(၁) တစ္ဦးအေၾကာင္းကို တစ္ဦးသိရွိနားလည္ထားပါ။
လူေတြဟာ ေန႔စဥ္နဲ႔အမွ်ေျပာင္းလဲတတ္ပါတယ္။ ေန႔စဥ္အေတြ႕အၾကံဳေတြက အျမင္ေတြကို ေျပာင္းလဲေစၿပီး အျမင္ေျပာင္းလဲမႈေၾကာင့္ အမူအက်င့္ေတြလည္း ေျပာင္းလဲတတ္ပါတယ္။ ဒါ့ေၾကာင့္ ႏွစ္ဦးသားဆက္ဆံေရးမွာ အဖုအထစ္မရွိေစဖို႔အတြက္ တစ္ေယာက္ရဲ႕ ေျပာင္းလဲမႈကို တစ္ေယာက္က သိရိွနားလည္ဖို႔လိုအပ္ပါတယ္။ ေန႔စဥ္ေန႔တိုင္း ေျပာင္းလဲမႈကို တစ္ေယာက္က အျပန္အလွန္အလွန္နားလည္သိရွိေနမယ္ဆိုရင္ စိတ္ပ်က္စရာ အေၾကာင္းလည္း ရွိမွာမဟုတ္တဲ့အတြက္ ခိုင္ျမဲတဲ့ဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။
(၂) လက္ေတြ႕ဆန္ၿပီး လူတိုင္းမွားတတ္တာကို သိထားပါ။
ဘ၀ဟာ အလြန္႐ႈပ္ေထြးပါတယ္။ အရမ္းသတိထားတတ္သူမ်ိဳးေတာင္မွ မွားတတ္ၾကတာျဖစ္တဲ့အတြက္ သတိမ်ားမထားမိဘူးဆိုရင္ ခ်စ္သူခ်င္းဆက္ဆံေရးကို ထိခိုက္ႏိုင္တဲ့အမွားေတြ က်ဴးလြန္မိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးဦးက အမွားလုပ္ခဲ့မိေပမယ့္ သူမွားမွန္းသိၿပီး ေနာင္တရေနတယ္၊ အမွန္ကိုျပဳျပင္ ခ်င္စိတ္ရွိတယ္ဆိုရင္ တစ္ဦးက ခြင့္လႊတ္ေပးဖို႔ကို စဥ္းစားသင့္ပါတယ္။ ဒါမွသာ ႏွစ္ဦးသားဆက္ဆံေရးက ခိုင္ျမဲေနမွာျဖစ္ပါတယ္။
(၃) တစ္ဦးနဲ႔တစ္ဦး မလွည့္စားပါနဲ႔။
ႏွစ္ဦးသားဆက္ဆံေရးမွာ တစ္ဦးဦးက လွည့္စားေနမယ္ဆိုရင္ေတာ့ ေကာင္းတာတစ္ခုမွမရွိပါဘူး။ လွည့္စားမႈဟာ တစ္ဖက္လူရဲ႕ႏွလံုးသားကို ဓါးနဲ႔ထိုးလိုက္သလိုပါပဲ။ တစ္ဖက္လူမွာ အရမ္းခံစားရတတ္ၿပီး ဆက္ဆံေရးလည္း ခိုင္ျမဲမွာ မဟုတ္ပါဘူး။
(၄) သေဘာထားကြဲလြဲခြင့္ေပးပါ။
ဘယ္ေလာက္ပဲ ခ်စ္ၾကတဲ့စံုတြဲေတြပဲျဖစ္ျဖစ္ သေဘာထားကြဲလြဲမႈဆိုတာကေတာ့ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးနဲ႔တစ္ဦး လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ေပးၿပီး တစ္ဖက္သားရဲ႕အျမင္ကိုလည္း ေလးစားသင့္ ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္ၾကတယ္ဆိုရင္ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ သေဘာထားခ်င္း တိုက္ဆိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သေဘာတူတဲ့အခ်က္ေတြကုိ ဦးစားေပးၿပီး သေဘာမတူတဲ့အခ်က္ေတြကို ေသခ်ာညွိႏႈိင္းသင့္ပါတယ္။ တကယ္လို႔ သေဘာထားကြဲလြဲစရာတစ္ခုခုေၾကာင့္ ျငင္းခံုၾကရမယ္ဆိုရင္လည္း ရင့္ရင့္သီးသီးစကားေတြကို မေျပာမိေအာင္ ဂ႐ုစိုက္ဖို႔လိုပါတယ္။ ေျပာမိရင္လည္း ေတာင္းပန္ဖို႔လည္း ၀န္မေလးသင့္ပါဘူး။
(၅) ကိုယ့္ၾကင္ဖက္ရဲ႕ ေကာင္းကြက္ေတြကို ထုတ္ေဖာ္ခ်ီးက်ဴးပါ။
ကိုယ့္ခ်စ္သူရဲ႕လုိအပ္ခ်က္ေတြကိုပဲ အခ်ိန္ျပည့္ေစာင့္ၾကည့္ေ၀ဖန္ေနမယ့္အစား သူ႔ရဲ႕ေကာင္းကြက္ေလးေတြ သင္သေဘာက်တဲ့အခ်က္ေတြကို ထုတ္ေဖာ္ခ်ီးက်ဴးရမွာျဖစ္ပါတယ္။ ဒီလိုခ်ီးက်ဴးစကားေျပာေပးျခင္းအားျဖင့္ သူတို႔ရဲ႕လိုအပ္ခ်က္ေတြနည္းသြားၿပီး ေကာင္းကြက္ေတြပိုမ်ားလာတာကို ေတြ႔ရပါလိမ့္မယ္။ ဒါ့အျပင္ သင့္ခ်စ္သူရဲ႕ ေကာင္းကြက္ေတြကို အျခားလူေတြေရွ႕မွာ ထုတ္ေျပာဖို႔ကိုလည္း မေမ့ပါနဲ႔။ တခ်ိဳ႕က သင့္ကို ၾကြားတယ္လို႔ ထင္ခ်င္ထင္သြားမွာျဖစ္ေပမယ့္ အမ်ားစုကေတာ့ သင့္ကိုေလးစားၾကမွာျဖစ္ပါတယ္။
(၆) နားေထာင္ပါ။
တစ္ဦးနဲ႔တစ္ဦးသေဘာထားမတိုက္ဆိုင္တဲ့အခါမွာ ႏွစ္ဦးစလံုး စိတ္ဖိစီးမႈေတြ ခံစားရေစပါတယ္။ တစ္ခါတစ္ရံ မွာ တစ္ဦးက အရမ္းကိုစိတ္ပ်က္သြားတတ္တာမ်ိဳးလည္း ရွိပါတယ္။ အဲဒီလိုျဖစ္ၿပီဆိုရင္ေတာ့ သူေျပာခ်င္တဲ့ ကိစၥကို ဂ႐ုတစိုက္နားေထာင္ေပးၿပီး ျပႆနာကိုေျဖရွင္းဖို႔ ႀကိဳးစားသင့္ပါတယ္။ တဖက္သားရဲ႕ ခံစားခ်က္ေတြ ကို အေလးအနက္ထားနားေထာင္ေပးၿပီး ႀကိဳးစားကူညီေပးလိုေၾကာင္း ျပသတာဟာ အေျခအေနဆိုးေတြထိ မေရာက္သြားေအာင္ အေကာင္းဆံုး ကာကြယ္ထားႏိုင္မွာ ျဖစ္ပါတယ္။
(၇) အျပန္အလွန္ေပ်ာ္ရႊင္မႈေတြ ေပးႏိုင္ဖို႔ႀကိဳးစားပါ။
တစ္ေယာက္ေယာက္ကို ဂ႐ုစိုက္ေၾကာင္း ေဖာ္ျပၿပီး ေပ်ာ္ရႊင္ေအာင္လုပ္ရတာ အရမ္းကိုလြယ္ကူပါတယ္။ သူႀကိဳက္တတ္တဲ့ စားစရာတစ္ခုခု၀ယ္ေကၽြးတာပဲျဖစ္ျဖစ္၊ လက္ေဆာင္တစ္ခုခုေပးတာပဲျဖစ္ျဖစ္ လုပ္ေပးရင္ကို ရပါတယ္။ တန္ဖိုးမရွိေပမယ့္ အမွတ္တရျဖစ္ေစတဲ့ ကိစၥေလးေတြက သင္တို႔ရဲ႕ အခ်စ္ကို ပိုမိုခိုင္ျမဲေစမွာ ျဖစ္ပါတယ္။
(၈) အဆက္အသြယ္မျပတ္ပါေစနဲ႔။
အဆက္အသြယ္ပံုမွန္ရွိေနတာဟာ ႏွစ္ဦးသားဆက္ဆံေရးကို တြဲကပ္ထားေစတဲ့ ေကာ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ႏွစ္ဦးသားအျငင္းပြားမႈေတြဟာ အဆက္အသြယ္ျပတ္ေနရာကေန အစျပဳၾကတာမ်ားပါတယ္။ ဒါ့ေၾကာင့္ ဘာကိစၥေလးပဲရွိရွိ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ဆက္သြယ္ အသိေပးတာမ်ိဳးေလးေတြ လုပ္ေဆာင္ သင့္ပါတယ္။
(၉) ရပ္တည္ကာကြယ္ေပးပါ။
တစ္ခါတစ္ေလမွာ ႏွစ္ဦးသာဆက္ဆံေရးမွာ ေဆြမ်ိဳးသားခ်င္းေတြထဲကပဲျဖစ္ျဖစ္၊ တျခားအျပင္လူပဲျဖစ္ျဖစ္ မလိုသူေတြရဲ႕ ၾကား၀င္ေႏွာင့္ယွက္မႈေတြ ရွိတတ္ပါတယ္။ မလိုသူေတြရဲ႕ ေသြးထိုးစကားေတြေၾကာင့္ တစ္ေယာက္ေယာက္က အေတြးမ်ိဳးစံုနဲ႔ အထင္လြဲမႈေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ၾကား၀င္ေႏွာင့္ယွက္မႈေတြကို ၾကံဳေတြ႕ရတာကို သိသိခ်င္းမွာပဲ တစ္ဦးကိုတစ္ဦး အျပန္အလွန္ရပ္တည္ ကာကြယ္ေပးရမွာျဖစ္ပါတယ္။
(၁၀) ကိုယ့္ဘ၀နဲ႔ ကိုယ္ေနပါ။
လူတစ္ေယာက္ရဲ႕ ဘ၀ဟာ ကိတ္မုန္႔နဲ႔တူၿပီး ခ်စ္မႈေရးရာကိစၥေတြက ကိတ္မုန္႔ကိုအလွဆင္တဲ့ Cream ေတြနဲ႔ တူပါတယ္။ ကိတ္မုန္႔မရွိပဲ Cream အုပ္အလွဆင္လို႔မရသလို ဘ၀မရွိပဲ အခ်စ္ဆိုတာလည္းရွိမလာႏိုင္ပါဘူး။ လူတိုင္းမွာ သူတို႔ဘ၀နဲ႔ သူတို႔ရွိၿပီး တစ္စံုတစ္ေယာက္တည္းအတြက္ပဲ အခ်ိန္ေတြအကုန္ ေပးဆပ္ေနလို႔ မရပါဘူး။ တစ္ေယာက္က ကိုယ့္ကိုအျမဲလိုအပ္ေနတာမ်ိဳးလုပ္ျပေနရင္လည္း မြန္းက်ပ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ပိုင္လြတ္လပ္ခြင့္နဲ႔ ကိုယ္ပိုင္အခ်ိန္ေတြမွာ စိတ္၀င္စားတဲ့အရာေတြကို လုပ္ေဆာင္ခြင့္ေပးသင့္ သလို ကိုယ္တိုင္လည္း လြတ္လပ္စြာေနသင့္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ချစ်သူချင်း ဆက်ဆံရေး ခိုင်မြဲစေဖို့ နည်းလမ်း (၁၀)
ချစ်သူနှစ်ဦးကြားမှာပဲဖြစ်ဖြစ်၊ ဇနီးမောင်နှံတွေကြားမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးဟာ ခိုင်မြဲပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ ဒီလို ခိုင်မြဲနေမှသာ တသက်တာလုံး ချစ်ချစ်ခင်ခင်နဲ့ လက်တွဲပျော်ရွှင်နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်သူချင်းဆက်ဆံရေး ခိုင်မြဲစေဖို့ နည်းလမ်းကောင်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။
(၁) တစ်ဦးအကြောင်းကို တစ်ဦးသိရှိနားလည်ထားပါ။
လူတွေဟာ နေ့စဉ်နဲ့အမျှပြောင်းလဲတတ်ပါတယ်။ နေ့စဉ်အတွေ့အကြုံတွေက အမြင်တွေကို ပြောင်းလဲစေပြီး အမြင်ပြောင်းလဲမှုကြောင့် အမူအကျင့်တွေလည်း ပြောင်းလဲတတ်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးသားဆက်ဆံရေးမှာ အဖုအထစ်မရှိစေဖို့အတွက် တစ်ယောက်ရဲ့ ပြောင်းလဲမှုကို တစ်ယောက်က သိရှိနားလည်ဖို့လိုအပ်ပါတယ်။ နေ့စဉ်နေ့တိုင်း ပြောင်းလဲမှုကို တစ်ယောက်က အပြန်အလှန်အလှန်နားလည်သိရှိနေမယ်ဆိုရင် စိတ်ပျက်စရာ အကြောင်းလည်း ရှိမှာမဟုတ်တဲ့အတွက် ခိုင်မြဲတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
(၂) လက်တွေ့ဆန်ပြီး လူတိုင်းမှားတတ်တာကို သိထားပါ။
ဘဝဟာ အလွန်ရှုပ်ထွေးပါတယ်။ အရမ်းသတိထားတတ်သူမျိုးတောင်မှ မှားတတ်ကြတာဖြစ်တဲ့အတွက် သတိများမထားမိဘူးဆိုရင် ချစ်သူချင်းဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ဦးဦးက အမှားလုပ်ခဲ့မိပေမယ့် သူမှားမှန်းသိပြီး နောင်တရနေတယ်၊ အမှန်ကိုပြုပြင် ချင်စိတ်ရှိတယ်ဆိုရင် တစ်ဦးက ခွင့်လွှတ်ပေးဖို့ကို စဉ်းစားသင့်ပါတယ်။ ဒါမှသာ နှစ်ဦးသားဆက်ဆံရေးက ခိုင်မြဲနေမှာဖြစ်ပါတယ်။
(၃) တစ်ဦးနဲ့တစ်ဦး မလှည့်စားပါနဲ့။
နှစ်ဦးသားဆက်ဆံရေးမှာ တစ်ဦးဦးက လှည့်စားနေမယ်ဆိုရင်တော့ ကောင်းတာတစ်ခုမှမရှိပါဘူး။ လှည့်စားမှုဟာ တစ်ဖက်လူရဲ့နှလုံးသားကို ဓါးနဲ့ထိုးလိုက်သလိုပါပဲ။ တစ်ဖက်လူမှာ အရမ်းခံစားရတတ်ပြီး ဆက်ဆံရေးလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။
(၄) သဘောထားကွဲလွဲခွင့်ပေးပါ။
ဘယ်လောက်ပဲ ချစ်ကြတဲ့စုံတွဲတွေပဲဖြစ်ဖြစ် သဘောထားကွဲလွဲမှုဆိုတာကတော့ ရှိတတ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦး လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပေးပြီး တစ်ဖက်သားရဲ့အမြင်ကိုလည်း လေးစားသင့် ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတယ်ဆိုရင် ကိစ္စတော်တော်များများမှာ သဘောထားချင်း တိုက်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဘောတူတဲ့အချက်တွေကို ဦးစားပေးပြီး သဘောမတူတဲ့အချက်တွေကို သေချာညှိနှိုင်းသင့်ပါတယ်။ တကယ်လို့ သဘောထားကွဲလွဲစရာတစ်ခုခုကြောင့် ငြင်းခုံကြရမယ်ဆိုရင်လည်း ရင့်ရင့်သီးသီးစကားတွေကို မပြောမိအောင် ဂရုစိုက်ဖို့လိုပါတယ်။ ပြောမိရင်လည်း တောင်းပန်ဖို့လည်း ၀န်မလေးသင့်ပါဘူး။
(၅) ကိုယ့်ကြင်ဖက်ရဲ့ ကောင်းကွက်တွေကို ထုတ်ဖော်ချီးကျူးပါ။
ကိုယ့်ချစ်သူရဲ့လိုအပ်ချက်တွေကိုပဲ အချိန်ပြည့်စောင့်ကြည့်ဝေဖန်နေမယ့်အစား သူ့ရဲ့ကောင်းကွက်လေးတွေ သင်သဘောကျတဲ့အချက်တွေကို ထုတ်ဖော်ချီးကျူးရမှာဖြစ်ပါတယ်။ ဒီလိုချီးကျူးစကားပြောပေးခြင်းအားဖြင့် သူတို့ရဲ့လိုအပ်ချက်တွေနည်းသွားပြီး ကောင်းကွက်တွေပိုများလာတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် သင့်ချစ်သူရဲ့ ကောင်းကွက်တွေကို အခြားလူတွေရှေ့မှာ ထုတ်ပြောဖို့ကိုလည်း မမေ့ပါနဲ့။ တချို့က သင့်ကို ကြွားတယ်လို့ ထင်ချင်ထင်သွားမှာဖြစ်ပေမယ့် အများစုကတော့ သင့်ကိုလေးစားကြမှာဖြစ်ပါတယ်။
(၆) နားထောင်ပါ။
တစ်ဦးနဲ့တစ်ဦးသဘောထားမတိုက်ဆိုင်တဲ့အခါမှာ နှစ်ဦးစလုံး စိတ်ဖိစီးမှုတွေ ခံစားရစေပါတယ်။ တစ်ခါတစ်ရံ မှာ တစ်ဦးက အရမ်းကိုစိတ်ပျက်သွားတတ်တာမျိုးလည်း ရှိပါတယ်။ အဲဒီလိုဖြစ်ပြီဆိုရင်တော့ သူပြောချင်တဲ့ ကိစ္စကို ဂရုတစိုက်နားထောင်ပေးပြီး ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ တဖက်သားရဲ့ ခံစားချက်တွေ ကို အလေးအနက်ထားနားထောင်ပေးပြီး ကြိုးစားကူညီပေးလိုကြောင်း ပြသတာဟာ အခြေအနေဆိုးတွေထိ မရောက်သွားအောင် အကောင်းဆုံး ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။
(၇) အပြန်အလှန်ပျော်ရွှင်မှုတွေ ပေးနိုင်ဖို့ကြိုးစားပါ။
တစ်ယောက်ယောက်ကို ဂရုစိုက်ကြောင်း ဖော်ပြပြီး ပျော်ရွှင်အောင်လုပ်ရတာ အရမ်းကိုလွယ်ကူပါတယ်။ သူကြိုက်တတ်တဲ့ စားစရာတစ်ခုခုဝယ်ကျွေးတာပဲဖြစ်ဖြစ်၊ လက်ဆောင်တစ်ခုခုပေးတာပဲဖြစ်ဖြစ် လုပ်ပေးရင်ကို ရပါတယ်။ တန်ဖိုးမရှိပေမယ့် အမှတ်တရဖြစ်စေတဲ့ ကိစ္စလေးတွေက သင်တို့ရဲ့ အချစ်ကို ပိုမိုခိုင်မြဲစေမှာ ဖြစ်ပါတယ်။
(၈) အဆက်အသွယ်မပြတ်ပါစေနဲ့။
အဆက်အသွယ်ပုံမှန်ရှိနေတာဟာ နှစ်ဦးသားဆက်ဆံရေးကို တွဲကပ်ထားစေတဲ့ ကော်တစ်မျိုးပဲဖြစ်ပါတယ်။ နှစ်ဦးသားအငြင်းပွားမှုတွေဟာ အဆက်အသွယ်ပြတ်နေရာကနေ အစပြုကြတာများပါတယ်။ ဒါ့ကြောင့် ဘာကိစ္စလေးပဲရှိရှိ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်သွယ် အသိပေးတာမျိုးလေးတွေ လုပ်ဆောင် သင့်ပါတယ်။
(၉) ရပ်တည်ကာကွယ်ပေးပါ။
တစ်ခါတစ်လေမှာ နှစ်ဦးသာဆက်ဆံရေးမှာ ဆွေမျိုးသားချင်းတွေထဲကပဲဖြစ်ဖြစ်၊ တခြားအပြင်လူပဲဖြစ်ဖြစ် မလိုသူတွေရဲ့ ကြားဝင်နှောင့်ယှက်မှုတွေ ရှိတတ်ပါတယ်။ မလိုသူတွေရဲ့ သွေးထိုးစကားတွေကြောင့် တစ်ယောက်ယောက်က အတွေးမျိုးစုံနဲ့ အထင်လွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကြားဝင်နှောင့်ယှက်မှုတွေကို ကြံုတွေ့ရတာကို သိသိချင်းမှာပဲ တစ်ဦးကိုတစ်ဦး အပြန်အလှန်ရပ်တည် ကာကွယ်ပေးရမှာဖြစ်ပါတယ်။
(၁၀) ကိုယ့်ဘဝနဲ့ ကိုယ်နေပါ။
လူတစ်ယောက်ရဲ့ ဘဝဟာ ကိတ်မုန့်နဲ့တူပြီး ချစ်မှုရေးရာကိစ္စတွေက ကိတ်မုန့်ကိုအလှဆင်တဲ့ Cream တွေနဲ့ တူပါတယ်။ ကိတ်မုန့်မရှိပဲ Cream အုပ်အလှဆင်လို့မရသလို ဘဝမရှိပဲ အချစ်ဆိုတာလည်းရှိမလာနိုင်ပါဘူး။ လူတိုင်းမှာ သူတို့ဘဝနဲ့ သူတို့ရှိပြီး တစ်စုံတစ်ယောက်တည်းအတွက်ပဲ အချိန်တွေအကုန် ပေးဆပ်နေလို့ မရပါဘူး။ တစ်ယောက်က ကိုယ့်ကိုအမြဲလိုအပ်နေတာမျိုးလုပ်ပြနေရင်လည်း မွန်းကျပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အချိန်တွေမှာ စိတ်ဝင်စားတဲ့အရာတွေကို လုပ်ဆောင်ခွင့်ပေးသင့် သလို ကိုယ်တိုင်လည်း လွတ်လပ်စွာနေသင့်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================