စြန္႔ဦးစီးပြားေရးလုပ္ငန္းရွင္မ်ားသို႔ အိတ္ဖြင့္ေပးစာ

ကၽြန္ေတာ္ ေရခ်ိဳးကန္ထဲမွာ ထိုင္ေနခ့ဲတယ္။ ေရပန္းကေနထြက္လာတ့ဲ ေရေႏြးေတြနဲ႔ ကၽြန္ေတာ္ရဲ႕မ်က္ရည္ေတြ ေရာေႏွာသြားတယ္။ ကၽြန္ေတာ္ဟာ စီးပြားေရးသမားတစ္ေယာက္အေနနဲ႔ေရာ၊ လူတစ္ေယာက္အေနနဲ႔ပါ ႐ႈံးနိမ့္သူတစ္ဦးျဖစ္ေနခဲ့ၿပီလို႔ ကိုယ့္ကိုယ္ကို ေျပာေနမိတယ္။ ဘယ္အရာမွ အဆင္ေျပတာအရွိခ့ဲသလို အားလုံးကလည္း ကၽြန္ေတာ့္ အမွားေတြခ်ည္းပါပဲ။ ေန႔တိုင္း ကၽြန္ေတာ္ မနက္ ၆ နာရီေလာက္စၿပီး ည ၂ နာရီေလာက္အထိ တစ္ခ်ိန္လုံး ကၽြန္ေတာ္ရဲ႕လုပ္ငန္းလည္ပတ္ေနေစဖို႔ အိပ္ပ်က္ခံၿပီးႀကိဳးစားခ့ဲေပမယ့္ အားလုံးဟာ အဓိပၸါယ္မရွိခ့ဲသလိုပါပဲ။

အစားအေသာက္ဆို႐ရင္လည္း ေကာင္းေကာင္းမစားျဖစ္ခ့ဲပါဘူး။ ၿပီးခ့ဲတ့ဲ အခ်ိန္ႏွစ္ႏွစ္ေလာက္မွာ အသင့္စား စားစရာေတြ၊ လမ္းေဘးစာေတြ စားတာမ်ားတ့ဲအတြက္ ကိုယ္အေလးခ်ိန္လည္း အရမ္းတက္လာခ့ဲပါတယ္။ ဟုတ္ပါတယ္။ အခ်ိန္မရွိဘူးဆိုတ့ဲ အေၾကာင္းျပခ်က္နဲ႔ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း မလုပ္ျဖစ္ခ့ဲတာလည္း ပါတာေပါ့။ သူငယ္ခ်င္းမိတ္ေဆြေတြလို႔ သတ္မွတ္ထားတ့ဲလူေတြၾကားထဲမွာ ကၽြန္ေတာ္တစ္ျဖည္းျဖည္းနဲ႔ ကြဲထြက္ၿပီး အထီးက်န္လာပါတယ္။ လူအမ်ားနဲ႔ မျဖစ္မေန ေတြ႕ဆုံေနရခ်ိန္မွာေတာင္မွ လက္ကိုင္ဖုန္းကို တၾကည့္ၾကည့္နဲ႔ ေစာေစာျပန္ဖို႔ ဖင္တၾကြၾကြျဖစ္ေနတတ္ပါတယ္။

ကၽြန္ေတာ္ဟာ အရင္နဲ႔လုံး၀မတူေတာပါဘူး။ ကၽြန္ေတာ့္ ဘာေၾကာင့္ဘယ္လိုျဖစ္သြားတာလဲဆိုတာကိုေတာ့ မေျပာျပေတာ့ပါဘူး။ ဒီျဖစ္ရပ္ဆိုးေတြကေန လြန္ေျမာက္ဖို႔အတြက္ ဘယ္သူမွသတိမထားမိခင္မွာ ကၽြန္ေတာ္ ကြယ္ေပ်ာက္သြားခ်င္မိခ့ဲတယ္။ မင္းလည္းပဲ ကၽြန္ေတာ္လို ဆိုရြားတ့ဲအေရးကိစၥေတြၾကံဳေတြ႕ေနရလို႔ စိတ္ညစ္ေနတယ္ဆိုရင္ အခုကၽြန္ေတာ္ေျပာတာေတြက သင္အတြက္တန္ဖိုးရွိခ်င္မွ ရွိပါလိမ့္မယ္။ ဒါေပမယ့္ လည္း သင့္အတြက္အက်ိဳးရွိမယ္လို႔လည္း ကၽြန္ေတာ္ေမွ်ာ္လင့္မိပါတယ္။ ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္ကိုယ္တိုင္ ပိုမိုေကာင္းမြန္တဲ့ လူတစ္ေယာက္ျဖစ္ေအာင္ ေျပာင္းလဲႏိုင္ခ့ဲတ့ဲ အေၾကာင္းအရာေတြျဖစ္ေနလို႔ပါပဲ။

အခုမွစတင္ဖို႔ႀကိဳးစားေနသူေတြကို ေျပာခ်င္တာက မင္းေခါင္းထဲက တစ္ခ်ိဳ႕အေတြးေတြက မင္းနဲ႔မဆိုင္ဘူးဆိုတာ သေဘာေပါက္ဖို႔လိုပါတယ္။ အ့ဲဒီအေတြးေတြကေတာ့ မင္းေခါင္းထဲမွာ ရွိေနဦးမွာပါ။ သူတို႔ေတြက မင္းကိုေျပာေနလိမ့္မယ္။ မင္းက ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ဘူး။ မင္းမွာ လံုေလာက္တဲံ အရည္အခ်င္းေတြ မရွိဘူး။ မင္းဟာ အ႐ႈံးသမားတစ္ေယာက္ပဲ။ မင္းကိုယ္မင္း ဘာထင္ေနသလဲ စသျဖင့္ေပါ့။ ကၽြန္ေတာ္ေျပာခ်င္တာတစ္ခုက ဒီအေတြးေတြ အားလုံးက မွားတယ္ဆိုတာပါပဲ။ ဒီအေတြးေတြအားလုံးက မင္းရဲ႔စိတ္ကို အဆိပ္သင့္ေစတ့ဲ အေတြးေတြပဲျဖစ္ပါတယ္။ မင္းက တကယ္ေတာ့ ေအာင္ျမင္ဖို႔ အခြင့္အေရးရွိပါတယ္။ ေပ်ာ္ရႊင္ႏိုင္မွာျဖစ္ပါတယ္။ ဒီလို အဆိပ္သင့္အေတြးေတြကို မွားမွန္းသိၿပီး ျငင္းပယ္ႏိုင္ဖို႔လိုပါတယ္။ ဒီအေတြးဆိုးေတြအားလုံးကို စြန္႔ပယ္ႏိုင္ၿပီဆိုတာနဲ႔ မင္းမွာ ေအာင္ျမင္ဖို႔ အခြင့္အလမ္းေတြ ပိုမ်ားလာ႐ုံသာမက ေနာက္ထပ္ေအာင္ျမင္မႈေတြ ဆြတ္ခူးႏိုင္ဖို႔ကိုလည္း အင္အားေတြရရွိလာမွာ ျဖစ္ပါတယ္။

မင္းဘယ္ေတာ့မွ လုံး၀ ႐ႈံးနိမ့္မသြားပါဘူး။ ႐ႈံးနိမ့္ေနဆဲဆို႐ုံပဲရွိပါတယ္။ ဘယ္လိုကြာျခားသလဲဆိုေတာ့ လုံး၀႐ႈံးနိမ့္မႈဆိုတာက အရာရာအားလုံး မူလအေျခအေနကိုေရာက္ရွိသြားတာကို ဆိုလိုတာျဖစ္ၿပီး ႐ႈံးနိမ့္ေနဆဲဆိုတာကေတာ့ ခဏတာနိမ့္က်မႈပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ဆုံးမႈေတြ ၾကံဳေတြ႕ေနရတာကို စိတ္ပ်က္မေနပါနဲ႔။ ေအာင္ျမင္ဖို႔ကိုခ်ည္းပဲ ေမွ်ာ္လင့္မေနပဲ က်ဆုံးမႈေတြရွိတတ္တာကို လက္ခံႏိုင္ဖို႔ ႀကိဳးစားပါ။ ဘယ္ကိစၥမဆို ဆုံး႐ႈံးမႈရွိႏိုင္တာကို ႀကိဳသိထားမယ္ဆိုရင္ ေအာင္ျမင္မႈ အနည္းငယ္ေလာက္ရတယ္ဆိုရင္ပဲ မင္းေပ်ာ္ရႊင္လာမွာျဖစ္သလို တကယ္ေအာင္ျမင္မႈဆီကိုလည္း ပိုမိုနီးကပ္လာမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆုံး႐ႈံးမႈေတြကို စိတ္ပ်က္ေၾကာက္လန္႔မေနပဲ ပညာယူႏိုင္ဖို႔က အေရးႀကီးပါတယ္။

ၿပီးေတာ့ အရာအားလံုးကို မင္းထိန္းခ်ဳပ္လို႔ မရႏိုင္ဘူးဆိုတာကို သေဘာေပါက္ဖို႔လိုတယ္။ မိုးေလ၀သ အေျခအေန၊ စေတာ့ေစ်းကြက္ေျပာင္းလဲမႈ၊ အထက္လူႀကီးေတြရဲ႕အဆံုးအျဖတ္ စတာေတြကို မင္း လိုက္ထိန္းခ်ဳပ္လို႔ မရႏိုင္ဘူးေလ။ တနည္းနည္းနဲ႔ လႊမ္းမိုးႏိုင္စြမ္းရွိေနႏိုင္ေပမယ့္ အၿပီးအပိုင္ထိန္းခ်ဳပ္လို႔ မရဘူး ဆိုတာကိုေတာ့ မင္းသိထားရလိမ့္မယ္။ ဒီေတာ့ ထိန္းခ်ဳပ္လို႔မရတာေတြကို ေမ့ထားၿပီး လံုး၀တာ၀န္ယူ ကိုင္တြယ္လို႔ရတာေတြေပၚမွာပဲ အာ႐ုံစိုက္ပါ။ ဒါကအရမ္း႐ုိးရွင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မင္းကိုယ္တိုင္နဲ႔ မင္းပတ္၀န္းက်င္ကလူေတြ အေျခအေနေတြကို ဘယ္လိုတုံ႔ျပန္မယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အားလံုးကို ထိန္းခ်ဳပ္လို႔ရႏိုင္တာ တစ္ခုခုေတာ့ရွိေနမွာပါ။

ေနာက္တစ္ခုေျပာခ်င္တာက မင္းမွာအျမဲတမ္း ေရြးခ်ယ္စရာတစ္ခုခုရွိေနတယ္ဆိုတာပဲ။ အျမဲတမ္းလို႔ ေျပာၿပီးသား။ ဘယ္ေလာက္ဆိုးရြားတဲ့အေျခအေနေတြ ႀကံဳေတြ႕ေနရပါေစ၊ မင္းရဲ႕အခ်ိန္နဲ႔ အားထုတ္မႈေတြ အတြက္ ထိုက္တန္တဲ့ ေရြးခ်ယ္မႈတစ္ခုေတာ့ ရွိေနတတ္ပါတယ္။ ေနာက္ဆံုးၾကံရာမရရင္ေတာင္ အစကေန ျပန္အားထုတ္လို႔ရတယ္။ ဒါကို မင္းနားလည္လာမယ္ဆိုရင္ မင္းရဲ႕ဆံုး႐ႈံးမႈေတြအတြက္ နာက်င္ခံစားေနရတာ ေတြက အလကားအဓိပၸါယ္မရွိတာေတြျဖစ္တယ္ဆိုတာကိုလည္း သိလာပါလိမ့္မယ္။

မင္းရဲ႕အမူအက်င့္ေတြကလည္း မင္းအခုေရာက္ေနတဲ့ေနရာကို ေရာက္လာေစတဲ့အရာေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အသံုးမ၀င္တဲ့ အမူအက်င့္ေတြကို ျပင္ဆင္ဖို႔ကလည္း အေရးႀကီးပါတယ္။ ေနျမဲအတိုင္းေနမယ္၊ စားျမဲအတိုင္းစားမယ္၊ သံုးျမဲအတိုင္းသံုးေနၿပီးေတာ့ ထူးထူးျခားျခားေျပာင္းလဲမႈေတြကို ျဖစ္လာဖို႔ေမွ်ာ္လင့္ေန တယ္ ဆိုရင္ေတာ့ မင္းက အလကားပဲလို႔ ေျပာခ်င္တယ္။ ဒါ့ေၾကာင့္ ရလဒ္ေကာင္းေတြရခ်င္ရင္ အမူအက်င့္ေကာင္းေတြရွိဖို႔လိုတယ္ဆိုတာကို သတိခ်ပ္ပါ။

လက္ေတြ႔ဆန္ဆန္ေျပာခ်င္တာ တစ္ခုရွိပါေသးတယ္။ စီးပြားေရးလုပ္ငန္းတစ္ခုထူေထာင္လုပ္ကိုင္တယ္ဆိုတာ တစ္ဘ၀လံုး သြားရတဲ့ခရီးရွည္ႀကီးတစ္ခုနဲ႔ တူပါတယ္။ ကၽြန္ေတာ္တို႔လို တည္ေထာင္သူေတြမွာ ကိုယ္ကိုယ္တိုင္နဲ႔ ပတ္၀န္းက်င္ကလူေတြအတြက္ အလုပ္နဲ႔ပတ္သက္ၿပီး ျမင့္မားတဲ့စံခ်ိန္စံညႊန္းေတြ ရွိတတ္ၾကပါတယ္။ ဒီလို စံခ်ိန္စံညႊန္းေတြေၾကာင့္ ပတ္၀န္းက်င္က လူေတြနဲ႔ တျဖည္းျဖည္း ေ၀းကြာ သြားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အရမ္းျမင့္မားတဲ့ မထားပဲ တစ္ေန႔ထက္တစ္ေန႔ (၁)ရာခိုင္ႏႈန္းေလာက္ ပိုၿပီး တိုးတက္လာေအာင္ ႀကိဳးစား အားထုတ္မယ္ဆိုရင္ေတာင္မွ တစ္ႏွစ္ေနရင္ မင္းလိုခ်င္တဲ့ တိုးတက္မႈရဲ႕ ၃၇ ဆ ေလာက္ ျမင့္မားလာႏိုင္ပါတယ္။

ေနာက္ဆံုးတစ္ခုပါ။ ဆံုး႐ႈံးမႈေတြ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာဟာ မင္းတစ္ေယာက္တည္း မဟုတ္ပါဘူး။ အားလံုးက ႐ုန္းကန္ေနၾကရပါတယ္။ လူတိုင္းမွာ ကိုယ့္အပူနဲ႔ကိုယ္ရွိတတ္ၾကပါတယ္။ ကြဲျပားခ်က္က ဘာလဲဆိုေတာ့ တစ္ခ်ဳိ႕ေတြက ဘာမွမျဖစ္သလိုဟန္ေဆာင္ေကာင္းၾကတာပါပဲ။ မင္းျမင္တတ္မယ္ဆိုရင္ ဒါမွမဟုတ္ ေအးေအးေဆးေဆးစကားေျပာျဖစ္မယ္ဆိုရင္ သူတို႔မွာလည္း ဒုကၡရွိတယ္ဆိုတာကို သိလာပါ လိမ့္မယ္။ လူတိုင္းလူတိုင္းဟာ အဆင္ေျပမယ္ထင္တာေတြကို လုပ္ေနၾကတာျဖစ္ၿပီး သူတို႔မွာလည္း ၿပီးျပည့္စုံမႈ ဆိုတာမရွိပါဘူး။ ဒါ့ေၾကာင့္ မင္းအေနနဲ႔လည္း မင္းရဲ႕မျပည့္စုံမႈေတြ လုိအပ္ခ်က္ေတြအတြက္ စိတ္ဓာတ္က် မေနပဲ ႐ုန္းကန္လႈပ္ရွားၿပီး ထူးျခားေအာင္ျမင္မႈေတြကို ရယူႏိုင္ဖို႔ လုိအပ္ပါတယ္။

အခုကၽြန္ေတာ္ေျပာခဲ့တာေတြက မင္းအတြက္ အဓိပၸါယ္တစ္ခုခုရွိခ်င္မွ ရွိပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခုခုကိုေတာ့ မင္းခံစားသိရွိမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ စီးပြားေရးလုပ္ငန္းလုပ္တယ္ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ အစပိုင္းမွာ အရမ္းသတိထားရၿပီး ထိခိုက္နာက်င္စရာေတြခ်ည္းပါပဲ။ ဒါေပမယ့္ ေလာမႀကီးပါနဲ႔။ တစ္ေန႔ကို နည္းနည္းစီပဲ ၿပီးေျမာက္ေအာင္ျမင္ေအာင္လုပ္ပါ။ တစ္ျဖည္းျဖည္းနဲ႔ မင္းဟာ ပိုၿပီး သန္မာလာမယ္၊ ပညာရွိလာမယ္ဆိုတာ ေသခ်ာပါတယ္။ တစ္ခါတစ္ရံမွာ အမွန္တကယ္ရင္မဆိုင္ရေသးတဲ့ အခက္အခဲေတြ က်႐ႈံးမႈေတြကို ေတြးေၾကာက္ေနရတာက တကယ္ရင္ဆိုင္ရတာထက္ ပိုဆိုးပါတယ္။ ဒါ့ေၾကာင့္ မင္းရင္ထဲက စိုးရိမ္ထိတ္လန္႔မႈေတြ အေၾကာက္တရားေတြကို လက္ေတြ႕ရင္ဆိုင္ေျဖရွင္းလိုက္ပါ။ ထင္ထားသေလာက္ႀကီး မဆိုးဘူးဆိုတာ သေဘာေပါက္လာပါလိမ့္မယ္။

ဒီစာကိုဖတ္ၿပီး မင္းရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္မယ္ဆိုရင္ ေက်နပ္ပါၿပီ။

*** နည္းပညာကုမၸဏီ၊ အျခားကုမၸဏီ(၅)ခုကို ပူးတြဲတည္ေထာင္သူလည္းျဖစ္၊ စီးပြားေရးလုပ္ငန္း ၂၅ ခုတြင္ အဓိက ရင္းႏွီးျမဳပ္ႏံွသူတစ္ဦးလည္းျဖစ္သည့္ Armando Biondi ၏ စြန္႔ဦးလူငယ္လုပ္ငန္းရွင္မ်ားအတြက္ အိတ္ဖြင့္ေပးစာျဖစ္သည္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်ပေးစာ

ကျွန်တော် ရေချိုးကန်ထဲမှာ ထိုင်နေခဲ့တယ်။ ရေပန်းကနေထွက်လာတဲ့ ရေနွေးတွေနဲ့ ကျွန်တော်ရဲ့မျက်ရည်တွေ ရောနှောသွားတယ်။ ကျွန်တော်ဟာ စီးပွားရေးသမားတစ်ယောက်အနေနဲ့ရော၊ လူတစ်ယောက်အနေနဲ့ပါ ရှုံးနိမ့်သူတစ်ဦးဖြစ်နေခဲ့ပြီလို့ ကိုယ့်ကိုယ်ကို ပြောနေမိတယ်။ ဘယ်အရာမှ အဆင်ပြေတာအရှိခဲ့သလို အားလုံးကလည်း ကျွန်တော့် အမှားတွေချည်းပါပဲ။ နေ့တိုင်း ကျွန်တော် မနက် ၆ နာရီလောက်စပြီး ည ၂ နာရီလောက်အထိ တစ်ချိန်လုံး ကျွန်တော်ရဲ့လုပ်ငန်းလည်ပတ်နေစေဖို့ အိပ်ပျက်ခံပြီးကြိုးစားခဲ့ပေမယ့် အားလုံးဟာ အဓိပ္ပါယ်မရှိခဲ့သလိုပါပဲ။

အစားအသောက်ဆိုရရင်လည်း ကောင်းကောင်းမစားဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ အချိန်နှစ်နှစ်လောက်မှာ အသင့်စား စားစရာတွေ၊ လမ်းဘေးစာတွေ စားတာများတဲ့အတွက် ကိုယ်အလေးချိန်လည်း အရမ်းတက်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အချိန်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်ဖြစ်ခဲ့တာလည်း ပါတာပေါ့။ သူငယ်ချင်းမိတ်ဆွေတွေလို့ သတ်မှတ်ထားတဲ့လူတွေကြားထဲမှာ ကျွန်တော်တစ်ဖြည်းဖြည်းနဲ့ ကွဲထွက်ပြီး အထီးကျန်လာပါတယ်။ လူအများနဲ့ မဖြစ်မနေ တွေ့ဆုံနေရချိန်မှာတောင်မှ လက်ကိုင်ဖုန်းကို တကြည့်ကြည့်နဲ့ စောစောပြန်ဖို့ ဖင်တကြွကြွဖြစ်နေတတ်ပါတယ်။

ကျွန်တော်ဟာ အရင်နဲ့လုံးဝမတူတောပါဘူး။ ကျွန်တော့် ဘာကြောင့်ဘယ်လိုဖြစ်သွားတာလဲဆိုတာကိုတော့ မပြောပြတော့ပါဘူး။ ဒီဖြစ်ရပ်ဆိုးတွေကနေ လွန်မြောက်ဖို့အတွက် ဘယ်သူမှသတိမထားမိခင်မှာ ကျွန်တော် ကွယ်ပျောက်သွားချင်မိခဲ့တယ်။ မင်းလည်းပဲ ကျွန်တော်လို ဆိုရွားတဲ့အရေးကိစ္စတွေကြုံတွေ့နေရလို့ စိတ်ညစ်နေတယ်ဆိုရင် အခုကျွန်တော်ပြောတာတွေက သင်အတွက်တန်ဖိုးရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် လည်း သင့်အတွက်အကျိုးရှိမယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်ကိုယ်တိုင် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်နေလို့ပါပဲ။

အခုမှစတင်ဖို့ကြိုးစားနေသူတွေကို ပြောချင်တာက မင်းခေါင်းထဲက တစ်ချို့အတွေးတွေက မင်းနဲ့မဆိုင်ဘူးဆိုတာ သဘောပေါက်ဖို့လိုပါတယ်။ အဲ့ဒီအတွေးတွေကတော့ မင်းခေါင်းထဲမှာ ရှိနေဦးမှာပါ။ သူတို့တွေက မင်းကိုပြောနေလိမ့်မယ်။ မင်းက အောင်မြင်ဖို့ မဖြစ်နိုင်ဘူး။ မင်းမှာ လုံလောက်တဲံ အရည်အချင်းတွေ မရှိဘူး။ မင်းဟာ အရှုံးသမားတစ်ယောက်ပဲ။ မင်းကိုယ်မင်း ဘာထင်နေသလဲ စသဖြင့်ပေါ့။ ကျွန်တော်ပြောချင်တာတစ်ခုက ဒီအတွေးတွေ အားလုံးက မှားတယ်ဆိုတာပါပဲ။ ဒီအတွေးတွေအားလုံးက မင်းရဲ့စိတ်ကို အဆိပ်သင့်စေတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ မင်းက တကယ်တော့ အောင်မြင်ဖို့ အခွင့်အရေးရှိပါတယ်။ ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ ဒီလို အဆိပ်သင့်အတွေးတွေကို မှားမှန်းသိပြီး ငြင်းပယ်နိုင်ဖို့လိုပါတယ်။ ဒီအတွေးဆိုးတွေအားလုံးကို စွန့်ပယ်နိုင်ပြီဆိုတာနဲ့ မင်းမှာ အောင်မြင်ဖို့ အခွင့်အလမ်းတွေ ပိုများလာရုံသာမက နောက်ထပ်အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ကိုလည်း အင်အားတွေရရှိလာမှာ ဖြစ်ပါတယ်။

Thorn Htet မင်းဘယ်တော့မှ လုံးဝ ရှုံးနိမ့်မသွားပါဘူး။ ရှုံးနိမ့်နေဆဲဆိုရုံပဲရှိပါတယ်။ ဘယ်လိုကွာခြားသလဲဆိုတော့ လုံးဝရှုံးနိမ့်မှုဆိုတာက အရာရာအားလုံး မူလအခြေအနေကိုရောက်ရှိသွားတာကို ဆိုလိုတာဖြစ်ပြီး ရှုံးနိမ့်နေဆဲဆိုတာကတော့ ခဏတာနိမ့်ကျမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျဆုံးမှုတွေ ကြံုတွေ့နေရတာကို စိတ်ပျက်မနေပါနဲ့။ အောင်မြင်ဖို့ကိုချည်းပဲ မျှော်လင့်မနေပဲ ကျဆုံးမှုတွေရှိတတ်တာကို လက်ခံနိုင်ဖို့ ကြိုးစားပါ။ ဘယ်ကိစ္စမဆို ဆုံးရှုံးမှုရှိနိုင်တာကို ကြိုသိထားမယ်ဆိုရင် အောင်မြင်မှု အနည်းငယ်လောက်ရတယ်ဆိုရင်ပဲ မင်းပျော်ရွှင်လာမှာဖြစ်သလို တကယ်အောင်မြင်မှုဆီကိုလည်း ပိုမိုနီးကပ်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုတွေကို စိတ်ပျက်ကြောက်လန့်မနေပဲ ပညာယူနိုင်ဖို့က အရေးကြီးပါတယ်။

ပြီးတော့ အရာအားလုံးကို မင်းထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာကို သဘောပေါက်ဖို့လိုတယ်။ မိုးလေဝသ အခြေအနေ၊ စတော့စျေးကွက်ပြောင်းလဲမှု၊ အထက်လူကြီးတွေရဲ့အဆုံးအဖြတ် စတာတွေကို မင်း လိုက်ထိန်းချုပ်လို့ မရနိုင်ဘူးလေ။ တနည်းနည်းနဲ့ လွှမ်းမိုးနိုင်စွမ်းရှိနေနိုင်ပေမယ့် အပြီးအပိုင်ထိန်းချုပ်လို့ မရဘူး ဆိုတာကိုတော့ မင်းသိထားရလိမ့်မယ်။ ဒီတော့ ထိန်းချုပ်လို့မရတာတွေကို မေ့ထားပြီး လုံးဝတာဝန်ယူ ကိုင်တွယ်လို့ရတာတွေပေါ်မှာပဲ အာရုံစိုက်ပါ။ ဒါကအရမ်းရိုးရှင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းကိုယ်တိုင်နဲ့ မင်းပတ်ဝန်းကျင်ကလူတွေ အခြေအနေတွေကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အားလုံးကို ထိန်းချုပ်လို့ရနိုင်တာ တစ်ခုခုတော့ရှိနေမှာပါ။

နောက်တစ်ခုပြောချင်တာက မင်းမှာအမြဲတမ်း ရွေးချယ်စရာတစ်ခုခုရှိနေတယ်ဆိုတာပဲ။ အမြဲတမ်းလို့ ပြောပြီးသား။ ဘယ်လောက်ဆိုးရွားတဲ့အခြေအနေတွေ ကြံုတွေ့နေရပါစေ၊ မင်းရဲ့အချိန်နဲ့ အားထုတ်မှုတွေ အတွက် ထိုက်တန်တဲ့ ရွေးချယ်မှုတစ်ခုတော့ ရှိနေတတ်ပါတယ်။ နောက်ဆုံးကြံရာမရရင်တောင် အစကနေ ပြန်အားထုတ်လို့ရတယ်။ ဒါကို မင်းနားလည်လာမယ်ဆိုရင် မင်းရဲ့ဆုံးရှုံးမှုတွေအတွက် နာကျင်ခံစားနေရတာ တွေက အလကားအဓိပ္ပါယ်မရှိတာတွေဖြစ်တယ်ဆိုတာကိုလည်း သိလာပါလိမ့်မယ်။

မင်းရဲ့အမူအကျင့်တွေကလည်း မင်းအခုရောက်နေတဲ့နေရာကို ရောက်လာစေတဲ့အရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးမဝင်တဲ့ အမူအကျင့်တွေကို ပြင်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။ နေမြဲအတိုင်းနေမယ်၊ စားမြဲအတိုင်းစားမယ်၊ သုံးမြဲအတိုင်းသုံးနေပြီးတော့ ထူးထူးခြားခြားပြောင်းလဲမှုတွေကို ဖြစ်လာဖို့မျှော်လင့်နေ တယ် ဆိုရင်တော့ မင်းက အလကားပဲလို့ ပြောချင်တယ်။ ဒါ့ကြောင့် ရလဒ်ကောင်းတွေရချင်ရင် အမူအကျင့်ကောင်းတွေရှိဖို့လိုတယ်ဆိုတာကို သတိချပ်ပါ။

လက်တွေ့ဆန်ဆန်ပြောချင်တာ တစ်ခုရှိပါသေးတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်လုပ်ကိုင်တယ်ဆိုတာ တစ်ဘဝလုံး သွားရတဲ့ခရီးရှည်ကြီးတစ်ခုနဲ့ တူပါတယ်။ ကျွန်တော်တို့လို တည်ထောင်သူတွေမှာ ကိုယ်ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကလူတွေအတွက် အလုပ်နဲ့ပတ်သက်ပြီး မြင့်မားတဲ့စံချိန်စံညွှန်းတွေ ရှိတတ်ကြပါတယ်။ ဒီလို စံချိန်စံညွှန်းတွေကြောင့် ပတ်ဝန်းကျင်က လူတွေနဲ့ တဖြည်းဖြည်း ဝေးကွာ သွားတတ်ကြပါတယ်။ ဒါ့ကြောင့် အရမ်းမြင့်မားတဲ့ မထားပဲ တစ်နေ့ထက်တစ်နေ့ (၁)ရာခိုင်နှုန်းလောက် ပိုပြီး တိုးတက်လာအောင် ကြိုးစား အားထုတ်မယ်ဆိုရင်တောင်မှ တစ်နှစ်နေရင် မင်းလိုချင်တဲ့ တိုးတက်မှုရဲ့ ၃၇ ဆ လောက် မြင့်မားလာနိုင်ပါတယ်။

နောက်ဆုံးတစ်ခုပါ။ ဆုံးရှုံးမှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဟာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ အားလုံးက ရုန်းကန်နေကြရပါတယ်။ လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်ရှိတတ်ကြပါတယ်။ ကွဲပြားချက်က ဘာလဲဆိုတော့ တစ်ချို့တွေက ဘာမှမဖြစ်သလိုဟန်ဆောင်ကောင်းကြတာပါပဲ။ မင်းမြင်တတ်မယ်ဆိုရင် ဒါမှမဟုတ် အေးအေးဆေးဆေးစကားပြောဖြစ်မယ်ဆိုရင် သူတို့မှာလည်း ဒုက္ခရှိတယ်ဆိုတာကို သိလာပါ လိမ့်မယ်။ လူတိုင်းလူတိုင်းဟာ အဆင်ပြေမယ်ထင်တာတွေကို လုပ်နေကြတာဖြစ်ပြီး သူတို့မှာလည်း ပြီးပြည့်စုံမှု ဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မင်းအနေနဲ့လည်း မင်းရဲ့မပြည့်စုံမှုတွေ လိုအပ်ချက်တွေအတွက် စိတ်ဓာတ်ကျ မနေပဲ ရုန်းကန်လှုပ်ရှားပြီး ထူးခြားအောင်မြင်မှုတွေကို ရယူနိုင်ဖို့ လိုအပ်ပါတယ်။

အခုကျွန်တော်ပြောခဲ့တာတွေက မင်းအတွက် အဓိပ္ပါယ်တစ်ခုခုရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခုကိုတော့ မင်းခံစားသိရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အစပိုင်းမှာ အရမ်းသတိထားရပြီး ထိခိုက်နာကျင်စရာတွေချည်းပါပဲ။ ဒါပေမယ့် လောမကြီးပါနဲ့။ တစ်နေ့ကို နည်းနည်းစီပဲ ပြီးမြောက်အောင်မြင်အောင်လုပ်ပါ။ တစ်ဖြည်းဖြည်းနဲ့ မင်းဟာ ပိုပြီး သန်မာလာမယ်၊ ပညာရှိလာမယ်ဆိုတာ သေချာပါတယ်။ တစ်ခါတစ်ရံမှာ အမှန်တကယ်ရင်မဆိုင်ရသေးတဲ့ အခက်အခဲတွေ ကျရှုံးမှုတွေကို တွေးကြောက်နေရတာက တကယ်ရင်ဆိုင်ရတာထက် ပိုဆိုးပါတယ်။ ဒါ့ကြောင့် မင်းရင်ထဲက စိုးရိမ်ထိတ်လန့်မှုတွေ အကြောက်တရားတွေကို လက်တွေ့ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ထင်ထားသလောက်ကြီး မဆိုးဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

ဒီစာကိုဖတ်ပြီး မင်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ။

*** နည်းပညာကုမ္ပဏီ၊ အခြားကုမ္ပဏီ(၅)ခုကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ စီးပွားရေးလုပ်ငန်း ၂၅ ခုတွင် အဓိက ရင်းနှီးမြုပ်နှံသူတစ်ဦးလည်းဖြစ်သည့် Armando Biondi ၏ စွန့်ဦးလူငယ်လုပ်ငန်းရှင်များအတွက် အိတ်ဖွင့်ပေးစာဖြစ်သည်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%