ယမကာဝိုင္းတို႔အတြက္ သိတတ္ရမည့္ အခ်က္မ်ား

 

ေပ်ာ္ေပ်ာ္ေနရမယ့္ ပါတီမ်ိဳးမွာ စည္းကမ္းခ်က္ေတြ မထားခ်င္ပါဘူး။ ဒါေပမယ့္ လူမႈေရးကေတာ့ သိတတ္ရမွာပါ။ ပါတီေတြမွာ သိတတ္ရမယ့္ အခ်က္ေလးေတြကို ေအာက္မွာ ႐ႈစားၾကည့္ပါဦး။

၁. ပါတီကို လက္ဗလာနဲ႔ လာျခင္း

ပါတီကို လက္ဗလာနဲ႔လာတယ္။ ဝိုင္ေတြ အကုန္ေသာက္တယ္။ မုန္႔ေတြ တစ္ျပံဳႀကီးစားတယ္။ ၿပီးေတာ့ ျပံဳးျပံဳးေလးနဲ႔ ျပန္သြားတယ္။ အဲလိုေကာင္မ်ိဳးကို လူတိုင္းခ်ဥ္မွာပါ။ ပါတီလုပ္တဲ့သူေတြကလည္း ႐ိုင္းတယ္ ထင္သြားမွာပါ။ ဝိုင္တစ္ပုလင္းေလာက္ေတာ့ အိတ္ထဲ ထည့္ယူသြားလိုက္ပါ။

၂. ေကာ့ေတး အဆင္တန္ဆာမ်ား

ေကာ့ေတးခြက္မွာ အလွအပ ထီးေလးေတြ တပ္ဖို႔က သူ႔ေနရာနဲ႔သူ ႐ွိပါတယ္။ ဒီဇိုင္း ေတာ္ေတာ္မ်ားမ်ားက ဒိတ္ေအာက္ေနပါၿပီ။ အဲဒါေတြက ႐ႈပ္လဲ ႐ႈပ္ပါတယ္။ ဟာဝိုင္အီကမ္းေျခမွာ Tequila Sunrise ေသာက္ဖို႔ မဟုတ္ရင္ေတာ့ အဲဒိထီးေလးေတြ တပ္ေပးမေနပါနဲ႔ေတာ့။

၃. ကိုယ့္ခြက္ ကိုယ္ငွဲ႔ျခင္း

ဂ်ပန္မွာဆို ကိုယ့္ခြက္ထဲ ကိုယ့္ဘာသာ အရက္ငွဲ႔တာ အရမ္း႐ိုင္းပါတယ္။ ပံုမွန္ဆို ပထမဆံုး အိမ္႐ွင္က တျခားသူေတြကို ငွဲ႔ေပးရပါမယ္။ ၿပီးေတာ့ အိမ္႐ွင္ကို ဧည့္သည္တစ္ေယာက္က ျပန္ငွဲ႔ေပးရပါတယ္။ လုပ္ငန္းပါတီတစ္ခုမွာဆိုရင္ေတာ့ လူတိုင္းခြက္ကိုင္ၿပီး ခ်ီးယားစ္ မလုပ္မခ်င္း မေသာက္သင့္ပါဘူး။ အိမ္႐ွင္ေကာင္းတစ္ေယာက္ဟာ ဧည့္သည္ေတြကို ကုန္တိုင္းငွဲ႔ေပးေနမွာပါ။

၄. အရက္ကို အားျဖည့္အခ်ိဳရည္ေတြနဲ႔ေရာျခင္း

ေတာ္ေတာ္မ်ားမ်ားကေတာ့ စမ္းဘူးၾကပါလိမ့္မယ္။ ဒါေပမယ့္ အရက္နဲ႔ အားျဖည့္အခ်ိဳရည္ေတြနဲ႔ ေရာေသာက္လို႔ မေကာင္းပါဘူး။ လံုးဝ မေသာက္သင့္ဘူးလို႔ေတာ့ မေျပာပါဘူး။ ဒါေပမယ့္ ေဗာ့ဒ္ကာနဲ႔ Red Bull ၊ ဂ်င္နဲ႔ Tonic အတြဲေတြဟာ ခဏေလးနဲ႔ ေခါင္းကိုက္ေစတတ္ပါတယ္။ အသိစိတ္ေပ်ာက္သြားေစပါတယ္။ အေရးႀကီးပါတီေတြမွာ မေသာက္သင့္ပါဘူး။

၅. ေရခဲ ေနာက္ဆံုးမွ ထည့္ျခင္း

စပ္ၿပီးသား ယမကာခြက္ထဲကို ေရခဲထည့္တာ၊ ဝိုင္ခြက္ထဲကို ေရခဲထည့္တာ မလုပ္သင့္ပါဘူး။ အရသာေကာင္းေကာင္းရေအာင္ဆိုရင္ ေရခဲကို အျမဲ အရင္ထည့္ပါ။ ဝိုင္ဆိုရင္ေတာ့ ဝိုင္ အရည္အေသြးနဲ႔ ေဖာ္စပ္ပံုအေပၚမွာ မူတည္ပါတယ္။ ပံုမွန္ ႐ိုး႐ိုးဝိုင္ ဆိုရင္ေတာ့ ေရခဲ ႀကိဳက္သေလာက္ထည့္ပါ။ ေစ်းႀကီးတဲ့ ဝိုင္ဆိုရင္ေတာ့ ေရခဲလံုးဝမထည့္ပါနဲ႔။ ဝိုင္ထဲကို ေရခဲထည့္လုိက္တာဟာ ေတာက်ရာေရာက္တဲ့အျပင္ ဝိုင္ရဲ႕ အရသာကိုလည္း ပ်က္ေစႏိုင္ပါတယ္။

၆. အရက္စပ္သမားကို လက္ျပျခင္း

သူ အာရံုစိုက္တာကိုေတာ့ ရမွာပါ။ ဒါေပမယ့္ အရက္ဆာေနတဲ့ လူအုပ္ႀကီးထဲဲကေန သူတို႔ကို လက္ျပမိရင္ေတာ့ ပိုႀကီးၾကာၾကာ ေစာင့္ရမွာပါ။ ပိုက္ဆံ လွမ္းေပးတာ၊ လက္ဖ်စ္တီးတာကလည္း တူတူပါပဲ။ အဲလိုမျဖစ္ေအာင္ ဘားမွာ စည္းကမ္းတက် တန္းစီေပးပါ။ အားလံုးေသာက္ခ်င္ေနၾကတဲ့ အခ်ိန္မ်ိဳးမွာ အလွည့္ေက်ာ္တာ၊ အတင္းတိုးတာေတြဟာ အရမ္း႐ိုင္းပါတယ္။

၇. ဘီယာကို တည့္တည့္ငွဲ႔ျခင္း

သူငယ္ခ်င္းေတြကို ဘီယာငွဲ႔ေပးတဲ့အခါမွာ မၾကာခဏ ျဖစ္တတ္ပါတယ္။ ဘယ္သူမွ အျမႇဳပ္တစ္ဝက္ေလာက္ထေနတဲ့ ဘီယာခြက္ႀကီးကို မလိုခ်င္ၾကပါဘူး။ ခြက္ကို တစ္ဝက္ေလာက္ ေစာင္းၿပီး ငွဲ႔ေပးပါ။

၈. အမ်ားႀကီးေသာက္ျခင္း

အားလံုး ၾကံဳဖူးၾကမွာပါ။ အကုန္လံုးေပ်ာ္ေနၾကတဲ့ သာယာတဲ့ ညခ်မ္းေလးမွာ တစ္ေယာက္ေယာက္က လြန္သြားတယ္။ စကားေတြ အမ်ားႀကီးေျပာတယ္။ အရမ္းရစ္တယ္။ အေကာင္းဆံုးပါတီပဲ! ငါမမူးေသးပါဘူးကြ! ဆိုတာေတြ ၾကံဳးဝါးတယ္။ အဲဒိလူေဘးက ကံဆိုးသူေမာင္႐ွင္ကေတာ့ သူ႔ကို တြဲေပးထားရတယ္။ ေသာက္ခ်င္ေသးတယ္ ရစ္လို႔ ေရကို ေဗာ့ဒ္ကာလို႔ ေျပာၿပီးတိုက္ရတယ္။ Taxi ငွါးေတာ့ အကုန္ လက္ခါျပၿပီး ေမာင္းေျပးၾကတယ္။ ကံဆိုးၿပီး ရပ္ေပးမိတဲ့ Taxi သမားကေတာ့ သူ႔ေနာက္ခံု ေလ်ွာ္ၿပီးခါစေလး အန္ဖတ္စာမိမွာစိုးလို႔ ဘုရားတၿပီး ေမာင္းသြားတယ္။

အၾကံတစ္ခုေပးပါမယ္။ အဲလိုေကာင္မ်ိဳး မျဖစ္ပါေစနဲ႔။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

ယမကာဝိုင်းတို့အတွက် သိတတ်ရမည့် အချက်များ

ပျော်ပျော်နေရမယ့် ပါတီမျိုးမှာ စည်းကမ်းချက်တွေ မထားချင်ပါဘူး။ ဒါပေမယ့် လူမှုရေးကတော့ သိတတ်ရမှာပါ။ ပါတီတွေမှာ သိတတ်ရမယ့် အချက်လေးတွေကို အောက်မှာ ရှုစားကြည့်ပါဦး။

၁. ပါတီကို လက်ဗလာနဲ့ လာခြင်း

ပါတီကို လက်ဗလာနဲ့လာတယ်။ ဝိုင်တွေ အကုန်သောက်တယ်။ မုန့်တွေ တစ်ပြုံကြီးစားတယ်။ ပြီးတော့ ပြံုးပြံုးလေးနဲ့ ပြန်သွားတယ်။ အဲလိုကောင်မျိုးကို လူတိုင်းချဉ်မှာပါ။ ပါတီလုပ်တဲ့သူတွေကလည်း ရိုင်းတယ် ထင်သွားမှာပါ။ ဝိုင်တစ်ပုလင်းလောက်တော့ အိတ်ထဲ ထည့်ယူသွားလိုက်ပါ။

၂. ကော့တေး အဆင်တန်ဆာများ

ကော့တေးခွက်မှာ အလှအပ ထီးလေးတွေ တပ်ဖို့က သူ့နေရာနဲ့သူ ရှိပါတယ်။ ဒီဇိုင်း တော်တော်များများက ဒိတ်အောက်နေပါပြီ။ အဲဒါတွေက ရှုပ်လဲ ရှုပ်ပါတယ်။ ဟာဝိုင်အီကမ်းခြေမှာ Tequila Sunrise သောက်ဖို့ မဟုတ်ရင်တော့ အဲဒိထီးလေးတွေ တပ်ပေးမနေပါနဲ့တော့။

၃. ကိုယ့်ခွက် ကိုယ်ငှဲ့ခြင်း

ဂျပန်မှာဆို ကိုယ့်ခွက်ထဲ ကိုယ့်ဘာသာ အရက်ငှဲ့တာ အရမ်းရိုင်းပါတယ်။ ပုံမှန်ဆို ပထမဆုံး အိမ်ရှင်က တခြားသူတွေကို ငှဲ့ပေးရပါမယ်။ ပြီးတော့ အိမ်ရှင်ကို ဧည့်သည်တစ်ယောက်က ပြန်ငှဲ့ပေးရပါတယ်။ လုပ်ငန်းပါတီတစ်ခုမှာဆိုရင်တော့ လူတိုင်းခွက်ကိုင်ပြီး ချီးယားစ် မလုပ်မချင်း မသောက်သင့်ပါဘူး။ အိမ်ရှင်ကောင်းတစ်ယောက်ဟာ ဧည့်သည်တွေကို ကုန်တိုင်းငှဲ့ပေးနေမှာပါ။

၄. အရက်ကို အားဖြည့်အချိုရည်တွေနဲ့ရောခြင်း

တော်တော်များများကတော့ စမ်းဘူးကြပါလိမ့်မယ်။ ဒါပေမယ့် အရက်နဲ့ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်လို့ မကောင်းပါဘူး။ လုံးဝ မသောက်သင့်ဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် ဗော့ဒ်ကာနဲ့ Red Bull ၊ ဂျင်နဲ့ Tonic အတွဲတွေဟာ ခဏလေးနဲ့ ခေါင်းကိုက်စေတတ်ပါတယ်။ အသိစိတ်ပျောက်သွားစေပါတယ်။ အရေးကြီးပါတီတွေမှာ မသောက်သင့်ပါဘူး။

၅. ရေခဲ နောက်ဆုံးမှ ထည့်ခြင်း

စပ်ပြီးသား ယမကာခွက်ထဲကို ရေခဲထည့်တာ၊ ဝိုင်ခွက်ထဲကို ရေခဲထည့်တာ မလုပ်သင့်ပါဘူး။ အရသာကောင်းကောင်းရအောင်ဆိုရင် ရေခဲကို အမြဲ အရင်ထည့်ပါ။ ဝိုင်ဆိုရင်တော့ ဝိုင် အရည်အသွေးနဲ့ ဖော်စပ်ပုံအပေါ်မှာ မူတည်ပါတယ်။ ပုံမှန် ရိုးရိုးဝိုင် ဆိုရင်တော့ ရေခဲ ကြိုက်သလောက်ထည့်ပါ။ စျေးကြီးတဲ့ ဝိုင်ဆိုရင်တော့ ရေခဲလုံးဝမထည့်ပါနဲ့။ ဝိုင်ထဲကို ရေခဲထည့်လိုက်တာဟာ တောကျရာရောက်တဲ့အပြင် ဝိုင်ရဲ့ အရသာကိုလည်း ပျက်စေနိုင်ပါတယ်။

၆. အရက်စပ်သမားကို လက်ပြခြင်း

သူ အာရုံစိုက်တာကိုတော့ ရမှာပါ။ ဒါပေမယ့် အရက်ဆာနေတဲ့ လူအုပ်ကြီးထဲဲကနေ သူတို့ကို လက်ပြမိရင်တော့ ပိုကြီးကြာကြာ စောင့်ရမှာပါ။ ပိုက်ဆံ လှမ်းပေးတာ၊ လက်ဖျစ်တီးတာကလည်း တူတူပါပဲ။ အဲလိုမဖြစ်အောင် ဘားမှာ စည်းကမ်းတကျ တန်းစီပေးပါ။ အားလုံးသောက်ချင်နေကြတဲ့ အချိန်မျိုးမှာ အလှည့်ကျော်တာ၊ အတင်းတိုးတာတွေဟာ အရမ်းရိုင်းပါတယ်။

၇. ဘီယာကို တည့်တည့်ငှဲ့ခြင်း

သူငယ်ချင်းတွေကို ဘီယာငှဲ့ပေးတဲ့အခါမှာ မကြာခဏ ဖြစ်တတ်ပါတယ်။ ဘယ်သူမှ အမြှုပ်တစ်ဝက်လောက်ထနေတဲ့ ဘီယာခွက်ကြီးကို မလိုချင်ကြပါဘူး။ ခွက်ကို တစ်ဝက်လောက် စောင်းပြီး ငှဲ့ပေးပါ။

၈. အများကြီးသောက်ခြင်း

အားလုံး ကြံုဖူးကြမှာပါ။ အကုန်လုံးပျော်နေကြတဲ့ သာယာတဲ့ ညချမ်းလေးမှာ တစ်ယောက်ယောက်က လွန်သွားတယ်။ စကားတွေ အများကြီးပြောတယ်။ အရမ်းရစ်တယ်။ အကောင်းဆုံးပါတီပဲ! ငါမမူးသေးပါဘူးကွ! ဆိုတာတွေ ကြံုးဝါးတယ်။ အဲဒိလူဘေးက ကံဆိုးသူမောင်ရှင်ကတော့ သူ့ကို တွဲပေးထားရတယ်။ သောက်ချင်သေးတယ် ရစ်လို့ ရေကို ဗော့ဒ်ကာလို့ ပြောပြီးတိုက်ရတယ်။ Taxi ငှါးတော့ အကုန် လက်ခါပြပြီး မောင်းပြေးကြတယ်။ ကံဆိုးပြီး ရပ်ပေးမိတဲ့ Taxi သမားကတော့ သူ့နောက်ခုံ လျှော်ပြီးခါစလေး အန်ဖတ်စာမိမှာစိုးလို့ ဘုရားတပြီး မောင်းသွားတယ်။

အကြံတစ်ခုပေးပါမယ်။ အဲလိုကောင်မျိုး မဖြစ်ပါစေနဲ့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

==============================================

Related Posts

%%footer%%