ခ်စ္တယ္ဆိုတာထက္ အဓိပၸါယ္ျပည့္စုံေစသည့္ စကား(၁၀)ခြန္း

ေန႔စဥ္နဲ႔အမွ် သင့္ခ်စ္သူမိန္းကေလးကို ခ်စ္တယ္ဆိုခ်ည္းပဲ ေျပာေနရတာ ႐ိုးလာၿပီလား။ သင့္ခ်စ္ကို ခ်စ္တယ္ဆိုတ့ဲ စကားထက္ပိုၿပီး အ့ံအားသင့္ေကိနပ္ေစမယ့္ စကားေတြ ေျပာၾကည့္ရေအာင္ပါ။

၁။ မင္း လွေနပါလား။

သင့္ခ်စ္သူရဲ႕ အလွကို သင္သတိထားမိေပမယ့္ မ်ားေသာအားျဖင့္ထုတ္ေဖာ္ ေျပာေလ့မရွိတတ္ပါဘူး။ ဒါ့ေၾကာင့္ သူမကိုၾကည့္ရတာ လွေနတ့ဲအေၾကာင္း ေျပာေပးသင့္ပါတယ္။ ဒီလိုေျပာေပးျခင္းေၾကာင့္ သူမက သင့္ကိုဆြဲေဆာင္ထားႏိုင္ေၾကာင္း ေဖာ္ျပရာေရာက္ၿပီး သူမကို ေက်နပ္ေနေစမွာျဖစ္ပါတယ္။

၂။ မင္းအတြက္ ကိုယ္အခ်စ္ေတြက ေန႔စဥ္နဲ႔အမွ်ရွင္သန္ေနပါတယ္။

အခ်စ္ဟာ အခ်ိန္နဳဲ႔အမွ် ရွင္သန္တိုးပြားေနတ့ဲ သေဘာရွိပါတယ္။ ဒါ့ေၾကာင့္ ဒီစကားမ်ိဳးေျပာေပးတာဟာ သင့္ရဲ႔အခ်စ္ေတြလည္း တစ္ေန႔တစ္ျခားတိုးလာေနတယ္ဆိုတာကို ေဖာ္ျပေနသလိုပါပဲ။ ဒါ့အျပင္ သူမရဲ႕တခ်ိဳ႕အမူအယာေတြကို ဘယ္လိုသေဘာက်ၿပီ ပိုခ်စ္မိလာေၾကာင္းလည္း ေျပာျပႏိုင္ပါတယ္။

၃။ မင္းက ဘယ္သူနဲ႔မွမတူေအာင္ ကိုယ့္ကို ရယ္ေမာေပ်ာ္ရႊင္ေစသူပါ။

ဟာသဉာဏ္ရွိတာေဟာ ေကာင္းတ့ဲအေလ့အထတစ္ခုျထစ္ၿပီး အေရးကိစၥတစ္ခုခုေၾကာင့္ တင္းမာမႈေတြကို ေလ်ာ့ပါးေစႏိုင္ပါတယ္။ ဒါေပမယ့္ ေရရွည္လက္တြဲလာၾကတ့ဲအခါမွာ ရယ္ေမာေပ်ာ္ရႊင္စရာေလးေတြကို အသိအမွတ္ျပဳဖို႔ ပ်က္ကြက္လာတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္ခ်စ္သူရဲ႕ ခ်စ္စဖြယ္အျပဳအမူေတြေၾကာင့္ သင္ေပ်ာ္ရႊင္ရတ့ဲအခါတိုင္းမွာ အသိအမွတ္ျပဳေျပာၾကားေပးဖို႔လိုအပ္ပါတယ္။ ဒီလိုေျပာေပးမယ္ဆိုရင္ သူမအေနနဲ႔ သင့္ကိုပိုၿပီရယ္ေမာ္ေပ်ာ္ရႊင္ေအာင္ မၾကာခဏလုပ္လာမွာျဖစ္ပါတယ္။

၄။ မင္းရဲနဖူးကေနေျခဖ်ားအထိ တစ္ကိုယ္လုံးကို ခ်စ္တယ္။

သူမရဲ႕ ခႏၶာကိုယ္အေပၚမွာ သင္ဘယ္လိုသေဘာထားလဲဆိုတာကိုဘည္း သူမသိေအာင္ေျပာျပသင့္ပါတယ္။ တခ်ိဳ႕ေတြက မ်က္ႏွာကိုပဲ ဂ႐ုစိုက္တတ္ၾကပါတယ္။ ဒီလိုမဟုတ္ပဲ မ်က္ႏွာေရာ ခႏၶာကိုယ္ တစ္ခုလုံးကိုပါ အမွန္တကယ္ျမတ္ႏိုးခ်စ္ခင္ေၾကာင္း ေျပာေပးသင့္ပါတယ္။

၅။ ေန႔ရက္တိုင္းကို မင္းတစ္ေယာက္တည္းနဲ႔ပဲ ကုန္ဆုံးသြားခ်င္တာပါ။

လူေတြဟာ တစ္ခါတစ္ရံမွာ ဘယ္သူနဲ႔မွ မပတ္သက္ပဲ ေနခ်င္ၾကပါတယ္။ ဒါေပမယ့္ သင္ကေတာ့ ဒီလိုမဟုတ္ပဲ အခ်ိန္တိုင္း ေန႔ရက္တိုင္းကို သူမဆစ္ေယာက္တည္းနဲ႔သာ ကုန္ဆုံးသြားခ်င္တယ္ဆိုတာမ်ိဳးက သင့္ကိုအမွတ္တ႐႐ွိေနစမယ့္ စကားမ်ိဳးပဲျဖစ္ပါတယ္။

၆။ မင္းစိတ္၀င္စားတာတစ္ခုခုလုပ္ေနတာကို ထိုင္ၾကည့္ေနရတာကိုက ငါ့အတြက္ ေပ်ာ္စရာပါ။

၀ါသနာတူတ့ဲစုံတြဲေတြမွာေတာ့ ဒီလိုကိစၥမ်ိဳးက ပိုမိုနီးစပ္သြားေစႏိုင္တ့ဲ အေၾကာင္းပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ခါတစ္ေလမွာ သူမစိတ္၀င္စားၿပီး လုပ္ခ်င္တာကိုလုပ္ခြင့္ေပးၿပီး ေက်နပ္ေနတာကို ၾကည့္ေနေပးသင့္ပါတယ္။ ဒီလိုၾကည့္ေနဟတာကိုက သင့္အတြက္ ေပ်ာ္စရာျဖစ္တ့ဲအေၾကာင္း ေျပာဖို႔လည္း မေမ့ပါနဲ႔။

၇။ ကိုယ္မင္းနဲ႔ စကားေျပာေနရတာကိုေရာ တိတ္တိတ္ေလးအတူရွိေနကိုေရာ သေဘာက်တယ္။

တစ္ခါတစ္ေလမွာ တစ္ဦးနဲ႔တစ္ဦး ဘာစကားမွမေျပာပဲ အၾကည့္ေတြအျပံဳးေတြနဲ႔ပဲ နားလည္မႈေတြတည္ေဆာက္ၾကရပါတယ္။ သူမရဲ႕တိတ္ဆိတ္မႈေတြကို နားလည္ဖို႔လိုအပ္သလို ဒီလိုေနရတာကိုလည္း သေဘာက်တယ္ဆိုတာ ေျပာေပးရပါမယ္။

၈။ မင္းဘာေၾကာင့္ ပိုၿပီးလွလာသလဲ ငါတကယ္မသိေတာ့ပါဘူး

မိန္းကေလးေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် သူတို႔႐ဲ႕ဆြဲေဆာင္မႈေတြ နည္းသြားၿပီး သူတို႔အေပၚစိတ္ကုန္လာတယ္လို႔ ထင္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔စိတ္ပူေနတာေတြ ကင္းေ၀းသြားေအာင္ ေျပာတတ္ဖို႔လည္း လိုပါတယ္။ အရြယ္ရလာတာနဲ႔ သူတို႔မွာ ဘာေတြပိုၿပီးျပည့္စုံလာတယ္ဆိုေတြေျပာျပၾကည့္ပါ။ သူမမ်က္ႏွာရႊင္လန္းသြားတာကို သင္ေတြ႕ရမွာပါ။

၉။ ငါတို႔ေတြ႕ခြင့္ရတ့ဲ အခိုက္အတန္႔ေလးေတြကိုလည္း ခ်စ္တယ္။

အျပင္မွာ ခ်ိန္းဆိုေတြ႕ဆုံတာပဲျဖစ္ျဖစ္ အိပ္ရာထဲမွာ ေတြ႕တာပဲျဖစ္ျဖစ္ အဲ့ဒီအခ်ိန္ေလးေတြကို အသိအမွတ္ျပဳ ျပန္ေျပာေပးဖို႔ လိုပါတယ္။ ဒီလိုကိစၥေလးေတြကို ျပန္ေျပာေပးျခင္းက အမွတ္တရေတြကို ပိုၿပီးခိုင္ျမဲေစမွာျဖစ္ပါတယ္။

၁၀။ ငါ မင္းကို ပိုးစိုးပက္စက္ခ်စ္တယ္

တစ္ခါတစ္ေလမွာ ႐ိုင္း႐ိုင္းစိုင္းစိုင္းစကားလုံးေတြက သက္ေရာက္မႈရွိပါတယ္။ ဒီစကားလုံးေတြကို ေလသံမွန္မွန္နဲ႔ေျပာတတ္မယ္ဆိုရင္ အေကာင္းဆုံးပါပဲ။ ဒီလိုေျပာတာထက္ပိုၿပီး ခ်စ္တ့ဲအေၾကာင္းထိေရာက္ေအာက္ေျပာႏိုင္တာမ်ိဳး ရွိမွာမဟုတ္ပါဘူး။

အခုေဖာ္ျပခ့ဲတာေတြက နမူနာေလာက္ပဲရွိပါေသးတယ္။ သင့္ခ်စ္သူကို ရယ္ေမာေပ်ာ္ရႊင္ေအာင္၊ သင္ေျပာသမွ် နားေထာင္ေအာင္၊ ခံစားတတ္ေအာင္ တီထြင္ဉာဏ္သုံးၿပီး ကိုယ္တိုင္ေျပာၾကည့္ပါလို႔လည္း တိုက္တြန္းလိုက္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ချစ်တယ်ဆိုတာထက် အဓိပ္ပါယ်ပြည့်စုံစေသည့် စကား(၁၀)ခွန်း

နေ့စဉ်နဲ့အမျှ သင့်ချစ်သူမိန်းကလေးကို ချစ်တယ်ဆိုချည်းပဲ ပြောနေရတာ ရိုးလာပြီလား။ သင့်ချစ်ကို ချစ်တယ်ဆိုတဲ့ စကားထက်ပိုပြီး အ့ံအားသင့်ကေိနပ်စေမယ့် စကားတွေ ပြောကြည့်ရအောင်ပါ။

၁။ မင်း လှနေပါလား။
သင့်ချစ်သူရဲ့ အလှကို သင်သတိထားမိပေမယ့် များသောအားဖြင့်ထုတ်ဖော် ပြောလေ့မရှိတတ်ပါဘူး။ ဒါ့ကြောင့် သူမကိုကြည့်ရတာ လှနေတဲ့အကြောင်း ပြောပေးသင့်ပါတယ်။ ဒီလိုပြောပေးခြင်းကြောင့် သူမက သင့်ကိုဆွဲဆောင်ထားနိုင်ကြောင်း ဖော်ပြရာရောက်ပြီး သူမကို ကျေနပ်နေစေမှာဖြစ်ပါတယ်။

၂။ မင်းအတွက် ကိုယ်အချစ်တွေက နေ့စဉ်နဲ့အမျှရှင်သန်နေပါတယ်။
အချစ်ဟာ အချိန်နဲု့အမျှ ရှင်သန်တိုးပွားနေတဲ့ သဘောရှိပါတယ်။ ဒါ့ကြောင့် ဒီစကားမျိုးပြောပေးတာဟာ သင့်ရဲ့အချစ်တွေလည်း တစ်နေ့တစ်ခြားတိုးလာနေတယ်ဆိုတာကို ဖော်ပြနေသလိုပါပဲ။ ဒါ့အပြင် သူမရဲ့တချို့အမူအယာတွေကို ဘယ်လိုသဘောကျပြီ ပိုချစ်မိလာကြောင်းလည်း ပြောပြနိုင်ပါတယ်။

၃။ မင်းက ဘယ်သူနဲ့မှမတူအောင် ကိုယ့်ကို ရယ်မောပျော်ရွှင်စေသူပါ။
ဟာသဉာဏ်ရှိတာဟော ကောင်းတဲ့အလေ့အထတစ်ခုထြစ်ပြီး အရေးကိစ္စတစ်ခုခုကြောင့် တင်းမာမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်လက်တွဲလာကြတဲ့အခါမှာ ရယ်မောပျော်ရွှင်စရာလေးတွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်လာတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူရဲ့ ချစ်စဖွယ်အပြုအမူတွေကြောင့် သင်ပျော်ရွှင်ရတဲ့အခါတိုင်းမှာ အသိအမှတ်ပြုပြောကြားပေးဖို့လိုအပ်ပါတယ်။ ဒီလိုပြောပေးမယ်ဆိုရင် သူမအနေနဲ့ သင့်ကိုပိုပြီရယ်မော်ပျော်ရွှင်အောင် မကြာခဏလုပ်လာမှာဖြစ်ပါတယ်။

၄။ မင်းရဲနဖူးကနေခြေဖျားအထိ တစ်ကိုယ်လုံးကို ချစ်တယ်။
သူမရဲ့ ခန္ဓာကိုယ်အပေါ်မှာ သင်ဘယ်လိုသဘောထားလဲဆိုတာကိုဘည်း သူမသိအောင်ပြောပြသင့်ပါတယ်။ တချို့တွေက မျက်နှာကိုပဲ ဂရုစိုက်တတ်ကြပါတယ်။ ဒီလိုမဟုတ်ပဲ မျက်နှာရော ခန္ဓာကိုယ် တစ်ခုလုံးကိုပါ အမှန်တကယ်မြတ်နိုးချစ်ခင်ကြောင်း ပြောပေးသင့်ပါတယ်။

၅။ နေ့ရက်တိုင်းကို မင်းတစ်ယောက်တည်းနဲ့ပဲ ကုန်ဆုံးသွားချင်တာပါ။
လူတွေဟာ တစ်ခါတစ်ရံမှာ ဘယ်သူနဲ့မှ မပတ်သက်ပဲ နေချင်ကြပါတယ်။ ဒါပေမယ့် သင်ကတော့ ဒီလိုမဟုတ်ပဲ အချိန်တိုင်း နေ့ရက်တိုင်းကို သူမဆစ်ယောက်တည်းနဲ့သာ ကုန်ဆုံးသွားချင်တယ်ဆိုတာမျိုးက သင့်ကိုအမှတ်တရရှိနေစမယ့် စကားမျိုးပဲဖြစ်ပါတယ်။

၆။ မင်းစိတ်ဝင်စားတာတစ်ခုခုလုပ်နေတာကို ထိုင်ကြည့်နေရတာကိုက ငါ့အတွက် ပျော်စရာပါ။
၀ါသနာတူတဲ့စုံတွဲတွေမှာတော့ ဒီလိုကိစ္စမျိုးက ပိုမိုနီးစပ်သွားစေနိုင်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေမှာ သူမစိတ်ဝင်စားပြီး လုပ်ချင်တာကိုလုပ်ခွင့်ပေးပြီး ကျေနပ်နေတာကို ကြည့်နေပေးသင့်ပါတယ်။ ဒီလိုကြည့်နေဟတာကိုက သင့်အတွက် ပျော်စရာဖြစ်တဲ့အကြောင်း ပြောဖို့လည်း မမေ့ပါနဲ့။

၇။ ကိုယ်မင်းနဲ့ စကားပြောနေရတာကိုရော တိတ်တိတ်လေးအတူရှိနေကိုရော သဘောကျတယ်။
တစ်ခါတစ်လေမှာ တစ်ဦးနဲ့တစ်ဦး ဘာစကားမှမပြောပဲ အကြည့်တွေအပြုံးတွေနဲ့ပဲ နားလည်မှုတွေတည်ဆောက်ကြရပါတယ်။ သူမရဲ့တိတ်ဆိတ်မှုတွေကို နားလည်ဖို့လိုအပ်သလို ဒီလိုနေရတာကိုလည်း သဘောကျတယ်ဆိုတာ ပြောပေးရပါမယ်။

၈။ မင်းဘာကြောင့် ပိုပြီးလှလာသလဲ ငါတကယ်မသိတော့ပါဘူး
မိန်းကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ဆွဲဆောင်မှုတွေ နည်းသွားပြီး သူတို့အပေါ်စိတ်ကုန်လာတယ်လို့ ထင်တတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့စိတ်ပူနေတာတွေ ကင်းဝေးသွားအောင် ပြောတတ်ဖို့လည်း လိုပါတယ်။ အရွယ်ရလာတာနဲ့ သူတို့မှာ ဘာတွေပိုပြီးပြည့်စုံလာတယ်ဆိုတွေပြောပြကြည့်ပါ။ သူမမျက်နှာရွှင်လန်းသွားတာကို သင်တွေ့ရမှာပါ။

၉။ ငါတို့တွေ့ခွင့်ရတဲ့ အခိုက်အတန့်လေးတွေကိုလည်း ချစ်တယ်။
အပြင်မှာ ချိန်းဆိုတွေ့ဆုံတာပဲဖြစ်ဖြစ် အိပ်ရာထဲမှာ တွေ့တာပဲဖြစ်ဖြစ် အဲ့ဒီအချိန်လေးတွေကို အသိအမှတ်ပြု ပြန်ပြောပေးဖို့ လိုပါတယ်။ ဒီလိုကိစ္စလေးတွေကို ပြန်ပြောပေးခြင်းက အမှတ်တရတွေကို ပိုပြီးခိုင်မြဲစေမှာဖြစ်ပါတယ်။

၁၀။ ငါ မင်းကို ပိုးစိုးပက်စက်ချစ်တယ်
တစ်ခါတစ်လေမှာ ရိုင်းရိုင်းစိုင်းစိုင်းစကားလုံးတွေက သက်ရောက်မှုရှိပါတယ်။ ဒီစကားလုံးတွေကို လေသံမှန်မှန်နဲ့ပြောတတ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒီလိုပြောတာထက်ပိုပြီး ချစ်တဲ့အကြောင်းထိရောက်အောက်ပြောနိုင်တာမျိုး ရှိမှာမဟုတ်ပါဘူး။

အခုဖော်ပြခဲ့တာတွေက နမူနာလောက်ပဲရှိပါသေးတယ်။ သင့်ချစ်သူကို ရယ်မောပျော်ရွှင်အောင်၊ သင်ပြောသမျှ နားထောင်အောင်၊ ခံစားတတ်အောင် တီထွင်ဉာဏ်သုံးပြီး ကိုယ်တိုင်ပြောကြည့်ပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%