က်န္းမာေရးျပႆနာမ်ားကို ႀကိဳတင္သိရွိႏိုင္ေစမည့္ နိမိတ္လကၡဏာမ်ား

သင့္အနာဂတ္က်န္းမာေရးအေျခအေနကို ႀကိဳသိဖို႔ အနာဂတ္ၾကည့္ဖန္လံုးေတြ ဘာေတြ မလိုအပ္ပါဘူး။ သင္ သတိထားမိခ်င္မွ ထားမိပါလိမ့္မယ့္။ က်န္းမာေရးျပႆနာေတြနဲ႔ ေရာဂါေတာ္ေတာ္မ်ားမ်ားဟာ ျပႆနာလို႔ သင္ထင္မထားတဲ့ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကေန အစျပဳလာၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဲ့ဒိေျပာင္းလဲမႈ နိမိတ္လကၡဏာေတြကို သင္သိရွိထားမယ္ဆိုရင္ သင့္ရဲ႕က်န္းမာေရးအေျခအေနကို ႀကိဳတင္ ခန္႔မွန္းလို႔ရပါၿပီ။ အခုေအာက္မွာေဖာ္ျပထားတာေတြကေတာ့ က်န္းမာေရးျပႆနာေတြႀကံဳေတြ႕ရေတာ့မယ္ ဆိုတာကို အခ်က္ျပေပးေနတဲ့ ခႏၶာကိုယ္ရဲ႕ နိမိတ္လကၡဏာ (၇)ခုပဲျဖစ္ပါတယ္။

၁။ သင့္ရဲ႕အနံ႔ခံအာ႐ုံကို စစ္ေဆးပါ။

အယ္ဇိုင္းမား သတိေမ့ေရာဂါအတြက္ ျဖစ္ပါတယ္။

သုေတသနရလဒ္ေတြအရ အနံ႔ခံအာ႐ုံခ်ိဳ႕ယြင္းၿပီး အနံ႔ေတြမရေတာ့တာဟာ အယ္ဇိုင္းမားေရာဂါရဲ႕ အေစာဆံုးျပတတ္တဲ့ ေရာဂါလကၡဏာျဖစ္တယ္လို႔ ဆိုပါတယ္။ အယ္ဇိုင္းမားေရာဂါေၾကာင့္ ခႏၶာကိုယ္အတြင္း မွာ ထြက္ေပၚလာတဲ့ ပ႐ုိတိန္းဓာတ္တစ္မ်ိဳးက အာ႐ုံေၾကာေတြကို ထိခိုက္ေစတာေၾကာင့္ ျဖစ္ပါတယ္။ ပံုမွန္ဆိုရင္ အနံ႔ခံအာ႐ုံခ်ိဳ႕ယြင္းလာမႈဟာ အသက္(၇၀)ေနာက္ပိုင္းမွာ ျဖစ္တတ္ၾကတာပါ။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ငယ္ငယ္ရြယ္ရြယ္နဲ႔ အနံ႔ခံအာ႐ုံမေကာင္းေတာ့ဘူးဆိုရင္ ဆရာ၀န္နဲ႔ျပၾကည့္သင့္ပါတယ္။

၂။ သင့္ရဲ႕လက္သည္းေတြကို စစ္ေဆးပါ။

အင္ပ်ဥ္ထျခင္းအတြက္ျဖစ္ပါတယ္။

က်န္းမာေကာင္းမြန္တဲ႔ လက္သည္းေတြဟာ ေခ်ာေမြ႕ၿပီး အစက္အေပ်ာက္ေတြမရွိပါဘူး။ သင့္လက္သည္းေအာက္မွာ အနီကြက္ အနီစက္ေလးေတြေတြ႕ေနၿပီဆိုရင္ေတာ့ ဒါဟာ အင္ပ်ဥ္ထေတာ့မယ့္ လကၡဏာတစ္ခုပဲျဖစ္ပါတယ္။

၃။ သင့္ရဲ႕ဆံပင္ရင္းေတြကို စစ္ေဆးပါ။

သိုင္းရြိဳက္ေရာဂါအတြက္ျဖစ္ပါတယ္။

သင့္ရဲ႕လည္ပင္းမွာရွိၿပီး ေဟာ္မုန္းေတြထုတ္ေပးေနတဲ့ သိုင္းရြိဳက္ဂလင္းေတြ ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ ဘူးဆိုရင္ ဆံပင္ရွည္လာမႈ အပါအ၀င္ ခႏၶာကိုယ္တစ္ခုလံုးက ေဟာ္မုန္းေတြမွာလည္း အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ဆံပင္ေတြ၊ ဆံသားေျခာက္ေသြ႕မႈေတြျဖစ္လာမယ့္ မၾကာခဏကၽြတ္မယ္ဆိုရင္ ဒါဟာ သိုင္းရြိဳက္ဂလင္းပံုမွန္မဟုတ္ဘူးဆိုတာကို ညႊန္ျပေနတာပဲျဖစ္ပါတယ္။ မ်က္ခံုးေမႊးေတြ ကၽြတ္ၿပီးပါးလာရင္လည္း အတူတူပါပဲ။

၄။ သင့္ရဲ႕ပံုရိပ္ကို စစ္ေဆးပါ။

ႏွလံုးတိုက္ခိုက္မႈမခံရေစဖို႔ျဖစ္ပါတယ္။

ရွိရင္းစြဲအသက္အရြယ္ထက္ ပိုၿပီးႀကီးေနပံုေပါက္တဲ့လူေတြဟာ ႏွလံုးတိုက္ခိုက္ခံရဖို႔ အလားအလာပိုမ်ားတယ္ လို႔ သုေတသနပညာရွင္ေတြက ဆိုပါတယ္။ ဇရာရဲ႕လကၡဏာေတြျဖစ္တဲ့ ဆံပင္ျဖဴေပါက္တာ၊ နဖူးေျပာင္တာ၊ အေရးအေၾကာင္းေတြထင္တာေတြရွိတဲ့လူေတြဟာ ႏွလံုးေရာဂါျဖစ္ဖို႔ (၄၀)ရာခိုင္ႏႈန္းနဲ႔ ႏွလံုးတိုက္ခိုက္ခံရဖို႔ (၅၇)ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ မွန္ၾကည့္ၿပီး သင့္ရဲ႕ရုပ္ရည္သြင္ျပင္ဟာ လက္ရွိအသက္ထက္ ပိုႀကီးေနပံုေပါက္ေနၿပီဆိုရင္ ႏွလံုးနဲ႔ပတ္သက္တဲ့ေရာဂါရွိမရွိကို ဆရာ၀န္နဲ႔စစ္ေဆးသင့္ပါတယ္။

၅။ သင့္ရဲ႕ ခံတြင္းန႔ံကို စစ္ေဆးပါ။

က်ားအဂၤါသန္စြမ္းမႈခ်ိဳ႕ယြင္းျခင္းအတြက္ျဖစ္ပါယ္။

ခံတြင္းနံ႔ဆိုးတာဟာ သြားဖုံးေရာဂါရဲ႕ လကၡဏာတစ္ခုျဖစ္ၿပီး က်ားအဂၤါသန္စြမ္းမႈမရွိတာနဲ႔လည္း သက္ဆိုင္ပါတယ္။ ေလ့လာမႈေတြအရ သြားဖုံးေရာဂါတစ္ခုခုရွိတဲ့ အသက္(၃၀)နဲ႔(၄၀)ၾကား အမ်ိဳးသားေတြဟာ အျခားအမ်ိဳးသားေတြထက္ပိုၿပီး သံုးဆပိုၿပီး က်ားအဂၤါသန္စြမ္းမႈခိ်ဳ႕ယြင္းေနတတ္ၾကတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ႏွစ္ႀကိမ္သြားတိုက္ၿပီး တစ္ႏွစ္ကို ႏွစ္ႀကိမ္ေလာက္သြားဆရာ၀န္န႔ဲသြားေရာက္စစ္ေဆးပါ။

၆။ သင့္ရဲ႕မ်က္လံုးေတြကိုစစ္ေဆးပါ။

ဉာဏ္ရည္က်ဆင္းမႈအတြက္ျဖစ္ပါတယ္။

ေလ့လာမႈတစ္ခုအရ အသက္(၃၈)ႏွစ္အရြယ္ရွိသူေတြထဲမွာ မ်က္လံုးတြင္းေသြးေၾကာက်ယ္က်ယ္ရွိသူေတြဟာ က်ဥ္းက်ဥ္းရွိသူေတြထက္ ဉာဏ္ရည္စစ္ေဆးမႈမွာ အမွတ္နည္းတယ္လို႔ ဆိုပါတယ္။ မ်က္လံုးထဲက ေသြးေၾကာမွ်င္ေလးေတြရဲ႕ အရြယ္အစား၊ လုပ္ငန္းေဆာင္တာနဲ႔ ဖြဲ႕စည္းတည္ေဆာက္ပံုေတြဟာ ဦးေႏွာက္ထဲက ေသြးေၾကာမွ်င္ေတြနဲ႔ အကုန္အတူတူပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မ်က္လံုးထဲက ေသြးေၾကာေလးေတြရဲ႕ အေနအထားကိုၾကည့္ၿပီး သင့္ရဲ႕ဉာဏ္ရည္နဲ႔ စဥ္းစားေတြးေခၚႏိုင္စြမ္း ယုတ္ေလ်ာ့လာမႈကို ႀကိဳတင္ကုစားႏိုင္မွာျဖစ္ပါတယ္။

၇။ သင့္ရဲ႕အၾကားအာ႐ုံကို စစ္ေဆးပါ။

ဆီးခ်ိဳေရာဂါအတြက္ျဖစ္ပါတယ္။

ဆီးခ်ိဳေရာဂါရွိသူေတြဟာ မရွိသူေတြထက္ အၾကားအာ႐ုံခ်ိဳ႕ယြင္းဖို႔အလားအလာ ႏွစ္ဆပိုမိုမ်ားျပားပါတယ္။ အသက္(၆၀)ေအာက္ ဆီးခ်ိဳေရာဂါေ၀ဒနာရွင္ေတြက အသက္ပိုႀကီးတဲ့ ဆီးခ်ိဳေရာဂါသည္ေတြထက္ အၾကားအာ႐ုံခ်ိဳ႕ယြင္းမႈ ပိုျဖစ္ႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါနဲ႔ဆက္စပ္တဲံ ေသြးအတြင္းသၾကားဓာတ္မ်ားျခင္းဟာ နားရဲ႕ေသြးေၾကာေတြကို ထိခိုက္ေစတာေၾကာင့္ပဲ ျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ကျန်းမာရေးပြဿနာများကို ကြိုတင်သိရှိနိုင်စေမည့် နိမိတ်လက္ခဏာများ

သင့်အနာဂတ်ကျန်းမာရေးအခြေအနေကို ကြိုသိဖို့ အနာဂတ်ကြည့်ဖန်လုံးတွေ ဘာတွေ မလိုအပ်ပါဘူး။ သင် သတိထားမိချင်မှ ထားမိပါလိမ့်မယ့်။ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါတော်တော်များများဟာ ပြဿနာလို့ သင်ထင်မထားတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကနေ အစပြုလာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒိပြောင်းလဲမှု နိမိတ်လက္ခဏာတွေကို သင်သိရှိထားမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးအခြေအနေကို ကြိုတင် ခန့်မှန်းလို့ရပါပြီ။ အခုအောက်မှာဖော်ပြထားတာတွေကတော့ ကျန်းမာရေးပြဿနာတွေကြုံတွေ့ရတော့မယ် ဆိုတာကို အချက်ပြပေးနေတဲ့ ခန္ဓာကိုယ်ရဲ့ နိမိတ်လက္ခဏာ (၇)ခုပဲဖြစ်ပါတယ်။

၁။ သင့်ရဲ့အနံ့ခံအာရုံကို စစ်ဆေးပါ။
အယ်ဇိုင်းမား သတိမေ့ရောဂါအတွက် ဖြစ်ပါတယ်။
သုတေသနရလဒ်တွေအရ အနံ့ခံအာရုံချို့ယွင်းပြီး အနံ့တွေမရတော့တာဟာ အယ်ဇိုင်းမားရောဂါရဲ့ အစောဆုံးပြတတ်တဲ့ ရောဂါလက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ အယ်ဇိုင်းမားရောဂါကြောင့် ခန္ဓာကိုယ်အတွင်း မှာ ထွက်ပေါ်လာတဲ့ ပရိုတိန်းဓာတ်တစ်မျိုးက အာရုံကြောတွေကို ထိခိုက်စေတာကြောင့် ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အနံ့ခံအာရုံချို့ယွင်းလာမှုဟာ အသက်(၇၀)နောက်ပိုင်းမှာ ဖြစ်တတ်ကြတာပါ။ ဒါ့ကြောင့် သင့်အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနံ့ခံအာရုံမကောင်းတော့ဘူးဆိုရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

၂။ သင့်ရဲ့လက်သည်းတွေကို စစ်ဆေးပါ။
အင်ပျဉ်ထခြင်းအတွက်ဖြစ်ပါတယ်။
ကျန်းမာကောင်းမွန်တဲ့ လက်သည်းတွေဟာ ချောမွေ့ပြီး အစက်အပျောက်တွေမရှိပါဘူး။ သင့်လက်သည်းအောက်မှာ အနီကွက် အနီစက်လေးတွေတွေ့နေပြီဆိုရင်တော့ ဒါဟာ အင်ပျဉ်ထတော့မယ့် လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

၃။ သင့်ရဲ့ဆံပင်ရင်းတွေကို စစ်ဆေးပါ။
သိုင်းရွိုက်ရောဂါအတွက်ဖြစ်ပါတယ်။
သင့်ရဲ့လည်ပင်းမှာရှိပြီး ဟော်မုန်းတွေထုတ်ပေးနေတဲ့ သိုင်းရွိုက်ဂလင်းတွေ ကောင်းကောင်းအလုပ်မလုပ်တော့ ဘူးဆိုရင် ဆံပင်ရှည်လာမှု အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက ဟော်မုန်းတွေမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဆံပင်တွေ၊ ဆံသားခြောက်သွေ့မှုတွေဖြစ်လာမယ့် မကြာခဏကျွတ်မယ်ဆိုရင် ဒါဟာ သိုင်းရွိုက်ဂလင်းပုံမှန်မဟုတ်ဘူးဆိုတာကို ညွှန်ပြနေတာပဲဖြစ်ပါတယ်။ မျက်ခုံးမွှေးတွေ ကျွတ်ပြီးပါးလာရင်လည်း အတူတူပါပဲ။

၄။ သင့်ရဲ့ပုံရိပ်ကို စစ်ဆေးပါ။
နှလုံးတိုက်ခိုက်မှုမခံရစေဖို့ဖြစ်ပါတယ်။
ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီးကြီးနေပုံပေါက်တဲ့လူတွေဟာ နှလုံးတိုက်ခိုက်ခံရဖို့ အလားအလာပိုများတယ် လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဇရာရဲ့လက္ခဏာတွေဖြစ်တဲ့ ဆံပင်ဖြူပေါက်တာ၊ နဖူးပြောင်တာ၊ အရေးအကြောင်းတွေထင်တာတွေရှိတဲ့လူတွေဟာ နှလုံးရောဂါဖြစ်ဖို့ (၄၀)ရာခိုင်နှုန်းနဲ့ နှလုံးတိုက်ခိုက်ခံရဖို့ (၅၇)ရာခိုင်နှုန်း ပိုများပါတယ်။ ဒါ့ကြောင့် မှန်ကြည့်ပြီး သင့်ရဲ့ရုပ်ရည်သွင်ပြင်ဟာ လက်ရှိအသက်ထက် ပိုကြီးနေပုံပေါက်နေပြီဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါရှိမရှိကို ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။

၅။ သင့်ရဲ့ ခံတွင်းန့ံကို စစ်ဆေးပါ။
ကျားအင်္ဂါသန်စွမ်းမှုချို့ယွင်းခြင်းအတွက်ဖြစ်ပါယ်။
ခံတွင်းနံ့ဆိုးတာဟာ သွားဖုံးရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကျားအင်္ဂါသန်စွမ်းမှုမရှိတာနဲ့လည်း သက်ဆိုင်ပါတယ်။ လေ့လာမှုတွေအရ သွားဖုံးရောဂါတစ်ခုခုရှိတဲ့ အသက်(၃၀)နဲ့(၄၀)ကြား အမျိုးသားတွေဟာ အခြားအမျိုးသားတွေထက်ပိုပြီး သုံးဆပိုပြီး ကျားအင်္ဂါသန်စွမ်းမှုချို့ယွင်းနေတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တစ်နေ့နှစ်ကြိမ်သွားတိုက်ပြီး တစ်နှစ်ကို နှစ်ကြိမ်လောက်သွားဆရာဝန်နဲ့သွားရောက်စစ်ဆေးပါ။

၆။ သင့်ရဲ့မျက်လုံးတွေကိုစစ်ဆေးပါ။
ဉာဏ်ရည်ကျဆင်းမှုအတွက်ဖြစ်ပါတယ်။
လေ့လာမှုတစ်ခုအရ အသက်(၃၈)နှစ်အရွယ်ရှိသူတွေထဲမှာ မျက်လုံးတွင်းသွေးကြောကျယ်ကျယ်ရှိသူတွေဟာ ကျဉ်းကျဉ်းရှိသူတွေထက် ဉာဏ်ရည်စစ်ဆေးမှုမှာ အမှတ်နည်းတယ်လို့ ဆိုပါတယ်။ မျက်လုံးထဲက သွေးကြောမျှင်လေးတွေရဲ့ အရွယ်အစား၊ လုပ်ငန်းဆောင်တာနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေဟာ ဦးနှောက်ထဲက သွေးကြောမျှင်တွေနဲ့ အကုန်အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်လုံးထဲက သွေးကြောလေးတွေရဲ့ အနေအထားကိုကြည့်ပြီး သင့်ရဲ့ဉာဏ်ရည်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း ယုတ်လျော့လာမှုကို ကြိုတင်ကုစားနိုင်မှာဖြစ်ပါတယ်။

၇။ သင့်ရဲ့အကြားအာရုံကို စစ်ဆေးပါ။
ဆီးချိုရောဂါအတွက်ဖြစ်ပါတယ်။
ဆီးချိုရောဂါရှိသူတွေဟာ မရှိသူတွေထက် အကြားအာရုံချို့ယွင်းဖို့အလားအလာ နှစ်ဆပိုမိုများပြားပါတယ်။ အသက်(၆၀)အောက် ဆီးချိုရောဂါဝေဒနာရှင်တွေက အသက်ပိုကြီးတဲ့ ဆီးချိုရောဂါသည်တွေထက် အကြားအာရုံချို့ယွင်းမှု ပိုဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ဆက်စပ်တဲံ သွေးအတွင်းသကြားဓာတ်များခြင်းဟာ နားရဲ့သွေးကြောတွေကို ထိခိုက်စေတာကြောင့်ပဲ ဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%