ကြၽန္ေတာ္တို႔ ဘိုးေဘးဘီဘင္ေတြဟာ ကြၽန္ေတာ္တို႔လို မအိပ္ၾကပါဘူး

အခုလက္႐ွိ လူသားေတြအိပ္တဲ့ပံုစံဟာ သိပၸံနည္းက်ေရာ၊ သမိုင္းအရေရာပါ ကြၽန္ေတာ္တို႔အေပၚ မေကာင္းပါဘူး။ ဗာဂ်ီးနီးယားက သမိုင္းပညာ႐ွင္တစ္ေယာက္ ၁၅ ႏွစ္ၾကာ ေလ့လာခဲ့မႈက လူသားေတြဟာ အမွန္တကယ္ေတာ့ ညဘက္မွာ အိပ္ခ်ိန္ႏွစ္ပိုင္းခြဲ အိပ္တတ္ေၾကာင္း ေတြ႕႐ွိခဲ့ရပါတယ္။

လူသားေတြဟာ အရင္က အခုလို ၈ နာရီဆက္တိုက္ အိပ္စက္ၾကတာမဟုတ္ပဲ တစ္ညလံုးကို ၂ ပိုင္းခြဲၿပီး အိပ္စက္ခဲ့ၾကပါတယ္။ ညေမွာင္ကတည္းက ၄ နာရီေလာက္အိပ္ ၿပီးရင္ သံုးနာရီေလာက္ ႏိုးေနၿပီး ၿပီးမွ မိုးလင္းတဲ့အထိ ျပန္အိပ္ၾကတာပါ။ အဲဒိအေလ့အက်င့္ဟာ ညဘက္မွာမီးထြန္းတဲ့ ဓေလ့စတင္ေပၚလာတဲ့ ၁၇ ရာစုကစၿပီး ေပ်ာက္ကြယ္လာၿပီး ၁၉၂၀ ေလာက္မွာ လံုးလံုး ပ်က္သုဥ္းသြားပါတယ္။

အဲဒိလို ႏွစ္ပိုင္းခြဲအိပ္တတ္တာဟာ လူ႔ခႏၶာကိုယ္ရဲ႕ သဘာဝပါ။ စမ္းသပ္မႈတစ္ခုမွာ လူတစ္စုကို ညမိုးခ်ဳပ္ခ်ိန္ကစၿပီး လံုးဝ အေမွာင္ခန္းထဲ ပို႔ထားပါတယ္။ တစ္လေလာက္ၾကာတဲ့အခါမွာ သူတို႔ဟာ ညဦးပိုင္းမွာ ေလးနာရီေလာက္ အိပ္တယ္.. ၿပီးရင္ နာရီအနည္းငယ္ ျပန္ႏိုးလာၿပီး ေနာက္မွ မနက္မိုးလင္းထိ ျပန္အိပ္ေပ်ာ္ၾကပါတယ္။

အခုေခတ္မွာ မိဘေတြက ကေလးေတြကို တစ္ညလံုး အိပ္ခိုင္းတတ္ၾကတာဟာ အရင္ကလို ႏွစ္ပိုင္းခြဲအိပ္စက္မႈသဘာဝအေပၚမွာ လႊမ္းမုိးသြားပါတယ္။ကြၽန္ေတာ္တို႔ အခုေခတ္ ည အိပ္စက္မႈနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါ ေတာ္ေတာ္မ်ားမ်ားဟာ အဲဒိအဘာဝေၾကာင့္ ျဖစ္တာပါ။ ညပိုင္း အိပ္ေပ်ာ္ေနရာကေန ျပန္ႏိုးလာၿပီး ျပန္အိပ္မရေတာ့တာဟာ အဲဒိသဘာဝပါ။ ႏွစ္ပိုင္းခြဲ အိပ္စက္မႈ ေပ်ာက္ဆံုးသြားတဲ့ ၁၉ ရာစုေလာက္မွာ အဲဒိေရာဂါ စတင္ျဖစ္ေပၚလာပါတယ္။

” လူေတာ္ေတာ္မ်ားမ်ားဟာ ညဘက္မွာ ႏိုးလာၿပီး ျပန္အိပ္မရမွာကို ေၾကာက္တတ္ၾကပါတယ္။ အဲဒါဟာ လူ႔ခႏၶာကိုယ္က ႏွစ္ပိုင္းခြဲအိပ္စက္မႈသဘာဝကို ျပန္သြားဖို႔ ႀကိဳးစားေနတာပါ။ ဒါေပမယ့္ ဆရာဝန္ေတာ္ေတာ္မ်ားမ်ားက ညပိုင္း ၈ နာရီ ဆက္တိုက္ အိပ္စက္ျခင္းဟာ သဘာဝမဟုတ္ဖူးဆိုတာကို လက္မခံႏိုင္ၾကေသးပါဘူး။ ကြၽန္ေတာ္တို႔ ၾကံဳေတြ႕ရတဲ့ ေရာဂါေတြရဲ႕ ၃၀ ရာႏႈန္းဟာ အိပ္စက္ျခင္းနဲ႔ သက္ဆိုင္ပါတယ္။ ဒါေပမယ့္ ေဆးေက်ာင္းမွာ အိပ္စက္ျခင္းအေၾကာင္း ေကာင္းေကာင္း မသင္ၾကပါဘူး။ အိပ္ျခင္းကို ေလ့လာတဲ့ စင္တာေတြကလဲ နည္းနည္းေလးရယ္ပါ ” လို႔ အဲဒိ သမိုင္းပညာ႐ွင္က ေျပာပါတယ္။

ဟိုးအရင္ကလူေတြက အဲဒိ ညဘက္ႏိုးေနတဲ့အခ်ိန္မွာ တရားထိုင္တာ၊ ဆုေတာင္းတာ၊ စာဖတ္တာနဲ႔ စိတ္ဝိဉာဥ္ဆိုင္ရာ ေလ့က်င့္ခန္းေတြ လုပ္ၾကပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေဟာ ကျွန်တော်တို့လို မအိပ်ကြပါဘူး

အခုလက်ရှိ လူသားတွေအိပ်တဲ့ပုံစံဟာ သိပ္ပံနည်းကျရော၊ သမိုင်းအရရောပါ ကျွန်တော်တို့အပေါ် မကောင်းပါဘူး။ ဗာဂျီးနီးယားက သမိုင်းပညာရှင်တစ်ယောက် ၁၅ နှစ်ကြာ လေ့လာခဲ့မှုက လူသားတွေဟာ အမှန်တကယ်တော့ ညဘက်မှာ အိပ်ချိန်နှစ်ပိုင်းခွဲ အိပ်တတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

လူသားတွေဟာ အရင်က အခုလို ၈ နာရီဆက်တိုက် အိပ်စက်ကြတာမဟုတ်ပဲ တစ်ညလုံးကို ၂ ပိုင်းခွဲပြီး အိပ်စက်ခဲ့ကြပါတယ်။ ညမှောင်ကတည်းက ၄ နာရီလောက်အိပ် ပြီးရင် သုံးနာရီလောက် နိုးနေပြီး ပြီးမှ မိုးလင်းတဲ့အထိ ပြန်အိပ်ကြတာပါ။ အဲဒိအလေ့အကျင့်ဟာ ညဘက်မှာမီးထွန်းတဲ့ ဓလေ့စတင်ပေါ်လာတဲ့ ၁၇ ရာစုကစပြီး ပျောက်ကွယ်လာပြီး ၁၉၂၀ လောက်မှာ လုံးလုံး ပျက်သုဉ်းသွားပါတယ်။

အဲဒိလို နှစ်ပိုင်းခွဲအိပ်တတ်တာဟာ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝပါ။ စမ်းသပ်မှုတစ်ခုမှာ လူတစ်စုကို ညမိုးချုပ်ချိန်ကစပြီး လုံးဝ အမှောင်ခန်းထဲ ပို့ထားပါတယ်။ တစ်လလောက်ကြာတဲ့အခါမှာ သူတို့ဟာ ညဦးပိုင်းမှာ လေးနာရီလောက် အိပ်တယ်.. ပြီးရင် နာရီအနည်းငယ် ပြန်နိုးလာပြီး နောက်မှ မနက်မိုးလင်းထိ ပြန်အိပ်ပျော်ကြပါတယ်။

အခုခေတ်မှာ မိဘတွေက ကလေးတွေကို တစ်ညလုံး အိပ်ခိုင်းတတ်ကြတာဟာ အရင်ကလို နှစ်ပိုင်းခွဲအိပ်စက်မှုသဘာဝအပေါ်မှာ လွှမ်းမိုးသွားပါတယ်။ကျွန်တော်တို့ အခုခေတ် ည အိပ်စက်မှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ တော်တော်များများဟာ အဲဒိအဘာဝကြောင့် ဖြစ်တာပါ။ ညပိုင်း အိပ်ပျော်နေရာကနေ ပြန်နိုးလာပြီး ပြန်အိပ်မရတော့တာဟာ အဲဒိသဘာဝပါ။ နှစ်ပိုင်းခွဲ အိပ်စက်မှု ပျောက်ဆုံးသွားတဲ့ ၁၉ ရာစုလောက်မှာ အဲဒိရောဂါ စတင်ဖြစ်ပေါ်လာပါတယ်။

” လူတော်တော်များများဟာ ညဘက်မှာ နိုးလာပြီး ပြန်အိပ်မရမှာကို ကြောက်တတ်ကြပါတယ်။ အဲဒါဟာ လူ့ခန္ဓာကိုယ်က နှစ်ပိုင်းခွဲအိပ်စက်မှုသဘာဝကို ပြန်သွားဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် ဆရာဝန်တော်တော်များများက ညပိုင်း ၈ နာရီ ဆက်တိုက် အိပ်စက်ခြင်းဟာ သဘာဝမဟုတ်ဖူးဆိုတာကို လက်မခံနိုင်ကြသေးပါဘူး။ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ ရောဂါတွေရဲ့ ၃၀ ရာနှုန်းဟာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် ဆေးကျောင်းမှာ အိပ်စက်ခြင်းအကြောင်း ကောင်းကောင်း မသင်ကြပါဘူး။ အိပ်ခြင်းကို လေ့လာတဲ့ စင်တာတွေကလဲ နည်းနည်းလေးရယ်ပါ ” လို့ အဲဒိ သမိုင်းပညာရှင်က ပြောပါတယ်။

ဟိုးအရင်ကလူတွေက အဲဒိ ညဘက်နိုးနေတဲ့အချိန်မှာ တရားထိုင်တာ၊ ဆုတောင်းတာ၊ စာဖတ်တာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%