ကိုယ္ခႏၶာ ေတာင့္တင္းလွပေစဖို႔ ဘယ္ေလာက္ၾကာၾကာ ေလ့က်င့္ရမလဲ

ေလ့က်င့္ခန္း ဘယ္ေလာက္မ်ားမ်ား လုပ္သင့္ပါသလဲ?? လူေတာ္ေတာ္ေတာ္မ်ားမ်ားဟာ ကာယေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ကိို ေဝခြဲမရတတ္ပါဘူး။ တစ္ပါတ္ငါးရက္လား? ေလးရက္လုပ္ရမွာလား?? ႏွစ္ရက္ဆို လံုေလာက္ၿပီလား??

ကြၽန္ေတာ္တို႔ ကိုယ္ကာယ ပညာ႐ွင္တစ္ေယာက္ကို ေမးၾကည့္ပါတယ္။ သူေျပာတာက တစ္ပါတ္မွာ ႏွစ္ရက္ ေလ့က်င့္ခန္းလုပ္တာနဲ႔ သံုးရက္လုပ္တာနဲ႔က ေတာ္ေတာ္ကြာပါတယ္ တဲ့။ ဘာမွမလုပ္တာထက္ ေလ့က်င့္ခန္းတစ္ခုခုလုပ္တာက ပိုေကာင္းတယ္ဆိုေပမယ့္ သင္က အစကတည္းက ကိုယ္လံုးလွေနၿပီးသားလူတစ္ေယာက္ဆိုရင္ တစ္ပါတ္ကို ႏွစ္ရက္ပဲ ေလ့က်င့္ခန္း လုပ္တာကက အရမ္းအက်ိဳးမျဖစ္ထြန္းေစပါဘူး။

တစ္ပါတ္မွာ သံုးရက္ေလာက္အနည္းဆံုးေတာ့ ေသေသခ်ာခ်ာဆြဲထားတဲ့ ေလ့က်င့္မႈ အစီအစဥ္နဲ႔ လုပ္ရပါမယ္။ ေျပာရရင္ေတာ့ ကိုယ္ကာယ လႈပ္႐ွားမႈ တစ္ခုခုကိုေတာ့ ေနတိုင္းလုပ္ေပးသင္ပါတယ္။ ဥပမာ လမ္းေလ်ွာက္တာ၊ ေျပးတာေပါ့။ ေလ့က်င့္ခန္းနားရက္ေတြမွာ ဘာမွမလုပ္ပဲ ထိုင္ေနခဲ့ရင္ အရင္ရက္ေတြက သင္တို႔ ပင္ပင္ပန္းပန္းလုပ္ထားတာေတြအားလံုး သင္ပုန္းေက်သြားပါလိမ့္မယ္။

တစ္ေန႔ကို တစ္နာရီေလ့က်င့္ခန္းလုပ္ၿပီး က်န္တဲ့ အခ်ိန္ေတြ လံုးဝ အေညာင္းထိုင္ေနမယ္ဆိုရင္ က်န္မာေရးဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ပါေသးတယ္။ ေလ့က်င့္ခန္းလုပ္ခ်ိန္ေတြမွာသာမက တျခားအခ်ိန္ေတြမွာလဲ လႈပ္လႈပ္႐ွား႐ွား ေနေပးသင့္ပါတယ္။

ကိုယ္ကာယ ေလ့က်င့္ခန္းလုပ္တာ ေျပာရရင္ေတာ့ တစ္ပါတ္ကို ႏွစ္ရက္လုပ္တာနဲ႔ သံုးရက္လုပ္တာက အမ်ားႀကီးကြာပါတယ္။ တစ္ပါတ္ကိုသံုးရက္လုပ္ရင္ အေျပာင္းအလဲေတြကို ေစာေစာစီးစီး ျမင္ရမွာပါ။ သံုးရက္ထက္ ပိုလုပ္ခ်င္ရင္လည္း ရပါတယ္။ တစ္ပါတ္ႏွစ္ရက္ကေတာ့ အဲ့ေလာက္ အေျပာင္းအလဲ ျဖစ္မွာမဟုတ္ပါဘူး။ က်န္းမာေရးအက်ိဳးေက်းဇူးေတြကိုလဲ သိသိသာသာ ခံစားရမွာ မဟုတ္ပါဘူး။

အရမ္းပင္ပန္းတဲ့ ေလ့က်င့္ခန္းေတြဆိုရင္ေတာ့ တစ္ပါတ္ကို ႏွစ္ႀကိမ္မွ ငါးႀကိမ္အတြင္း သင့္ခံႏိုင္ရည္အားအေပၚမူတည္ၿပီး လုပ္ေပးသင့္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမ်ွ သင့္ခႏၶာကိုယ္က ခံႏိုင္လာၿပီး တိုးတိုးၿပီး လုပ္ႏိုင္လာမွာပါ။ ကေလးေတြနဲ႔ လူငယ္ေတြ ေလ့က်င့္ခန္း စလုပ္တာဆိုရင္ေတာ့ ႏွစ္ရက္ကေန စလုပ္ၾကည့္ပါ။ အက်ိဳးျမန္ျမန္ ခံစားခ်င္တယ္ဆိုရင္ေတာ့ သံုးေလးရက္လုပ္ပါ။

တစ္ခုေတာ့ ႀကိဳေျပာထားပါ့မယ္။ မႏိုင္ဝန္ မထမ္းပါနဲ႔။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကိုယ်ခန္ဓာ တောင့်တင်းလှပစေဖို့ ဘယ်လောက်ကြာကြာ လေ့ကျင့်ရမလဲ

လေ့ကျင့်ခန်း ဘယ်လောက်များများ လုပ်သင့်ပါသလဲ?? လူတော်တော်တော်များများဟာ ကာယလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိို ဝေခွဲမရတတ်ပါဘူး။ တစ်ပါတ်ငါးရက်လား? လေးရက်လုပ်ရမှာလား?? နှစ်ရက်ဆို လုံလောက်ပြီလား??

ကျွန်တော်တို့ ကိုယ်ကာယ ပညာရှင်တစ်ယောက်ကို မေးကြည့်ပါတယ်။ သူပြောတာက တစ်ပါတ်မှာ နှစ်ရက် လေ့ကျင့်ခန်းလုပ်တာနဲ့ သုံးရက်လုပ်တာနဲ့က တော်တော်ကွာပါတယ် တဲ့။ ဘာမှမလုပ်တာထက် လေ့ကျင့်ခန်းတစ်ခုခုလုပ်တာက ပိုကောင်းတယ်ဆိုပေမယ့် သင်က အစကတည်းက ကိုယ်လုံးလှနေပြီးသားလူတစ်ယောက်ဆိုရင် တစ်ပါတ်ကို နှစ်ရက်ပဲ လေ့ကျင့်ခန်း လုပ်တာကက အရမ်းအကျိုးမဖြစ်ထွန်းစေပါဘူး။

တစ်ပါတ်မှာ သုံးရက်လောက်အနည်းဆုံးတော့ သေသေချာချာဆွဲထားတဲ့ လေ့ကျင့်မှု အစီအစဉ်နဲ့ လုပ်ရပါမယ်။ ပြောရရင်တော့ ကိုယ်ကာယ လှုပ်ရှားမှု တစ်ခုခုကိုတော့ နေတိုင်းလုပ်ပေးသင်ပါတယ်။ ဥပမာ လမ်းလျှောက်တာ၊ ပြေးတာပေါ့။ လေ့ကျင့်ခန်းနားရက်တွေမှာ ဘာမှမလုပ်ပဲ ထိုင်နေခဲ့ရင် အရင်ရက်တွေက သင်တို့ ပင်ပင်ပန်းပန်းလုပ်ထားတာတွေအားလုံး သင်ပုန်းကျေသွားပါလိမ့်မယ်။

တစ်နေ့ကို တစ်နာရီလေ့ကျင့်ခန်းလုပ်ပြီး ကျန်တဲ့ အချိန်တွေ လုံးဝ အညောင်းထိုင်နေမယ်ဆိုရင် ကျန်မာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာသာမက တခြားအချိန်တွေမှာလဲ လှုပ်လှုပ်ရှားရှား နေပေးသင့်ပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာ ပြောရရင်တော့ တစ်ပါတ်ကို နှစ်ရက်လုပ်တာနဲ့ သုံးရက်လုပ်တာက အများကြီးကွာပါတယ်။ တစ်ပါတ်ကိုသုံးရက်လုပ်ရင် အပြောင်းအလဲတွေကို စောစောစီးစီး မြင်ရမှာပါ။ သုံးရက်ထက် ပိုလုပ်ချင်ရင်လည်း ရပါတယ်။ တစ်ပါတ်နှစ်ရက်ကတော့ အဲ့လောက် အပြောင်းအလဲ ဖြစ်မှာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလဲ သိသိသာသာ ခံစားရမှာ မဟုတ်ပါဘူး။

အရမ်းပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေဆိုရင်တော့ တစ်ပါတ်ကို နှစ်ကြိမ်မှ ငါးကြိမ်အတွင်း သင့်ခံနိုင်ရည်အားအပေါ်မူတည်ပြီး လုပ်ပေးသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်ခန္ဓာကိုယ်က ခံနိုင်လာပြီး တိုးတိုးပြီး လုပ်နိုင်လာမှာပါ။ ကလေးတွေနဲ့ လူငယ်တွေ လေ့ကျင့်ခန်း စလုပ်တာဆိုရင်တော့ နှစ်ရက်ကနေ စလုပ်ကြည့်ပါ။ အကျိုးမြန်မြန် ခံစားချင်တယ်ဆိုရင်တော့ သုံးလေးရက်လုပ်ပါ။

တစ်ခုတော့ ကြိုပြောထားပါ့မယ်။ မနိုင်ဝန် မထမ်းပါနဲ့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%