GM-Adsကိုယ့်ထူးကိုယ်ချွန်ပြီး အောင်မြင်ချမ်းသာလာတဲ့ သန်းကြွယ်သူဌေး အယောက်(၅၀၀)ကို နှစ်(၂၀)ကြာအောင် လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ အချစ်၊ စိတ်ကူးယဉ်မှုနဲ့ လိင်ကိစ္စတွေက တစ်စုံတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။





© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ချစ်သူလင်မယားဆက်ဆံရေးနှင့် ကြွယ်ဝချမ်းသာမှုကြားက ဆက်စပ်မှု

ကိုယ့်ထူးကိုယ်ချွန်ပြီး အောင်မြင်ချမ်းသာလာတဲ့ သန်းကြွယ်သူဌေး အယောက်(၅၀၀)ကို နှစ်(၂၀)ကြာအောင် လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ အချစ်၊ စိတ်ကူးယဉ်မှုနဲ့ လိင်ကိစ္စတွေက တစ်စုံတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာလိုချင်တပ်မက်မှုဟာ လူသားတွေရဲ့လိုချင်တပ်မက်မှုတွေထဲမှာ စွမ်းအားအမြင့်ဆုံးဖြစ်ပါတယ်။ အချစ်၊ စိတ်ကူးယဉ်မှုနဲ့ လိင်ကိစ္စတွေဟာ အမျိုးသားတွေကို အောင်မြင်မှုအထွဋ်အထိပ်ရောက်အောင် တွန်းပို့ပေးနိုင်တဲ့ စိတ်ခံစားချက်တွေပဲဖြစ်ပါတယ်။ ဒီသုံးခုလုံးပေါင်းဆုံးစည်းတဲ့အခါမှာတော့ တစ်စုံတစ်ယောက် ကို ထူးထူးခြားခြားအောင်မြင်မှုတွေ စွမ်းဆောင်နိုင်သည်အထိဖြစ်စေပါတယ်။

အခြားလေ့လာမှုတစ်ခုမှာလည်း ထက်မြက်ဖြောင့်မတ်တဲ့ အိမ်ထောင်ဖက် ဘဝလက်တွဲဖော်ရှိတဲ့သူတွေဟာ သူတို့ရဲ့ဝင်ငွေတွေ သိသိသာသာတိုးပွားလာတတ်တယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် ထက်မြက် ဖြောင့်မတ်တဲ့ အိမ်ထောင်ဖက် ဘဝလက်တွဲဖော်ရှိသူတွေဟာ မရှိသူတွေထက် လုပ်ငန်းခွင်အတွင်းမှာ ရာထူးတိုးမြှင့်ခံရဖို့ (၅၀)ရာခိုင်နှုန်းပိုမိုများပြားတယ်လို့လည်း ဖော်ပြထားပါတယ်။

ထက်မြက်တဲ့အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့လက်တွဲဖော်ကို အလုပ်မှာအာရုံစိုက်နိုင်အောင် အားပေးကူညီ ပေးတတ်ကြပါတယ်။ ဒါ့အပြင် အိမ်ထောင်ဖက်ကောင်းရရှိထားသူတွေဟာ သူတို့ရဲ့အိမ်ထောင်ရှင်ဘဝကို ပိုပြီး ကျေနပ်နေလေ့ရှိကြသလို အိမ်ပြန်ရောက်တဲ့အခါတိုင်းမှာ စိတ်ဖိစီးမှုတွေမရှိတဲ့အတွက် လုပ်ငန်းခွင်အတွင်းမှာ ခံစားမှုပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ အင်အားအပြည့်နဲ့ စွမ်းဆောင်အောင်မြင်နိုင်တာဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================