အဆီတိုးေစႏိုင္သည့္ ဟင္းသီးဟင္းရြက္စားေသာက္ဖြယ္ရာမ်ား

ဟင္းသီးဟင္းရြက္မ်ားမ်ားစားတာဟာ က်န္းမားေရးအတြက္ ေကာင္းတယ္လို႔ ယုံၾကည္ပါသလား။ အျပည့္အ၀ ယုံၾကည္လက္ခံထားမယ္ဆိုရင္ေတာ့ မွားသြားပါလိမ့္မယ္။ ဟုတ္ပါတယ္။ အာဟာရဓာတ္ၾကြယ္၀တဲ့ ဟင္းသီးဟင္းရြက္ေတြကလည္း စားေသာက္ပံုနည္းလမ္းမမွန္ရင္ ခႏၶာကိုယ္ကို ၀ၿဖိဳးၿပီး ကိုယ္အေလးခ်ိန္တက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရွာင္ရွားသင့္တဲ့ ဟင္းသီးဟင္းရြက္စားေသာက္ဖြယ္ရာေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဟင္းသီးဟင္းရြက္တမ္ပူရာေၾကာ္

ဟင္းသီးဟင္းရြက္ေတြကို မုန္႔ႏွစ္နဲ႔စိမ္ၿပီး ဆီနဲ႔ေၾကာ္ထားတဲ့ တမ္ပူရာေၾကာ္မွာ ပါ၀င္တဲ့ ဂ်ံဳမႈန္႔နဲ႔ဆီမွာ ကယ္လိုရီဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒီစားဖြယ္မ်ိဳးမွာ ဟင္းသီးဟင္းရြက္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးက ေျပာပေလာက္ေအာင္ မရွိေတာ့ပါဘူး။ ဘယ္ေလာက္ဆိုးလဲဆိုရင္ ဘိုစားပဲတစ္ေယာက္စာမွာ ကယ္လိုရီပမာဏ (၂၂)နဲ႔ အဆီလံုး၀မပါေပမယ့္ ဘိုစားပဲတမ္ပူရာမွာေတာ့ ကယ္လိုရီပမာဏ(၂၃၀)နဲ႔ အဆီ(၁၁)ဂရမ္ေတာင္မွ ပါ၀င္ပါတယ္။

၂။ ပါးပါးလွီးအၾကြပ္ေၾကာ္

အာလူးေၾကာ္ေတြဟာ ကမာၻေပၚမွရွိသမွ်စားစရာေတြထဲမွာ ခႏၶာကိုယ္အေလးခ်ိန္တက္ေစတဲ့ အဆိုးဆံုးစားစရာ ျဖစ္တယ္ဆိုတာ သင္သိပါသလား။ ဒါဆို အာလူးေၾကာ္တစ္ခုတည္းလား။ အျခား ဟင္းသီးဟင္းရြက္ေတြျဖစ္တဲ့ ကန္စြန္းဥ၊ ငွက္ေပ်ာသီးစတာေတြကို ပါးပါးလွီးၿပီးေၾကာ္စားမယ္ဆိုရင္လည္း အာလူးေၾကာ္ေလာက္မဆိုးရင္ေတာင္ အတူတူေလာက္နီးပါးပါပဲ။ ဒါ့ေၾကာင့္ ဟင္းသီးဟင္းရြက္ေတြကို ပါးပါးလွီး အၾကြပ္ေၾကာ္ထားမယ္ဆိုရင္လည္း က်န္းမာေရးအတြက္ အေထာက္အကူမျဖစ္ေတာ့ပါဘူး။

၃။ ဟင္းသီးဟင္းရြက္အမႈန္႔ေဖ်ာ္ရည္မ်ား

ေဖ်ာ္ေသာက္ရတဲ့ ဟင္းသီးဟင္းရြက္အမႈန္႔ေတြဟာ ခႏၶာကိုယ္အေလးခ်ိန္ကို ျမင့္တက္လာေစပါတယ္။ ဘယ္ေလာက္ထိဆိုးသလဲဆိုရင္ လိေမၼာ္အရသာအမႈန္႔ေဖ်ာ္ရည္တစ္ခြက္မွာ ကယ္လိုရီ (၁၅၀)နဲ႔ သၾကား (၃၃)ဂရမ္ပါ၀င္ပါတယ္။ ဒီကယ္လိုရီပမာဏဟာ ဒိုးနပ္တစ္ခုမွာ ပါ၀င္သေလာက္ရွိၿပီး ဒိုးနပ္ကမွ သၾကားပါ၀င္မႈနည္းပါေသးတယ္။

၄။ သစ္သီးေဖ်ာ္ရည္မ်ား

လတ္လတ္ဆတ္ဆတ္သစ္သီးေတြကို ႏြားႏို႔၊ ဒိန္ခ်ဥ္၊ ေရခဲမုန္႔စတာေတြနဲ႔ ခပ္ပ်စ္ပ်စ္ေရာေႏွာေဖ်ာ္စပ္ထားတဲ့ အသီးေဖ်ာ္ရည္ေတြမွာ သင့္အတြက္အက်ိဳးျဖစ္ေစႏိုင္တဲ့ အမွ်င္ဓာတ္ေတြပါ၀င္ေပမယ့္ သူတို႔မွာလည္း ကယ္လိုရီပမဏာနဲ႔ သၾကားဓာတ္ျမင့္မားစြာ ပါ၀င္ပါတယ္။

၅။ တို႔စားစရာ ဟင္းသီးဟင္းရြက္အႏွစ္မ်ား

ဟင္းသီးဟင္းရြက္ေတြကို အႏွစ္တိုက္ခ်က္ထားတဲ့ ေဆာ့စ္ေတြကလည္း က်န္းမာေရးအတြက္ အေထာက္အကူျဖစ္မယ္လို႔ မထင္လိုက္ပါနဲ႔။ သူတို႔က ဘယ္ေလာက္ထိေအာင္ ဆိုးလဲဆိုရင္ ဟင္းသီးဟင္းရြက္ အႏွစ္စားပြဲတင္ဇြန္းႏွစ္ဇြန္းစာေလာက္မွာ ကယ္လိုရီးပမာဏ (၁၁၀)အထိ ပါ၀င္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကိုယ်အလေးချိန်တိုးစေနိုင်သည့် ဟင်းသီးဟင်းရွက်စားသောက်ဖွယ်ရာများ

ဟင်းသီးဟင်းရွက်များများစားတာဟာ ကျန်းမားရေးအတွက် ကောင်းတယ်လို့ ယုံကြည်ပါသလား။ အပြည့်အဝ ယုံကြည်လက်ခံထားမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဟုတ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကလည်း စားသောက်ပုံနည်းလမ်းမမှန်ရင် ခန္ဓာကိုယ်ကို ၀ဖြိုးပြီး ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ရှောင်ရှားသင့်တဲ့ ဟင်းသီးဟင်းရွက်စားသောက်ဖွယ်ရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဟင်းသီးဟင်းရွက်တမ်ပူရာကြော်
ဟင်းသီးဟင်းရွက်တွေကို မုန့်နှစ်နဲ့စိမ်ပြီး ဆီနဲ့ကြော်ထားတဲ့ တမ်ပူရာကြော်မှာ ပါ၀င်တဲ့ ဂျုံမှုန့်နဲ့ဆီမှာ ကယ်လိုရီဓာတ်တွေ ကြွယ်ဝစွာပါ၀င်ပါတယ်။ ဒီစားဖွယ်မျိုးမှာ ဟင်းသီးဟင်းရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးက ပြောပလောက်အောင် မရှိတော့ပါဘူး။ ဘယ်လောက်ဆိုးလဲဆိုရင် ဘိုစားပဲတစ်ယောက်စာမှာ ကယ်လိုရီပမာဏ (၂၂)နဲ့ အဆီလုံးဝမပါပေမယ့် ဘိုစားပဲတမ်ပူရာမှာတော့ ကယ်လိုရီပမာဏ(၂၃၀)နဲ့ အဆီ(၁၁)ဂရမ်တောင်မှ ပါ၀င်ပါတယ်။

၂။ ပါးပါးလှီးအကြွပ်ကြော်
အာလူးကြော်တွေဟာ ကမ္ဘာပေါ်မှရှိသမျှစားစရာတွေထဲမှာ ခန္ဓာကိုယ်အလေးချိန်တက်စေတဲ့ အဆိုးဆုံးစားစရာ ဖြစ်တယ်ဆိုတာ သင်သိပါသလား။ ဒါဆို အာလူးကြော်တစ်ခုတည်းလား။ အခြား ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကန်စွန်းဥ၊ ငှက်ပျောသီးစတာတွေကို ပါးပါးလှီးပြီးကြော်စားမယ်ဆိုရင်လည်း အာလူးကြော်လောက်မဆိုးရင်တောင် အတူတူလောက်နီးပါးပါပဲ။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်တွေကို ပါးပါးလှီး အကြွပ်ကြော်ထားမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် အထောက်အကူမဖြစ်တော့ပါဘူး။

၃။ ဟင်းသီးဟင်းရွက်အမှုန့်ဖျော်ရည်များ
ဖျော်သောက်ရတဲ့ ဟင်းသီးဟင်းရွက်အမှုန့်တွေဟာ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်လာစေပါတယ်။ ဘယ်လောက်ထိဆိုးသလဲဆိုရင် လိမ္မော်အရသာအမှုန့်ဖျော်ရည်တစ်ခွက်မှာ ကယ်လိုရီ (၁၅၀)နဲ့ သကြား (၃၃)ဂရမ်ပါ၀င်ပါတယ်။ ဒီကယ်လိုရီပမာဏဟာ ဒိုးနပ်တစ်ခုမှာ ပါ၀င်သလောက်ရှိပြီး ဒိုးနပ်ကမှ သကြားပါ၀င်မှုနည်းပါသေးတယ်။

၄။ သစ်သီးဖျော်ရည်များ
လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို နွားနို့၊ ဒိန်ချဉ်၊ ရေခဲမုန့်စတာတွေနဲ့ ခပ်ပျစ်ပျစ်ရောနှောဖျော်စပ်ထားတဲ့ အသီးဖျော်ရည်တွေမှာ သင့်အတွက်အကျိုးဖြစ်စေနိုင်တဲ့ အမျှင်ဓာတ်တွေပါ၀င်ပေမယ့် သူတို့မှာလည်း ကယ်လိုရီပမဏာနဲ့ သကြားဓာတ်မြင့်မားစွာ ပါ၀င်ပါတယ်။

၅။ တို့စားစရာ ဟင်းသီးဟင်းရွက်အနှစ်များ
ဟင်းသီးဟင်းရွက်တွေကို အနှစ်တိုက်ချက်ထားတဲ့ ဆော့စ်တွေကလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ်လို့ မထင်လိုက်ပါနဲ့။ သူတို့က ဘယ်လောက်ထိအောင် ဆိုးလဲဆိုရင် ဟင်းသီးဟင်းရွက် အနှစ်စားပွဲတင်ဇွန်းနှစ်ဇွန်းစာလောက်မှာ ကယ်လိုရီးပမာဏ (၁၁၀)အထိ ပါ၀င်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%