GM-Adsသင့္ေကာင္မေလးနဲ႔ ပထမတစ္ႀကိမ္ခ်ိန္းေတြ႔ၿပီးတဲ့ေနာက္မွာ ေနာက္တစ္ႀကိမ္က်ရင္ ဘယ္လို ခ်ိန္းေတြ႕မယ္၊ ဘာေတြလုပ္ရင္ေကာင္းမလဲဆိုတာေတြ ေတြးၿပီး စိတ္ရႈပ္ေနပါသလား။ ဒုတိယအႀကိမ္ခ်ိန္းေတြ႕တာကလည္း ႏွစ္ဦးသားအခ်စ္ေရရွည္ခိုင္ျမဲဖို႔အတြက္ အေရးပါတဲ့ ခ်ိန္းေတြ႕မႈတစ္ခုပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒုတိယအႀကိမ္ ခ်ိန္းေတြ႕တဲ့အခါမွာ ဘာေတြလုပ္သင့္တယ္ဆိုတဲ့ စိတ္ကူးေကာင္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ စက္ဘီးေလွ်ာက္စီးပါ

စက္ဘီးစီး၀တ္စံု၀တ္ၿပီး အျမန္ၿပိဳင္နင္းဖို႔ေျပာတာ မဟုတ္ပါဘူး။ သင့္ေကာင္မေလးကို သက္ေတာင့္သက္သာနဲ႔ စိတ္ၾကည္ႏႈးေပ်ာ္ရႊင္စရာေကာင္းတဲ့ စက္ဘီးစီးနင္းမႈမ်ိဳးလုပ္ေပးဖို႔ ဆိုလိုတာပါ။ ႐ႈခင္းလွတဲ့ေနရာတစ္ခုကိုပဲ ျဖစ္ျဖစ္၊ စားေသာက္ဆိုင္တစ္ခုခုကိုပဲျဖစ္ျဖစ္ ေနရာတစ္ခုဆီကို အတူတူနင္းသြားလိုက္ပါ။ အေရးႀကီးတာက ဘယ္ကိုသြားမယ္ဆိုတာကို သူမကို ႀကိဳၿပီးအသိမေပးထားဖို႔ပါပဲ။ မိန္းကေလးေတြက နည္းနည္းေလာက္ လ်ိဳ႕၀ွက္ဆန္းၾကယ္တာကို ပိုၿပီးသေဘာက်တတ္တာေၾကာင့္ပါ။

၂။ ယမကာခ်က္လုပ္ငန္းတစ္ခုဆီအလည္ေခၚသြားပါ။

အေဖ်ာ္ယမကာတစ္ခု ဘယ္လိုဖန္တီးျပဳလုပ္တယ္ဆိုတာ ျမင္ေတြ႕ရတာ တကယ္ကိုမိုက္ပါတယ္။ ယမကာခ်က္စက္႐ုံကိုသြားတဲ့အခါမွာ တာ၀န္ရွိသူတစ္ဦးကလုိက္ရွင္းျပတတ္တဲ့အတြက္ အျပန္အလွန္ စကားေျပာဖို႔ အေၾကာင္းအရာေတြ ရေစမွာျဖစ္သလို ေလ့လာၿပီးတဲ့အခါမွာလည္း စကားေျပာလို႔ လြယ္လာမွာျဖစ္ပါတယ္။ အေရးႀကီးတာက ယမကာခ်က္စက္႐ုံတစ္႐ုံကိုလိုက္ပို႔တာထက္ ေဒသခံ ယမကာခ်က္လုပ္ငန္းေလးတစ္ခုဆီကို ေခၚသြားဖို႔ပါပဲ။

၃။ လဟာျပင္ေစ်းတစ္ခုခုကို အတူသြားပါ။

ပစၥည္းအေဟာင္းေတြေရာ အေကာင္းေတြပါ စုပံုေရာင္းခ်တတ္တဲ့ လဟာျပင္ေစ်းေတြ ညေစ်းေတြကို အတူသြားတာက ႏွစ္ေယာက္စလံုးအတြက္ မျမင္ဖူးတာေတြျမင္ေတြရမွာျဖစ္တဲ့အတြက္ ေျပာစရာ စကားေတြ အမ်ားႀကီးရွိလာႏိုင္ပါတယ္။ ပထမအႀကိမ္မွာ ႐ႈိးတိုး႐ွန္႕တန္႕ျဖစ္ေနလို႔ စကားေျပာခက္ေပမယ့္ ဒုတိယတစ္ေခါက္မွာ ပိုလြယ္လာေစႏိုင္ပါတယ္။ အေရးႀကီးတာက သူမအတြက္ အမွတ္တရအေနနဲ႔ တစ္ခုခုေတာ့ ၀ယ္ေပးလိုက္ပါ။

၄။ ေဂါက္ကစားပါ။

မီနီေဂါက္ကြင္းေလးတစ္ခုကို သြားၿပီး အတူတူကစားတာဟာ ဒုတိယအႀကိမ္ခ်ိန္းေတြ႕မႈအတြက္ သင့္ေတာ္ပါတယ္။ ေဂါက္ကစားေနတဲ့အခ်ိန္ေတြမွာ အျပန္အလွန္စကားေတြေျပာဖို႔ အခြင့္အေရးေတြ ရႏိုင္တာေၾကာင့္ သူမကိုနားလည္ႏိုင္ဖို႔ အေကာင္းဆံုးပါပဲ။

၅။ ေပ်ာ္ပြဲစားထြက္ပါ။

အိမ္ကေနစားစရာေတြယူသြားၿပီး ေပ်ာ္ပြဲစားထြက္တာမ်ိဳးထက္ ေစ်းမွာခ်ိန္းၿပီး စားစရာေတြအတူ၀ယ္သြားတာ ကပိုေကာင္းပါတယ္။ ၿပီးေတာ့ ေပ်ာ္ပြဲစားထြက္တဲ့အခါမွာ ပန္းျခံေတြကိုထြက္တာက ႐ုိးလြန္းေနၿပီျဖစ္တဲ့ အတြက္ ကမ္းေျခတို႔ ေရကန္တစ္ခုခုတို႔ကို အေျပာင္းအလဲေလးျဖစ္ေအာင္ ေရြးခ်ယ္သင့္ပါတယ္။ ေပ်ာ္ပြဲစား ထြက္တာဟာ ႏွစ္ေယာက္စလံုးကို သဘာ၀က်က်ခံစားရေစၿပီး တကယ့္စိတ္ရင္းေတြကို သိရေစႏိုင္ပါတယ္။

၆။ ဂီတ႐ႈိးပြဲေတြ သြားၾကည့္ပါ။

ဂီတေဖ်ာ္ေျဖပြဲေတြကို အတူတကြသြားၾကည့္တာကလည္း ႏွစ္ေယာက္သားသံေယာစဥ္ေတြ တိုးလာေစႏိုင္ပါတယ္။ အေရးႀကီးတာက ဂီတေဖ်ာ္ေျဖပြဲကို ေရြးခ်ယ္ရာမွာ လူအရမ္းမ်ားတဲ့ ပြဲေတြထက္ လူနည္းနည္းနဲ႔ ႏွစ္ေယာက္စလံုးၾကိဳက္မယ့္ ပြဲမ်ိဳးကို ေရြးသင့္ပါတယ္။

၇။ သင္တန္းတစ္ခုခု အတူတူတက္ပါ။

အရမ္းအေလးအနက္ထား သင္ယူရမယ့္ စာေပပညာရပ္ဆိုင္ရာ သင္တန္းေတြကို တက္ဖို႔ဆိုလိုတာ မဟုတ္ပါဘူး။ အိုးလုပ္နည္းသင္တန္း၊ မုန္႕ဖုတ္နည္းသင္တန္းတို႔လို စိတ္၀င္စားၿပီး ေပ်ာ္စရာေကာင္း မယ့္ သင္တန္းတစ္ခုခုကို အတူတူတက္ဖို႔ ေျပာတာပါ။ ဒီလိုဆိုရင္ ႏွစ္ေယာက္စလံုးအတြက္ အေတြ႕အႀကံဳသစ္ေတြ ရရွိေစမွာျဖစ္ၿပီး ဆက္ဆံေရးလည္း ပိုမိုခိုင္မာလာမွာျဖစ္ပါတယ္။

၈။ အႏုပညာျပခန္းတခုကို သြားေလ့လာပါ။

ႏွစ္ေယာက္စလံုးက ၿမိဳ႕ႀကီးတစ္ခုခုမွာေနတယ္ဆိုရင္ေတာ့ ပန္းခ်ီျပခန္းလိုမ်ိဳး အႏုပညာျပခန္းေတြကို သြားလည္တာဟာ တကယ္ေကာင္းတဲ့ စိတ္ကူးတစ္ခုပါပဲ။ သင့္အတြက္ အကုန္အက်လည္း အရမ္းမ်ားမွာ မဟုတ္သလို မေမွ်ာ္လင့္ထားတဲ့ စိတ္လႈပ္ရွားစရာေတြ ရရွိႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အႏုပညာသ႐ုပ္ေဖာ္ ခ်က္ေတြနဲ႔ပတ္သက္ၿပီး အျမင္ခ်င္းဖလွယ္ႏိုင္သလို စကားေတြအမ်ားႀကီးေျပာျဖစ္ၿပီး ရင္းႏွီးမႈကို ပိုလာေစႏိုင္ပါတယ္။

၉။ ဟင္းလ်ာတစ္ခုခု ခ်က္ေကၽြးပါ။

ခ်က္တတ္ျပဳတ္တတ္တဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက ပိုၿပီးခ်စ္တတ္ၾကပါတယ္။ ဟင္းလ်ာတစ္ခုခုကို အမွန္တကယ္ႀကီး အရသာရွိရွိနဲ႔ စားေကာင္းေအာင္ခ်က္တတ္ဖို႔မလိုပါဘူး။ သင္ခ်က္လို႔ အဆင္ေျပမယ့္ ဟင္းပြဲတစ္ခုေလာက္ကိုပဲ စားလို႔ရေအာင္ခ်က္တတ္တယ္ဆိုရင္ ရပါၿပီ။ အေရးႀကီးတာက သူမနဲ႔ မေတြ႕ခင္ထဲက ႀကိဳခ်က္ထားဖို႔မလိုေပမယ့္ အမယ္စံုေအာင္ေတာ့ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုပါတယ္။ ၿပီးေတာ့ ၀ိုင္၀ယ္ထားဖို႔လည္း မေမ့ပါနဲ႔။

၁၀။ ႐ုကၡေဗဒဥယ်ာဥ္ကို သြားပါ။

႐ုကၡေဗဒဥယ်ာဥ္ေတြဟာ ပန္းျခံအႀကီးႀကီးေတြျဖစ္ၿပီး သစ္ပင္ပန္းမန္မိ်ဳးစံုနဲ႔ တကယ္ကိုႀကီးမားလွပတဲ့ ေနရာေတြျဖစ္ပါတယ္။ ပ်ံက်ေစ်းမွာလိုပဲ မ်ားျပားလွတဲ့ သစ္ပင္ပန္းမန္ေတြအေၾကာင္း ႏွစ္ဦးသား ေျပာစရာေတြ အမ်ားႀကီးရရွိေစမွာျဖစ္ပါတယ္။

နိဂုံးခ်ဳပ္ရမယ္ဆိုရင္ေတာ့ ဒုတိယအႀကိမ္ခ်ိန္းေတြ႕တဲ့ေနရာမွာ ပိုၿပီးေတာ့ သက္ေတာင့္သက္သာျဖစ္ေစမယ့္ အရာေတြကိုပဲ လုပ္ေဆာင္သင့္ပါတယ္။ ဒီလိုနဲ႔ ႏွစ္ေယာက္စလံုးေပ်ာ္ရႊင္မႈရရွိေစမွာျဖစ္သလို တစ္ေယာက္နဲ႔ တစ္ေယာက္လည္း နားလည္မႈေတြ တိုးလာႏိုင္မွာ ျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ချစ်သူနဲ့ချိန်းတွေ့ဖို့ စိတ်ကူးကောင်းများ

သင့်ကောင်မလေးနဲ့ ပထမတစ်ကြိမ်ချိန်းတွေ့ပြီးတဲ့နောက်မှာ နောက်တစ်ကြိမ်ကျရင် ဘယ်လို ချိန်းတွေ့မယ်၊ ဘာတွေလုပ်ရင်ကောင်းမလဲဆိုတာတွေ တွေးပြီး စိတ်ရှုပ်နေပါသလား။ ဒုတိယအကြိမ်ချိန်းတွေ့တာကလည်း နှစ်ဦးသားအချစ်ရေရှည်ခိုင်မြဲဖို့အတွက် အရေးပါတဲ့ ချိန်းတွေ့မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒုတိယအကြိမ် ချိန်းတွေ့တဲ့အခါမှာ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ စိတ်ကူးကောင်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ စက်ဘီးလျှောက်စီးပါ
စက်ဘီးစီးဝတ်စုံဝတ်ပြီး အမြန်ပြိုင်နင်းဖို့ပြောတာ မဟုတ်ပါဘူး။ သင့်ကောင်မလေးကို သက်တောင့်သက်သာနဲ့ စိတ်ကြည်နှုးပျော်ရွှင်စရာကောင်းတဲ့ စက်ဘီးစီးနင်းမှုမျိုးလုပ်ပေးဖို့ ဆိုလိုတာပါ။ ရှုခင်းလှတဲ့နေရာတစ်ခုကိုပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင်တစ်ခုခုကိုပဲဖြစ်ဖြစ် နေရာတစ်ခုဆီကို အတူတူနင်းသွားလိုက်ပါ။ အရေးကြီးတာက ဘယ်ကိုသွားမယ်ဆိုတာကို သူမကို ကြိုပြီးအသိမပေးထားဖို့ပါပဲ။ မိန်းကလေးတွေက နည်းနည်းလောက် လျို့ဝှက်ဆန်းကြယ်တာကို ပိုပြီးသဘောကျတတ်တာကြောင့်ပါ။

၂။ ယမကာချက်လုပ်ငန်းတစ်ခုဆီအလည်ခေါ်သွားပါ။
အဖျော်ယမကာတစ်ခု ဘယ်လိုဖန်တီးပြုလုပ်တယ်ဆိုတာ မြင်တွေ့ရတာ တကယ်ကိုမိုက်ပါတယ်။ ယမကာချက်စက်ရုံကိုသွားတဲ့အခါမှာ တာဝန်ရှိသူတစ်ဦးကလိုက်ရှင်းပြတတ်တဲ့အတွက် အပြန်အလှန် စကားပြောဖို့ အကြောင်းအရာတွေ ရစေမှာဖြစ်သလို လေ့လာပြီးတဲ့အခါမှာလည်း စကားပြောလို့ လွယ်လာမှာဖြစ်ပါတယ်။ အရေးကြီးတာက ယမကာချက်စက်ရုံတစ်ရုံကိုလိုက်ပို့တာထက် ဒေသခံ ယမကာချက်လုပ်ငန်းလေးတစ်ခုဆီကို ခေါ်သွားဖို့ပါပဲ။

၃။ လဟာပြင်စျေးတစ်ခုခုကို အတူသွားပါ။
ပစ္စည်းအဟောင်းတွေရော အကောင်းတွေပါ စုပုံရောင်းချတတ်တဲ့ လဟာပြင်စျေးတွေ ညစျေးတွေကို အတူသွားတာက နှစ်ယောက်စလုံးအတွက် မမြင်ဖူးတာတွေမြင်တွေရမှာဖြစ်တဲ့အတွက် ပြောစရာ စကားတွေ အများကြီးရှိလာနိုင်ပါတယ်။ ပထမအကြိမ်မှာ ရှိုးတိုးရှန့်တန့်ဖြစ်နေလို့ စကားပြောခက်ပေမယ့် ဒုတိယတစ်ခေါက်မှာ ပိုလွယ်လာစေနိုင်ပါတယ်။ အရေးကြီးတာက သူမအတွက် အမှတ်တရအနေနဲ့ တစ်ခုခုတော့ ၀ယ်ပေးလိုက်ပါ။

၄။ ဂေါက်ကစားပါ။
မီနီဂေါက်ကွင်းလေးတစ်ခုကို သွားပြီး အတူတူကစားတာဟာ ဒုတိယအကြိမ်ချိန်းတွေ့မှုအတွက် သင့်တော်ပါတယ်။ ဂေါက်ကစားနေတဲ့အချိန်တွေမှာ အပြန်အလှန်စကားတွေပြောဖို့ အခွင့်အရေးတွေ ရနိုင်တာကြောင့် သူမကိုနားလည်နိုင်ဖို့ အကောင်းဆုံးပါပဲ။

၅။ ပျော်ပွဲစားထွက်ပါ။
အိမ်ကနေစားစရာတွေယူသွားပြီး ပျော်ပွဲစားထွက်တာမျိုးထက် စျေးမှာချိန်းပြီး စားစရာတွေအတူဝယ်သွားတာ ကပိုကောင်းပါတယ်။ ပြီးတော့ ပျော်ပွဲစားထွက်တဲ့အခါမှာ ပန်းခြံတွေကိုထွက်တာက ရိုးလွန်းနေပြီဖြစ်တဲ့ အတွက် ကမ်းခြေတို့ ရေကန်တစ်ခုခုတို့ကို အပြောင်းအလဲလေးဖြစ်အောင် ရွေးချယ်သင့်ပါတယ်။ ပျော်ပွဲစား ထွက်တာဟာ နှစ်ယောက်စလုံးကို သဘာဝကျကျခံစားရစေပြီး တကယ့်စိတ်ရင်းတွေကို သိရစေနိုင်ပါတယ်။

၆။ ဂီတရှိုးပွဲတွေ သွားကြည့်ပါ။
ဂီတဖျော်ဖြေပွဲတွေကို အတူတကွသွားကြည့်တာကလည်း နှစ်ယောက်သားသံယောစဉ်တွေ တိုးလာစေနိုင်ပါတယ်။ အရေးကြီးတာက ဂီတဖျော်ဖြေပွဲကို ရွေးချယ်ရာမှာ လူအရမ်းများတဲ့ ပွဲတွေထက် လူနည်းနည်းနဲ့ နှစ်ယောက်စလုံးကြိုက်မယ့် ပွဲမျိုးကို ရွေးသင့်ပါတယ်။

၇။ သင်တန်းတစ်ခုခု အတူတူတက်ပါ။
အရမ်းအလေးအနက်ထား သင်ယူရမယ့် စာပေပညာရပ်ဆိုင်ရာ သင်တန်းတွေကို တက်ဖို့ဆိုလိုတာ မဟုတ်ပါဘူး။ အိုးလုပ်နည်းသင်တန်း၊ မုန့်ဖုတ်နည်းသင်တန်းတို့လို စိတ်ဝင်စားပြီး ပျော်စရာကောင်း မယ့် သင်တန်းတစ်ခုခုကို အတူတူတက်ဖို့ ပြောတာပါ။ ဒီလိုဆိုရင် နှစ်ယောက်စလုံးအတွက် အတွေ့အကြုံသစ်တွေ ရရှိစေမှာဖြစ်ပြီး ဆက်ဆံရေးလည်း ပိုမိုခိုင်မာလာမှာဖြစ်ပါတယ်။

၈။ အနုပညာပြခန်းတခုကို သွားလေ့လာပါ။
နှစ်ယောက်စလုံးက မြို့ကြီးတစ်ခုခုမှာနေတယ်ဆိုရင်တော့ ပန်းချီပြခန်းလိုမျိုး အနုပညာပြခန်းတွေကို သွားလည်တာဟာ တကယ်ကောင်းတဲ့ စိတ်ကူးတစ်ခုပါပဲ။ သင့်အတွက် အကုန်အကျလည်း အရမ်းများမှာ မဟုတ်သလို မမျှော်လင့်ထားတဲ့ စိတ်လှုပ်ရှားစရာတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာသရုပ်ဖော် ချက်တွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်နိုင်သလို စကားတွေအများကြီးပြောဖြစ်ပြီး ရင်းနှီးမှုကို ပိုလာစေနိုင်ပါတယ်။

၉။ ဟင်းလျာတစ်ခုခု ချက်ကျွေးပါ။
ချက်တတ်ပြုတ်တတ်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုပြီးချစ်တတ်ကြပါတယ်။ ဟင်းလျာတစ်ခုခုကို အမှန်တကယ်ကြီး အရသာရှိရှိနဲ့ စားကောင်းအောင်ချက်တတ်ဖို့မလိုပါဘူး။ သင်ချက်လို့ အဆင်ပြေမယ့် ဟင်းပွဲတစ်ခုလောက်ကိုပဲ စားလို့ရအောင်ချက်တတ်တယ်ဆိုရင် ရပါပြီ။ အရေးကြီးတာက သူမနဲ့ မတွေ့ခင်ထဲက ကြိုချက်ထားဖို့မလိုပေမယ့် အမယ်စုံအောင်တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ပြီးတော့ ၀ိုင်ဝယ်ထားဖို့လည်း မမေ့ပါနဲ့။

၁၀။ ရုက္ခဗေဒဥယျာဉ်ကို သွားပါ။
ရုက္ခဗေဒဥယျာဉ်တွေဟာ ပန်းခြံအကြီးကြီးတွေဖြစ်ပြီး သစ်ပင်ပန်းမန်မျိုးစုံနဲ့ တကယ်ကိုကြီးမားလှပတဲ့ နေရာတွေဖြစ်ပါတယ်။ ပျံကျစျေးမှာလိုပဲ များပြားလှတဲ့ သစ်ပင်ပန်းမန်တွေအကြောင်း နှစ်ဦးသား ပြောစရာတွေ အများကြီးရရှိစေမှာဖြစ်ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ ဒုတိယအကြိမ်ချိန်းတွေ့တဲ့နေရာမှာ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်စေမယ့် အရာတွေကိုပဲ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်စလုံးပျော်ရွှင်မှုရရှိစေမှာဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှုတွေ တိုးလာနိုင်မှာ ဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================