာက သေချာနားထောင်မှတ်သားထားဖို့ပါပဲ။ သင့်ချစ်သူက သူမရဲ့အရင်ရည်းစားနဲ့ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်စရာ အကြောင်းအရာတွေပြောလာပြီဆိုရင် နားတွေစွင့်ထားသင့်ပါတယ်။ ဥပမာအနေနဲ့ အရင်ရည်းစားနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ စိတ်ပျက်တတ်ကြတဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သေချာအကြင်နာမပေးတတ်တာ
အမျိုးသမီးတွေက ကြင်ကြင်နာနာနဲ့ အနမ်းတွေချွေတာကို သဘောကျပါတယ်။ အတူနေခါနီးအချိန်မှာမှ မဟုတ်ပဲ သူမကို အနမ်းတွေနဲ့ ကြင်နာတတ်ဖို့လိုပါတယ်။ သူမဟာ သင့်အတွက် အမှန်တကယ်ကို စွဲဆောင်မှုရှိပြီး စိတ်ချင်းဆက်သွယ်ထားတယ်ဆိုတာကို ပေါ်လွင်အောင် အကြင်နာပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ အကြင်နာပေးဖို့ချည်းပဲ အားထုတ်နေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ပုံမှန် အကြင်နာပေးတတ်တဲ့ အလေ့အကျင့်လေးတွေက သူမကို ပျော်ရွှင်စေမှာပါ။

၂။ ကလေးဆန်တာ
မိန်းကလေးတွေက ယောင်္ကျားပီသပြီး ဦးဆောင်နိုင်တဲ့ အမျိုးသားတွေကို အလိုရှိကြပါတယ်။ ပြဿနာက အခုခေတ်မှာ မိန်းကလေးတွေအနေနဲ့ စိတ်ကူးထဲကမင်းသားလို ဘက်ပေါင်းစုံက ပြည့်စုံရင့်ကျက်တဲ့ အမျိုးသားတွေရှာတွေ့ဖို့ ခက်ခဲလာတာပဲဖြစ်ပါတယ်။ အခုခေတ်ယောင်္ကျားလေးတွေက မိန်းကလေးတွေထက် ပညာရေးမှာနိမ့်ကျနေတတ်သလို အသက်(၁၈)နှစ်ကနေ (၃၁)နှစ်အထိ အမျိုးသားတွေရဲ့(၄၀)ရာခိုင်နှုန်းက မိဘတွေနဲ့အတူနေနေကြတုန်းပါပဲ။ တချို့တွေကျတော့လည်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်ဖို့ လိုနေတတ်ပါတယ်။ တကယ်ပြည့်စုံသူတွေမရှိဘူးလို့ မပြောပါဘူး။ ရှားသွားတာပါ။ ဒါ့ကြောင့် သင့်ကောင်မလေးနဲ့ ရေရှည်လက်တွဲသွားချင်တယ်ဆိုရင် ဂိမ်းဆော့တာကိုလျှော့ပြီး ဦးစီးဦးဆောင်ပြုနိုင်သူတစ်ယောက်ဖြစ်အောင် လေ့လာသင်ယူပါ။
၃။ သူမကို ပြစ်တင်ဝေဖန်တာ
မိန်းကလေးတွေက အမှားရှာဝေဖန်ပြစ်တင်တာမျိုးလုပ်သလို တစ်ချို့ယောင်္ကျားတွေကလည်း လုပ်တတ်ကြပါတယ်။ ချစ်သူစုံတွဲတွေမှာ မိန်းကလေးဘက် သူတို့ရဲ့ပြဿနာတွေကို ရင်ဖွင့်ပြောဆိုတတ်သလို ယောင်္ကျားလေးတွေကလည်း ပြေလည်အောင် အကြံဉာဏ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် အကြံဉာဏ်မပေးတတ်ရင် သူမကို ပြစ်တင်ဝေဖန်သလိုဖြစ်သွားပြီး နာကျည်းစရာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါရင်းရင်းနှီးနှီးအကြံဉာဏ်ပေးချင်ရင် သူမရဲ့လက်လေးတွေကို ကိုင်ထားပြီးတော့ပဲဖြစ်ဖြစ်၊ နောက်ကျောကို ပွတ်သပ်ပေးပြီးတော့ပဲဖြစ်ဖြစ် ပြောကြည့်ပါ။ အသားချင်းထိတွေ့မှုက အချစ်ဟော်မုန်း အောက်စီတိုဂျင်တွေ ထွက်လာစေပြီး နှစ်ဦးသားအကြား အငြင်းပွားစရာဖြစ်လာတော့မှာ မဟုတ်တော့ပါဘူး။

၄။ သူ့မိသားစုဘက်ကိုပဲ ကြည့်တတ်တာ
မိန်းကလေးတွေဟာ သူမချစ်သူရဲ့ မိဘတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတတ်ပါတယ်။ ဒီအချိန်မှာ ပြဿနာဖြစ်လာနိုင်တာက ကိုယ့်လူတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ ဆိုတာပါပဲ။ ချစ်သူမိန်းကလေးဘက်က ရပ်တည်ပေးဖို့က သတိထားပါ။ သူမဖက်မှာ ရှိနေမယ့်အကြောင်းနဲ့ လိုအပ်ရင် သင့်မိသားစုဖက်က နားလည်ပေးနိုင်အောင် ကြိုးစားပါ။ တကယ်လို့ သင့်ချစ်သူဖက်က မှားနေတာဆိုရင်တော့ သူမကို ဝေဖန်ပြစ်တင်တာမျိုး မဖြစ်စေပဲ နားလည်လာအောင် ပြောတတ်ဖို့ လိုပါတယ်။

၅။ အစားအသောက်အကြိုက်ချင်းမတူတာ
အစားအသောက်အကြိုက်ချင်းမတူလို့ လမ်းခွဲကြတယ်ဆိုတာက ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် သတိထားသင့်တဲ့အချက်ပါ။ သင့်တို့နှစ်ယောက် အတူတူစားသောက်ကြတိုင်းမှာ ကတောက်ကဆဖြစ်လာနိုင်စရာတွေ များတတ်ပါတယ်။ ဒါ့ကြောင့် သူမကြိုက်တတ်တာလေးတွေကိုလည်း စားတတ်အောင်တော့ ကြိုးစားထားသင့်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================